This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Saturday, February 28, 2015

Video Editing အခြေခံ လေ့ကျင့်ခန်း


ဆရာလွင်မင်းဗိုလ်ဆိုဒ်က ပိုစ့်လေးပါ အခြေခံသမားများအတွက် အရမ်းတန်ဖိုးရှိလို့ ကူးတင်လိုက်ပါတယ်။


ဒီပိုစ့်လေးကို PDF ဖိုင်လေးအဖြစ်ဒေါင်းယူလိုရင် - Download

Video Edit လုပ်နည်း လေ့ကျင့်ခန်းလေးတွေကို တောင်းထားတဲ့လူလည်းများသလို ကျနော်လည်း တင်ပေးချင်နေတာ ကြာပါပြီ..။ လွယ်ကူပြီး အခြေခံလုပ်နည်းလေးတွေလည်း ဖြစ်မယ့် အပိုင်းလေးတွေကို စဉ်းစားရင်း ပုံတွေ ထုတ်လိုက်တာ အတော်လေးများသွားပါတယ်..။ ဒါကြောင့် အပိုင်း ၁-၂-၃ စသဖြင့် အပိုင်းလေးတွေနဲ့ ပိုစ့်တွေခွဲပြီး တင်ပေးပါ့မယ်..။ ဒီနေ့ပိုစ့်မှာတော့ MP4 video ဖိုင်လေးတွေနဲ့ လုပ်ပြပေးထားပြီး တခြား video ဖိုင်တွေကိုလည်း ဒီနည်းတွေနဲ့ပဲ လုပ်ယူတာဖြစ်ပါတယ်..။ အဓိက ကတော့ ပုံထွက်ကောင်းဖို့၊ video ဆေးသား ဆေးရောင်လှဖို့နဲ့ အသံကြည်လင်ဖို့ ဆိုရင် မိမိတို့ ဖြတ်ဆက်ထည့်မယ့် Video ဖိုင်က ဖိုင်ဆိုဒ်ကြီးကြီးနဲ့ ဒေါင်းယူတတ်ဖို့လိုပါတယ်..။ ဥပမာ ဒီပိုစ့်မှာ လုပ်ပြထားတဲ့ video ဖိုင်တွေဆိုရင် MP4 width နဲ့ height မှာ 1280x720 ဆိုဒ်တွေနဲ့ အသုံးပြုထားတာ ဖြစ်ပါတယ်..။ အသေးဆုံးဆိုရင်တော့ MP4 960x720 လောက်ထိပဲ ဆိုဒ်သေးတာ ကောင်းပါတယ်..။ သူ့ထက်ဆိုဒ်သေးလွန်းရင် ရုပ်ပုံတွေ အထွက်မှာ ဝါး သွားတတ်ပါတယ်..။ ဆိုဒ်ကြီးရင်တော့ ဘယ်လောက်ကြီးကြီး ဆိုဒ်ကြီးလေး video edit လုပ်တဲ့အခါ ရုပ်ထွက်နဲ့ ဆေးရောင်တွေ လှလေပါပဲ..။ 
မိမိတို့ကိုယ်ပိုင် ကင်မရာနဲ့ ရိုက်ယူထားတဲ့ video ဖိုင်တွေဆိုရင်တော့ စက်ပစ္စည်းပေါ်မူတည်ပြီး ပစ္စည်းကောင်းရင် ကောင်းသလို video တွေလည်း ကြည်လင်ပြတ်သားမှာ ဖြစ်ပါတယ်..။ အဓိက ကတော့ မူရင်းကောင်းမှ ဖြတ်ဆက်လုပ်တဲ့အခါ video ရုပ်ထွက် ကောင်းမှာပါ..။ ဒီ video editing အခြေခံ လုပ်နည်းလေးတွေကို လေ့လာခါစလူသစ်တွေအတွက် အသုံးပြုရလွယ်ကူစေမယ့် Cyberlink Power Director 11 နဲ့ လုပ်ပြပေးထားပြီး.. ဒီဆော့ဝဲလ်ကို မရှိသေးတဲ့သူများနဲ့ လိုအပ်တဲ့သူများ ဒေါင်းယူလို့ရအောင် ဒီပိုစ့်နှင့်အတူ ပြန်တင်ပေးလိုက်ပါတယ်..။

Cyberlink Power Director 11
Part-1
Part-2
Part-3

Cyberlink Power Director 11 ကို ဟိုးအရင်ကလည်း တင်ပေးခဲ့ဖူးပါတယ်..။ အခုက အဲ့ဒီကောင်လေးကို ပြန်တင်ပေးလိုက်တာပါ..။ သုံးရအဆင်ပြေလို့ ကျနော်မကြာခဏအသုံးပြုတဲ့ဆော့ဝဲလ်လေးပါ..။ အောက်ကပုံလေးအတိုင်း ဒီကောင်လေးကို Install ထည့်တဲ့အခါမှာတော့ Setup ဖိုင်ကို အရင် ထည့်ပါ..။ Setup ဖိုင်ကို Install ပြည့်ရင်ပိတ်ပစ်လိုက်ပြီးမှ Update ဖိုင် ထပ်ထည့်ပေးလိုက်ရင် ဒီကောင်လေးကို ဖူးသုံးလို့ရသွားပါပြီ..။


အသုံးပြုဖို့ဖွင့်လိုက်တဲ့အခါမှာတော့ အောက်ကပုံလေးအတိုင်း ကျနော်က 16:9 Screen အကျယ်နဲ့ အသုံးပြုပါတယ်..။ 4:3 ကို အသုံးပြုလိုတဲ့သူများကလည်း ၎င်းကို အသုံးပြုနိုင်ပါတယ်..။ ပြီးရင်တော့ Full Feature Editor ကို ရွေးပါ..။


အောက်ကပုံလေး ၃-ပုံမှာတော့ မိမိတို့ ထည့်သုံးလိုတဲ့ video နဲ့ သီချင်း mp3 or wav ဖိုင်ကို ဝင်ယူလို့ရတဲ့ နေရာလေးပါ..။




ကျနော် အသုံးပြုမယ့် သီချင်းတစ်ပုဒ်ကို အပေါ်ကပုံအတိုင်း ဝင်ယူလိုက်ပါတယ်..။ ပြီးရင်တော့ အသုံးပြုမယ့် video ဖိုင်ကိုလည်း အပေါ်ကနည်းအတိုင်း အပေါ်ကနေရာကနေပဲ အောက်ကပုံလေးအတိုင်း ဝင်ယူပါတယ်..။


ပြီးရင်တော့ video ဖိုင်ကို အောက်ကပုံလေးအတိုင်း ဖြတ်ဆက်လုပ်လို့ရတဲ့ Time Line 1. ရဲ့ ဖလင်ပုံလေး ပေါ်နေတဲ့နေရာ လိုင်းထဲ မောက်စ်နဲ့ ဖိဆွဲထည့်ပေးလိုက်ပါ..။ ကြည့်ရရှင်းအောင် မျဉ်းနီတွေနဲ့ ပြပေးထားပါတယ်..။ video ၊ သီချင်း၊ ပုံတွေနဲ့ Effects တွေကို Time Line ထဲ ဆွဲထည့်တဲ့အခါ အောက်ပုံလေးမှာ မျှားနီအောက်မှ (Shape) အရိပ်နဲ့ ပေါ်နေတဲ့အတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။


အရင်ဆုံး video တွေကို ဖြတ်ရမှာဖြစ်လို့ Time Line ထဲမှ ကြည့်လို့ ၊ လုပ်လို့ အဆင်ပြေမယ့် နေရာမှာ ခဏချထားလိုက်ပါ..။ အောက်ကပုံလေးအတိုင်း..



အပေါ်ပုံအတိုင်း ဆက်ပေါ်လာရင် OK ပေးလိုက်ပါ..။ နောက်တခုကတော့ အောက်ကပုံလေးတွေမှာ ပြထားတဲ့ မျှားနီပြထားတဲ့ နေရာလေးမှာ အရင်ဝင်ပြင်ထားပါ..။ အမှန်ခြစ်လေးတွေ ပေးထားလိုက်ပါ..။ High Preview Resolution နေရာကို ရွေးထားရင် video ကြည့်လို့ ကောင်းပေမယ့် စာသားတွေနဲ့ Effects တွေ နောက်မှ  လိုက်ထည့်တဲ့အခါ ၎င်းနေရာမှာထားတဲ့အတွက် play ကြည့်တဲ့အခါ ထစ်ငေါ့ငေါ့ ဖြစ်နေတတ်ပါတယ်..။ အဲ့လိုဖြစ်နေရင်တော့ Normal Preview Resolution ဒါမှမဟုတ် Low Preview Resolution နေရာတွေကို ပြောင်းထားပြီး စာသားနဲ့ သီချင်းကို ချိန်မှ အဆင်ပြေပါတယ်..။ Video Output ထုတ်ရင်တော့ ဒီ Preview Resolution နေရာမှာ မြင်ရတဲ့အတိုင်း ပေါ်မှာမဟုတ်ပါဘူး..။ MP4 or AVI or MPEG2 စတဲ့ video ဖေါ်မတ်တွေရဲ့ Quality အတိုင်း ဖန်တီးပေးမှာ၊ ပေါ်လာမှာ ဖြစ်ပါတယ်..။



အပေါ်ပုံမှာတော့ TV Screen မှာ ပေါ်နေမယ့် အကျယ်အဝန်းကို ပြပေးတဲ့နေရာလေးပါ..။ ON ထားပြီး ချိန်ရင် ပိုအဆင်ပြေပါတယ်..။
အပေါ်ကပုံတွေအတိုင်း ချိန်ပြီးရင်တော့ အောက်ကပုံမှာ မြင်ရတဲ့အတိုင်း Time Line ထဲရောက်နေတဲ့ video ဖိုင်လေးပေါ်မှာ Right Click >> Unlink Video and Audio စာသားကို တချက်ကလစ်ပြီး video ရဲ့ ရုပ်နဲ့အသံကို ခွဲထုတ်ပါမယ်..။ မိမိတို့ ပစ်ထုတ်လိုတဲ့ video ထဲက အသံ သို့မဟုတ် ရုပ်ပုံတွေကို ဒီနည်းနဲ့ အသုံးပြုပြီး ခွဲထုတ် ပစ်ထုတ်လိုက်လို့ ရပါတယ်..။ ဒီမှာတော့ ကျနော်က video ရဲ့ ရုပ်ပုံတွေကိုပဲ ယူမှာဖြစ်လို့ အသံကို ထုတ်ပစ်ပါမယ်..။



အပေါ်ကပုံလေးအတိုင်း မိမိတို့ အသုံးမလိုတဲ့.. ဒီမှာတော့ အသံဖိုင်ပေါ်မှာ တချက်ကလစ်ပြီး၊ အသံဖိုင်ပေါ်မှာသာ အပြာရောင်လေးပေါ်နေမှ.. Right Click >> Remove နဲ့ ပစ်လိုက်ပါတယ်..။ Time Line ရဲ့ အပေါ်မှာရှိတဲ့ အမှိုက်ပုံလေးကို နှိပ်ပြီး ဖျက်ရင်လည်း အတူတူပါပဲ..။
အောက်ကပုံအတိုင်း video ရဲ့ ရုပ်ဖိုင်ပဲ ကျန်နေမှာ ဖြစ်ပြီး အသံဖိုင်ကိုတော့ ခွဲထုတ် ပစ်လိုက်ပါပြီ..။ မျှားနီပြထားတဲ့နေရာကတော့ ကျနော်တို့ video ရဲ့ ရုပ်ပုံတွေနဲ့ အသံဖိုင်တွေကို အကြီးချဲ့ကြည့်လိုတဲ့အခါ အောက်ကပုံလေးအတိုင်း မျှားပြထားသလို မောက်စ်ပုံလေး ပြောင်းသွားရင် ဆွဲချဲလိုက်လို့ ရပါတယ်..။


အောက်ကပုံအဆင့်မှာတော့ ကျနော်တို့ video ရဲ့ ရုပ်အပိုင်းတွေကို လိုချင်တဲ့နေရာလေးကိုပဲ ယူမှာဖြစ်တဲ့အတွက် video ကို play ကြည့်သော်လည်းကောင်း၊ Time Line ရဲ့ ပေတံလေးကို ဆွဲသွားလိုက်ရင်သော်လည်းကောင်း ချိန်ကြည့်ယူလို့ ရမှာ ဖြစ်ပါတယ်..။


နောက်တခုက အတိအကျ ဖြစ်လိုရင်တော့ play နေရာရဲ့ အပေါ်ဘေးမှ မိနစ်၊ စက္ကန့်တွေ တွက်ပေးတဲ့ ပြပေးထားတဲ့ နေရာအကွက်လေး ကနေလည်း လိုသလို ဂဏာန်းတွေ ရိုက်ထည့်ပြီး ချိန်ယူဖြတ်လို့ ရပါတယ်..။ ကျနော်တို့ အောက်ကပုံလေးအတိုင်း ဖြတ်မယ့်နေရာကို ရွေးယူပြီးရင်တော့ play ကို pause နဲ့ ရပ်ထားလိုက်ပါ..။ ပြီးရင် အောက်ကပုံလေးအတိုင်း Split စာသားလေးကို တချက်နှိပ်ပြီး ဖြတ်လိုက်ပါ..။


ဖြတ်မယ့်အပိုင်း ရှေ့အပိုင်း ဒါမှမဟုတ် နောက်အပိုင်းကို မောက်စ်နဲ့ တချက်ကလစ်ပါ..။ မိမိတို့ မောက်စ်နဲ့ ကလစ်လိုက်တဲ့အပိုင်းလေးကို အပြာရောင်လေးနဲ့ အောက်ကပုံလေးအတိုင်း မြင်ရမှာဖြစ်ပါတယ်..။ အဲ့ဒီအပိုင်းကို ပစ်ထုတ်မယ်ဆိုရင်တော့ မျှားပြာထားတဲ့ အမှိုက်ပုံးလေးကို တချက်နှိပ်ပေးလိုက်ပါ..။ ပြီးရင်တော့ အောက် ဒုတိယပုံလေးအတိုင်း ဆက်လုပ်ပေးလိုက်ပါ..။




အပေါ်ပုံမှာ အဝါရောင်နဲ့ ပြထားတဲ့နေရာမှာ ဖြတ်ထုတ်ပစ်လိုက်တဲ့အပိုင်းလေး မရှိတော့ပါဘူး..။ အောက်ကပုံလေးမှာ video ဖိုင်ရဲ့ မလိုချင်တဲ့ နောက်ပိုင်း အပိုင်းလေးကို အပေါ်နည်းအတိုင်း ချိန်ကြည့်ပြီး ဖြတ်ထုတ်ပစ်လိုက်ပါတယ်..။




အမှိုက်ပုံးလေးကို နှိပ်ပြီး ထုတ်ပစ်လိုက်လို့ရသလို Remove နဲ့ ထုတ်ပစ်လည်း ရပါတယ်..။ ဒါဆိုရင် ကျနော်လိုချင်တဲ့ အလယ်က အပိုင်းလေးကို ရရှိပါပြီ..။ အောက်ကပုံမှာ နောက် video တခုကို အပေါ်ပိုင်းကနည်းအတိုင်း မောက်စ်နဲ့ဖိဆွဲပြီး ယူထည့်ပါတယ်..။



ပြီးရင်တော့ အပေါ်ဆုံးမှာ အသုံးပြုခဲ့တဲ့ နည်းတွေအတိုင်းပဲ video ရဲ့ ရုပ်နဲ့အသံကို Time Line ထဲရောက်နေတဲ့ video ဖိုင်လေးပေါ်မှာ Right Click >> Unlink Video and Audio စာသားကို ကလစ်ပြီး ခွဲထုတ် ၊ အမှိုက်ပုံးလေးကို နှိပ်ပြီး ပစ်ထုတ်လိုက်ပါတယ်..။ အောက်ကပုံလေးအတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။ မျှားဝါနဲ့ ပြထားတာကတော့ ဒီ video ရဲ့ ရှေ့နဲ့ နောက်ပိုင်း မလိုတဲ့ အသုံးမပြုလိုတဲ့ အပိုင်းတွေကို play or Time Line ပေတံလေးနဲ့ ချိန်ကြည့်ပြီး  အပေါ်ကလုပ်နည်းအတိုင်း Split နဲ့ ဖြတ်ထုတ်ပစ်လိုက်ပါတယ်..။



Split နှိပ်ပြီးရင်တော့ အမှိုက်ပုံးလေးကို ဆက်နှိပ်ပြီး ထုတ်ပစ်လိုက်ပါ..။ အောက်ကပုံမှာလည်း အဝါရောင်နဲ့ ပြပေးထားတဲ့ အပိုင်းကို Split >> Remove အမှိုက်ပုံလေးကို နှိပ်ပြီး ဖြတ်ထုတ်ပစ်လိုက်ပါတယ်..။


အပေါ်ပုံတွေအတိုင်း ဖြတ်ထုတ်ပြီးသွားရင်တော့ ကျနော်လိုချင်တဲ့ အလယ်က အပိုင်းလေးကို အောက်ကပုံလေးအတိုင်း မျှားနီနဲ့ ပြထားသလို မောက်စ်နဲ့ ဖိဆွဲပြီး ရှေ့ က ဖြတ်ထားပြီးသား video အပိုင်းနဲ့ သွားဆက်ပေးလိုက်ပါတယ်..။ မောက်စ်က အောက်ကပုံမှာ မြင်ရတဲ့ လက်ပုံလေးအတိုင်း ပေါ်နေရင် video ဖိုင်တွေကို ရှေ့နောက် ဆွဲယူလို့ ရပါတယ်..။



အပေါ်ပုံလေးအတိုင်း ဖြတ်ထားပြီးသား video ဖိုင်လေး ၂-ခုကို ဆက်ပေးပြီးရင်တော့ အဲ့ဒီဆက်ထားတဲ့ အပိုင်း ၂-ခု ကြားမှာ video effect လေးတခုကို ကြည့်လို့ကောင်းအောင် ထည့်ပေးဖို့လိုပါတယ်..။ ဒါကြောင့် အောက်ပုံလေးအတိုင်း Effects တွေရှိတဲ့နေရာကို သွားပြီး effect တခုကို မောက်စ်နဲ့ဆွဲယူထည့်ပေးလိုက်ပါတယ်..။



အပေါ်ပုံအတိုင်း effect လေးတခု video ၂-ခု ကြားမှာ ထည့်ထားပြီးရင်တော့ Modify ကို နှိပ်ပြီး အနည်းငယ် ပြောင်းပေးလိုက်ပါ..။ အချို့ Effects တွေက Modify လို့ရပေမယ့် တချို့ Effects တွေကျပြန်တော့ ပေးထားတဲ့အတိုင်းပဲ အသုံးပြုလို့ ရတာပါ..။ Modify လို့ မရပါဘူး..။ ကျနော်ရွေးထားတဲ့ effect လေးကို အောက်ကပုံလေးအတိုင်း cross ကိုပြောင်းပြီး OK နဲ့ Modify ပေးလိုက်ပါတယ်..။




အပေါ်ပိုင်းပုံနဲ့ယှဉ်ကြည့်ရင် မသိမသာလေး ပြောင်းလဲသွားတာကို မြင်ရပါလိမ့်မယ်..။ Effect ကို Modify ပြီးရင်တော့ အောက်ကပုံလေးအတိုင်း အဲ့ဒီ Effect ထည့်ပြီး ဆက်ထားတဲ့ video ဖိုင်လေး ၂-ခုနေရာကို play ကြည့်ခြင်းဖြင့် ဒီ effect လေးရဲ့ အသုံးဝင်ပုံ အလုပ်လုပ်ပုံတွေကို သိရှိရမှာဖြစ်ပါတယ်..။


ဒီနေ့ပိုစ့် အပိုင်းတစ် ကတော့ ဒီလောက်ပါပဲ..။ နောက်နေ့မှာ သီချင်း mp3 or wav ဖိုင် ထည့်တာနဲ့ သီချင်းစာသားတွေ ဖန်တီးထည့်တာတွေကို လေ့လာခါစ စာဖတ်သူများ လုပ်တတ်အောင် ဆက်လက် ဖေါ်ပြပေးသွားပါအုန်းမည်..။ အားလုံးပဲ လေ့လာရင်း အလွယ်တကူ တတ်မြောက်နိုင်ကြပါစေ..။


Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-နှစ်

 မနေ့က လေ့ကျင့်ခန်း အပိုင်း(၁) ပိုစ့်မှာ video MP4 ရဲ့ အသံနဲ့ရုပ်တွေကို ခွဲထုတ်နည်း၊ video တွေရဲ့ လိုချင်တဲ့အပိုင်းလေးကိုပဲ ဖြတ်ယူနည်း၊ Effects တွေနဲ့စာသားတွေ ထည့်သုံးတဲ့အခါ Preview နဲ့ ကြည့်နည်း၊ Effects တွေကို video နှစ်ခုကြားမှာ ဆွဲထည့်နည်းတွေကို ဖေါ်ပြ ရှင်းပြပေးခဲ့ပြီး ဖြစ်ပါတယ်..။
 ဒီနေ့ လေ့ကျင့်ခန်း အပိုင်း(၂) မှာတော့ Screen အမြင်သေးနေတဲ့ video တွေကို ကြီးအောင် ချဲ့ထုတ်နည်း၊ ပိုသေးအောင် ချုံနည်း၊ အသံဖိုင် MP3 or wav ဖိုင်ကို မလိုချင်တဲ့နေရာ ရှေ့နဲ့နောက်ပိုင်းတွေ ဖြတ်ထုတ်နည်း၊ အသံနဲ့ ရုပ်ဖိုင်တွေရဲ့ ရှေ့နဲ့နောက်ပိုင်း အဝင်၊အထွက် Fade in / Fade out တွေကို အသုံးပြုပြီး ဖြေးဖြေးခြင်း မှိတ်ရာမှ လင်းလာအောင်၊ အသံတိုးရာမှ ဖြေးဖြေးခြင်း ကျယ်လာအောင် ပြုလုပ်နည်း၊ အသံကျယ်ရာမှ ဖြေးဖြေးခြင်း တိုးပြီး ပျောက်သွားအောင်လုပ်နည်း၊ video ရုပ်ဖိုင်ကို လင်းနေရာမှ အသံနှင့်အတူ ဖြေးဖြေးခြင်း မှေးမှိန်ပျောက်ကွယ်သွားအောင်လုပ်နည်း၊ Save Project ရဲ့ အသုံးဝင်ပုံနှင့် သိမ်းနည်း စတဲ့ အသုံးပြုနည်းတွေကို အားလုံးပဲ အသုံးပြုတတ်အောင် ပုံလေးတွေနဲ့ တဆင့်စီ ရှင်းပြပေးထားပါတယ်..။ မနေ့က ပိုစ့်မှာ 300 MB စီနဲ့ အပိုင်းသုံးပိုင်း ခွဲတင်ပေးထားတဲ့ Power Director 11 ကို ဒီလေ့ကျင့်ခန်း အပိုင်း(၂) ပိုစ့်ကနေလည်း ဒေါင်းယူလို့ရအောင် လင့်ပြန်ချိတ်ပေးထားပါတယ်..။ လိုအပ်တဲ့သူများကတော့ အောက်မှာ ပုံလေးတွေနဲ့ ဒီလေ့ကျင့်ခန်း အပိုင်း(၂) ပိုစ့်ကို ဆက်လက်လေ့လာ သင်ယူနိုင်ပါပြီ..။

Cyberlink Power Director 11
Part-1
Part-2
Part-3
အပေါ်က အပိုင်း ၃-ပိုင်းကို ဒေါင်းယူပြီးရင်တော့ part-1 ကနေ ဖိုင်ဖြည်ချလိုက်ရင် Cyberlink Power Director 11 ကို ရရှိ အသုံးပြုနိုင်ပါပြီ..။ Install ထည့်တဲ့အခါမှာလည်း Setup ဖိုင်ကို ထည့်ပြီးမှ Update ဖိုင်လေးကို ထပ်ထည့်ပေးဖို့ မနေ့က အပိုင်းတစ်ပိုစ့်မှာ ပုံလေးနဲ့ ပြပေးထားပြီးပါပြီ..။

မနေ့က အပိုင်း(၁)ပိုစ့်ကို ဒီနေရာကနေ ပြန်ဆက်ကြရအောင်... အောက်ကပုံလေးအတိုင်း မိမိတို့ ဖြတ်ဆက်လုပ်ထားတဲ့ video ဖိုင်လေးတွေရဲ့ Screen ဖေါ်မတ် အကျယ်က တခုနဲ့တခု မတူတတ်ပါဘူး..။ ဒါကြောင့် video တွေရဲ့ Screen အကြီး၊အသေး ကြည့်ရညီအောင် ၊ Screen သေးနေတဲ့ video ဖိုင်လေးကို တစ်ချက်တောက်လိုက်ပါ..။ အောက်ကပုံမှာ မြင်ရသလို ဘောင်တန်းလေး ပါတ်လည် ပေါ်နေရင် အဝါရောင် အဝိုင်းလေးတွေနဲ့ပြထားတဲ့ ဒေါင့်နေရာလေးတွေကို မောက်စ်နဲ့ဖိဆွဲပြီး လိုသလို ကြီး၊သေး ဆွဲချဲ့၊ချုံ့လို့ ရပါတယ်..။


https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPf4k5th0A72uS9ogePOIG1J4l_U_4YZLW8hSJ4hbs1WLMlcWHo3ltTOLNS7SpHMzBfs3zXUTnEvOdwBd7dP3mcmJz-mCks6aM6GDsrqX-A2f87Ykx6Qm8SN_8U0NPVkuMrOvUpg30RMHd/s1600/Snap74.png



အောက်ကပုံမှာ မြင်ရတဲ့အတိုင်း မောက်စ်မျှားလေး ပုံစံပြောင်းသွားရင် ဘေးကို ဆွဲကြီးလို့ ရပါပြီ..။



အောက်ကပုံလေးလို TV ဆိုဒ် အကျယ်လောက်ပဲ ထားလို့ရသလို၊ ထပ်ကြီးချဲ့လိုရင်တော့ အောက်ဆုံး ပုံလေးတွေအတိုင်း ဆက်ပြီး ကြီးလို့ ရပါသေးတယ်..။



အောက်ကပုံလေးကတော့ မိမိတို့ Screen ဆွဲကြီးလိုက်တဲ့ video ကို ၊မိမိတို့ ပေါ်စေချင်တဲ့ နေရာ အပေါ်၊ အောက် ၊ ဘေး စတဲ့နေရာတွေ ပေါ်လာအောင် မျှားနီပြထားတဲ့အတိုင်း မောက်စ်မျှားလေးနဲ့ ဖိဆွဲပြီး ရွှေ့ယူ ၊ ဆွဲယူလို့ ရပါတယ်..။ အပေါ်ပုံနဲ့ အောက်ပုံ ယှဉ်ကြည့်ပါ..။



ဒီအဆင့် အပေါ်ပုံနဲ့အောက်ကပုံတွေမှာတော့ မိမိတို့ရဲ့ video ကို Screen ဆွဲကြီးပြီးမှ စိတ်တိုင်းမကျလို့ ပြန်သေးလိုတဲ့အခါ အသုံးဝင်ပါတယ်..။ ဒါကြောင့် အပေါ်ပုံအတိုင်း ပထမ Fit နေရာကနေ 50% ပြောင်းထားလိုက်ရင် အောက်ပုံလေးအတိုင်း ချုံ့သေးပေးတာကို မြင်ရမှာ ဖြစ်ပါတယ်..။ အဲ့လို သေးသွားမှ အဝါရောင်အဝိုင်းလေးတွေ နေရာကို ဖိဆွဲပြီး Screen ကို လိုသလို ပြန်သေးယူလို့ ရပါတယ်..။ အောက်က ဒုတိယပုံလေး အတိုင်း သေးယူပါတယ်..။




video တွေရဲ့ Screen အကျယ်ကို မိမိတို့ စိတ်တိုင်းကျ ပြောင်းထားပြီးရင်တော့ အပေါ်ပုံလေးအတိုင်း မူရင်း Fit နေရာ ပြောင်းထားပြီး ပြန်ချိန်တာ ပိုကောင်းပါတယ်..။ ဒါမှ တခြား video ဖိုင်တွေရဲ့ Screen အကျယ်နဲ့ ညီအောင် ချိန်လို့ လွယ်သွားမှာ ဖြစ်ပါတယ်..။
နောက်တခု အရေးကြီးတဲ့အပိုင်းကတော့.. မိမိတို့ video တွေ Edit လုပ်တဲ့အခါတိုင်း မမေ့ရမယ့် ၊ အမြဲတမ်း သတိတရ ပြုလုပ်ရမယ့် အပိုင်းကတော့.. အောက်ပုံလေးမှာ ပြပေးထားတဲ့ Save Project နဲ့ မိမိတို့ ဖြတ်ဆက်လုပ်လက်စ video တွေ၊ သီချင်းတွေနဲ့ ဓါတ်ပုံတွေ၊ Effects တွေနဲ့ စာသားတွေ စသဖြင့် အားလုံးကို Edit လုပ်နေရင်းနဲ့ မကြာမကြာ Save ပေးထားဖို့ လိုပါတယ်..။ အကြောင်းကတော့ ဘယ်ကွန်ပျူတာမှာပဲဖြစ်ဖြစ် video edit ပြုလုပ်နေရင်းနဲ့ ဆော့ဝဲလ်သော်လည်းကောင်း၊ ကွန်ပျူတာသော်လည်းကောင်း၊ ထိုးရပ် ပိတ်ကျသွားတတ်လို့ပါပဲ..။ အဲ့လိုဖြစ်သွားခဲ့ရင်တော့ မိမိတို့ အချိန်ပေးပြီး video edit လုပ်ထားတွေအားလုံး ဆုံးရှုံးသွားတတ်ပါတယ်..။ အဲလို မဆုံးရှုံးအောင် ဒီ Save Projet နေရာလေးမှာ Save လုပ်ပေးထားခြင်းဖြင့် မိမိတို့ ရောက်လက်စ နေရာကနေ ဆက်ပြီး ရှေ့ကို ဆက်သွားလို့ ရမှာပဲ ဖြစ်ပါတယ်..။ ဒါကြောင့် Save Project ကို အောက်ကပုံလေးအတိုင်း Save ပါတယ်..။ File >> Save Project As.. ကနေ သွားပါ..။ Project တခုကို နာမည်ပေးပြီး တခါ Save ထားပြီးရင်တော့၊ အဲဒီ Project ထဲမှာ နောက်ပိုင်းဆက်လုပ်တဲ့ video edit တွေကို ထပ်ပြီး နာမည်သစ် Project အသစ်တခုနဲ့ save စရာမလိုပဲ၊ Save Project As.. နေရာရဲ့ အပေါ်မှ Save Project စာသားလေးကိုသာ တချက်ထပ်ကလစ်ပေးခြင်းဖြင့် အရင် နာမည်ပေး Save ထားခဲ့တဲ့ Project ထဲမှာပဲ ထပ်ပေါင်း Save လုပ်ပြီးသား ဖြစ်ပါတယ်..။



အပေါ်ပုံလေးအတိုင်း Project ကို နာမည်ပေးပြီး Save ထားလိုက်ပါပြီ..။ ဒီနေရာမှာ တခုအရေးကြီးတာက မိမိတို့ Video Edit လုပ်ထားတဲ့၊ ယခုလက်ရှိပြုလုပ်နေတဲ့ Video ၊ သီချင်း၊ ဓါတ်ပုံတွေကို ဟို ဖိုင်ထဲရွှေ့၊ ဟိုနေရာပြောင်း လုပ်လို့ မရပါဘူး..။ အဲလိုလုပ်လိုက်ရင်တော့ အခု Save ထားတဲ့ Project ကို ပြန်ထုတ်သုံးတဲ့အခါမှာ အဆင်မပြေပဲ ရွှေ့လိုက်၊ ပြောင်းလိုက်တဲ့ video တွေ Projects ထဲမှာ မရှိတော့ပါဘူး..။ ပျောက်ကုန်ပါတယ်..။ ဒါကြောင့် ဒီတခုကိုလည်း သတိထားရမှာ ဖြစ်ပါတယ်..။
အောက်ကပုံ အဆင့်မှာတော့ ကျနော်တို့ ဖြတ်ဆက်လုပ်ထားတဲ့ video ဖိုင်လေးကို နောက်ခံသီချင်း ထည့်ပြီး သီချင်းကို လိုသလို အနည်းငယ် ပြုပြင်ဖို့လည်း လိုပါတယ်..။ အောက်ကပုံအတိုင်း သီချင်းကို မောက်စ်နဲ့ဖိဆွဲပြီး Time Line 1. ရဲ့ အသံပုံ၊စပီကာပုံလေးရှိတဲ့ လိုင်းနေရာကွက်လေးထဲ ဆွဲထည့်လိုက်ပါတယ်..။



ပြီးရင်တော့ အသံရဲ့ လှိုင်းလေးတွေ အသွားအလာကို အပေါ်နဲ့ အောက်ပုံလေးအတိုင်း အကြီးဆွဲချဲ့ ကြည့်ပါတယ်..။



ဒီအဆင့်မှာတော့ ကျနော်တို့ မလိုတဲ့၊ အသံမပါတဲ့ အပိုင်းကို ဖြတ်ထုတ်မှာ ဖြစ်လို့ အပေါ်နဲ့အောက်ပုံလေးအတိုင်း Play / Pause နဲ့ အသံစပေါ်တဲ့နေရာကို ၂-ခါ ၃-ခါ နားထောင်ပြီး စစ်ပါတယ်..။ တိကျသေချာပြီးဆိုမှ အောက်ကပုံလေးအတိုင်း Split ကိုနှိပ်ပြီး ဖြတ်လိုက်ပါ..




Time Line ထဲမှာ ရှိတဲ့ video တွေ သီချင်းတွေ နဲ့ ဓါတ်ပုံ၊ Effects ဘာပဲဖြစ်ဖြစ် မိမိပြုလုပ်မယ့် တခုကို ရှေ့၊နောက် သေချာရွေးပြီး မောက်စ်နဲ့တချက်ကလစ်ပါ..။ အပေါ်နဲ့အောက်ပုံမှာ မြင်ရတဲ့အတိုင်း အပြာရောင်နဲ့ ပြထားတဲ့ အပိုင်းကို Edit သို့မဟုတ် ဖယ်ထုတ်ပစ်မှာ ဖြစ်လို့ ရှေ့ပိုင်းလား နောက်ပိုင်းလား ဆိုတာကို သေချာ ရွေးပါတယ်..။ အခုဒီပုံမှာ ကျနော်မလိုတဲ့အပိုင်းက ရှေ့ပိုင်းဖြစ်လို့၊ အောက်ကပုံလေးအတိုင်း ဖြတ်ထားတဲ့ နေရာမှ ရှေ့ပိုင်း အပိုင်းလေးကို တချက်ကလစ်ပြီး အမှိုက်ပုံးကို ထပ်ကလစ်ပါတယ်..။



အပေါ်ပုံအတိုင်း ဆက်လုပ်ပေးလိုက်ရင်တော့ ကျနော်ဖြတ်ထုတ်ပစ်လိုက်တဲ့အပိုင်းလေး မရှိတော့ပါဘူး..။ အောက်ကပုံမှာလည်း အပေါ်ပိုင်း ပုံတွေအတိုင်းပဲ၊ သီချင်းရဲ့ နောက်ပိုင်း ပြီးတဲ့အပိုင်းမှာ မလိုအပ်တဲ့ အချိန်တွေ ၊ အသံမပါတဲ့အချိန်တွေ အများကြီး ပိုနေပါတယ်..။ အဲဒါတွေကိုလည်း အပေါ်ကနည်းအတိုင်း ဖြတ်ထုတ်ပစ်ဖို့ လိုပါတယ်..။ ဒါကြောင့် Time Line ပေတံလေးနဲ့ သီချင်းရဲ့ နောက်ပိုင်း အသံလှိုင်းလေး ဆုံးခါနီးထိ ဆွဲသွားပြီး play/pause နဲ့ အသံရဲ့ အဆုံးကို တိကျသေချာအောင် ၂-ခါ ၃-ခါ နားထောင်ပါတယ်..။ ပြီးမှ Split နဲ့ ဖြတ်ထုတ်ပါ..။



အပေါ်နဲ့အောက်ပုံလေးအတိုင်း Split >> Remove အမှိုက်ပုံလေးနဲ့ မလိုတဲ့အပိုင်းကို သေချာ ကလစ်ပြီး ဖြတ်ထုတ်ပစ်လိုက်ပါတယ်..။ နောက်တခုကတော့ တခါတရံမှာ မှားဖြတ်ပစ်လိုက်မိတဲ့အခါမျိုး ရှိတတ်ပါတယ်..။ အဲ့လိုဖြစ်သွားရင်တော့ Undo နဲ့ နောက်ပြန်ဆုတ်လို့ ရပါတယ်..။ Ctrl+Z သို့မဟုတ် Menu ဘားတန်းမှ Edit >> Undo (Ctrl+Z) ကို နှိပ်ပြီး မှားဖျက်တဲ့အပိုင်းကို နောက်ပြန်ဆုတ်ယူလို့ ရပါတယ်..။


နောက်တဆင့်ကတော့ ကျနော်တို့ သီချင်းဖိုင်ရဲ့ အဆုံးပိုင်းလေးကို ဖြေးဖြေးခြင်း မှိန် တိုးပြီး ပျောက်သွားအောင် ပြုလုပ် ဖန်တီးမယ့် အပိုင်းပဲ ဖြစ်ပါတယ်..။ ဒါကြောင့် အောက်ကပုံလေးအတိုင်း အသံဖိုင်ရဲ့ ဆုံးခါနီး ၄-၅ စက္ကန့်အလိုမှာ၊ အောက်ကပုံလေးအတိုင်း အလယ်မျဉ်းမှာ တချက်ကလစ်ပါ..။


ပြီးရင် သီချင်း အဆုံးမှာ တချက်ထပ်ကလစ်ပါ..။ ဒီနေရာမှာ တချက်ကလစ်လိုက်တာနဲ့ အဝါရောင် ဝိုင်းပြထားတဲ့အတိုင်း အစက်ကလေး တခု ပေါ်နေမှာ ဖြစ်ပါတယ်..။ ဒါဟာ အဲဒီနေရာကနေ စပြီး အလုပ်လုပ်မယ်ဆိုတာကို သတ်မှတ်ပေးလိုက်တာပါ..။ ဆက်ကြည့်ပါဗျာ..။ မျှားနီပြထားတဲ့အတိုင်း အသံဖိုင် သီချင်း အဆုံးမှာ တချက်ထပ်ကလစ်ပေးပါ..။


ပြီးရင်တော့ နောက်ဆုံးကလစ်လိုက်လို့ ပေါ်လာတဲ့ အစက်အလေးကို အောက်ပုံ ၂-ပုံ အတိုင်း မောက်စ်နဲ့ ဖိဆွဲပြီး Volume 0 ထိရောက်အောင် အောက်ထိဆွဲချသွားလိုက်ပါ..။




ပြီးသွားရင်တော့ အပေါ်ပုံအတိုင်း ကြိုးတန်းလေး စောင်းနေတဲ့အတိုင်း မြင်ရမှာ ဖြစ်ပါတယ်..။ အဲနေရာလေးကိုပဲ play ကြည့်ခြင်းဖြင့် အသံ Time Line ရဲ့ အလုပ်လုပ်ပုံကို သိရမှာ ဖြစ်ပါတယ်..။ Volume 50 ရှိတဲ့ ပထမ အစက် ကို မောစ်နဲ့ ဖိဆွဲပြီး ရှေ့တိုး နောက်ဆုတ် ပြုလုပ်ကြည့်ခြင်းဖြင့် အသံ အဆုံးပိုင်းကို ၄-စက္ကန့်၊ ၆-စက္ကန့် စသဖြင့် ချိန်ယူ ညှိယူလို့ ရမှာ ဖြစ်ပါတယ်..။
နောက်တဆင့် အောက်ကပုံအဆင့်ကတော့ ကျနော်တို့ ဖြတ်ဆက် ပြုလုပ်ထားတဲ့ video လေးတွေရဲ့ နောက်ပိုင်း အပိုင်းလေး ၄-၅ စက္ကန့်လောက်ကို လင်းရာမှ မှေး မှိန် ပျောက်ကွယ်သွားအောင် ပြုလုပ်ပြမယ့် နည်းပဲ ဖြစ်ပါတယ်..။ ဒါကြောင့် ကျနော် ပြုလုပ်မယ့် video ဖိုင်လေးကို တချက်ကလစ်ပြီး (အောက်ကပုံမှာ အဝါရောင်ပြထားပါတယ်။) ပြီးဆုံးခါနီးအပိုင်းလေး နေရာမှာ Time Line ပေတံလေးကို ရပ်ထားပါတယ်..။ ပြီးရင်တော့ မျှားနီနဲ့ ဝိုင်းပြထားတဲ့ Modify ကို တချက်ကလစ်ပြီး ဒီ video ဖိုင် အပြီးပိုင်းလေးကို ပြုပြင်မှာပါ..။ Modify ကို နှိပ်လိုက်ပါတယ်..။



အပေါ်ပုံအတိုင်း ဆက်ပေါ်လာရင် video ဖိုင်ရဲ့ ပြီးဆုံးတဲ့အပိုင်းကို ပြုလုပ်မှာဖြစ်လို့ မျှားနီနဲ့ပြထားတဲ့ Enable fade out မှာ အမှန်ခြစ်ပေးလိုက်ပါတယ်..။ တကယ်လို့ video ဖိုင်ရဲ့ အစပိုင်းမှာ ဖြေးဖြေးခြင်း မှောင်ရာမှ လင်းလာအောင် ပြုလုပ်ခြင်တယ်ဆိုရင်တော့ မျှားအဝါ ပြထားတဲ့ နေရာမှာ အမှန်ခြစ် တပ်ပေးလိုက်ပါ..။ အောက်ကပုံလေးအတိုင်း အဝါရောင် အစက်ကလေး ၂-ခု ပေါ်လာမှာ ဖြစ်ပါတယ်..။ အဲဒါကို Key Frame လို့ ခေါ်ပါတယ်..။ နောက်ဆုံး Key Frame ကို ဒီအတိုင်းထားပြီး ရှေ့ Key Frame လက်ပုံလေးထောက်ပြထားတဲ့ အဝါအစက်အလေးကို မျှားနီပြထားတဲ့အတိုင်း ရှေ့ကို အနည်းငယ် ရွှေ့ယူလိုက်ပါတယ်..။ ဒါကတော့ play ကို နှိပ်ပြီး video ရဲ့ အဆုံးပိုင်း အချိန် အတို အရှည် ၄-စက္ကန့် ၊ ၆-စက္ကန့် စသဖြင့် ချိန်ယူတတ်ဖို့ ပြပေးထားတာ ဖြစ်ပါတယ်..။



အပေါ်ပုံအတိုင်း play နဲ့ video ကို ကစားကြည့်ပါ..။ စိတ်တိုင်းကျဖြစ်သွားရင် Save လိုက်ပါ..။ အောက်ကပုံလေးအတိုင်း ဆက်ပေါ်နေမှာ ဖြစ်ပါတယ်..။ အဲမှာလည်း play/pause နဲ့ ပြန်ချိန်ယူလို့ ရသွားပါပြီ..။ video နေရာမှာ မျှာအဝါပြထားသလို ကြိုးတန်းလေး ပေါ်နေမှာ ဖြစ်ပါတယ်..။


တကယ်လို့ video ရုပ်ထွက်မှာ သီချင်းအသံ မှေးမှိန်ပျောက်သွားတဲ့အတိုင်း ညီညာမှု မရှိသေးဘူးဆိုရင်တော့.. အောက်ဆုံးပုံလေးမှ မျှားနီပြထားတဲ့ အစက်ကလေး ၂-ခုကို တခုစီ ရှေ့တိုး နောက်ဆုတ် ရွှေပြောင်း ပြုလုပ်ပေးခြင်းဖြင့် ပြန်လည် ချိန်ယူလို့ ရမှာ ဖြစ်ပါတယ်..။


ဒီနေ့ပိုစ့် လေ့ကျင့်ခန်း အပိုင်း(၂) ကိုတော့ ဒီလောက်နဲ့ပဲ ရပ်ထားပါရစေ..။ ဒါကြောင့် အပေါ်ပိုင်းမှာ ပုံလေးနဲ့ ပြပေးခဲ့တဲ့အတိုင်း၊ နာမည်ပေးသိမ်းထားခဲ့တဲ့ Project ထဲမှာ နောက်ထပ်အသစ် edit ထပ်လုပ်လိုက်တဲ့ အပိုင်းတွေကို Save Project နဲ့ သိမ်းထားလိုက်ပါပြီ..။ စာဖတ်သူများလည်း နောက်ရက် လေ့ကျင့်ခန်း အပိုင်း(၃) ကို ဆက်ပြီး Edit လုပ်ဖို့ အဆင်ပြေအောင်၊ ကျနော့်လိုပဲ Project လေးနဲ့ Save ထားဖို့ သတိပေးလိုက်ပါရစေ..။ အားလုံးပဲ လေ့လာရင်း တတ်မြောက် ပျော်ရွှင်နိုင်ကြပါစေ..။ 

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-သုံး

ကျနော်လက်တွေ့ အသုံးချခဲ့တဲ့ ဒီ Video Edit လုပ်နည်းတွေကို သီချင်း ၁၂-ပုဒ်ပါတဲ့ Master DVD တစ်ချပ် ဖန်တီးလို့ရတဲ့အထိ ကျနော်ပိုစ့်တွေ အပိုင်းလိုက် တစ်ခုပြီးတစ်ခု မကြာမကြာ ဆက်တင်ပေးသွားပါမည်..။ အဲ့ဒီ ဖန်တီးပြီးတဲ့ DVD မှာ.. DVD Player နဲ့ ဖွင့်တဲ့အခါ သီချင်းတွေကို တစ်ပုဒ်ပြီးတစ်ပုဒ် Next နဲ့ ကျော်ကြည့်လို့လည်းရမယ်၊ Previous နဲ့လည်း နောက်ပြန်ဆုတ်လို့ရမယ်၊ DVD Player စက်ထဲက အခွေထည့်လိုက်တာနဲ့ Menu မှာ မိမိထားလိုတဲ့ video ဒါမှမဟုတ် ဓါတ်ပုံနဲ့ နောက်ခံ တေးသီချင်းကိုလည်း ထည့်သုံးလို့ရမယ်၊ Play နဲ့ Select Screen စတဲ့အပိုင်တွေကိုလည်း တခုစီ ရွေးဖွင့်ကြည့်လို့ရမယ်၊ ဒီလုပ်နည်းက DVD တစ်ချပ်ထဲမှာ ရုပ်ရှင် video ဇတ်ကားတွေ အများကြီး ထည့်နည်းနဲ့ လုပ်နည်းတူပါတယ်..။ ဒါကြောင့် မသိသေးတဲ့ လေ့လာခါစသူများကတော့ နောက်ပိုင်း ပိုစ့်တွေကိုလည်း ဆက်လက်လေ့လာဖို့ လိုအပ်ပါတယ်..။
ဒီနေ့အပိုင်း(၃)ပိုစ့်မှာတော့.. Power Director နဲ့ သိမ်းထားခဲ့တဲ့ အရင်နေ့က Project ဖိုင်လေးကို ပြန်ဖွင့်ယူပြီး၊ 2D Title တခု ဖန်တီးပြီး စာသားတွေ ရေးထည့်တတ်အောင်၊ စာသားတွေ အရောင်ပြောင်းတတ်အောင်၊ စာသားတွေကို ပိုမိုထင်ရှားပေါ်စေမယ့် Border လိုင်းလေး ထည့်သုံးတတ်အောင်၊ သီချင်းစာသားတွေ တခုနဲ့တခု အဝင်အထွက်တွေ ကိုက်ညီအောင်၊ ချိန်တတ်အောင် ဒီနေ့ပိုစ့်မှာ သေချာရှင်းပြပေးထားပါတယ်..။ ဒီနေ့ အပိုင်း(၃)ပိုစ့်ကနေလည်း အပိုင်းတစ်ပိုင်းကို 300 MB စီနဲ့ အပိုင်း-၃ ပိုင်းနဲ့ခွဲတင်ပေးထားတဲ့ Cyber Link Power Director 11 ဒေါင်းယူလို့ရအောင် အရင်ပိုစ့်က လင့်တွေကို ပြန်ချိတ်ပေးထားပါတယ်..။ ဒီနေ့တင်ပေးလိုက်တဲ့ လေ့ကျင့်ခန်း အပိုင်း(၃) ပိုစ့်မှာ သီချင်းစာသားတွေ ရေးထည့်တတ်အောင် ၊ စီတတ် နေရာချတတ်အောင် လေ့လာခါစ လူသစ်တွေအတွက် သေချာနားလည်အောင် ရှင်းပြပေးထားတာဖြစ်လို့ လိုအပ်တဲ့သူများကတော့ အောက်မှာပုံလေးတွေနဲ့ ဆက်ကြည့်နိုင်ပါပြီ..။

Cyberlink Power Director 11


အရင်နေ့က Save Project နဲ့ သိမ်းထားခဲ့တဲ့ ကျနော်လုပ်လက်စ Project ဖိုင်လေးကို ဒီနေ့ ပြန်ဖွင့်သုံးမှာ ဖြစ်လို့ အောက်ကပုံလေးအတိုင်း Power Director ရဲ့ File >> Open Project ကနေ သွားပြန်ဖွင့်ယူပါတယ်..။







အပေါ်ပုံလေးအတိုင်း Project ကို ဖွင့်လိုက်တဲ့အခါ ပေါ်လာရင် Yes or No ကြိုက်တာပေးပါ..။ ကျနော်ကတော့ Yes ပေးလိုက်ပါတယ်..။ ဒါဆိုရင် အရင်နေ့က သိမ်းထားခဲ့တဲ့ Project ဖိုင်လေး Power Director ထဲကို ပြန်လည်ရောက်ရှိလာပါပြီ..။ 
အောက်ကအဆင့်မှာတော့ ကျနော်တို့ Video Edit လုပ်နေတဲ့ Time Line ထဲကို သီချင်းစာသားတွေ ရိုက်မထည့်ခင်၊ အရင်ဆုံး သီချင်းတစ်ပုဒ်စီရဲ့စာသားတွေကို ဒီလိုလေး Notepad လေးမှာ အရင်ရေးထားလိုက်ရင် အသုံးပြုရ၊ အလုပ်လုပ်ရတာ ပိုပြီး အဆင်ပြေပါတယ်..။ ဒါကတော့ ကျနော်အသုံးပြုခဲ့တဲ့နည်းပါ..။ Video Edit မှာ စာသားတွေ ထည့်ဖို့အတွက် အောက်ကပုံလေးအတိုင်း ကျနော် Notepad မှာ ရေးထားခဲ့တဲ့ စာသားတစ်ကြောင်းကို copy ယူပါတယ်..။


ပြီးရင်တော့ နောက်တဆင့်မှာ အရင်ဆုံး စာသား ဖန်တီးမှာ ဖြစ်လို့ အောက်ကပုံလေးအတိုင်း 2D Title တခုကို ယူပါ..။


အောက်ကပုံအတိုင်း ဆက်ပေါ်လာရင်တော့ အနီဝိုင်းပြထားတဲ့ နေရာတွေမှာ အောက်က ဒုတိယပုံလေး အတိုင်း ဆက်လက်ပြောင်းပေးပြီး၊ အပြာရောင်နဲ့ ပြထားတဲ့ My Title နေရာမှာ.. အပေါ် Notepad မှ copy ယူလာတဲ့ စာသားကို paste နဲ့ ထည့်လိုက်ပါတယ်..။



အောက်ကပုံလေးအတိုင်း စာသားလေး ပေါ်နေမှာ ဖြစ်ပါတယ်..။ မျှားနီပြထားတဲ့ Border နေရာမှာတော့ စာလုံးတွေကို ပိုမိုထင်ရှားအောင် ပေါ်နေစေဖို့ စာလုံးဘေးမှာ ဘောင်ကွတ်ပေးလိုက်တဲ့ နေရာပဲ ဖြစ်ပါတယ်..။ ဒီအဆင့်ကလည်း လိုအပ်ပါတယ်..။ မိမိတို့ အသုံးပြုတဲ့ video မှာ အဖြူရောင်များတဲ့ နေရာတွေ၊ သို့မဟုတ် စာသားအရောင်နဲ့ တူနေတတ်တဲ့ video ကာလာ နေရာတွေမှာဆိုရင် ဒီလို စာလုံးကို ဘောင်ကွတ်ပေးထားခြင်းဖြင့် ပိုမိုထင်ရှား ပေါ်နေစေမှာပဲ ဖြစ်ပါတယ်..။ အောက်ကပုံလေးအတိုင်း ကျနော် စာလုံးကို ဘောင်ထပ်ပေးလိုက်ပါတယ်..။


နောက်တခု အောက်ကပုံလေး ၂-ခုမှာ TV Safe Zone ကို ON ထားပေးခြင်းဖြင့် အပြာရောင်နဲ့ ဘောင်ခတ်ပြထားတဲ့ TV မှာ ကြည့်တဲ့အခါ ပေါ်နေမယ့် ဘောင်အနားတွေကို ချိန်ယူပြီးသား ဖြစ်ပါတယ်..။ တနည်းအားဖြင့် မိမိတို့ ရေးထည့်ထားတဲ့ စာသားတွေဟာ TV မျက်နှာပြင်မှာ အလယ်မှာ ပေါ်နေစေချင်တာလား၊ ဘေးမှာ ပေါ်နေစေချင်တာလား စသဖြင့် နေရာကို ချိန်ယူတတ်ဖို့အတွက် အသုံးဝင်ပါတယ်..။ ဒါကြောင့် ကျနော်က အပေါ်ပိုင်းမှာ ကတည်းက ON ပေးပြီး သုံးခဲ့တာပါ..။


Grid Line တွေကလည်း စာသားတွေကို ချိန်တဲ့အခါ အသုံးဝင်တဲ့အတွက် ကြိုက်တာကို ရွေးသုံးပါ..။ ကျနော်ကတော့ အောက်ကပုံလေးအတိုင်း အသုံးပြုပါတယ်..။ ဒီနေရာမှာသာ ဒီလိုပေါ်တာဖြစ်ပြီး Time Line ထဲကို ရောက်တဲ့အခါ ဒီလိုင်းတွေ မပေါ်ပါဘူး..။


အောက်ကပုံလေးအတိုင်း စာသားကို မိမိစိတ်ကြိုက် ထားလိုတဲ့နေရာမှာ ချိန်ထားပါ..။ ပြီးရင်တော့ Save As နဲ့ အရင် သိမ်းလိုက်ပါတယ်..။



ကျနော်က အပေါ်ပုံအတိုင်း Titlt အသစ်ဖြစ်လို့ 2D လို့ နာမည်ပေးပြီး OK နဲ့ သိမ်းလိုက်ပါတယ်..။ ပြီးရင်တော့ အဲဒီ 2D Title လေးကို အောက်ကပုံလေးအတိုင်း မောက်စ်နဲ့ ဖိဆွဲပြီး Time line ရဲ့ ဒုတိယ ဖလင်ပုံလေးရှိတဲ့ 2. နေရာမှာ မှာ ဆွဲထည့်လိုက်ပါတယ်..။ တချို့က T ပုံရှိတဲ့ Time Line ထဲမှာ စာသားတွေကို ထည့်ပါတယ်..။ အဲလိုလည်း ထားလို့ရပါတယ်..။ ဒါပေမယ့် ကျနော်က စာသား ၂-ကြောင်းနဲ့ သီချင်းတွေ ဖန်တီးမှာ ဖြစ်လို့ video ထည့်တဲ့ Time Line ပေါ်မှာပဲ ထားပြီး အသုံးပြုပါတယ်..။





အပေါ်ပုံလေးအတိုင်း စာသားဖိုင်လေး ရောက်လာရင်တော့ သီချင်းအသံနဲ့ ကိုက်ညီအောင် ရှေ့တိုး နောက်ဆုတ် ချိန်ယူပါ..။
အောက်ကပုံမှာတော့ Time Line 2. ပေါ်မှာ ရှိပြီးသား စာသားဖိုင်ကို copy ယူပြီး Time Line 3. ပေါ်မှာ paste နဲ့ နောက်တစ်ခု ထပ်ပွါးယူပါတယ်..။ ဒါကတော့ နောက်ထပ်စာသားတွေကို တစ်ကြောင်းချင်းစီ ဒီလိုနည်းနဲ့ ယူထည့်မှာပဲ ဖြစ်ပါတယ်..။



အပေါ်ပုံအတိုင်း Time Line 3. ပေါ်မှာ နောက်တခု ပွါးယူ ထည့်ပြီး အောက်ကပုံလေးအတိုင်း ပွါးယူလိုက်တဲ့ ဖိုင်ကို Modify နဲ့ နောက်ထပ်စာသား တစ်ကြောင်းကို အောက်ဆုံးပုံလေးတွေအတိုင်း တခုစီ လိုက်ထည့် ချိန်ယူပါတယ်..။

အပေါ်မှာ Modify ကို နှိပ်ပြီးတာနဲ့ အောက်ကပုံလေးအတိုင်း ဒုတိယစာကြောင်းကို copy ယူပြီး paste နဲ့ ထည့်ပေးလိုက်ပါတယ်..။



အပေါ်ပုံမှာ အရင်စာကြောင်းနေရာမှာ paste နဲ့ ထည့်ပေမယ့် နောက်ထပ်အသစ်နေရာမှာ ပေါ်လာရင်လည်း အရင်စာသားကို ဖျက်ပစ်လိုက်ပါ..။ အောက်က ဒုတိယပုံအတိုင်း မိမိထားလိုတဲ့ နေရာကို မောက်စ်နဲ့ ဖိဆွဲထားလိုက်ပါ..။





အပေါ်ပုံတွေအတိုင်း နေရာချ စိတ်ကြိုက်ချိန်ယူပြီးရင်တော့ Save ကို နှိပ်ပြီး သိမ်းပါ..။ အောက်ကပုံလေးအတိုင်း ဆက်ပေါ်နေမှာ ဖြစ်ပါတယ်..။ အဲဒီမှာ စာသားဖိုင်တွေကို အကြီးချဲ့ပြီး ကြည့်မှ လိုသလို ချိန်ယူလို့ ရမှာ ဖြစ်တဲ့အတွက် ကျနော် မျှားပြထားတဲ့အတိုင်း Zoom နဲ့ ဆွဲ ကြီးပြီးမှ ချိန်ယူပါတယ်..။



စာသား ၂-ခု အဆုံးနဲ့အစမှာ သံစဉ်အတိုင်း ညီညာမှုရှိအောင် အပေါ်ပုံအတိုင်း play နဲ့ အရင်ချိန်ပါ..။ သံစဉ်အပြီးမှာ စာသားပေါ်တာ ကျန်နေသေးရင်တော့ အောက်ကပုံလေးအတိုင်း မောက်စ်မျှားနဲ့ အဆုံးနေရာကို ဖိပြီး ရှေ့ကို တိုးပြီး တိုပေးလိုက်ပါ..။ လိုအပ်ရင်တော့ အဲ့ဒီနေရာမှာပဲ ဖိဆွဲပြီး နောက်ကို ပြန်ဆွဲထုတ်ပါ..။



အပေါ်နဲ့ အောက်ကပုံအတိုင်း ဒုတိယ စာသားဖိုင်ကို ချိန်ယူလို့ပြီးရင်တော့ ပထမ စာသားဖိုင်ကို ထပ်ပြီး copy ယူပါတယ်..။ ဒါကတော့ တတိယ စာကြောင်းအတွက် ယူတာပါ..။


ပြီးရင်တော့ Time Line 2. ပေါ်မှာပဲ တတိယ စာကြောင်းအတွက် အောက်ကပုံလေးအတိုင်း paste နဲ့ ထည့်တင်လိုက်ပါ..။ တတိယစာသားဖိုင် ပေါ်လာတာနဲ့ Modify ကို နှိပ်ပြီး အပေါ်ကနည်းတူ စာကြောင်းကို Notepad မှာ copy သွားယူပါတယ်..။




တတိယ စာကြောင်းကို copy ယူပြီးတာနဲ့ အပေါ်ပိုင်းက နှိပ်ဖွင့်ခဲ့တဲ့ Modify ဘောက်စ်ထဲမှာ အောက်ကပုံအတိုင်း paste ထည့်ပြီး၊ အပေါ် ဒုတိယ စာကြောင်းကို လုပ်ပြခဲ့တဲ့နည်းတူ မိမိတို့ထားလိုတဲ့နေရာကို မောက်စ်နဲ့ ဖိဆွဲပြီး အောက်မှာ ပြထားတဲ့အတိုင်း သွားထားပေးလိုက်ပါ..။



စိတ်ကြိုက်ချိန်ထားလို့ ပြီးရင်တာ့ Save လိုက်ပါတယ်..။ အောက်ကပုံအတိုင်း အဝါရောင်နဲ့ ပြထားတဲ့ စာသားဖိုင်လေး ပေါ်နေပြီး အပေါ် ဒုတိယ စာသားဖိုင်ကို အသံအပြီးနဲ့ ချိန်ယူ လုပ်ပြပေးခဲ့တဲ့အတိုင်း တတိယ စာသားဖိုင်ကိုလည်း အသံနဲ့ ချိန်ယူ နေရာချပါ..။ ပြီးရင်တော့ စတုတ္ထစာကြောင်းအတွက် အောက်ကမျှားနီပြထားတဲ့ ဒုတိယ စာသားဖိုင်ကို copy ပြန်ယူပါ..။


စလေ့လာခါစသူများအတွက် ဒီအဆင့်တွေမှာ ရှုပ်နေနိုင်ပါတယ်..။ ဒါပေမယ့် လုပ်ပါများလာရင် နားလည် သဘောပေါက်သွားမှာ ဖြစ်ပါတယ်..။ Time Line 3. ထဲက ဒုတိယ စာကြောင်းကို copy ယူပြီး Time Line 3. ပေါ်မှာပဲ တတိယစာသားဖိုင်ရဲ့ အဆုံးနားမှာ အောက်ကပုံအတိုင်း paste နဲ့ ထည့်ပါ..။



အပေါ်ပုံအတိုင်း Modify ကို နှိပ်ပြီး စတုတ္ထစာကြောင်းကို Notepad မှာ အောက်ကပုံလေးအတိုင်း copy သွားယူပါတယ်..။



ပြီးရင်တော့ စတုတ္ထစာသားဖိုင်ရဲ့ Modify ဘောက်စ်ထဲမှာ အပေါ်ပုံအတိုင်း paste နဲ့ ထည့်၊ အောက်ကပုံအတိုင်း ပေါ်စေချင်တဲ့ နေရာမှာ စာသားကို ရွှေ့ယူ ထားပေးပြီး Save ပေးလိုက်ပါ..။


စာသားဖိုင်တွေကို တစ်ခုစီ အသံနဲ့ စာသား အပေါ်၊အပြောက် တူညီဖို့အတွက် တစ်ခုကို Modify ပြီးတိုင်း ဒုတိယ စာသားဖိုင်ကို လုပ်ပြထားသလို စာသားဖိုင် အတိုအရှည် ပြန်လည်ချိန်ယူရမှာ ဖြစ်ပါတယ်..။ ဒါမှသာ သီချင်းသံစဉ်နဲ့ စာသား အဝင်အထွက်တွေ တူညီမှု ရှိပြီး ကြည့်ရအဆင်ပြေစေမှာပဲ ဖြစ်ပါတယ်..။ အောက်ကပုံကတော့ စာသားဖိုင် ၄-ခု ကို ကျနော် ချိန်ညှိထားပြီး ဖြစ်လို့ Play နဲ့ ပြန်စမ်းဖွင့် ကြည့်တာပဲ ဖြစ်ပါတယ်..။ အရင်စာသားတွေ ညီညာပြီဆိုမှ နောက်စာသားတွေကိုလည်း အရင်အပေါ်ပိုင်းမှာ လုပ်ပြပေးထားတဲ့ နည်းအတိုင်း တခုစီ Modify ချိန်ယူရမှာ ဖြစ်ပါတယ်..။


လုပ်လက်စတွေ ခဏနားထားအုန်းမည် ဖြစ်လို့ အပေါ်ဆုံးမှာ ဖွင့်သုံးခဲ့တဲ့ Project ထဲမှာပဲ အောက်ကပုံလေးအတိုင်း Save Project နဲ့ ပြန်သိမ်းထားလိုက်ပါပြီ..။ နောက်တင်မယ့် ပိုစ့်တွေလုပ်မှ ပြန်ဖွင့်သုံးဖို့ပါ..။


ဒီနေ့လေ့ကျင့်ခန်း အပိုင်း(၃) ပိုစ့်ကိုတော့ ဒီလောက်နဲ့ပဲ ရပ်နားထားပါအုန်းမည်..။ နောက်ရက်တွေမှာ ဆက်လက်ပြီး ကျန်ရှိနေသေးတဲ့ လုပ်နည်းတွေကို နောက်ထပ်အပိုင်းတွေ ခွဲပြီး ထပ်တင်ပေးပါအုန်းမည်..။ အားလုံးပဲ လေ့လာရင်း တတ်မြောက်ပျော်ရွှင်နိုင်ကြပါစေ..။

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-လေး

ဒီနေ့ Video Edit အပိုင်း-လေး ပိုစ့်မှာတော့.. လေ့လာခါစသူများအတွက် Video Edit နည်းပညာကို အနည်းငယ် ပိုမိုလုပ်တတ်အောင် လုပ်နည်း၊ အသုံးပြုနည်းလေးတွေ ထပ်တင်ပြပေးလိုက်ပါတယ်..။ စာသားတွေ အဝင် အထွက်မှာ Effects လေးတွေထည့်သုံးနည်း၊ မိမိတို့ရဲ့ video ကို မိမိတို့ပြလိုတဲ့ နေရာလေးကို ပုံကြီးချဲ့ပြလို့ရတဲ့ Zoom ဆွဲနည်း၊ video ရဲ့ လိုချင်တဲ့ အပိုင်းလေးကို နောက်ပြန်သွား (နောက်ပြန်လမ်းလျှောက်အောင်) လုပ်နည်း၊ နှေးနှေးပြလိုတဲ့ video အပိုင်းကို Slow Motion ဖြစ်အောင်လုပ်နည်း၊ ပုံမှန်ထက် အရမ်းမြန်အောင် လုပ်နည်း၊ video တွေကို ဒေါင်လိုက် ပြောင်းပြန် စသဖြင့် လိုသလို လှည့်ပါတ် ပြနည်း၊ နောက်တခုကတော့ မိမိတို့ရဲ့ video ကို အရောင်မျိုးစုံပြောင်းတာ ကာလာတင်တာ၊ ကာလာလျှော့တာ၊ အဖြူအမဲ၊ video နှစ်ပိုင်းခွဲပြနည်းတွေပါ ဒီနေ့ အပိုင်း-လေး ပိုစ့်မှာ ရှင်းပြပေးထားပါတယ်..။

Cyberlink Power Director 11
အပိုင်း-သုံး ပိုစ့်မှာ သိမ်းထားခဲ့တဲ့ Projects ဖိုင်ကို အရင်ပိုစ့်တွေအတိုင်း ပြန်ထည့်ပြီး စာသားနေရာကို အောက်ကပုံလေးအတိုင်း Modify နဲ့ စာသား Effects လေးတွေ ထည့်ပါမယ်..။

အောက်ကပုံမှာ မြင်ရတဲ့ Text >> Character Presets နေရာမှာတော့ စာလုံးဒီဇိုင်းမျိုးစုံကို ရွေးယူအသုံးပြုနိုင်ပါတယ်..။ ပုံမှာ မြင်ရတဲ့အတိုင်း ကျနော် ဒီဇိုင်းတစ်ခုကို ယူသုံးပါတယ်..။ ဒီဘက်က မျှားအဝါရောင်နဲ့ ပြထားတဲ့ နေရာက စာကြောင်းလေးကို အရင် Select ပေးပြီးမှ စာလုံးဒီဇိုင်းကို ယူပါ..။ ပုံမှာ မြင်ရတဲ့အတိုင်း စာကြောင်းလေးက လေးထောင့်ကွက်လေးတွေ ပြောင်းသွားတဲ့အခါ Zawgyi -One ကို ပြောင်းပေးခြင်းဖြင့် အောက်ဒုတိယပုံလေးအတိုင်း စာကြောင်းလေး ပြန်ပေါ်လာမှာ ဖြစ်ပါတယ်..။



နောက်တခုကတော့ ဒီစာကြောင်းလေးတွကို Effects တွေ ထည့်လိုရင်တော့ Motion နေရာကို ကလစ်ပြီး Starting နဲ့ Ending Effects တွေကို လိုသလို အသုံးပြုနိုင်ပါတယ်..။ Starting နေရာကတော့ စာကြောင်း အဝင် ဝဲပျံကျလာတဲ့ Effects တွေကို ယူသုံးလို့ ရမှာ ဖြစ်ပြီး ၊ Ending နေရာမှာတော့ စာကြောင်းလေး အဆုံးမှာ အပေါ်တက် အောက်ဆင်း ဘေးထွက် စသဖြင့် ဖြေးဖြေးခြင်း ပျောက်ကွယ်သွားမယ့် နေရာတွေအတွက် အသုံးဝင်ပါတယ်..။ အရင်ဆုံး ကျနော် Starting Effects ကို စထည့်သုံးပါတယ်..။


အောက်ကပုံမှာ မြင်ရသလို Effects တခုကို ကလစ်ကြည့်ဖြင်းဖြင့် စာကြောင်းလေး ဘယ်လို အလုပ်လုပ်တယ် ဆိုတာ မျှားအဝါရောင်နဲ့ ပြထားသလို ဘေးကနေ ဝင်လာတာမျိုးကို မြင်ရမှာ ဖြစ်ပါတယ်..။


Ending Effects တွေကိုလည်း အပေါ်ကနည်းအတိုင်း စာကြောင်းအဆုံးမှာ ထည့်သုံးဖို့ ဖြစ်တဲ့အတွက် မိမိတို့ ကြိုက်ရာ တစ်ခုကို ကလစ်ကြည့်ခြင်းဖြင့် အောက်ပုံမှာမြင်ရသလို စာကြောင်းလေး ဘယ်လို အဆုံးသတ် သွားတယ်ဆိုတာ မျှားအဝါရောင်နဲ့ ပြထားသလို မြင်ရမှာ ဖြစ်ပါတယ်..။ ဒီပုံက Effects ကတော့ စာကြောင်းလေး အပေါ်ကို ပျံတက်ပျောက်ကွယ်သွားတာ ဖြစ်ပါတယ်..။


နောက်လုပ်နည်း တစ်ခုကတော့ အောက်ကပုံမှာ မြင်နေရတဲ့ အတိုင်း ကျနော် Zoom ဆွဲပြလိုတဲ့ နေရာအပိုင်းကို အရင်ဆုံး Split နဲ့ ဖြတ်ပါတယ်..။




Split နဲ့ ဖြတ်ထားပြီးသား အပိုင်းလေးကို အောက်ကပုံလေးအတိုင်း Select ပေးပါ..။




Power Tool ကနေ Video Crop မှာ အမှန်ခြစ်ပေးပြီး Crop Video ကို ဆက်နှိပ်ပါ..။




ပြီးရင်တော့ မျှားနီပြထားတဲ့အတိုင်း video ရဲ့ မြင်ကွင်းကို မိမိတို့လိုသလောက် ဆွဲသေးလိုက်ပါ..။





အပေါ်ကပုံအတိုင်း သေးပြီးရင်တော့ မိမိတို့ ပုံကြီးချဲ့ပြလိုတဲ့ နေရာကို အောက်ကပုံအတိုင်း မောက်စ်မျှားနဲ့ ဖိဆွဲသွားလိုက်ပါ..။


လိုတဲ့နေရာ ဆွဲထားပြီးရင်တော့ အောက်ကပုံလေးအတိုင်းမြင်နေရတဲ့ နောက်ဆုံးမှာရှိတဲ့ အဝါအစက်ကလေးကို တချက်တောက်ပါ..။ ပြီးရင် အပေါင်း(+) ပါတဲ့ နေရာကို နှိပ်ပြီး Duplicate Previous Keyframe စာသားကို ဆက်နှိပ်ပြီး OK ပေးလိုက်ပါ..။ ဒါဆိုရင် ပုံကြီးချဲ့ပြလိုတဲ့ နေရာကို Screen မှာ အပြည့်ပေါ် မြင်ရပါပြီ..။


ပုံကြီးမြင်ရတဲ့အခါ ကြည်လင်တာ၊ မကြည်လင်ပဲ ဝါးတားတားဖြစ်နေတာတွေက မိမိတို့ video ရဲ့ မူရင်း အရည်အသွေးနဲ့ပဲ ဆိုင်ပါတယ်..။ သဘောက Video ကင်မရာ အကောင်းစားသုံးရင်တော့ ကြည်လင်ပြတ်သားမှာ ဖြစ်ပြီး၊ ကင်မရာ အညံ့စားသုံးရင်တော့ video က ဝါးနေမှာ ဖြစ်ပါတယ်..။


အပေါ်ပုံအတိုင်း Play ကြည့်ခြင်းဖြင့် Zoom နဲ့ ပုံကြီးချဲ့ပြလိုတဲ့ video အပိုင်းနေရာကို မြင်ရပြီ ဖြစ်ပါတယ်..။
အောက်ကပုံမှာ ပြထားတဲ့ လုပ်နည်းကတော့ မိမိတို့ရဲ့ video ထဲက နောက်ပြန်သွားလိုတဲ့ အပိုင်းလေးကို Split နဲ့ အရင် ဖြတ်ထုတ်ပါ..။ ပြီးရင် စလက်ပေးပြီး Power Tools ကို ဝင်ပါ..။ မျှားအစိမ်းနဲ့ ပြထားသလို ဒီပုံက video လေးက Play ကြည့်ရင် ညာဘက်ကို သွားတာဖြစ်ပါတယ်..။


Power Tools ထဲက Video in Reverse နေရာမှာ အမှန်ခြစ်တပ်ပေးပြီး Play ကြည့်ရင် အောက်ကပုံမှာ မျှားအစိမ်းနဲ့ ပြထားသလို မိမိတို့ရဲ့ video လေးက နောက်ပြန်သွားနေမှာ ဖြစ်ပါတယ်..။


နောက်တခုက Slow Motion နဲ့ video တွေကို ပြလိုရင်တော့ အောက်ကပုံလေးအတိုင်း Video Speed မှာအမှန်ခြစ်တပ်ပြီး အနုတ်ကို(-) ကိုနှိပ် (သို့) အလယ်က တုံးလေးကို မောက်စ်နဲ့ ဖိဆွဲကပ်ပေးလိုက်ပါ..။ ဒီနေရာမှာတော့ အနှေး အမြန်ကို မိမိတို့ စိတ်ကြိုက်ဖြစ်အောင် လိုသလို ဖြေးဖြေးခြင်း ချိန်ယူရမှာ ဖြစ်ပါတယ်..။ မျှားအဝါနဲ့ ပြထားသလို video အပိုင်းလေး ရှည်ထွက်လာရင် ၎င်း video အပိုင်းက Slow Motion နဲ့ ဖြေးဖြေးခြင်း သွားမှာဖြစ်ပါတယ်..။ မျှားအစိမ်းနဲ့ပြထားတဲ့ အပေါင်း(+) ဘက်ကို တုံးလေး ကပ်ပေးလိုက်ရင်တော့ ၎င်း video အပိုင်းကို ပိုမြန်အောင် မြန်သထက်မြန်အောင် သွားစေမှာပဲ ဖြစ်ပါတယ်..။ ဒီအပိုင်းတွေကိုတော့ မိမိတို့ကိုယ်တိုင်ပဲ ဖြေးဖြေးခြင်း လက်တွေ့ လေ့လာယူရမှာ ဖြစ်ပါတယ်..။


အောက်ကပုံလေးတွေမှာ မြင်ရတဲ့ Video Rotation ကို အမှန်ခြစ်ပေးပြီး မျှားလေးတွေကို တချက်စီကလစ် ကြည့်ခြင်းဖြင့် အောက်ကပုံလေးတွေအတိုင်း video တွေကို ဒေါင်လိုက် ပြောင်းပြန် ပေါ်နေစေမှာ ဖြစ်ပါတယ်..။




နောက်အသုံးပြုနည်းတခုက Keyframe နေရာမှာ ဝင်ပြီး Fix/Enchance နေရာက လေးထောင့်အကွက်လေးကို ကလစ်ကြည့်ခြင်းဖြင့် ပုံမှာမြင်ရသလို မိမိတို့ရဲ့ video ကို နှစ်ပိုင်းခွဲထုတ် ဖေါ်ပြပေးမှာ ဖြစ်ပါတယ်..။


Video Enchancement နေရာကနေ ဝင်ပြီး အောက်ကပုံလေးအတိုင်း အဝါရောင်နဲ့ ဝိုင်းပြထားတဲ့ နေရာတွေမှာလို မိမိတို့ရဲ့ video ကို လိုသလို အလင်းအမှောင်နဲ့ ကာလာအရောင်တွေ ပြောင်းလဲ အသုံးပြုနိုင်ပါတယ်..။


နောက်ပြီး Fix/Enchance နေရာကနေ ဝင်ပြီး အောက်ကပုံလေးတွေအတိုင်း အမှန်ခြစ်တွေတပ်ကြည့်၊ တခုပြီး တခု ကာလာအလင်း အမှောင်နဲ့ အဖြူအမဲ တွေကို မိမိတို့ရဲ့ video တွေမှာ လိုသလို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်..။





ဒီနေ့ပိုစ့်မှာ တင်ပေးလိုက်တဲ့ Video Edit လုပ်နည်းလေးတွေက လေ့လာစလူသစ်တွေအတွက် အသုံးပြုတတ်ရန် ရည်ရွယ်ပြီး တင်ပေးလိုက်ခြင်းဖြစ်ပါတယ်..။ ကျနော် DVD ခွေထုတ်ပေးလိုက်တဲ့ သီချင်းခွေထဲမှာ ဒီပိုစ့်က လုပ်နည်းတွေ မပါပါဘူး..။ ဒီလုပ်နည်းလေးတွေကိုလည်း သိစေချင် တတ်စေချင်တဲ့အတွက် ဒီအပိုင်း-လေး ပိုစ့်မှာ တင်ပြပေးလိုက်တာပါ..။ နောက်တင်မယ့် အပိုင်းတွေမှာတော့ DVD အခွေထုတ်နည်းတွေကို ဆက်လက်တင်ပြပေးသွားပါမည်..။ အားလုံးပဲ အလွယ်တကူ လေ့လာ တတ်မြောက်နိုင်ကြပါစေ..။

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-ငါး (DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်း-ပထမပိုင်း)

  ဒီနေ့ Video Editing လေ့ကျင့်ခန်း အပိုင်း-၅ ပိုစ့်မှာတော့.. DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်းကို တခါတည်း အကုန်တင်ပေးချင်ပေမယ့် ပုံတွေများလွန်းတဲ့အတွက် ပထမပိုင်းအဖြစ်သာ အပိုင်းထပ်ခွဲပြီး တင်ပေးလိုက်ရပါသည်..။ ဒုတိယပိုင်းကိုတော့ နောက်ရက်မှာ ဆက်တင်ပေးပါမည်..။ 
  ဒီပိုစ့်က လုပ်နည်းတွေမှာ DVD သီချင်းခွေတချပ်ရဲ့ DVD Player ထဲမှာ ဖွင့်ဖွင့်ခြင်း ပေါ်လာတတ်တဲ့ Play All နဲ့ Select Songs တွေကို ရွေးယူကြည့်လို့ရမယ့် လုပ်နည်းတွေ ဖြစ်ပြီး.. Select Songs နေရာမှာတော့ မိမိတို့ ထားလိုတဲ့ သီချင်းတွေကို 1-2-3-4-5 စသဖြင့် စီတန်းပြီး ထည့်ထားလို့ရမှာ ဖြစ်ပါတယ်..။ ၎င်းနေရာကနေ ကြိုက်နှစ်သက်ရာ သီချင်းတပုဒ်စီကို ရွေးချယ်ဖွင့်ကြည့်နိုင်ပါတယ်..။ Play All နေရာကနေ ဖွင့်ရင်တော့ သီချင်းတွေကို မိမိတို့စီထားတဲ့အတိုင်း တစ်ပုဒ်ပြီးတစ်ပုဒ် ပြီးတဲ့အထိ ဖွင့်ပြပေးပါလိမ့်မယ်..။ မိမိတို့အရင်နားထောင်လိုတဲ့ သီချင်းတွေကိုလည်း Next နဲ့ ကျော်ယူကြည့်ရှုနိုင်မှာ ဖြစ်ပြီး Previous နဲ့လည်း နောက်ပြန်ကျော်ယူကြည့်လို့ ရပါတယ်..။ နောက်တခုကတော့ သီချင်းစာသားတွေနဲ့ video အပိုင်းတွေကို ဆက်ထားပြီးတဲ့ Video Edit လုပ်ထားပြီးသား သီချင်းတစ်ပုဒ်ကို DVD အခွေထုတ်ဖို့အတွက် ဘယ်လိုဖေါ်မတ်၊ ဘယ်လို Width နဲ့ Height ကို ရွေးယူရမယ်ဆိုတာကိုလည်း ဒီပိုစ့်မှာ လုပ်ရင်းနဲ့ ပြပေးထားပါတယ်..။ 

Cyberlink Power Director 11

ကျနော် အခွေထုတ်ပေးခဲ့တဲ့ Project ဖိုင်နဲ့ ဒီပိုစ့်မှာ ဆက်ပြပေးပါမယ်..။ ဒီအောက်ကပုံလေးအတိုင်း သီချင်းနာမည်နဲ့ အဆိုတော်၊ တေးရေး စတာတွေကို Photoshop နဲ့ ပုံဖေါ်ပြီး JPEG ဓါတ်ပုံဖေါ်မတ်နဲ့ Save ပြီး သီချင်းရဲ့ ရှေ့မှာ ၈-စက္ကန့်ဆွဲဆန့်ထားပါတယ်..။ ပုံကိုလည်း မျှားအစိမ်းနေရာကနေ ယူပြီး ထည့်ပါတယ်..။ မျှားအဝါရောင်နေရာတွေကတော့ Video ဖိုင်တွေ တခုနဲ့တခုဆက်တဲ့ အပိုင်းတွေကို Fade တွေသုံးပြီး ဆက်ထားတာကို ပြထားတာပါ..။



အပေါ်ပုံမှာ ပြထားတဲ့ နေရာကတော့ Fade Effect ကို ဓါတ်ပုံနဲ့ Video ဆက်တဲ့နေရာမှာ အရင်ပိုစ့်တွေအတိုင်း ဆွဲထည့်ထားလိုက်တာပါ..။
အောက်ပုံမှာတော့ Video ရော၊ စာသားရော၊ သီချင်းရော စတာတွေကို Edit လုပ်ပြီးသွားလို့ စိတ်ကြိုက်ဖြစ်ပြီးတဲ့ပုံလေးကို မြင်ရအောင် အပြည့်ဖေါ်ပြပေးလိုက်တာပါ..။ နောက် သီချင်းဖိုင်ထုတ်ဖို့အတွက် မျှားအဝါနေရာက Produce နေရာကို ဆက်နှိပ်လိုက်ပါတယ်..။ 


ဒီအောက်ကပုံ နေရာမှာတော့ ရွေးယူတာ DVD အခွေထုတ်ဖို့ဖြစ်တဲ့အတွက် MPEG-2 >> DVD HQ 720x480 မျှားအဝါပြထားတဲ့ နေရာ မှန်အောင်ရွေးယူပါ..။ တကယ်လို့ ရိုးရိုး MP4 နဲ့ Video ဖိုင်ထုတ်ချင်တာ ဆိုရင်တော့ MPEG-4 နေရာကနေ ဝင်ပြီး ထုတ်ယူပါ..။ ဒီမှာတော့ DVD အခွေအတွက် ထုတ်မှာဖြစ်လို့ အောက်ကပုံလေးအတိုင်း ထုတ်ယူပါတယ်..။ Output နေရာမှာတော့ ရှာရလွယ်အောင် Desktop ကို ရွေးပေးပြီး Start ကို နှိပ် ထုတ်ပါပြီ..။


အောက်ကပုံလေးတွေအတိုင်း ဆက်ပေါ်နေရင် ပြီးတဲ့အထိ စောင့်နေပေးလိုက်ပါ..။



အပေါ်ပုံအတိုင်း အစိမ်းရောင် အမှန်ခြစ်လေး ပေါ်လာရင်တော့ ကျနော်ထုတ်လိုက်တဲ့ 720X480 ဆိုဒ်ရှိတဲ့ Video ဖိုင်လေးကို ရရှိပါပြီ..။ 
အောက်ကပုံမှာမြင်ရတာတော့ အပေါ်ကနည်းအတိုင်း ထုတ်ခဲ့တဲ့ သီချင်းတွေပဲ ဖြစ်ပါတယ်..။ ကျနော် DVD အခွေထုတ်မယ့် သီချင်း ၁၂-ပုဒ် ကို ဖိုင်တခုထဲမှာ စုထည့်ထားလိုက်တာပါ..။


ပြီးရင်တော့ အောက်ကပုံလေးအတိုင်း Power Director ကနေ New Project ကို ပြန်စယူပါပြီ..။


ပြီးရင်တော့ သီချင်း ၁၂-ပုဒ်ကို အပေါ်ပုံနဲ့ အောက်ကပုံလေးအတိုင်း New Project ထဲ ဆွဲထည့်ပါတယ်..။

နောက်တဆင့်မှာတော့ မိမိတို့ ရှေ့ဆုံးမှ ပေါ်လိုတဲ့ သီချင်းကို အောက်ကပုံလေးအတိုင်း Time Line ထဲ တပုဒ်စီ ဆွဲထည့်လိုက်ပါ..။ မျှားအဝါနဲ့ ပြထားတာကတော့ Time Line ကို Zoom ဆွဲပြီး ကျုံ့ယူဖို့ ပြထားတာပါ..။


နောက်သီချင်းတွေကိုလည်း မိမိတို့ အစဉ်လိုက်ပေါ်လိုတဲ့ အတိုင်း တပုဒ်စီ Time Line ထဲ ဆွဲထည့်လိုက်ပါ..။



အပေါ်ပုံအတိုင်း သီချင်းအာလုံး Time Line ထဲ ရောက်သွားပြီဆိုရင်တော့.. ရှေ့ဆုံး တပုဒ်ကို အရင် တချက်ကလစ်ပြီး မျှားအဝါနဲ့ ပြထားတဲ့ 123 လို့ ပြထားတဲ့ Button နေရာလေးကို ဆက်နှိပ်ပါ..။ အောက်ကပုံလေးအတိုင်း Chapter1 လို့ ဆက်ပေါ်လာမှာ ဖြစ်ပါတယ်..။


အပေါ်ပုံနဲ့ အောက်ကပုံမှာ ပြထားတဲ့အတိုင်း ဒုတိယ သီချင်းပုဒ်ကို ဆက်နှိပ်ပြီး C+ နေရာကို ဆက်နှိပ်လိုက်ပါ..။


နောက်သီချင်း အပုဒ်တွေကိုလည်း ဒုတိယ သီချင်းပုဒ်နှိပ်သွားတဲ့အတိုင်း ဆက်နှိပ်သွားလိုက်ပါ..။

အပေါ်ပုံနဲ့ အောက်ကပုံတွေအတိုင်း ဆက်မြင်ရမှာ ဖြစ်ပါတယ်..။


အပေါ်ပုံအတိုင်း သီချင်း ၁၂-ပုဒ် ကို တန်းစီထားလို့ ပြီးသွားပါပြီ..။ စီထားပြီးသား သီချင်းတွေ အလွယ်ပြန်ယူသုံးလို့ ရအောင် ဒီ Project လေးကိုလည်း Save Project နဲ့ အရင် သိမ်းထားဖို့ လိုပါတယ်..။
 အောက်ကပုံမှာ ပြထားတာကတော့ Chapter နေရာမှာ မိမိပြန်ပြောင်းထားလိုတဲ့ နာမည်ကို Right Click >> Rename ကနေ နာမည်ပြင်ပေးလို့ ရပါတယ်..။ ကျနော်က မြန်မာလို ပြောင်းကြည့်တာ မပေါ်တဲ့အတွက် သူပေးတဲ့အတိုင်း Chapter1,2,3,4 စသဖြင့်သာ ဆက်အသုံးပြုလိုက်ပါတယ်..။



ကျနော် Chapter1,2,3,4 နဲ့သာ ဆက်သုံးမှာ ဖြစ်တဲ့အတွက် အောက်ကပုံအတိုင်း Create Disc ကို ဆက်သွားပါတယ်..။



အပေါ်ပုံအတိုင်း ခဏစောင့်ပေးပြီးရင်တော့ အောက်ကပုံအတိုင်း ဆက်ပေါ်လာရင် Menu Structure ကနေ သီချင်းတွေ ဆက်သွယ်ထားပုံကို ကြည့်လို့ ရပါပြီ..။



အပေါ်ပုံမှာ မျှားအဝါနဲ့ ပြထားတာကတော့.. 4700 MB ဆိုတာ ရိုးရိုး DVD တချပ်ရဲ့ မန်မိုရီ အရှိကို ဖေါ်ပြထားတာဖြစ်ပြီး.. 3527 MB ဆိုတာကတော့ ကျနော်အခု ထည့်လိုက်တဲ့ သီချင်း ၁၂-ပုဒ်ရဲ့ မန်မိုရီကို ဖေါ်ပြပေးတာပဲ ဖြစ်ပါတယ်..။ ဒီနေရာမှာ ဆိုလိုတာက 4700 MB ထက် မကျော်ရ၊ မပိုရ ဆိုတဲ့ အဓိပ္ပါယ် ပါ..။ ဒီထက်ကျော်သွားရင် 8GB ရှိတဲ့ DVD R DL (Double Layer) Disc ကို အသုံးပြုဖို့ ဖြစ်ပါတယ်..။ သို့မဟုတ် Blu-ray Disc တွေကို ပြောင်းသုံးဖို့ ဖြစ်ပါတယ်..။ ဒါကို နားလည်ဖို့လိုပါတယ်..။ ဒီအဆင့်မှာ အဆင်ပြေရင်တော့ Menu Preferences ကနေ Create Menu ကို ဆက်ရွေးယူပါ..။



အပေါ်ပုံအတိုင်း ဆက်ပေါ်လာရင် Root Menu ကို အရင်ရွေးယူပါ..။ ပြီးရင်တော့ အောက်ကပြထားတဲ့ ပုံနေရာကနေ Menu မှာ ဖေါ်ပြလိုတဲ့ပုံ (သို့) Video ကို အရင် ဝင်ယူပေးရမှာ ဖြစ်ပါတယ်..။




အပေါ်ကပုံအတိုင်း ပုံတပုံ ဝင်ယူလို့ ရပေမယ့်.. ကျနော် တကယ်ပုံဝင်ယူတဲ့ နေရာကတော့ အောက်ကပုံလေးမှာ ပြပေးထားတဲ့အတိုင်းသာ Add Image ကနေ သွားယူတာဖြစ်ပါတယ်..။



အပေါ်ပုံမှာ ပြထားတဲ့အတိုင်း ပုံတပုံ ရောက်လာရင်တော့ ဘေးနားတွေကို ဆွဲချဲ့ပြီး အောက်ကပုံအတိုင်း နေရာချပါတယ်..။ မျှားနီနဲ့ ပြထားတာကတော့ အဲဒီမျဉ်းကြောင်း ဘောင်လေးအတွင်းမှာသာ TV ဖန်သားပြင်မှာ ပေါ်နေမှာပါလို့ ဆိုလိုတာပါ..။ ဒါကြောင့် အလယ်ကျအောင်နဲ့ အားလုံးပေါ်အောင် ဒီပုံအတိုင်း ဆွဲဆန့်ပါတယ်..။ ဒီဘောင်လေး ပေါ်လိုရင် TV Safe Zone မှာ အမှန်ခြစ်တပ်ပေးလိုက်ပါ..။ (စကားချပ်။ ။ဒီသီချင်းခွေကို ညီအစ်ကိုလို ခင်တဲ့ သူငယ်ချင်း ကောင်လေးတွေရဲ့ စိတ်ဆန္ဒအတိုင်း ခရစ္စမတ်အမှီထုတ်ချင်တဲ့အတွက် 2014 နိုဝင်ဘာ လဆန်းပိုင်းကတည်းက ထုတ်ဝေဖြန့်ချီပေးခဲ့ပြီး ဖြစ်ပါသည်..။ Menu ပုံမှာ မထင်မရှား ခပ်မှုံမှုံဒီဇိုင်းကိုသာ သူတို့ပေးတဲ့အတိုင်း ထည့်သုံးပေးရခြင်း ဖြစ်ပါသည်..။)



နောက်တဆင့်မှာတော့ အပေါ်ပုံအတိုင်း အလယ်စာကြောင်းလေးတွေကို တခုစီ (သို့) အားလုံးကို စလက်ပေးပြီး Center ကို ဆွဲ ထည့်ခြင်းဖြင့် ညီညာစွာ မြင်ရမှာ ဖြစ်ပါတယ်..။ ပြီးရင်တော့ အောက်ကပုံလေးအတိုင်း မျှားအဝါနဲ့ ပြထားတဲ့နေရာမှ No Effect ကို ရွေးပါ..။


ဒီအောက်ကပုံလေးတွေမှာတော့ အောက်ခံပုံပေါ်မှာ ထင်ထင်ရှားရှား ပေါ်နေစေမယ့် စာသားအရောင်ကို ရွေးယူထည့်တတ်အောင် ပြပေးထားတာပါ..။ စာသားဒီဇိုင်း ကြိုက်ရာကို ရွေးယူ နိုင်ပါတယ်..။


အပေါ်ပုံအတိုင်း စာကြောင်းတခုစီ အရောင်းတွေ ပြောင်းသွားပြီဖြစ်ပါတယ်..။ ဒီနေ့ပိုစ့် ပထမပိုင်းကိုတော့ ဒီလောက်နဲ့ပဲ ရပ်နားထားပါမည်..။ နောက်ရက်မှာ ဒုတိယပိုင်း၊ အပြီးပိုင်းကို ဆက်တင် ပေးပါမည်..။ သို့သော်.. ဒီနည်းက DVD သီချင်းခွေ ထုတ်နည်း တစ်နည်းမျှသာ ဖြစ်ပါသည်..။ နောက်ထပ် လုပ်နည်းအနည်းငယ် ကိုလည်း နောက်ပိုင်း ပိုစ့်တွေမှာ အပိုင်းတွေခွဲပြီး ဆက်လက်တင်ပေးပါအုန်းမည်..။ အားလုံးပဲ လေ့လာရင် အလွယ်တကူ တတ်မြောက်နိုင်ကြပါစေ..။

Video Editing အခြေခံ လေ့ကျင့်ခန်း အပိုင်း-ခြောက် (DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်း-ဒုတိယပိုင်း)


 ဒီ Video Editing လေ့ကျင့်ခန်း ပိုစ့်မှာတော့ DVD Menu ဖန်တီးနည်းနှင့် အခွေထုတ်နည်း-ဒုတိယပိုင်း၊ အပြီးပိုင်းကို Master DVD ခွေ တစ်ချပ် ထုတ်ယူလို့ ရတဲ့အထိ ပုံလေးတွေနဲ့ ဆက်လက်တင်ပြပေးထားပါတယ်..။ နောက်ရက်တွေ ဆက်တင်ပေးမယ့် ပိုစ့်တွေမှာတော့ DVD သီချင်းခွေ ထုတ်ယူလို့ ရတဲ့ အကောင်းဆုံးဆော့ဝဲလ် နောက်တခုကိုလည်း ဆက်လက်တင်ပေးပါအုန်းမည်..။ CD သီချင်းခွေ ထုတ်တတ်ချင်တဲ့သူများအတွက်လည်း၊ CD သီချင်းခွေ ထုတ်နည်းနဲ့ ဆော့ဝဲလ်ကို ထပ်တင်ပေးပါမည်..။

 နောက်တခုက ဒီပိုစ့်မှာ မိမိတို့ ဖန်တီးထားပြီးတဲ့ DVD Menu နဲ့ Chapters ဒီဇိုင်းတွေကို အခွေမကူးခင် Preview နဲ့ ပြန်လည် ကြည့်လို့ရအောင်၊ ကြည့်နည်းကိုပါ ဒီပိုစ့်မှာ နမူနာကြည့်လို့ရအောင် တစ်မိနစ်ကျော်စီကြာတဲ့ Video ဖိုင်လေး ၂-ခုနဲ့ တင်ပေးလိုက်ပါတယ်..။ ဒီ Video လေးတွေကို ကြည့်ပြီး.. မိမိတို့ ကြိုက်နှစ်သက်တဲ့ ဒီဇိုင်းကို ဖန်တီးယူသုံးလို့ ရအောင်ဖြစ်ပါတယ်..။ အသုံးလိုတဲ့သူများအတွက် မနေ့က ပထမပိုင်းရဲ့ အဆက်ကနေ ဒီနေ့ နောက်ပိုင်းပြီးတဲ့အထိ အောက်မှာ ပုံလေးတွေနဲ့ ဆက်လက်လေ့လာနိုင်ပါပြီ..။

Cyberlink Power Director 11


မနေ့က ပထမပိုင်းမှာတော့ အပေါ်ကပုံလေးအထိ ရောက်သွားပါပြီ..။ ဒီနေ့ ဒီနေရာက ပြန်ဆက်တော့.. အောက်မှာ ပြထားတဲ့ ပုံလေးအတိုင်း Home, Next, Previous စတဲ့ Icon ပုံလေးတွေကို အရောင်နဲ့ ဒီဇိုင်းပြောင်းလို့ရတဲ့ နေရာလေးပဲ ဖြစ်ပါတယ်..။ မိမိတို့ ကြိုက်နှစ်သက်ရာ ပြောင်းသုံးနိုင်ပါတယ်..။






အပေါ်ကပုံလေးတွေအတိုင်း Button လေးတွေကို အရောင်လေးတွေ ပြောင်းယူအသုံးပြုလို့ ရပါပြီ..။

အောက်ကပုံလေးတွေက စပြီး DVD Menu ရဲ့ ဒုတိယ စာမျက်နှာတို့၊ တတိယ စာမျက်နှာတို့ကို ဖန်တီးယူတော့မှာ ဖြစ်ပါတယ်..။ ဒါကြောင့် အောက်ကပုံလေးမှာ ပြထားတဲ့အတိုင်း Title/Chapter Menu ကို ရွေးယူပါ..။




ပြီးရင်တော့ မိမိတို့ ဖန်တီးယူမယ့် ပုံစံကွက်လေးတွေ ညီညာမှုရှိအောင် ချိန်ယူလို့ရတဲ့ ဇယားကွက်လေးတွေကို အပေါ်ကပုံလေးအတိုင်း Grid Lines နဲ့ အကွက်ဖေါ်ပါမယ်..။ ကျနော်ကတော့ 4x4 နဲ့ ချိန်ယူပါတယ်..။ အောက်ကပုံလေးအတိုင်း အကွက်လေးတွေပေါ်လာပါပြီ..။ 
နောက်တဆင့်မှာတော့ မူရင်း ဖန်တီးပေးထားတဲ့ အကွက်လေးတွေက ၄-ကွက် အများဆုံးပဲ ရှိပါတယ်..။ ပုံမှာ မျှားနီနဲ့ ပြထားတဲ့အတိုင်း Button Layout ကနေ ၄-ကွက်ပေါ်တဲ့ နေရာကို တချက်နှိပ်ပြီး ယူလိုက်ပါပြီ..။ အဝါရောင်နဲ့ ဝိုင်းပြထားသလို အကွက်လေး ၄-ကွက် တန်းပေါ်လာတယ်..။


အောက်ကပုံမှာ ပြထားတာကတော့ ဒီအကွက်လေးတွေကို ဒီဇိုင်းလေးတွေ ဖန်တီးယူလို့ ရပါသေးတယ်..။ ကြိုက်ရာယူသုံးပါ..။ ကျနော်ကတော့ ရိုးရိုးနဲ့ပဲ ဆက်သွားပါတယ်..။


နောက်တဆင့်မှာတော့ မောက်စ်နဲ့ ဖိဆွဲပြီး အကွက်လေးတွကို မိမိတို့ ထားလိုတဲ့ နေရာကို ဆွဲရွှေ့ယူပါ..။ အောက်ကပုံမှာ မြင်ရတဲ့အတိုင်း ကျနော်က အကွက် ၁၂-ကွက် တန်းစီမှာ ဖြစ်လို့ ဒီ ၄-ကွက်ကို အပေါ်ပိုင်းမှာ တစ်ကွက်စီ ရွှေ့ယူပြောင်းထားပါတယ်..။ မျှားနီနဲ့ ပြထားတာကတော့ အကွက်နဲ့ အောက်က Item1 လို စာသားမျိုးကို တခုစီပဲ ပြောင်းရွှေ့ယူလို့ ရတာပါ..။ ဒီနှစ်ခု ကြည့်ရအဆင်ပြေအောင် မိမိတို့ကိုယ်တိုင်ပဲ ချိန်ယူရမှာ ဖြစ်ပါတယ်..။ အဝါရောင်နဲ့ ဝိုင်းပြထားတဲ့အတိုင်း မြင်ရသလို ညီညာအောင် စီလိုက်ပါတယ်..။ ပြီးရင်တော့ နောက်ထပ် အကွက်လေးတွေ ထပ်ထည့်ဖို့ Add button ကို နှိပ်ပါ...။


အောက်ကပုံမှာ ပြထားသလို Add button တချက်နှိပ်၊ ပေါ်လာတဲ့ အကွက်လေးက သူ့အလိုလို နံပါတ်ပါလာမှာ ဖြစ်ပါတယ်..။ အဝါရောင်နဲ့ ပြထားတဲ့ နေရာကို အဲကောင်လေးရောက်အောင် ရွှေ့ယူ ပေးထားလိုက်ပါ..။ ပေါ်လာတဲ့ အကွက်တွေက ကြီးနေရင်တော့ အကွက်ရဲ့ ဘေးဘောင်မှ အသီးလေးတွေကို မောက်စ်နဲ့ ဖိဆွဲပြီး သေးယူလို့ ရပါတယ်..။





အပေါ်နဲ့ အောက်ကပုံတွေအတိုင်း ၁၂-ကွက်ပြည့်အောင် ကျနော်တခုစီ လုပ်ယူပါတယ်..။


မိမိတို့ လိုသလောက် အကွက်တွေကို ထည့်ပြီးရင်တော့.. အောက်ကပုံလေးမှာ ပြထားတဲ့အတိုင်း မျှားအဝါနေရာနေ No Effect ကို ရွေးပေးလိုက်ပါ..။ ဒါမှသာ ပုံတွေ သေချာစွာ ပေါ်မှာ ဖြစ်ပါတယ်...။



အပေါ်ကပုံအတိုင်း ဒီဇိုင်းလေးတွေ ဖန်တီးယူလို့ ရပါသေးတယ်..။ မကြိုက်ရင်တော့ အောက်ကပုံလေးအတိုင်း ကြက်ခြေခတ်ကို ပြန်နှိပ်ပြောင်းပါ..။


စိတ်ကြိုက် အကွက်လေးတွေ ဖန်တီးပြီးရင်တော့ အပေါ်ပုံမှာ ပြထားတဲ့ Save as နဲ့ အရင် သိမ်းပါ..။ အောက်ကပုံလေးအတိုင်း ကြိုက်ရာ နာမည်ပေးလိုက်ပါ..။




အပေါ်ပုံလေးတွေအတိုင်း အလုပ်လုပ်တာ ပြီးသွားရင်တော့ အောက်ကပုံလေးအတိုင်း Save ပြီး ထွက်လိုက်ပါ..။


ဒါဆိုရင် ကျနော် ဖန်တီးလိုက်တဲ့ DVD Menu ဒီဇိုင်းလေး တခုကို အောက်ကပုံလေးအတိုင်း ရရှိ မြင်ရပြီ ဖြစ်ပါတယ်..။ အဲလို ဖန်တီးလိုက်တဲ့ DVD Menu ဒီဇိုင်းထဲမှာ ကျနော်တို့ သီချင်း Video တွေ ထည့်သုံးမှာ ဖြစ်တဲ့အတွက် အခုနာမည်ပေးသိမ်းလိုက်တဲ့ ကောင်လေးကို တချက်နှိပ်ပြီး ယူပါတယ်..။ ပြီးရင်တော့ အောက်က ဒုတိယပုံမှ နောက်ပေါ်လာတဲ့ စာသား Apply to All Pages ကို ဆက်နှိပ်လိုက်ပါ..။




အပေါ်ပုံအတိုင်း My Video, Play, Scenes စတဲ့ စာသားတွေ ပြောင်းလဲပေါ်လာပါလိမ့်မယ်..။ ဒီအဆင့်တွေမှာလည်း ကျနော်တို့ အနည်းငယ် ထပ်ပြောင်းပေးဖို့ လိုပါသေးတယ်..။ အရင်ဆုံး သူပေးထားတဲ့ သီချင်းတီးလုံးသံကို မလိုချင်တဲ့အတွက် အပေါ်ပုံမှ မျှားနီပြထားတဲ့ အနုတ် သံစဉ်ပုံလေး ပါတဲ့ နေရာကို တချက်နှိပ်ပြီး အသံကို ဖယ်ထုတ်လိုက်ပါ..။ ပြီးရင်တော့ အောက်ကပုံလေးမှာ ပြထားတဲ့ အပေါင်း သံစဉ်ပုံလေးပါတဲ့ နေရာကို နှိပ်ပြီး မိမိတို့ ထည့်သုံးလိုတဲ့ သံစဉ်တီးလုံး ဝင်ရောက် ရွေးယူပေးလိုက်ပါ..။ ဒီနေရာမှာ ထည့်သုံးတဲ့ တီးလုံးသံတွေကတော့ MP3 or WAV ဖေါ်မတ်နဲ့ သီချင်းတွေ ဖြစ်ဖို့ လိုပါတယ်..။ ဒီသီချင်း တီးလုံးအသံကတော့ DVD ခွေ ဖွင့်ဖွင့်ချင်းမှာ ပေါ်လာမယ့် အသံပဲဖြစ်ပါတယ်..။



အပေါ်ပုံအတိုင်း ကျနော်က အဆင်သင့် ရွေးချယ်ထားပြီးသား သီချင်းတီးလုံးတစ်ပုဒ်ကို ဝင်ယူပါတယ်..။ အောက်ကပုံလေးကတော့ ထိုသီချင်းကို မိမိတို့လိုတဲ့ အပိုင်းလေး စက္ကန့် ၃၀ ကျော်လောက်ကိုသာ ဖြတ်ထုတ် ရွေးယူပေးရမယ့် နေရာပဲ ဖြစ်ပါတယ်..။ လိုသလို ချိန်ယူပြီးရင်တော့ အောက်ကပုံမှ မျှားနီနဲ့ ပြထားတဲ့ အဆင့်အတိုင်း Apply to All Page ကို ဆက်နှိပ်ပေးလိုက်ပါ..။


 အောက်ကပြထားတဲ့ နေရာကတော့ Video လည်း ထည့်သုံးလို့ ရတဲ့ နေရာပါ..။ ကျနော်က ပုံကိုသာ ထည့်သုံးတာ ဖြစ်လို့ ဒီအဆင့်ကို အသုံမပြုပါဘူး..။



အပေါ်ပုံလေးမှာ ပြထားတဲ့ နေရာကတော့ အောက်ကပုံတွေမှာ လိုအပ်ရင် ဝင်ပြောင်းပေးဖို့ပါ..။ လိုအပ်တာကတော့ 15 စက္ကန့်နေရာမှာ စက္ကန့် 30 သို့မဟုတ် 40 လောက်ထားပေးလိုက်ပါ..။ အောက် ဒုတိယပုံမှာ ကြည့်ပါ..။ ပြီးရင် Ok ဆက်ပေးလိုက်ပါ..။



နောက်တခုကတော့ အောက်ကပုံမှာ ပြထားတဲ့ နေရာတွေမှာ မိမိတို့ ရေးထည့်လိုတဲ့ စာသားတွေကို အောက်က ဒုတိယပုံမှာ ပြထားသလို ကြိုက်ရာကို ရေးထည့်နိုင်ပါတယ်..။ စာကြောင်း တခုစီကို နှိပ်ပြီး၊ တခုစီ စာပြန်ရေးထည့်လို့ ရတဲ့၊ လွယ်ကူတဲ့ နေရာလေးပဲ ဖြစ်ပါတယ်..။



အပေါ်ကပုံတွေအတိုင်း အဆင့်ဆင့် ဖန်တီးပြီးရင်တော့ ကျနော် Preview နဲ့ ကြည့်တဲ့အခါ အောက်က Video 1 ကအတိုင်း မြင်ရပြီ ဖြစ်ပါတယ်..။
Video 1


 စိတ်ကြိုက်ဖြစ်လို့ အခွေ Burn တဲ့အခါမှာတော့ အောက်ကစာသားလေးနဲ့ ပေါ်လာပါတယ်..။ ဆိုလိုတာက သီချင်း ၁၂-ပုဒ်ကို Page ၂-ခု ခွဲပြီး DVD Menu ဖန်တီးခိုင်းတာပါ..။ သီချင်း ၁၂-ပုဒ်ကို Page တခုထဲနဲ့ မရပါဘူးတဲ့.. ဒါကြောင့် အောက်က Video 2 အတိုင်း ကျနော် ပြန်ပြင်ထုတ်ပါတယ်..။


Video 2 မှာ မြင်ရတဲ့ page ၂-ခု ပေါ်အောင် ဖန်တီးတာလည်း အပေါ်က လုပ်ခဲ့တဲ့ နည်းအတိုင်းပါပဲ..။ ၁၂-ကွက်နေရာမှာ ၆-ကွက် ကိုသာ ဖန်တီးပြီး ယူသုံးလိုက်တာနဲ့ Page ၂-ခု အလိုလို ခွဲထုတ်ပေးပြီးသား ဖြစ်ပါတယ်..။
Video 2
  


အောက်ကပုံမှာ မြင်ရတဲ့အတိုင်း ကျနော် DVD Menu တွေ အများကြီး ဖန်တီးထားပြီးသား ရှိတဲ့ထဲက အကွက် ၆-ကွက် ပါတဲ့ DVD Menu ကို ယူသုံးပါတယ်..။ ဒီ Menu တွေ အားလုံးကို အပေါ်မှာ ဖေါ်ပြခဲ့တဲ့ နည်းအတိုင်း ဖန်တီးထားတာ ဖြစ်ပါတယ်..။


အပေါ်ပုံ အဝါရောင်နဲ့ ပြထားတဲ့နေရာကတော့ လိုအပ်ရင် ဖန်တီးထားပြီးသား DVD Menu ကို ပြန်ပြင်ယူလို့ ရတဲ့နေရာပဲ ဖြစ်ပါတယ်..။ အားလုံး အဆင်ပြေပြီဖြစ်လို့ ကျနော် အောက်ကပုံလေးအတိုင်း Burn in 2D ကို နှိပ်ပြီး အခွေ Burn ထုတ်ပါပြီ..။



အပေါ်ပုံအတိုင်း အခွေနာမည်ပေးပြီး Start Burning ကို ဆက်နှိပ်ပါတယ်..။ DVD အခွေသစ် ထည့်မထားရသေးတဲ့အတွက် အောက်ကပုံအတိုင်း ပေါ်လာပါတယ်..။ OK ပေးပြီး အခွေထည့်ပေး၊ Start Burning ကို ပြန်နှိပ်လိုက်ရင်တော့ အောက်ကဆုံးပုံလေးတွေအတိုင်း Master ခွေ တစ်ခွေဖြစ်အောင် Burn ပေးနေပါပြီ..။



အောက်ကပုံလေးတွေအတိုင်း ပြီးတဲ့အထိ စောင့်နေပေးလိုက်ပါ..။ တစ်နာရီခန့်ကြာတတ်ပါတယ်..။ အခွေ Burn နေစဉ်အတွင် စက် Sleep ကျမသွားအောင် သေချာ ဂရုစိုက်ပေးပါ..။ ဒါဆိုရင် ရပါပြီ..။



ဒီပိုစ့်က ဒီမှာတင်ပြီးသွားပါပြီ..။ မှတ်ချက်အနေနဲ့ ဒီ Power Director 11 နဲ့ DVD သီချင်းခွေထုတ်နည်း နောက်တစ်နည်း ရှိပါသေးသည်..။ နောက်တင်မယ့်ပိုစ့်မှာ ဆက်လက်ဖေါ်ပြပေးပါမည်..။ သို့သော် Power Director 11 နဲ့ သီချင်းခွေ DVD ထုတ်တဲ့အခါ သီချင်း ၄-၅ ပုဒ်လောက်ကိုသာ ကောင်းစွာ  Data စုစည်းပေးနိုင်ပြီး၊ သီချင်း ၁၀-၁၂ ပုဒ်ဖြစ်သွားလျှင် ဒီဆော့ဝဲလ်ရဲ့ Data စုစည်းပေးမှုက ပွ လွန်းသည်ဟု ပြောရမည်ပင်..။ နားလည်လွယ်အောင် ပြောရမည်ဆိုလျှင် သီချင်း ၅-ပုဒ် လောက်ဆိုရင် DVD Player နဲ့ ဖွင့်တဲ့အခါ ကောင်းစွာ ကြည့်လို့ရပါသည်..။ သီချင်း ၁၀-၁၂ ပုဒ် ဖြစ်သွားရင်တော့ သီချင်းတွေ ကောင်းစွာ ဖွင့်မရပဲ အခွေ ထစ် သလို ဖြစ်တတ်ပါသည်..။ ဒါကြောင့် နောက်ပိုင်းတင်ပေးမယ့် ပိုစ့်မှာ DVD သီချင်းခွေ ထုတ်ဖို့အတွက် အကောင်းဆုံးဆော့ဝဲလ်တစ်ခုကို ထပ်တင်ပေးပါမည်..။ ဒီ Power Director 11 ကိုတော့ Video Edit ပြုလုပ်တဲ့နေရာမှာ လွယ်ကူတဲ့အတွက်.. အခြေခံ လေ့လာသင်ယူတဲ့သူများအတွက် ရည်ရွယ်ပြီး အတတ်မြန်အောင် အသုံးပြုပြရခြင်းဖြစ်ပါသည်..။ အားလုံးပဲ လေ့လာရင် အလွယ်တကူ တတ်မြောက် ပျော်ရွှင်နိုင်ကြပါစေ..။



ဒီပိုစ့်လေးကို PDF ဖိုင်လေးအဖြစ်ဒေါင်းယူလိုရင် - Download