This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Sunday, June 30, 2013

Deep Freeze standard 7 နဲ့ Deep Freeze အသုံးပြုနည်း အပြည့်အစုံ






                           Deep Freeze ကိုတော့ အတော်များများသိပြီးသားဖြစ်ပါလိမ့်မယ်။ ကျွန်တော်က မသိသေးသောသူငယ်ချင်းများအတွက်ရည်ရွယ်ပြီးတင်ပေးလိုက်ရပါတယ်။ Deep Freeze ကိုတော့ Internet ဆိုင်တွေ နဲ့ Network Game ဆိုင်တွေမှာ အသုံးများကြပါတယ်။ ကျွန်တော်က ဒီ Software
လေးကိုတင်ပေးလိုက်ပြီးအသုံးမပြုတက်မှာစိုးလို့ အသုံးပြုနည်းနဲ့ အသုံးဝင်ပုံများကိုပါ။သေသေချာချာလေး
ပုံနဲ့တကွရှင်းပြပေးထားပါတယ်။ 
အဲဒါကိုတော့ ကျွန်တော် ရေးထားတာမဟုတ်ပါဘူး။ စာတွေအများကြီးရေး
ရမှာပျင်းလို့ သူများရေးပြီးသားကိုဘဲဖော်ပြပေးလိုက်ပါတယ်။အသုံးပြုနည်းကိုတော့Copmuter Spider မှာပြန်လည် မျှဝေပေးခြင်းဖြစ်ပါတယ်။ လောလောဆယ် ဖိုင်ကို ziddu မယ်တင်ပေးထားပါတယ်..3 MB လေးကို ကျနော့် လိုင်းနဲ့ ဘယ်လိုမှတင်မ၇ဘူးဗျာ..ဒေါင်းလုပ်စပိက 160 KB ရှိတယ်.. Upload က 6 KB ဘဲရှိတယ်.ဘားမှသုံးစားလို့ကိုမ၇ပါဘူး..ဒါကြောင့် ziddu ကနေတင်ပေးထားတာလေးကို ခဏသီးခံပြီး
ဒေါင်းပေးပါ လိုင်းကောင်းတာနဲ့ အသစ်ပြန်တင်ပေးပါ့မယ်.




Deep Freeze ဆိုတာက…
(၁) မိမိကွန်ပျူတာ အတွင်းသို့ Virus ၀င်ရောက်ခြင်းမှ လုံးဝကာကွယ်ရန် (သို့)
(၂) မိမိ၏ကွန်ပျူတာကို အမြဲတမ်း မိမိရှိနေစေချင်သော ပုံစံအတိုင်း ရှိနေစေရန် (သို့)
(၃) အခြားလူ တစ်ယောက်ယောက်က မိမိကွန်ပျူတာကို ( Administrator Account ) ဖြင့် အသုံးပြုနေသော်လည်း မိမိ၏ ခွင့်ပြုချက်မရဘဲ ( Deep Freeze ၏ password မသိဘဲ ) Software များ Install ( or ) Uninstall ပြုလုပ်မရခြင်း ၊
(၄) မိမိကွန်ပျူတာအတွင်းရှိ မည်သည့် Data ကိုမှ မိမိ၏ ခွင့်ပြုချက်မရဘဲ ဖျက်ဆီးခြင်း ( သို့ )
(၅) Data များပေါင်းထည့်ခြင်းတို့ ပြုလုပ်မရနိုင်ခြင်း စသည်တို့ကို ထိမ်းချုပ် ထားနိုင်သော အလွန်ကောင်းသည့် System Security Software ဖြစ်ပါသည်။

Deep Freeze Software ကို Window XP , Mac OS , Window Server , Linux စသည့် Operating System ( OS ) များတွင် အသုံးပြုနိုင်ပါသည်။ System File ကိုသာမကဘဲ Data File ကိုပါ Restore ပြုလုပ်နိုင်သော Software ဖြစ်သည်။ Restart တစ်ကြိမ် ပြုလုပ်ရုံဖြင့် မိမိကွန်ပျူတာ၏ မူလအနေအထားကို ပြန်ရောက်စေသော Software လည်းဖြစ်ပါသည်။ Deep Freeze Software ကို အောက်ဖော်ပြပါနေရာများနှင့် အခြေအနေမျိုးများတွင် အသုံးပြုသင့် ပါသည်။
(၁) အရေးကြီးသော Data များ သိမ်းဆည်းထားသော ကွန်ပျူတာများ၊
(၂) နောက်တစ်ကြိမ် ပြန်ထည့်ရန် ခက်ခဲသော Data များ ရှိနေသည့် ကွန်ပျူတာများ၊
(၃) Internet , LAN ချိတ်ဆက်အသုံးပြုထားပြီး Virus အချိန်မရွေး ၀င်ရောက်နိုင်သော ကွန်ပျူတာများ၊
(၄) Net Café ဆိုင်များ ( user များ အသုံးပြုပြီး ကျန်ခဲ့သော File များနှင့် Email ( or ) Internet မှ ၀င်ရောင်လာသော Virus များအား မည်သည့်အခါမှ ပြန်ရှင်းပေးရန်မလို၊ Restart တစ်ကြိမ်လုပ်ရုံဖြင့် အားလုံးအကောင်းအတိုင်း ဖြစ်စေမည်။ )
(၅) မိမိကွန်ပျူတာသည် အမြဲတမ်း မိမိ၏ကွန်ပျူတာဖြစ်နေစေရန်။

Deep Freeze Install ပြုလုပ်ခြင်း
Deep Freeze ကို
(၁) Deep Freeze Administrator Installation
(၂) Workstation Creation , and
(၃) Workstation Installation
အဆင့် (၃) ဆင့်ဖြင့် Install ပြုလုပ်သွားမည်။

(၁) Deep Freeze Administrator Installation

(က) Deep.Freeze.Ent.v6.10.220.1616.exe ကို Double Click နှိပ်ဖွင့်လိုက်ပါ။
(ခ) Install လုပ်ပါ။
(ဂ) Deep Freeze Administrator Installation ပြုလုပ်ခြင်း ပြီးစီးပြီ ဖြစ်သည်။


(၂) Workstation Creation

(က) Start > All Programs > Faronics > Deep Freeze 6 Enterprise > Deep Freeze 6 Administrator ကို ဖွင့်ပါ။
 
(ခ) Code ထည့်ပေးပါ။
( ဂ ) Ok and Exit ပေးပါ။
(ဃ ) ပေါ်လာသောအခါ Configuration tab ကိုရွေးပါ။ Workstation တွင် Check လုပ်ပြီး Password ထည့်ပေးပါ။
 
( င ) မိမိပေးခဲ့သော Password ကို လုံးဝမမေ့ပါစေနှင့်။ မှတ်သားထားပါ။ ယခုပေးလိုက်သော Password သည် Deep Freeze အား Control လုပ်မည့် Password ဖြစ်သည်။
( စ ) Drives ကိုရွေးပါ။ ကျွန်တော်ကတော့ Deep Freeze ကို Drive C တခုတည်းကိုသာ ထိန်းချုပ်ထားချင်တာမို့လို့ အောက်က ပုံအတိုင်း Drive C တစ်ခုတည်းကိုဘဲ Check လုပ်ပါ့မယ်။
အဲလို Drive C ကိုဘဲ ထိန်းချုပ်ထားမယ်ဆိုရင် အခြား Drive တွေမှာ ဖိုင်တွေသိမ်းတာတွေ၊ ဖျက်တာတွေ၊ ပြုပြင်ပြောင်းလဲတာမျိုးတွေ လုပ်ဆောင်ခွင့်ရနေမှာ ဖြစ်ပါတယ်။ လုပ်ဆောင်ခွင့် ပေးချင်လျှင်လည်း ပေးချင်သော Drive ကို Check လုပ်ပြီး ပေးထားလိုက်ပါ။

(ဆ) Create Program Tab ကို ဖွင့်ပါ။
( ဇ ) Create a full workstation installation စာဘေးမှ ၀က်ဝံပုံအား နှိပ်ပါက အောက်ပါပုံအတိုင်း တွေ့မြင်ရပြီး C:\Program Files > Faronics > Deep Freeze 6 Enterprise > Install Programs နေရာတွင် save လိုက်ပါ။
ေေ
(စ်) Workstation Creation ပြုလုပ်ခြင်း ပြီးစီးပြီ ဖြစ်သည်။

(၃) Workstation Installation

(က) C:\Program Files > Faronics > Deep Freeze 6 Enterprise > Install Programs နေရာသို့ ရောက်အောင်သွားပြီး အောက်ပုံတွင် တွေ့မြင်ရသော Df6Wks.exe file အား Install လုပ်ပါ။
( ခ ) Install လုပ်ပါ။
( ဂ ) Accept အား Check လုပ်ပြီး Next လုပ်ပါ။
(ဃ) Finish လုပ်ပါ။
( င ) အနည်းငယ် Wait နေပြီးပါက ကွန်ပျူတာသည် သူ့ဘာသာသူ Restart လုပ်ပြီး ပြန်ပွင့်လာသောအခါ သင့် ကွန်ပျူတာ၏ ညာဘက်ထောင့်အောက်ခြေတွင် ၀က်ဝံပုံ လေးပေါ်နေပြီး အောက်ဖော်ပြပါပုံအတိုင်း တွေ့မြင်ရမည် ဖြစ်သည်။
( စ ) Workstation Installation ပြုလုပ်ခြင်း ပြီးစီးပြီ ဖြစ်သည်။

Deep Freeze Software အား မိမိစိတ်ကြိုက် အသုံးပြုခြင်း

Deep Freeze ဆိုတာက အပေါ်မှာ ပြောခဲ့သလိုဘဲ Security Software ဖြစ်တဲ့အတွက် ဒီ Software ကို အသုံးပြုဖို့အတွက်လည်း Security မြင့်ပါတယ်။
အခုဆိုရင် ကျွန်တော်က Drive ကို Drive C [ Window XP ( Operating System, OS ) ရှိနေသော Drive ] မှာရွေးချယ်ထားခဲ့တဲ့အတွက် ဒီကွန်ပျူတာမှာ မည့်သည့် Software မှ Install ပြုလုပ်ခြင်း ၊ My document and Destop ပေါ်မှာ Data များပေါင်းထည့်ခြင်းတို့ကို ပြုလုပ်လို့ရမှာ မဟုတ်တော့ပါဘူး။ အောက်ဖော်ပြပါပုံမှာ ရွေးချယ်ခဲ့တာကို ဆိုလိုတာ ဖြစ်ပါတယ်။
အထူးသတိပြု
မှတ်ချက်။ ။User က New Software Installation ပြုလုပ်ခြင်းနှင့် My document and Destop ပေါ်မှာ Data များပေါင်းထည့်ခြင်းတို့ကို ခေတ္တခဏ လက်ခံထားမှာဖြစ်သော်လည်း Restart ပြုလုပ်လိုက်ပါက ယခင်မူလ အနေအထားကို သူ့အလိုလို ပြန်ရောက်နေမှာ ဖြစ်ပါတယ်။ Drive D, E,… စသည်ဖြင့် အခြားသော Data များ သိုလှောင်ထားရာ Drive များကိုလည်း Check လုပ်ပေးခဲ့ပါက Data များပေါင်းထည့်ခြင်းတို့ကို ခေတ္တခဏ လက်ခံထားမှာဖြစ်သော်လည်း Restart ပြုလုပ်လိုက်ပါက Data များပျက်သွားမည်ဖြစ်သည်။
ဒါကြောင့် Internet သုံးစွဲခြင်းကြောင့် Virus ၀င်ရောက်လာခြင်း၊ MemoryStick သုံးစွဲခြင်းကြောင့် Virus ၀င်ရောက်လာခြင်း ၊ Local Area Network (LAN) အတွင်းမှ Virus ၀င်ရောက်လာခြင်းတို့ကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ မိမိကွန်ပျူတာမှာ Virus ရှိနေပြီဟု ယူဆလျှင် Restart လေးသာ ပြုလုပ်လိုက်ပါ။ အားလုံး ယခင်မူလ အနေအထားအတိုင်း ရောက်သွားပါလိမ့်မည်။

ယခင် မူလအနေအထားဆိုတာ ဘာလဲ ? ၊ ဘယ်အချိန်တုန်းက မိမိ၏ကွန်ပျူတာ System အနေအထားကို ပြောတာလဲ ?

ကျွန်တော်တို့ မိမိကိုယ်တိုင်ကလည်း ကွန်ပျူတာကို Software အသစ်ထပ်ပြီး Install လုပ်ချင်တာတို့ ၊ Data များ ထပ်ပြီး ထည့်ချင်တာတို့ကို လုပ်နေမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Deep Freeze က Enable ဖြစ်နေရင် ကျွန်တော်တို့ကိုယ်တိုင်လည်း ပြုလုပ်လို့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် မိမိကွန်ပျူတာကို Software အသစ်တင်ချင်လျှင် ဖြစ်စေ ၊ Data များ ထပ်ပြီး ထည့်ချင်လျှင်ဖြစ်စေ ၊ မိမိကွန်ပျူတာကို အခြားသော မိမိစိတ်ကြိုက်အရာများ ပြုပြင်ပြောင်းလဲချင်ပါက Deep Freeze အား Disable ပြုလုပ်ထားမှသာ လုပ်ချင်ရာ လုပ်လို့ရမှာ ဖြစ်ပါသည်။

Deep Freeze အား Disable ပြုလုပ်နည်း

(က) Shift + ညာဘက်အောက်ခြေထောင့်တွင်ရှိသော Deep Freeze ( ၀က်ဝံပုံ ) လေးအား Double Click နှိပ်ပါ ( သို့ ) Ctrl + Alt + Shift + F6 အား တပြိုင်တည်းနှိပ်ပါ။ အောက်ပါပုံအတိုင်း တွေ့မြင်ရမည်။ ( ၁၀ စက္ကန့် အတွင်း ဘာမှ မလုပ်ပါက သူဘာသာသူ ပျောက်သွားမည်ဖြစ်သည်။ )
( ခ ) Password ရိုက်ထည့်ပါ။ အောက်ဖော်ပြပါ အဆင့်တုန်းက ပေးထားခဲ့သော Password ကို ဆိုလိုပါသည်။
 
( ဂ ) အောက်ဖော်ပြပါ ပုံအတိုင်းတွေ့မြင်ရပါက Boot Thawed ရွေးချယ်ပြီး OK ပေးပါ။
 
(ဃ) ထို့နောက် Restart ပြုလုပ်လိုက်ပါက ကွန်ပျူတာပြန်ပွင့်လာသောအခါ ညာဘက်ထောင့်အောက်ခြေရှိ ၀က်ဝံပုံ လေးတွင် အနီရောင်ကြက်ခြေခတ် ပြထားသည်ကို တွေ့မြင်ရမည်ဖြစ်ပါသည်။
 
( င ) Deep Freeze အား Disable ပြုလုပ်ခြင်း ပြီးစီးပြီ ဖြစ်သည်။

Deep Freeze အား Disable ပြုလုပ်ထားသော ယခုအချိန်တွင် သင် … သင်၏ ကွန်ပျူတာကို စိတ်ကြိုက် ပြင်ဆင်နိုင်ပြီ ဖြစ်ပါသည်။
ကျွန်တော်ပြောခဲ့သော ယခင်မူလ အနေအထားဆိုသည်မှာ သင်၏ကွန်ပျူတာတွင် Deep Freeze အား ပထမဦးဆုံးအကြိမ် Install မလုပ်ခင်ကအနေအထားနှင့် ယခုကဲ့သို့ Deep Freeze အား Install ပြုလုပ်ထားသော်လည်း Disable ပြုလုပ်ပြီး သင်… ပြင်ဆင်ထားသော အခြေအနေမျိုးကို ဆိုလိုသည်။

ပြင်ဆင်ပြုပြင်ပြီး မိမိကွန်ပျူတာအား Deep Freeze ပြန်လည် အသက် ၀င်စေခြင်း

မိမိပြင်ဆင်ချင်တာ အားလုံးပြင်ဆင်ပြီးပါက Deep Freeze အား အောက်ဖော်ပြပါ အတိုင်းပြန်လည်အသက်သွင်းရအောင်…
(က) Shift + ညာဘက်အောက်ခြေထောင့်တွင်ရှိသော Deep Freeze ( ၀က်ဝံပုံ )
လေးအား Double Click နှိပ်ပါ ( သို့ ) Ctrl + Alt + Shift + F6 အား တပြိုင်တည်း နှိပ်ပါ။
( ခ ) အောက်ဖော်ပြပါပုံအတိုင်း ပေါ်လာသောအခါ Boot Frozen အား Check လုပ်ပြီး Ok ပေးပါ။
 
( ဂ ) ကွန်ပျူတာကို Restart ပြုလုပ်ပါ။ Deep Freeze သည် ပြန်လည်ပြီး Enable ဖြစ်သွားမည်။ နောက်တစ်ကြိမ် ကျွန်တော်တို့ Restart မလုပ်ခင် မူလအနေအထားသည် ယခုအနေအထားပင်ဖြစ်သည်

Deep Freeze အား Uninstall ပြုလုပ်ခြင်း

Deep Freeze ကို Uninstall ပြုလုပ်ရန်အတွက်
(က) Deep Freeze ကို Disable ဖြစ်နေအောင် အရင်လုပ်ပါ။
( ခ ) ညာဘက်ထောင့်အောက်ခြေရှိ ၀က်ဝံပုံမှာ အနီရောင်ကြက်ခြေခတ် ဖြစ်နေရမည် ဖြစ်ပါသည်။
( ဂ ) ထိုသို့ ဖြစ်နေသောအခါ
“ C :\> Program Files > Faronics > Deep Freeze 6 Enterprise > Install Programs “
သို့ရောက်အောင်သွားပြီး မြင်တွေ့ရသော “DF6Wks.exe” file အား Double Click လုပ်ပြီးဖွင့်လိုက်ပါ။ အောက်ပါအတိုင်းတွေ့မြင်ရပြီး Uninstall ပြုလုပ်ပါ။

(ဃ) Ok to Uninstall ကို Check လုပ်ပြီး Finish လုပ်ပါ။
( င ) ကွန်ပျူတာက သူ့ဘာသာသူ restart လုပ်သွားပြီး စက်ပြန်ပွင့်
လာသောအခါ ညာဘက်ထောင့်
 အောက်ခြေတွင်ဝက်ဝံပုံလေး ရှိတော့မှာ မဟုတ်ပေ။
( စ ) Deep Freeze အား Uninstall ပြုလုပ်ခြင်း ပြီးစီးပြီဖြစ်သည်။

Computer Spider အားကျေးဇူးအထူးတင်ရှိပါတယ်ဗျာ။

http://www.mmithelper.com/2013/06/deep-freeze-standard-7-deep-freeze.html   မှကူးယူဖော်ပြပါသည်။

အင်တာနက် ဆိုင် တွင်ကုန်ကျစရိတ်သက်သာစွာဖြင့်အင်တာနက် အသုံးပြုခြင်း



အဓိက ကအင်တာနက်ဆိုင်တွေကအချိန်နဲ့ကောက်တာပါ timer လေးတွေနဲ့ရေကောက်တာပါ ကျတော်တို့သာ timer ကို၇ပ်နိုင်ရင် ပိုက်ဆံမဖြတ်တော့ဘူးပေါ့ဗျာ လက်တည့်တော့မစမ်းပါနဲ့ ပညာပေးအတွက်ပါ မဟုတ်တာတော့ အသုံးမချနဲ့ပေါ့
၁။run box ခေါ်ပါ (Win+R)
၂။regedit ၇ိုက်ထည့် registry ကိုဝင်ပါ
၃။ပြီးရင် HKEY_CURRENT_USER>AppEvents>Software>Classes>Microsoft>Windows>
Current Version>Internet Settings>Policies>System အထိသွားပါ
၎။Disable Task manager ကိုသွားပါ သူ့ရဲ့တန်ဖိုးကို 0 ကိုပြောင်းပေးလိုက်ပါ
၅။Task manager ခေါ်ပြီး Internet Cafe's timer ကို end task လုပ်ပေးလိုက်ပါ

Timer ဆက်မရေတော့ပါဘူးဗျာ


                     http://www.mmithelper.com/2013/06/blog-post_9555.html    မှကူးယူဖော်ပြပါသည်။

format factory သုံးပြီး သီချင်းတွေကို တိနည်း ဖြတ်နည်း


ညီလေးတယောက်ကမေးလာလို့ လုပ်ဖြစ်သွားတာပါ...format factory သုံးပြီး သီချင်းတွေ ကိုတိချင် 

ဖြတ်ချင်သူများ အတွက် PDF ဖိုင်လေးလုပ်ပြီး တင်ထားပေးပါတယ်....လိုအပ်ရင် အောက်မှာ ဒေါင်းပါ

ခင်ဗျ...အဆင်မပြေတာရှိရင် ချက်ဘောက် မှာ ပြောခဲ့နိုင်ပါတယ်နော်

G-mail ကို Offline အနေဖြင့် မိမိကွန်ပျူတာတွင် အသုံးပြုခြင်း

ဒီလိုလုပ်ထားခြင်းအားဖြင့် မိမိမေးလ်ကို Backup လုပ်ထားခြင်းဖြင့် အလားသဏ္ဍာန်တူပါတယ်။
ဘာလို့ လည်း ဆိုတော့ ကျွန်တော်တို့တွေက G-mail ကို ၀န်လိုင်းရှိမှ အသုံးပြုနိုင်မှာမဟုတ်ပဲ
 Online မရှိလည်း မိမိကွန် ပျူတာထဲမှာ သိမ်းဆည်းထားလို့ရတဲ့ဒေတာတွေကို အချိန်မရွေးပြန်
လည် ကြည့်ရှုလို့ရတယ်လေ။ အဲဒီမှာ တစ်ခုသတိထားရမှာက ကိုယ်ပိုင်ကွန်ပျူတာမှာပဲလုပ်ဆောင် ပါလို့ ပြောချင်ပါတယ်။ ဘာလို့လည်း ဆိုတော့ မိမိ အကောင့်ထဲမှာ ရှိသမျှဒေတာတွေအား လုံးပါဝင်နေမှာမို့လို့ အင်တာနက်ဆိုင်တို့ ဘာတို့မှာ မလုပ်ဆောင် သင့်ပါဘူး။ ရုံးက
ကွန်ပျူတာမှာ လုပ်ချင်တယ်ဆိုရင်လည်း User Account ဖြင့် ကိုယ်ပိုင် Account လေးနဲ့ သုံစေချင်ပါတယ်။ သူသူကိုယ်ကိုယ် ကို့ရဲ့ ကိုယ်ရေးအချက်အလက်တွေကို တပါးလူလက်ထဲမ
 ရောက်ချင် ကြဘူးလေ။ အဲဒါကြောင့်ပါ။လုပ်ဆောင်ပုံ အဆင့်ဆင့်ကတော့...ပထမဦးဆုံး မိမိ မေးလ်ကို ၀န်လိုင်းရှိနေတဲ့အချိန်မှာ ၀င်လိုက်ပါပြီးလျှင် Setting ထဲကိုဝင်ပြီး Offline ဆိုတဲ့ Tab မှာ Enable Offline Mail for this computer ဆိုတာလေးကို Radius Check Box လေးဖွင့်ပေးပြီး
Other Options မှာ create a desktop shortcut ဆိုတာလေးကို နှိပ်လိုက်ပြီး Save and Change လုပ် လိုက်ပါ။

ပြီးရင်တော့ G-mail Server မှ သင့်ရဲ့ မေးလ်ထဲမှ အကြောင်းအရာတွေကို  သင့်ရဲ့ ကွန်ပျူတာထဲကို စတင် ကူးယူနေပါလိမ့်မယ်။

ထိုကဲ့သို့ သင့်မေးလ်ထဲမှ ဒေတာများကို ကူးယူပြီးတဲ့နောက်မှာတော့ သင့်ရဲ့ ကိုယ်ပိုင်ကွန်ပျူတာထဲမှာ Offline အနေအထားဖြင့် အသုံးပြုနိုင်ရန်အတွက် Offline Installation ကို စတင်လုပ်ဆောင်နေပါလိမ့်မယ်။

အဲဒီမှာ တစ်ခုပြောချင်တာက အဲဒီလိုလုပ်ဆောင်နေတဲ့အချိန်က အနည်းငယ်တော့ကြာမြင့်ပါလိမ့်မယ်။ ဘိာု့လည်း ဆိုတော့ သင့်အသုံးပြုခဲ့တဲ့ ရက်စွဲအလိုက် တစ်ခုခြင်းစီကို ကွန်ပျူတာထဲသို့ ကူးယူနေခြင်း ကြာင့်ဖြစ်ါတယ်။ အား လုံးပြီးဆုံးသွားတဲ့အခါ။အောက်ပါပုံအတိုင်း Offline Mail system က သင့်ကွန်ပျူတာရဲ့ Desktop ပေါ်မှာ ပေါ် နေပါလိမ့်မယ်။

မှတ်ချက် -
Offline Mail ဖြစ်တဲ့အတွက်ကြောင့် ၀င်ထားတဲ့ မေးလ်တွေကိုသာ စစ်နိုင်၊ ဖတ်နိုင်ပြီး မေးလ်ထဲမှာ ရှိသော Attachment File တွေကိုတော့ Donwload လုပ်လို့မရနိုင်ပါဘူး။ပြီးတော့ မေးလ်လည်းပို့လို့ရမှာ မဟုတ်ပါ ဘူး။ သူက Offline အနေဖြင့် သုံးနေတာဖြစ်တဲ့အတွက်ကြောင့်ဖြစ်ပါတယ်။နောက်တစ်ခုက အသစ်ဝင်လာတဲ့ မေးလ်တွေကို Update လုပ်ဖို့အတွက်ကတော့ ၁ပတ်ကို တစ်ကြိမ်လောက်တော့ Offline Mail မှ တဆင့် ၀န်လိုင်းမေးသို့ ၀င်ခြင်းဖြင့် အလွယ်တကူ Update လုပ်နိုင်ပါတယ်။ ဒီလောက်ဆို ဆင်ပြေမယ်ထင်ပါ့။ အကယ် လို့များ ကျွန်တောရေးသားထားသော အကြောင်းအရာများမှ ရှင်းလင်းမှု မရှိတဲ့နေရာမျိုးများရှိခဲ့ရင် ကျွန်တော့်ရဲ့ E-mail mr.zarnithannwynn@gmail.com သို့ ဆက်သွယ် မးမြန်းနိုင်ါတယ်။ ကျွန် တောဝန်လိုင်းရှိတဲ့ အချိန် မျိုးမှာ လည်း တိုက်ရိုက်ဖြေကြားပေးပါ့မယ်။

http://myitworld-asian.blogspot.ae/2013/06/g-mail-offline.html  မှကူးယူဖော်ပြပါသည်။

ကျွန်တော်တို့ Window7 မှာ HDD Partition ကို မည်သည့် Software ကိုမှမသုံးပဲ Extension ပြန်လုပ်တဲ့အပိုင်းဖြစ်ပါတယ်။


အရင်ဆုံးကျွန်တော်တို့ Run Box လေးထဲကနေ “diskmgmt.msc” လို့ရိုက်လိုက်ပါ



ထိုအခါအောက်ဖော်ပြပါပုံအတိုင်း Disk Management ပေါ်လာပါလိမ့်မယ်။




ထို့နောက်မှာတော့ ကျွန်တော်က အခုလက်ရှိ System Partition ထဲကနေပီး ၀င်းဒိုးကိုထိခိုက်မှုမရှိပဲ Ext ထပ်ခွဲမယ့်အပိုင်းလေးပြမှာမို့လို့ အောက်ဖော်ပြပါပုံအတိုင်း (C:) ရဲ့ အစိမ်းပုတ်ရောင်ဘားလေးပေါ်မှာ RC ထောက်ပီး Shrink Volume ဆိုတာလေးကိုနှိပ်လိုက်ပါမယ်။



ထိုအခါမှာတော့ အောက်ဖော်ပြပါပုံအတိုင်း လက်ရှိမိမိ Shrink လုပ်လိုက်တဲ့ System Partition ထဲက လစ်လပ်တဲ့နေရာတွေကို  Querying လုပ်နေပါလိမ့်မယ်။



အဲဒီအပိုင်းမှာတော့ အချိန်အနည်းငယ်ယူပါလိမ့်မယ် ဘာလို့လည်းဆိုတော့ Partition တစ်ခုလုံးရဲ့လွတ်တဲ့ နေရာ တွေကိုရှာဖွေနေတဲ့အပိုင်းဖြစ်လို့ပါ။အားလုံး လွတ်နေတဲ့ Capicity တွေရှာပီးသွားပီဆို၇င်တော့ အောက်
ပါအတိုင်းပေါ်လာမှာဖြစ်ပါတယ်..



ဒီနေရာမှ ကြည့်ရမှာက သုံးမျိုးရှိပါတယ်…
1-    Total size before shrink inMB
2-    Size of available shrink space inMB
3-    Enter the amount of space to shrink in MB
ဆိုပီးတော့ဖြစ်ပါတယ်….
နံပါတ် ၁ ကတော့ လက်ရှိ သင့်နဂိုမူလခွဲထား (သတ်မှတ်ထား) တဲ့ System Partition ဖြစ်ပါတယ်။
နံပါတ် ၂ ကတော့ လက်ရှိ ပါတေးရှင်းမှာ ရှိတဲ့ လစ်လပ်တစ်နေရာအပိုင်ဖြစ်ပါတယ်။
နံပါတ် ၃ ကတော့ သင့်စိတ်ကြိုက် ခွဲခြမ်းစိတ်ဖြာသတ်မှတ်မယ့်အပိုင်းဖြစ်ပါတယ်။
ကဲ… ဆိုတော့က ကျွန်တော်ကတော့ ကျွန်တော့်ဆီမှာ နေရာသိပ်မရှိတဲ့အတွက်ကြောင့် Sample အနေနဲ့ပဲ ရှင်းပြမယ်… ဆက်လိုက်ရအောင်လားဗျာ…
အဲတော့ကျွန်တော်က အဲဒီဘောက်ခ်လေးထဲမှာ ၅၀၀၀ ဆိုပီးရိုက်ပီး Shrink လုပ်လိုက်တယ်…
ထို့နောက်မှာတော့ ကျွန်တော်သတ်မှတ်လိုက်တဲ့ ၅၀၀၀ MB ဆိုတာကို အမဲရောင်နဲ့ဖော်ပြပေးပါတယ်…



အဲဒီအမဲရောင်အနေအထားနဲ့ကတော့ Operation System မှာ ဘာမှ အလုပ်မလုပ်သေးပါဘူး..ဒီတော့ သူ့ကို အသက်ဝင်ပီး ဒေတာတွေ သွင်းနိုင်အောင် ကျွန်တော်တို့က Value Lable တွေ သတ်မှတ်မှာဖြစ်ပါတယ်။
ဆိုတော့ကာ….အောက်ဖော်ပြပါပုံအတိုင်းကျွန်တော်တိုင်း



အမဲရောင်နေရာလေးမှာ RC ထောက်ပီး New Simple Valume ဆိုတာလေးကိုနှိပ်လေးလိုက်မှာဖြစ်ပါတယ်။
ဒါဆိုရင် အောက်ဖော်ပြပါပုံအတိုင်း Valume တစ်ခုသတ်မှတ်ဖို့အတွက် Configuration ပိုင်းတစ်ခုတက် လာမှာဖြစ်ပါတယ်။



အဲဒီမှာ Next ကိုနှိပ်မှာဖြစ်ပါတယ်။



အထက်ပါပုံအတိုင်းပေါ်လာရင်တော့ ဘာမှမပြောင်းလဲပဲ Next ကိုပဲနှိပ်မှာဖြစ်ပါတယ်။



ဒီနေရာမှာကတော့ မိမိ Created လုပ်ထားတဲ့ Partition အသစ်ကို မိမိသတ်မှတ်ချင်တဲ့ Drive Letter သတ်မှတ်မှာဖြစ်ပါတယ်… မိမိစိတ်ကြိုက်ပေးနိုင်ပါတယ်။ပီးသွားရင်တော့ အောက်ပါပုံအတိုင်း



ဘာမှမပြောင်းလဲပဲ Perform a quick format ဆိုတာလေးကို Check Box On ပီး Next နှိပ်လိုက်ပါ။



ပီးသွားရင်တော့ Finish ဆိုတာကိုနှိပ်လိုက်ပါ။ဒါဆိုရရင်တော့ ခုနက အမဲရောင်လိုင်းပုံစံနဲ့ Unloacted မဟုတ်တော့ပဲ… Healthy ဖြစ်နေပီး Data တွေသွင်းနိုင်ထုတ်နိုင်တဲ့ Active ဖြစ်နေတဲ့ Partition တစ်ခုကို
သင်ရရှိသွားပီဖြစ်ပါတယ်။



အားလုံးအဆင်ပြေပါစေ………..
ပြန်ဖျက်ချင်တယ်ဆိုရင်တော့ ခုနက Healthy ဖြစ်နေတဲ့ Partition ပေါ်မှာ RC နှိပ်ပီး Delete Valume ဆိုတာလေးကိုနှိပ်လိုက်ပါက အောက်ပါပုံအတိုင်းပေါ်လာပါလိမ့်မယ်။



ထိုနေရာမှ YES ဆိုတာကိုရွေးပေးလိုက်ပါ။ဒါဆိုရင် အောက်ပါပုံအတိုင်း အစိမ်းပုတ်ရောင်လေးကနေ အမဲရောင် Unallocated ပုံစံမျိုးပြန်ဖြစ်သွားပါမယ်။



ထို့နောက်မှာတော့ ကျွန်တော်တို့ System Partition ဖြစ်တဲ့ C: နေရာရဲ့ အစိမ်းပုတ်ရောင်နေရာလေးမှာ RC နှိပ်ပီး Extend Valume ဆိုတာလေးကိုနှိပ်ပေးလိုက်ပါ။



ဒါဆိုရင်အောက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်။



၎င်းနေရာမှာ Next ကိုနှိပ်လိုက်ပါ။အောက်ပါပုံအတိုင်းပေါ်လာမှာဖြစ်ပါတယ်



Next ကိုပဲနှိပ်ပါ။



ပီးရင်တော့ Finish ကိုနှိပ်လိုက်ပါ။




ဒါဆိုရင် မူရင်း System Partition Size ကို ပြန်လည်ရရှိမှာဖြစ်ပါတယ်။
မရှင်းလင်းမှုများ နားမလည်မှုများရှိပါကကျွန်တော့ကိုဆက်သွယ်ရန်များမှာ
G-mail           =       mr.zarnithannwynn@gmail.com
G-talk           =       genius@uzarni.co.cc
FB                =       FB.com/CZarni.86
Group များကတော့
https://www.facebook.com/groups/itsolution.mm/
https://www.facebook.com/groups/ithobby/
https://www.facebook.com/groups/1386378724909913/
https://www.facebook.com/groups/itresharing4mm/?fref=ts
နှင့် အာရှသားရဲ့နည်းပညာစိုက်ဖြစ်သော….
http://myitworld-asian.blogspot.ae/ တွင်လည်းဝင်ရောက်လေ့လာနိုင်ပါတယ်..
Cristiano Zarni @ ဦးဇာနည်

http://myitworld-asian.blogspot.ae/2013/06/window7-hdd-partition-software-extension.html
                                       မှကူးယူဖော်ပြပါသည်။

Monday, June 24, 2013

ကွန်ပျူတာ အမှိုက်တွေကို ရှင်းလင်းပေးမယ့် နည်း ( ၅ ) နည်း




ကိုယ်ရဲ့ ကွန်ပျူတာ ပိတ်ခါနီပဲ ဖြစ်ဖြစ် ဖွင့်ခါစပဲ ဖြစ်ဖြစ် ကွန်ပျူတာကို ပေါ့ပေါ့လေးဖြစ်အောင် 


အမှိုက်တွေကို ရှင်းလင်းမယ့် နည်း 

(၅)နည်းကို ပြောပြချင်ပါတယ်။

 

သိပြီးတဲ့ လူတွေအတွက်တော့ မလိုဘူးပေါ့ဗျာ။ မသိသေးတဲ့လူတွေအတွက်ကတော့ 

အတိုင်းအတာတခုလောက်ထိ အကျိုးရှိမှာပါ။

ပထမဆုံး Start အောက်ကနေ run box ကိုဖွင့်လိုက်ပါ။ (Window + R ) နဲ့ တွဲဖွင့်ရင်လည်း ရပါတယ်။


အဲဒီ Run box မှာပဲ


၁။ temp ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ 

 

၂။ %temp% ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ 

 

၃။ prefetch ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ 

 

၎။ recent ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်။ 

 

၅။ cookies ရိုက် Select All (Ctrl +A) လုပ် ( Shift + Delete ) နဲ့ဖျက်ပစ်လိုက်ပါ.....။




ကွန်ပျူတာ ပိတ်ခါနီးတိုင်း....ဒီ ( ၅ ) နည်းကိုပုံမှန်လုပ်ပေးခြင်းဖြင့် ကွန်ပျူတာ ပေါ့ပါးနေပါစေ.....။



http://www.bluenavyblog.blogspot.com/2013/06/blog-post_4064.html မှကူးယူဖော်ပြပါသည်။