This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Monday, July 22, 2013

Free Ebook Download ပါ .. Free နော် Free ..


Free Ebook Download ပါ .. Free နော် Free .. :) :) မိးတို့လို့ free လူရှိမယ်ထင်လို့ :P

ကျွန်တော်တို့ တွေက Free ဆိုမှ စိတ်ဝင်စား ကြလို့ ကြေငြာပေးတာပါ…အဲဒီ့ ၁၈ ခုကတော့

အောက်မှာနော်… လိုလို မယ်မယ် ပေါ့ .. ကူးပြီးတော့ Save ရင် Save ထားလိုက်ပါ…

၁ ။ http://www.freebookspot.in/

အဲဒီ့ဆိုဒ်မှာ ခေါင်းစဉ်ခွဲ ၉၆ ခု ရှိပြီးတော့ Free down လို့ရတဲ့ စာအုပ်ပေါင်း ၄ ထောင်ကျော်ရှိပါတယ် …

၂ ။ http://www.free-ebooks.net/

ဒီဆိုဒ်မှာတော့ Online magazine တွေ အပြင် ကိုယ်ကြိုက်တဲ့ စာရေးဆရာ ၊ စာအုပ်အမည်တွေကိုပါ ရေးပြီးတော့ ရှာနိုင်ပါတယ် ..

၃ ။ http://manybooks.net/

ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၂၁၂၈၂ ကျော်ရှိပါတယ်.. ကိုယ့်ရဲ့ PDA ၊ IPod ၊ Ebook Reader တွေနဲ့ပါ

ဖတ်နိုင်ပါတယ် ..

၎ ။ http://www.getfreeebooks.com/

ဒီဆိုဒ်မှာတော့ စာအုပ်အားလုံးနီးပါး ကို Free Download ရနိုင်ပါတယ် ..

၅ ။ http://freecomputerbooks.com/

ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာ ကိုလေ့လာချင်သူများအတွက် အထူး သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ.

ခေါင်းစဉ်ခွဲပေါင်း ၁၅၀ ရှိပါတယ် … ကိုယ်လိုချင်တဲ့ ကွန်ပျူတာစာအုပ်တော်တော်များများ ကိုလည်း

ရှာဖွေတွေ့ရှိနိုင်ပါတယ် ..

၆ ။ http://www.freetechbooks.com/

ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ပါတ်သတ်တာတွေ ၊ အင်ဂျင်နီယာပိုင်းတွေ ၊ ပရိုဂရမ်ပိုင်းတွေ

ကိုလေ့လာချင်သူများအတွက် အထူး သင့်လျော်တဲ့ ဆိုဒ် တစ်ခုပါ..

၇ ။ http://www.scribd.com/

ဒီဆိုဒ်မှာကလေးကိုတော့ တော်တော်များများ ရင်းနှီးမှာပါ … မြန်မာလိုစာအုပ်တွေကိုလည်း

ရှာဖွေတွေ့ရှိနိုင်ပါတယ် .. ဒါအပြင့် အဲဒီ့ ဆိုဒ်မှာ ကိုယ်ဖော်ပြချင်တဲ့ စာအုပ်ကို Upload တင် ပြီးရင် ကိုယ့် ရဲ့

Blog ပေါ်မှာ I-Paper နဲ့ ဖော်ပြနိုင်အောင် ခွင့်ပြုထားပါတယ် …

၈ ။ http://knowfree.net/

ဒီဆိုဒ်မှာတော့ Ebook တွေ အပြင် Video Training တွေ ကိုပါ ရယူနိုင်ပါတယ် ။။

၉ ။ http://www.onlinefreeebooks.net/

ဒီဆိုဒ်မှာတော့ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။ တော်တော် များပါတယ်။ ဆေးဘက်ဆိုင်ရာ

တွေ ၊ စီးပွားရေးဆိုင်ရာ စာအုပ်တွေ တခြား ဘက်တွေ ကစာအုပ်တွေကိုရော ရနိုင်ပါတယ် ။

၁၀ ။ http://www.memoware.com/

ဒီဆိုဒ်ကလည်း အပေါ်က ဆိုဒ်လိုပါပဲ ။ ကဏ္ဍပေါင်းစုံ က စာအုပ်တွေကို ရယူနိုင်ပါတယ် ။

၁၁ ။ http://www.zillr.org/

ဒီဆိုဒ်မှာတော့ နည်းပညာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..

၁၂ ။ http://www.onlinecomputerbooks.com/

ဒီဆိုဒ်မှာတော့ ကွန်ပျူတာ ပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိုနိုင်ပါတယ်..

၁၃ ။ http://www.snipfiles.com/

ဒီဆိုဒ်မှာတော့ စာအုပ်တွေ အပြင် Software တွေကိုပါ ရရှိုနိုင်ပါတယ်.. Software တွေကိုတော့ Free မရနိုင်ဘူး ထင်ပါတယ် ..:)

၁၄ ။ http://www.bookyards.com/

ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၈ သိန်းကျော်ရှိပါတယ် ..Video တွေကိုလည်းကြည့်ရှုနိုင်ပါတယ် ..

၁၅ ။ http://digital.library.upenn.edu/books

ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၃၀၀၀၀၀ ကျော်ရှိပါတယ် .. စာရေးဆရာ နာမည် စီးရီးနဲ့တောင် ရှာနိုင်ပါတယ် …

၁၆ ။ http://www.asksam.com/ebooks

ဒီဆိုဒ်မှာတော့ ကိုယ်ကြိုက်တဲ့ စာရေးဆရာနာမည် ဘာကြိုက်လဲ ရှိတ်စပီးယား ကြိုက်တာလား ရပါတယ်

ရှာဖွေတွေ့ရှိနိုင်ပါတယ် ..

၁၇ ။ http://www.baen.com/library

ဒီဆိုဒ်မှာတော့ စာကြည့်တိုက်တစ်ခု ပါ .. Science နဲ့စာအုပ်တွေကိုပါ ဒေါင်းနိုင်ပါတယ် …

၁၈ ။ http://www.ebooklobby.com/

ဒီဆိုဒ်မှာတော့ စာအုပ်တွေကို သူကဏ္ဍကလေးတွေ နဲ့သူ ခွဲပြီးတော့ ရှာနိုင်ဖွေနိုင်ပါတယ်..

                                ဆရာ AC Vs DC တင်ထားတဲ့ ပိုစ့်ကိုကူးယူဖော်ပြပါသည်။

                                                   

Saturday, July 20, 2013

ဘာ ဆော့ ၀ဲ မှမသုံးဘဲ floder lock ချနည်း လေးပြောပြချင်ပါတယ်


အရင် ဆုံး notepad ကို ဖွင့်လိုက်ပါနော် ပြီးရင် ကျွန်တော်ပေးမဲ့ comment လေးကို copy လုပ်ပေးပြီး
notepad မှာ paste လုပ်လိုက်ပါ ပြီးရင် save ပေးပါ save name as ဆိုတဲ့ နေရာမှာ Lock.bat ဆို့ တဲ့ နာမည်နဲ့ save ပေးပါနော်
(၁) သူငယ်ချင်းတို့ save ထား တဲ့ notepad လေးကို desktop ပေါ် တင်လိုက်ပါ
(၂) ခဏက တင်လိုက်တဲ့ bat file လေး run လိုက်ပါ
(၃) desktop ပေါ်မှာ private ဆိုတဲ့ floder လေ ပေါ်လာတာ တွေ့ရမှာပါ
(၄) private တို file ထဲ မှာ ကိုယ် lock ချထား ချင်တဲ့ data တွေ ကို ထဲ့လိုက်ပါ
(၅) နောက် တစ်ဆင့် အနေနဲ့ကတော့ example.bat ဆို တဲ့ file ကို ထပ်ပြီး run ပေးပါ
You can set Password as you like. Don’t use my name “ZARNI”  :P :P :P(Y/N) ဆိုတာပေါ်လာပါလိမ့်မယ် ဗျာ လိုချင်တဲ့ password ကို စိတ်တိုင်းကြပေးလိုက်ပေါ့နော်
ပြီးရင် Type your password to unlock folder  ဆိုတာပေါ်လာပါလိမ့်မယ် Y ကို ရိုက်ပြီး enter ခေါက်လိုက်ပါ
private ဆိုတဲ့ file လေး ပြောက်သွားတာ တွေ ရပါလိမ့်မြင်ရပါမယ်
ကိုယ် ဖွက်ထားတဲ့ flie တွေ ပြန်ဖော် ချင်တယ်ဆိုရင် desktop ပေါ် တင်ထား တဲ့ Lock.bat ဆိုတဲ့ bat file လေးကို run လိုက်ပါ
Enter Password to Unlock Folder ဆိုတာ ပေါ်လာပါလိမ့်မည် သူငယ်ချင်းတို့ ခဏက ပေးထားတဲ့ password ကို ထဲ့ ပြီး enter ပြန်ခေါက်လိုက်ပါ
private ဆိုတဲ့ file လေးပေါ်လာပါလိမ့်မည် ခင်များ စမ်းကြည့် ချင်တယ်ဆို ရင် အောက်မှာ copy ကူး သွားနိုင်တယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
cls
@ECHO OFF
title Folder Private
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK
if NOT EXIST Private goto MDLOCKER
:CONFIRM
echo You can set Password as you like. Don’t use my name “ZARNI”  :P :P :P(Y/N)
set/p "cho=>"
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren Private "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
echo Folder locked
goto End
:UNLOCK
echo Type your password to unlock folder
set/p "pass=>"
if NOT %pass%== password here goto FAIL
attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" Private
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Private
echo Private created successfully
goto End
:End
==================================
ကျွန်တော့်ချစ်ညီလေး AC Vs DC ရဲ့ ကလေးကိုပြန်လည် မျှဝေပေးတာဖြစ်ပါတယ်။

ဗွီဒီယိုကျူတိုရီရယ်မှာလည်းအသေးစိတ်လေ့လာနိုင်ပါတယ်။







Saturday, July 13, 2013

မေ့သွားတဲ့ ၀င်းဒိုးပတ်စ်ဝေါ့ကို အလွယ်တကူဖြုတ်မယ့် ဆော့ဝဲလ်နဲ့ အသုံးပြုနည်း--Reset Your Forgotten Windows Logon Password With Lazesoft Recover My Password


 
 
0



1
Windows 8 နဲ့ Windows 7  မှာ password ရိုက်ထည့်စရာမလိုဘဲ logon လုပ်လို့ ရတဲ့နည်းကို ရေးပေးဖူးပါတယ်။နောက်ပြီး windows built-in password reset feature ကို အသုံးပြုပြီး Password Reset Disk ပြုလုပ်နည်းအကြောင်းကိုလည်းရေးပေးဖူးပါတယ်။Password Reset Disk မပြုလုပ်မိတဲ့ အခြေအနေမှာ သင့်ဝင်းဒိုး ရဲ့  password မေ့ သွားခဲ့ရင်တော့ freeware တစ်ခု ဖြစ်တဲ့ Lazesoft Recover My Password ကို သုံးပါ။Windows XP,Vista,7 စတဲ့ os တွေ မှာ အင်စတောလုပ်နိုင်ပါတယ်။Password မေ့ နေတဲ့ Windows XP,Vista,7 and 8 သုံးတဲ့ ကွန်ပြူတာတွေက Password တွေကို reset လုပ်ပေးနိုင်ပါတယ်။
Recover My Password ကို အင်စတောလုပ်ပြီးရင် run ပါ။Burn Bootable CD/USB Disk Now!  ကိုနှိပ်ပါ။
1
နောက်အဆင့်မှာ password reset ပြုလုပ်ဖို့  media အနေနဲ့  CD/DVD or USB Flash or ISO Image စတာတွေထဲက သင်အဆင်ပြေတဲ့  တစ်ခု ရွေးပေးပြီး Commit နှိပ်ပါ။ဒီ ဆောင်းပါးမှာတော့ USB Stick ကို အသုံးပြုမှာ ဖြစ်တဲ့အတွက် USB Flash ကို ရွေးပါတယ်။
2
တစ်ခု မှတ်ထားရမှာက သင့်ရဲ့  CD/DVD or  USB Flash ကို format ချမှာ ဖြစ်တဲ့အတွက် သင့်  ဒေတာတွေကို အရင်သိမ်းထားသင့်ပါတယ်။ပြီးရင်တော့ အောက်ကပုံမှာလို တွေ့ ရမှာဖြစ်ပြီး Finish ကို နှိပ်ပါ။
3
ဒါဆိုရင် Windows Password Reset Disk ပြုလုပ်ပြီးပါ ပြီ ။CD/DVD or USB Flash ကို ကွန်ပြူတာကနေ ဖြုတ်ပါ။ပြီးတော့  Password မေ့နေတဲ့  ကွန်ပြူတာမှာ CD/DVD  or USB Flash Disk ကို ချိတ်ဆက်ပါ။Boot Menu မှာ CD/DVD or USB ကနေ boot တက်ဖို့ ရွေးပေးပါ။Boot တက်လာရင် တော့ Lazesoft Live CD (EMS Enabled) ကို ရွေးပေးပြီး enter နှိပ်ပါ။
5
Lazesoft application windows ပေါ်လာရင် Reset Windows Password ရွေးပေးပြီး Next နှိပ်ပါ။
6
နောက်အဆင့်မှာ သင့် os နဲ့  Reset Local Password ကို ရွေးချယ်ပြီးသားဖြစ်နေမှာပါ။မရွေးချယ်ရသေးရင်  ရွေးချယ်ပေးပါ။ပြီးရင် Next နှိပ်ပါ။
7
နောက်အဆင့်မှာ သင့်အကောင့်ကို ရွေးချယ်ပေးပြီး Next နှိပ်ပါ။
8
နောက်အဆင့်မှာ RESET/UNLOCK button ကိုနှိပ်ပေးပါ။ဒါဆိုရင် သင့် password ကို reset/unlock လုပ်ပေးလိုက်မှာဖြစ်ပြီး သင့် ၀င်းဒိုး အကောင့်ကို password ရိုက်ထည့်စရာမလိုဘဲ သုံးနိုင်ပါပြီ။
8
Lazesoft Recover My Password( Home Edition) က free ပါ။အောက်ကလင့်မှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
- See more at: http://www.kothuya.com/2013/03/reset-your-forgotten-windows-logon.html#sthash.yeeiHWrm.dpuf





http://www.kothuya.com/2013/03/reset-your-forgotten-windows-logon.html မှကူးယူဖော်ပြပါသည်။

How To Reset Your Forgotten Windows Password The Easy Way (၀င်းဒိုးပတ်စ်ဝေါ့မေ့ခဲ့ရင် အလွယ်တကူပြန်ဖြုတ်နည်း)

[1%255B10%255D.png]




Windows built-in password reset feature ကို အ သုံး ပြု ပြီး Password Reset Disk ပြုလုပ်နည်းအကြောင်းကိုလည်းရေးပေးဖူးပါတယ်။Password Reset Disk မပြုလုပ်မိတဲ့ အခြေအနေမှာ သင့်ဝင်းဒိုး ရဲ့  password မေ့ သွားခဲ့ရင်တော့ freeware တစ်ခု ဖြစ်တဲ့ Lazesoft Recover My Password ဆော့ဝဲကို အသုံးပြုပြီး password reset ချနည်းကိုလည်းရေးပေးပြီးပါပြီ။ဒီလို windows password reset disc တွေကို အသုံးပြုဖို့ သင် နောက်ထပ် ကွန်ပြူတာတစ်လုံးကို အသုံးပြုရမှာပါ။အခု ပြောပြမယ့်နည်းက password reset disc လည်းအသုံးပြုစရာမလို တဲ့ အတွက် နောက်ထပ် ကွန်ပြူတာတစ်လုံးမရှိဘဲနဲ့ သင့် windows password ကို reset လုပ်နိုင်မှာပါ။သင့်မှာလို အပ်တာက Windows Installer CD/DVD တစ်ခုပါပဲ။
Windows CD/DVD ကို drive ထဲထည့်ပြီး သင့်ကွန်ပြူတာကို CD/DVD ကနေ boot တက်ပါ။ ပထမအဆင့်ကို ကျော်ပြီးနောက်အဆင့်မှာ “Repair Your Computer” ကို နှိပ်ပါ။
2 
Command Prompt option ရောက်တဲ့ အထိဆက်သွားပြီး Command Prompt ကိုနှိပ်ပါ။
3
အောက်က command နှစ်ကြောင်းကို  တစ်ခု ချင်းစီရိုက်ပြီး enter နှိပ်ပေးပါ။
copy c:\windows\system32\sethc.exe c:\
copy c:\windows\system32\cmd.exe c:\windows\system32\sethc.exe
Overwrite လုပ်မလားမေးရင် yes ရိုက်ပေးပြီး enter ခေါက်ပါ။
4
Windows ကို restart လုပ်ပါ။Boot Order မှာ CD/DVD ကနေ မတက်ဘဲ နဂို မူလအတိုင်း hard drive ကနေ boot တက်ပါ။Log In screen ရောက်ရင် shift key ကို (၅) ကြိမ်နှိပ်ပါ။Administrator mode command prompt ပေါ်လာပါလိမ့်မယ်။
5
အောက်က command ကို ရိုက်ပေးပါ။Username နေရာမှာသင့် username ကို ရိုက်ပေးပြီး MyNewPassword နေရာမှာ သင်နှစ်သက်ရာ password တစ်ခု ကို ရိုက်ပေးပြီး reset လုပ်နိုင်ပါတယ်။
net user username MyNewPassword
Command Prompt ကို ပိတ်ပြီး သင် ပြုလုပ်ထားတဲ့ password အသစ်နဲ့ သင့်ကွန်ပြူတာကို သုံးနိုင်ပါပြီ။
ပီးရင်အပေါ်မှာ  နေရာပြောင်းထားတဲ့ sethc.exe ဖိုင်ကို သူ့ နေရာ အမှန်ကို ပြန်ပြောင်းပေးဖို့ လို ပါတယ်။Windows CD/DVD ကနေ boot တက်ပြီး command prompt ကနေ အောက်က command ကို ရိုက်ပေးပါ။
copy c:\sethc.exe c:\windows\system32\sethc.exe
- See more at: http://www.kothuya.com/2013/03/how-to-reset-your-forgotten-windows.html#sthash.panI0XCG.dpuf



http://www.kothuya.com/2013/03/how-to-reset-your-forgotten-windows.html မှကူးယူဖော်ပြပါသည်။

Friday, July 12, 2013

Windows ပိုင်းဆိုင်ရာ Error တွေအတွက် အထူးကုသမားတော် Portable ( 11 MB )


သုံးနေပြုနေရင်း ကြာလာတော့ Error တွေ တစ်မျိုးပြီးတစ်မျိုးတက် .. 
ပြင်လို့လွယ်တာလည်းရှိသလို ပြင်ဖို့အတွက် ခက်ခဲတာလည်းရှိပါတယ် .. 
အဲဒီထက်ဆိုးတာက ဘယ်နေရာမှာဖြစ်တဲ့ Error မှန်းမသိပဲ .. Error ရဲ့ ခြေရာလက်ရာကိုပဲ မြင်နေရတဲ့ အဖြစ်မျိုးကလည်းရှိသေးတယ် ..
Service Center တွေကို သွားပြန်တော့လည်း ပြန်ကောင်းလာအောင် ပြင်ပေးပြီး Service ခ သာတောင်းယူထားလိုက်တယ် .. 
User ရှေ့မှာ ပြင်ပြတာမျိုးကလည်း ခပ်ရှားရှားဆိုတော့ အလားတူ Error မျိုးတွေ ထပ်ကြုံလာရင် ဆိုင်ပြန်ပို့ရပြန်ရော ...

ကဲ .. အဲဒါဆိုရင် Error တစ်ခုခုတက်လာရင် အဲဒီ Error ကို ကိုယ်တိုင် မဖြေရှင်းတတ်ရင်တောင် .. Error ဖြစ်နေတာကို 
ရှာဖွေပြီး ပြုပြင်ပေးမယ့် PC Mechanic လေးတစ်ယောက်လောက် ကိုယ့်နားမှာရှိနေရင် မကောင်းပေဘူးလားဗျာ .. 
တစ်ကယ်တော့ .. အဲဒီလို ပုဂ္ဂိုလ်မျိုးကို ကိုယ့်ဘေးနားခေါ်ထားဖို့ဆိုတာကလည်း မဖြစ်နိုင်ပြန်ပါဘူး .. ( High Boss တွေ ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ )
ကဲ .. အဲဒီတော့ .. ကျွန်တော်က သူငယ်ချင်းတို့ကို ... သူငယ်ချင်းတို့ရဲ့ ကွန်ပြူတာမှာ ၀င်းဒိုးပိုင်းဆိုင်ရာ Error တွေတက်လာရင်
သူ့အလိုလို အဖြေရှာပြီး ပြုပြင်ပေးသွားမယ့် ဆော့ဝဲလေးတစ်ခု မျှဝေပေးချင်ပါတယ် .. 
ကျွန်တော် .. ဒီဆော့ဝဲလေးကို Microsoft Forum ထဲက ရလာတာခင်ဗျ .. 
ရလာပုံကိုပြောပြဦးမယ် .. 
ကျွန်တော်က ၀င်းဒိုးရဲ့ အရေးပါတဲ့အပိုင်းတွေဖြစ်တဲ့ System 32 တို့ Registry ပိုင်းတို့ကို ကလိရတာ စိတ်ဝင်စားပါတယ် .. 
ဒါနဲ့ .. တစ်နေ့တော့ Registry ပိုင်းထဲက တစ်ခုကို ၀င်ပြီး ကလိထည့်လိုက်တာ .. Restart ကျပြီးလို့ ၀င်းဒိုးလည်း ပြန်တက်လာရော
ကျွန်တော့်ရဲ့ Desktop ပေါ်က အိုင်ကွန်တွေအားလုံး Notped ဖိုင်ရဲ့ ပုံစံတွေဖြစ်နေရော .. 
Photoshop ဆိုတဲ့ အိုင်ကွန်ကိုဖွင့်ရင် Firefox ကြီးပွင့်လာတယ် .. 
Firefox ကိုဖွင့်လိုက်တော့ my computer ကြီးပွင့်လာတယ် .. 
အဲဒီလိုပဲ .. တခြား အိုင်ကွန်တွေကို ဖွင့်လိုက်ရင်လည်း မဆိုင်တဲ့ Program တွေပဲပွင့်လာတယ် .. 
အဲ .. ပိုဆိုးတာက .. Photoshop အိုင်ကွန်ကိုဖွင့်ရင် Firefox ပွင့်တယ်လို့မှတ်ထားပြီး နောက်တစ်ခါ Firefox ဖွင့်ချင်လို့ Photoshop အိုင်ကွန်ကိုဖွင့်လိုက်ရင်
Control Panel ကြီး ထပွင့်လာပြန်ရောဗျို့ .. 
အဲဒါနဲ့ ကျွန်တော့မှာရှိတဲ့ Registry Cleaner တို့လို ဆော့ဝဲမျိုးတွေကို Run လိုက်ပြန်တော့လည်း Shutdown ပဲကျကျသွားတယ် .. Repaired က ဖြစ်မသွားဘူး
အဲဒါနဲ့ .. Miscrospot Forum ထဲမှာ လှည့်ပတ်ပြီးမွှေလိုက်တော့ အခုဆော့ဝဲလေးကို တွေ့တာနဲ့ ဒေါင်းပြီး စမ်းလိုက်တာ .. မိုက်တယ်ဗျို့ .. 
သူ့ဖာသာသူ Error ကိုရှာတယ် .. လိုတဲ့ဖိုင် ပျောက်နေတဲ့ဖိုင်ကို သူ့ဖာသာသူ ချိတ်ဆက်ပြီး ဒေါင်းယူတယ် ပြန်ပြင်တယ် .. 
ဟိဟိ .. နောက်ပိုင်းတော့ ကျွန်တော်လည်း ၀င်းဒိုးမှာဘာဖြစ်ဖြစ် .. သူ့ကိုပဲ ပြင်ခိုင်းလိုက်တာ .. အခုအချိန်ထိ သူမပြင်ပေးနိုင်တဲ့ error မကြုံဖူးသေးဘူး ..
တစ်ခုတော့ရှိတာပေါ့ .. သူက ၀င်းဒိုးပိုင်း (၀င်းဒိုးမှာမှ Miscrosoft ၀င်းဒိုးမျိုး) ကိုပဲ ပြင်ပေးနိုင်တယ် .. ဗိုင်းရပ်ကြောင့် ၀င်းဒိုးဖိုင်တွေပျက်သွားတယ် .. 
သူက အဲဒီပျက်သွားတဲ့ဖိုင်ကို ရှာပြီးဒေါင်းယူပေးတယ် .. စက်ထဲမှာ Install ပြန်လုပ်ပေးတယ် .. (ဗိုင်းရပ်စ်ကိုတော့ သူ ရှင်းမပေးနိုင်ဘူး)
နောက်တစ်ခုရှိသေးတယ် .. Miscrosoft ကထုတ်တဲ့ ဆော့ဝဲတွေမှာတက်တဲ့ Error တွေကိုလည်း သူက ပြုပြင်ပေးတယ်ဗျ .. 
ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ၀င်းဒိုးပြဿနာတွေကို ပြုပြင်ခိုင်းမယ်ဆိုရင်တော့ အရင်ဆုံး ဗိုင်းရပ်ကို ရှင်းပြီးမှ ဒီဆော့ဝဲကိုသုံးပေါ့ဗျာ .. 
ကဲ .. စမ်းကြည့်ချင်တဲ့သူငယ်ချင်းများ အောက်မှာဒေါင်းယူလိုက်ပါ ..
Download => Link 1 / Link 2

ဒေါင်းပြီးပြီဆိုရင် မိမိစက်မှာဖြစ်နေတဲ့ Error ကိုရှင်းဖို့စပါ့မယ် .. ဒေါင်းထားတဲ့ ဖိုင်ထဲက Launch Fix ကိုနှိပ် လိုက်ပါ..အောက်ပါပုံအတိုင်းပေါ်လာပါ့မယ်

အဲဒီထဲက .. Run now ဆိုတဲ့ အစိမ်းရောင်လေးတွေထဲက တစ်ခုကိုနှိပ်လိုက်ပါ .. ၀င်းဒိုးရဲ့ ဘယ်အပိုင်းက Error တက်တာလို့ နားလည်ရင်လည်း
အဲဒီထဲမှာ Error တက်တဲ့အပိုင်းကိုပဲရွေးပြီး Run now ကိုနှိပ်ပေးလိုက်ရင် အချိန်ကုန်သက်သာတာပေါ့ .. ဥပမာ - အပေါ်ဆုံး tool က Desktop ပေါ်မှာရှိတဲ့
အိုင်ကွန်တွေ Error တက်နေတာတွေ အိုင်ကွန်အောက်ကစာတွေနောက်မှာ အပြာရောင် Hightlight ဖြစ်နေတာတွေ .. အဲဒါမျိုး error တွေကို ပြုပြင်ပေးမယ့်
နေရာပါ .. ကျွန်တော် အဲဒီတစ်ခုကို Run now လုပ်ပြထားပါတယ် .. Run now ကိုနှိပ်လိုက်တဲ့အခါ .. ခဏလောက်စစ်ဆေးပြီးတာနဲ့ အောက်ကပုံလေးတက်လာပါမယ်

အပေါ်ကဟာက သူ့ကိုအလိုလိုပြင်ခိုင်းတာဖြစ်ပြီး အောက်ကဟာကတော့ ကိုယ်ပြင်ချင်တာကိုပဲ ရွေးပြင်ခိုင်းဖို့ပါ .. ကျွန်တော်ကတော့ သူ့ကိုပဲပြင်ခိုင်းမှာမို့
အပေါ်ကတစ်ခုကိုနှိပ်လိုက်ပါတယ် .. ပြင်စရာရှိတာတွေပြင်ပြီးရင် ဖိုင်တွေဒေါင်းစရာလိုလာရင်လည်း သူကဒေါင်းခိုင်းပါလိမ့်မယ်
ကိုယ်က accept လုပ်ပေးရုံပါပဲ . ( Updated ကို Run နေတာမို့ ဒေါင်းစရာမလိုတာက များပါတယ် .. ) ပြီးရင်တော့ အောက်ကပုံလေးတက်လာပါမယ်

အဲဒီထဲက View report details ဆိုတာကိုနှိပ်ပြီးကြည့်လိုက်ရင် သူ Check လုပ်ပြီးခဲ့တာတွေ .. သူပြင်ပေးသွားတဲ့နေရာတွေကို အစိမ်းရောင်အမှန်ခြစ်လေးနဲ့ ပြပေးထားမှာဖြစ်ပါတယ်

နောက်တစ်ဆင့်သွားဖို့ Next  ကိုနှိပ်ပေးလိုက်ပါ .. နောက်တက်လာမှာက အခုပုံရဲ့ အပေါ်ကပုံပါပဲ .. Cancel ကိုနှိပ်ပေးလိုက်ပါ 
နောက်ထပ် Error တွေကို ဆက်ရှင်းဖို့တော့ Task Bar ပေါ်မှာ Fix It ရဲ့ အိုင်ကွန်လေးရှိနေတာကို နှိပ်ပေးလိုက်ရုံပါပဲ .. နောက်ထပ် Run now တစ်ခုကိုထပ်နှိပ် .. ကျန်တဲ့အဆင့်တွေအကုန်လုံး အတူတူတွေချည်းမို့ ဒီတစ်ဆင့်နဲ့ပဲ တော်လိုက်ပါရစေ ..
ကဲ .. ဒေါင်ဒေါင်မြည်ကျန်းမာတဲ့ ၀င်းဒိုးတစ်ခုနဲ့ ပျော်ရွှင်နိုင်ကြပါစေဗျာ..


Credit=>အိုင်တီမုဆိုး


http://www.aungkyaw.net/2013/07/windows-error-portable-11-mb.html မှကူးယူဖော်ပြပါသည်။

C Cleaner ကို Pro တစ်ယောက်လို အသုံးပြုခြင်း




မင်္ဂလာပါ။ C Cleaner က တော်တော်ကိုအသုံးဝင် ပြီး လူသိများတဲ့ Application တစ်ခုဖြစ်ပါတယ်။C Cleaner က သင့်ရဲ့ ယာယီ Internet File တွေနဲ့ ကိုယ်ရေးကိုတာ Data တွေကို ရှင်း လင်းပေးနိုင်တဲ့ Application ကောင်းတစ်ခုဖြစ်ပါတယ်။နောက်သူ့မှာ
ပုန်းနေတဲ့ Feature တွေတော်တော်များရှိပါတယ်။ကျွန်တော်တို့ ဒီ Post မှာပြောပြမှာ က အဲ့ဒီပုန်းနေတဲ့ Feature တွေအကြောင်းပဲဖြစ်ပါတယ်။


                                                           Ccleaner download



*Internet Cache တွေကိုဖျက်မယ်ဆိုရင်*

C Cleaner က သူ့ Default အနေနဲဆို တော်တော်များများ File တွေကို ဖျက်တတ်ပါတယ်။သင့်ရဲ့ Internet Cache File တွေကို မဖျက်ခင် သေချာပြန်စဉ်းစားသင့်ပါတယ်။(Internet Cache ဆိုတာ    ကိုယ် က Internet Browser နဲ့ Site တစ်ခုကို Browse လုပ်လိုက်ပြီဆိုရင် Browser က သင့်ရဲ့ System မှာ အဲ့ဒီ Cache File တွေကို သိမ်းပါတယ်။သင်က နောက်တစ်ခါ အဲ့ဒီ Site ကိုထက်သွားမယ်ဆို
ရင် အဲ့ဒီ Site ရဲ့ Image တွေနဲ့ တခြား File တွေကို cache လုပ်ထားတဲ့ အတွက် site ကို loading လုပ်တာ မြန်လာစေပါတယ်။)


တကယ်လို့ သင်က နေရာလွတ် လိုချင်လို့ ပဲဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ကိုပဲဖြစ်ဖြစ် ဖျက်ချင်ရင် ဖျက်လို့ရပါတယ်။မကြာခဏ Cache File တွေကို ဖျက်နေမယ်ဆိုရင် Website
တွေ Loading လုပ်တာ နှေးသွားစေနိုင်ပါတယ်။

*Thumbnail cache တွေကိုဖျက်မယ်ဆိုရင်*

(Windows Explorer အောက်မှာရှိတဲ့) Thumbnail cache တွေကို ဖျက်မယ်ဆိုရင် လည်းနှေးသွားစေတဲ့
အရာတွေရှိ ပါတယ်။Thumbnail cache တွေကို ဖျက်လိုက်ရင် - Image File တွေရှိတဲ့ Folder တွေကို
ဖွင့်လိုက်ရင် Thumbnail cache ပြန်လုပ်ရတာကြောင့် Folder ကိုဖွင့်ရတာ နှေးသွားစေနိုင်ပါတယ်။

*အရေးကြီးတဲ့ Cookie များ*


C Cleaner ကသူ့ Default Setting နဲ့ ဆို Cookie တွေအကုန်လုံးကို ဖျက်ပစ် တတ်ပါတယ်။ဒါပေမယ့် Cookie တစ်ချို့ကိုတော့ သိမ်းထားရပါလိမ့်မယ်။တကယ်လို့ သင်က C Cleaner ကို Run ပြီးတိုင်း ကိုယ် Log In ၀င်ထားတဲ့ Site တွေကို ပြန်ဝင်နေရတယ်ဆိုရင် - C Cleaner ကိုဖွင့် >> Options ကိုသွား >> Cookie ဆိုတဲ့ Section ကိုသွားပါ။

"Cookie to Delete" ဆိုတဲ့ အောက်က Section မှာ Right Click >> Intelligent Scan ကိုနှိပ်ပါ။
C Cleaner က  Google, Hotmail, နဲ့ Yahoo Mail တွေရဲ့ Cookie ကို Auto ထည့်ပေးသွားပါလိမ့်မယ်။


တကယ်လို့ သင်က နောက်ထက်တစ်ခြား Site တွေရဲ့ Cookie တွေကိုထည့်ချင်ရင် - ဥပမာ- bloggerakm.blogspot.com ကိုရှာပါ။အပေါ်ပုံမှာပြထားတဲ့ အတိုင်း -> ကိုနှိပ်လိုက် ပါ။အဲ့ဒီနည်း နဲ့ သင်ကြိုက်တဲ့ Website တွေရဲ့ Cookie ကိုထည့်နိုင်ပါတယ်။


*သတိထားသင့်သော Registry Cleaner*

C Cleaner Application မှာ Registry Cleaner တစ်ခုပါဝင်ပါတယ်။တစ်ချို့ ပညာရှင်တွေက Registry Cleaner တွေကိုမသုံးသင့်ဘူးလို့ ဆိုပါတယ်။ဘာဖြစ်လို့လည်း ဆိုရင် Windows ရဲ့ Registry က ထောင်ကို ရာနဲ့ ချီပြီး ရှိပါတယ်။တကယ်လို့ သင်က Registry Cleaner တွေကိုသုံးပြီး အခုတစ်ရာ လောက် Remove လုပ်လိုက်ရင် တောင်မှ သင့် PC ရဲ့ စွမ်းဆောင်ရည် ဘာမှထူးရှားမှုရှိလာ
မှာမဟုတ်ဖူးလို့ဆိုပါတယ်။နောက်ပြီး Registry Cleaner တွေက အရေးကြီးတဲ့ Registry Value တွေကို
ပါ Remove လုပ်ပစ်တတ်တယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သင် Registry Cleaner တွေကို Run တော့မယ်ဆိုရင် အရင်ဆုံး Registry တွေကို Backup လုပ်ထားသင့်ပါတယ်။ဥပမာ- C Cleaner ရဲ့ Registry Cleaner မှာဆိုရင် Registry  တွေကိုပြင်တဲ့ အခါမှာ Backup လုပ်ခိုင်းပါတယ်။ Backup လုပ်ချင်တယ်ဆို "Yes" မလုပ်ရင် "No" ။

*Startup Program များကို Manage လုပ်ခြင်း*

Computer ကိုဖွင့်လိုက်တိုင်း Auto-run တတ်တဲ့ Program တွေကို Tools Section မှာရှိတဲ့ "Startup"
ကနေပိတ်လို့ရပါတယ်။အဲ့ဒီမှာ Disable နဲ့ Delete ဆိုပြီး option နှစ်ခုရှိပါတယ်။အဲ့ဒီ့ နှစ်ခုထဲက Disable ကိုပဲ သုံးသင့်ပါတယ်။Delete ကိုသုံးရင် ကိုပိတ်ချင်တဲ့ Startup Program ကို ဖျက်ပစ်ပါလိမ့်မယ်။
နောက်တစ်ခါ Enable လုပ်ချင်ရင် မရတော့ပါဘူး။အဲ့ဒါကြောင့် Disable ကိုသုံးသင့်တယ်လို့ပြေတာပါ။


*Drive များကိုရှင်းလင်းခြင်း*

Windows (သို့) တခြား Operating System တစ်ခုက File တစ်ခုခုကို ဖျက်လိုက်တယ်ဆိုရင် Hard Disk
ကနေ အမှန်တကယ်ဖျက်လိုက်တာမဟုတ်ပါဘူး။အဲ့ဒီ့ File ကို ညွန်းထားတဲ့ အညွန်းတွေကိုသာ ဖျက်လိုက်ပြီး Windows ကအဲ့ဒီ့နေရာ ကို Free Space ဖြစ်သွားပြီဆိုပြီး Mark လုပ်ပေး လိုက်တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Recovery Software တွေနဲ့ File တွေကို Recover လုပ်လို့ ရတာဖြစ်ပါတယ်။C Cleaner က Recover လုပ်လို့ မရအောင် သူ့ရဲ့ Drive Wiper ကကူညီပါလိမ့်မယ်။

ဒီ Drive Wiper tool နဲ့ Drive တစ်ခုလုံးထဲမှာ ရှိတဲ့ Data တွေအကုန်လုံးကို Wipe လုပ်ပေးနိုင်ပါတယ်။
C Cleaner ကို Run တိုင်း Free Space တွေကိုသာ  Wipe လုပ်ပေးဖို့အတွက် Wipe Free Space ဆိုတဲ့
လေးထောင့် အကွက်ကို အမှန်ခြစ်ပေးထားလိုက်ပါ။C Cleaner Run တိုင်းအချိန်နည်းနည်း တော့ကြာပါ
လိမ့်မယ်။C Cleaner က Wipe Free Space ကို အမှန်မခြစ် ထားတဲ့ အတိုင်း ထားသင့် တယ်လို့ပြောပါတယ်။


*File များကို လုံခြုံစွာ Delete လုပ်ခြင်း*

သင့်မှာ C Cleaner ရှိတယ်ဆိုရင် Drive Cleaner ကိုသုံးပြီး File တစ်ခုချင်းစီကို လုံခြုံစိတ်ချစွာ Delete
လုပ်နိုင်မှာ ဖြစ်ပါတယ်။ဒါပေမယ့် ပုံမှန် Delete လုပ်တာထက် အချိန်ပိုကြာပါလိမ်မယ်။ဘာကြောင့် လဲဆိုရင် Default အနေနဲ့ OS က File တွေကို လုံခြုံမှုရှိအောင် Delete မလုပ်ပါဘူး။တကယ်လို့ ကိုယ်သုံးနေတဲ့ File တွေက ကိုယ်ရေးကိုယ်တာ နဲ့ပတ်သက်နေတယ်ဆိုရင် Setting ရဲ့ Option Section မှာ Enable လုပ်လို့ရပါတယ်။

*Custom File များကိုထည့်ခြင်း*

သင်သုံးနေတဲ့ File တွေက C Cleaner ရဲ့ Application List ထဲမှာမပါဘူးဆိုရင် (သို့) သင့်မှာ ယာယီ File
တွေရှိတဲ့ Folder တွေရှိတယ် အဲ့ဒီ့ ဟာတွေကို C Cleaner ထဲကိုထည့်ပြီး ပုံမှန် C Cleaner ကို Run တိုင်း
ဖျက်နိုင်အောင် C Cleaner ရဲ့ Include Section ကနေထည့်လို့ရပါတယ်။

အဲ့ဒီ File တွေ Folder ကိုထည့်ပြီးတိုင်းလည်းဖျက်လို့မရသေးပါဘူး။Advance အောက်က check-box
မှာ အမှန်ခြစ်ပေးရမှာ ဖြစ်ပါတယ်။


*File များကို Exclude လုပ်ခြင်း*

ဒါလည်း ထိုနည်း၎င်း ပဲ သင်မဖျက်စေချင်တဲ့ Folder တွေ File တွေရှိတယ်ဆိုရင် Option Section ရဲ့ Exclude ကနေ ချန်ထားလို့ရပါတယ်။ဘာတွေ ချန်ထားလို့ရလည်းဆိုရင် Drive တစ်ခုလုံး,Folder တွေ,
File တွေ,Registry key တွေ ကုန်ကုန်ပြောရရင် File တွေရဲ့ Extension တစ်ခုစီအလိုက် ချန်ထားခဲလို့
ရပါတယ်။

 *Install လုပ်ပြီးသား Program တွေကို Manage လုပ်ခြင်း*


သင်သွင်းထား တဲ့ Program တွေကို C Cleaner ကိုသုံးပြီး Uninstall လုပ်နိုင်ပါတယ်။Program တွေကို
Uninstall လုပ်ဖို့အတွက် Tools Section က Uninstall ကနေသုံးနိုင်ပါတယ်။ဒီမှာ Rename နဲ့ Delete ဆိုပြီး Feature နှစ်ခုပိုပါလာပါတယ်။အဲ့ဒီ့ Feature တွေကိုသုံးပြီး C Cleaner Uninstaller List ထဲမှာ ရှိတဲ့
Program တွေကို Rename နဲ့ Delete လုပ်နိုင်မှာ ဖြစ်ပါတယ်။နောက်ပြီး သင် Uninstall လုပ်ထားတဲ့
Program တွေရဲ့စားရင်ကို Text File နဲ့ သိမ်းထားနိုင်ပါသေးတယ်။


 ဒီ Post ကကျွန်တော့်ရဲ့ မိတ်ဆွေများကို တစ်ထောင့်တစ်နေရာ ကနေ အထောင်ကူပြုလိမ့်မယ်လို့မျှော်
လင့်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ။

 Visit : Blogger A.K.M

http://www.pyaephyo.com/2013/03/c-cleaner-pro.html မှကူးယူဖော်ပြပါသည်။

ကွန်ပျူတာသမားအားလုံးအတွက် Virus အမျိုးမျိုးသတ်နည်းအကြောင်း



SVCHOST.EXE သတ်နည်း 
 
 
SVCHOST.EXE က Flash Drive များမှတဆင့် မိမိကွန်ပျူတာဆီသို့အချိန် မရွေးရောက်နိုင်
 
ပါတယ်..သူတိုက်ခိုက်ခြင်းခံရရင် Signature တွေအနေနဲ့ ဒီလိုပြလေ့ရှိပါတယ်..
ကွန်ပျူတာစဖွင့်လိုက်တာနဲ့..

1. အဲဒီအချိန်က သုံးခဲ့တဲ့ Flash Drive ကိုပြန်တောင်းနေတတ်ပါတယ်..
2. Windows Directory ကိုမခေါ်ပဲနဲ့ တက်လာပါတယ်..

ဒါဆိုရင်တော့ SVCHOST.EXE ရဲ့ တိုက်ခိုက်ခြင်းကိုခံနေရပြီလို့ မှတ်ယူနိုင်ပါတယ်..

တကယ်တော့ SVCHOST ဆိုတာ ကျွန်တော်တို့ရဲ့ System ထဲမှာအမှန်တကယ်အလုပ် လုပ်နေတဲ့ File ပါ..ခုပြောတဲ့ SVCHOST.EXE ကတော့ သူလို့ထင်ယောင်ထင်မှားဖြစ်အောင် ပုံမှားရိုက်တာပေါ့..Process ထဲကနေ သူ့ကို Kill မယ်ဆို အမှန်တကယ်အလုပ်လုပ်နေတဲ့ System File နဲ့မှားယွင်းတတ်ပါတယ်..အချို့ကတော့ သူ့ကို Process ကနေ Kill လိုက်ပေမယ့် ကွန်ပျူတာပြန်ဖွင့်လိုက်တာနဲ့ သူကပြန်တက်လာပါတယ်..Antivirus ကလည်းသူ့ကိုရှာ မတွေ့နိုင်ပါဘူး.. ဘာကြောင့်လဲဆိုတော့ သူက System File ယောင်ဆောင်ထားတာကိုး..

ကျွန်တော့်မှာတော့ သူ့ကိုသတ်စရာနည်းလေးရှိပါတယ်.. အကယ်လို့များ မိမိကွန်ပျူတာမှာ ၀င်နေရင်စမ်းကြည့်ကြပါလား..

အောက်ကအဆင့်လေးတွေတဆင့်ချင်းလုပ်ကြည့်ပါနော်..


1. Task Manager ခေါ်ပြီး Process Tab အောက်က svchost.exe ကို End Process
လုပ်လိုက်ပါ... svchost.exe တွေကတော့အများကြီးဖြစ်နေပြီ.. ဘယ်တစ်ခုကို End
ရမှန်းမသိဖြစ်နေကြပြီထင်ပါရဲ့.. လွယ်ပါတယ်.. ကျွန်တော်တို့ ကွန်ပျူတာထဲကို
ဘယ် User Name နဲ့ဝင်သလဲဆိုတာအရင်ဆန်းစစ်ကြည့်ဖို့တော့လိုပါတယ်..
မိမိဝင်ထားတဲ့ User Name အောက်မှာ run နေတဲ့ svchost.exe ကို End Process
လုပ်ရမှာပါ... မိမိဘယ် User Name မှာဝင်နေသလဲဆိုတာ Task Manager Windows
ရဲ့ User ဆိုတဲ့ Tab အောက်မှာ ကြည့်နိုင်ပါတယ်..

2. Run Command (Windows+R) ကိုခေါ်ပြီး Restore လို့ ရိုက်ထည့်ပြီး Enter
နှိပ်လိုက်ပါ.. ပြီးရင်
 
Tool>Folder Options ကိုသွားပါ...

ပြီးရင် View Tab အောက်မှာ Show Hidden Files & Folders ကို Check လုပ်ပါ..

နောက်တဆင့်အနေနဲ့ Hide Protected Operating Files System ကို Uncheck လုပ်ပေးပါ..
Operating Files System ကိုဖော်မှာဖြစ်တဲ့အတွက်ကြောင့် သူကအတည်ပြုချက်တောင်း ပါလိမ့်မယ် Yes ကိုနှိပ်ပါ..အဲဒီအခါ Restore Folder အောက်မှာ svchost ဆိုတဲ့ Fileရယ်၊ Data ဆိုတဲ့ Folder လေးရယ် မှိန်မှိန်လေးပေါ်လာပါလိမ့်မယ်..
ရဲရဲသာဖျက်လိုက်ပါ.. Shift+Del နဲ့နော်.. သင့်ရဲ့ စက်ကိုဒုက္ခပေးနေတာ အဲဒီကောင်ပေါ့..


3. နောက်ဆုံးအဆင့်အနေနဲ့ Run Command ကိုခေါ်ပြီး msconfig ကိုရိုက်ထည့်ပါ.. Enter နှိပ်ပါ။startup Tab ကိုသွားပါ.. အဲဒီအောက်မှာလည်း svchost ဆိုတာရှိနေပါလိမ့်မယ်..
Uncheck လုပ်ပေးပါ.. သူက သင့်ကွန်ပျူတာဖွင့်တိုင်း svchostအလုပ်လုပ်နေအောင် အဲဒီကနေခိုင်နေတာပါ.. ပြီးရင် OK နှိပ်ပါ.. Restartပြုလုပ်ပေးဖို့လိုကြောင်းပြောပါလိမ့်မယ်.. Restart ကိုနှိပ်ပါ..စက်ပြန်တက်လာရင်အားလုံးအဆင်ပြေသွားပါလိမ့်မယ်..



Gtalk Virus


Gtalk virus ဆိုပြီး ခေတ်စားနေတဲ့ private cam အတွက် fix ရပါပြီ
ဒီနေရာမှာ ယူလိုက်ပါ။ ဒီ file ကို run ပြီးရင်တော့ task manager ထဲမှာ private cam နဲ့ စတဲ့ process တွေကို end task လုပ်ပြီး ဒီ file ကို ပြန် run လိုက်ပါ။Folder တွေအောက်မှာ ပုန်းခိုနေတဲ့ .exe တွေကိုတော့ သင်ဖြတ်ပြစ်ဖို့လိုအပ်ပါလိမ့်မယ်။ ဒါပြင် regedit ထဲက [HKCU \Software \Microsoft \Windows\CurrentVersion \Run] ထဲမှာ ရှိနေတဲ့ မလိုအပ်တဲ့ file တွေကိုလဲဖြတ်ပြစ်ပါ။ msconfig ထဲက setup မှာလဲ မလိုအပ်တဲ့ file တွေကို uncheck
ပြုလုပ်ပေးပါ။ သင့် computer ကို restart ပြုလုပ်လိုက်ပါ။


Kill Autorun Virus
 

Folder Option ထဲက View မှာ Show Hidden files and folders ကို Tip လုပ်ပါ။ Hide extension for known file type နဲ့ Hideprotected operating system file ကို tip ဖြုတ်ပါ။ ပြီးရင် တော့ Hard Driveထဲက Autorun.inf နဲ့ Virus file ကိုဖြတ် ပစ်ပါ။ဖြတ်လို့မရရင် Task Managerထဲက process မှာ run နေတဲ့ Virus file ကို kill process လုပ်လိုက်ပါ။
Computer ကို restart လုပ်လိုက်ပါ။ ရှင်းသွားပါပြီ။

Virus များအတွက် website


့http://www.scanwith.com scanwith ဆိုတဲ့ website လေးကို လူသိများကြမှာပါ ဗိုင်းရပ် နဲ့ ပတ်သတ်ရင် တော်တော် စုံပါတယ် update, removal tool,antivirus software အားကိုးလောက်တဲ့ site လေးပါ။ မသိသေးသူများ အတွက်
မျှဝေလိုက်ပါတယ်


I love you Virus ကိုသတ်တဲ့ ဆော့ဝဲလ်...

i love you Virus ကို သတ်တဲ့ ဆော့ဝဲလ်လေးပါ။ သိကြတဲ့ အတိုင်းပါပဲ...။ Memory stick ကို ဘာထိပြီ ဆိုရင် ကြည့်လိုက်... ဒီ အိုင်လက်ဖြု ပဲ....။ အခုဟာလေးကတော့ HD ရော Memory stick ကိုရော ရှာသတ်ပေးနိုင်ပါတယ်။ ဒီ မှာဒေါင်းပါ။


Loikaw Virus ကိုရှင်းလင်းပေးနိုင်သည့် Removal Tool တစ်ခု..
 

Loikaw Virus ကိုရှင်းလင်းပေးနိုင်သည့် Removal Tool တစ်ခုပါ။ Loikaw Virus သည် USB Drive များမှ အဓိကကူးပြီး ကွန်ပျူတာကို အသုံးပြုနေစဉ် အချိန်အတွင်း Message Box များဖြင့် အနှောက်အယှက်ပေးခြင်း၊ အသုံးပြုနေသော Program သို့ စာကြောင်းများပေးပို့ခြင်း၊ bat file, cmd file များကို အသုံးပြု၍မရအောင်ပြုလုပ်ခြင်း နှင့် အခြား အနှောက်အယှက် ဖြစ်စေ နိုင် သော ကိစ္စများကို ဖြစ်စေပါသည်။ Loikaw Virus ၀င်ရောက်ခံရသော ကွန်ပျူတာ များ၏ Desktop တွင် Virus Information.txt ဟုသောဖိုင်ကိုတွေ့ရမှာဖြစ်ပါသည်။ ထို Virus ၀င်ရောက်တိုက်ခိုက်ခြင်းခံရပါက ဒါလေး ကို ဒေါင်းလိုက်ပါ။ Virus ၀င်ရောက်ထားသော ကွန်ပျူတာတွင် Loikaw Virus Removal ကို Run လိုက်ခြင်းဖြင့် Virus ကို အပြီးတိုင် ရှင်းလင်းနိုင်မည်ဖြစ်ပါသည်။
 

Virus အမျိုးအစားခွဲခြားခြင်း..
 
 

Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူတွေမှာ Virus ကူးသလိုပဲ ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင် နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်..

ဒါပေမယ့် Virus အများစုဟာ executable file တွေဖြစ်ကြပါတယ်...

ဥပမာ.. chrome.exe, system.bat , flashy.com စသဖြင့်ပေါ့ .. သူတို့ဟာကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး... ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါ ၀င်ပဲ Computer Virus သည် မပျံ့နှံ့ မကူးစက်နိုင်ပါ...Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...forward E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full sharing ကနေ virus infected file ထည့်တာ တွေ၊ သူငယ်ချင်း အချင်းချင်း မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ .. စသဖြင့်ပေါ့...ဗျာ

၂။ Malware

Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single computer / server / computer network ထဲ ၀င်ပြီး ကွန်ပျူတာ System ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits, spyware, dishonest adware, crimeware and other malicious and unwanted software တွေပါဝင်လေ့ရှိပါတယ်..

၃။ Worm

worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါပဲ.. virus တစ်ခုရဲ့ Sub-class လို့လည်းခေါ်လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှ ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့ အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့ ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ ဖြန့်နိုင်တဲ့ စွမ်းရည်ရှိတာပေါ့နော်...အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊ Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့ worm ကတော့ Blaster Worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ ကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ Registry ကီး HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows\CurrentVersion\Run\windows auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe ဆိုတာက တော့ နာမည်တူပေးထားတာပေါ့
Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..

၎။ Trojan Horse

Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်.. Trojan ဆိုတဲ့ မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာ သင်ဖူးကြမှာ ပေါ့.. Tri ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ... အဲဒိထဲကလိုပဲ အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ်... ပုံမှန်အားဖြင့် အသုံးဝင်တဲ့ Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့ဗျာ... Game တစ်ခုကို Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ်.. အဲဒီတော့ အဲဒိ Game ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့ Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game လို့ပြောရလိုဖြစ်နေတာပေါ့.. နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen saver ပဲဖြစ်ပါတယ်..

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)


၅။ Spyware

သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာပါ.. သူလဲအဲလိုပါပဲ...သူက ကွန်ပျူတာကို ထိခိုက် ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့် ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊ အရေးကြီး တဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ် သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ ၀င်နိုင်ပါတယ်... ပြီးရင် သူက Browser home page ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems တွေများနေပြီ..အဲဒါတွေပြင်ချင်ရင် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့် ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား Porn Site တွေ အလိုလိုပွင့်လာ မယ် စသဖြင့်ပေါ့ဗျာ... တစ်ချို့ လူတွေက http cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့် အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင့်  Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ. Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို ရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်းကာကွယ်နိုင်ပါတယ်...

၆။ Adware

Adware ဆိုတာကတော့ Advertising-supported software (သို့) software package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်...

၇။ Crimeware

Crimeware ဆိုတာကတော့ Spyware, Adware, Malware အမျိုးအစားတွေထဲမှာပါပါတယ်.. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime တွေအတွက်ရည်ရွယ်ပြီးရေးကြတာများပါတယ်..
သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်...

Funny Virus သတ်နည်း

Funny ၀င်ပြီဆိုရင် Safe Mode ကနေလဲ ၀င်သတ်လို့ မရတော့ပါဘူး... Safe Mode မှာပါ Funny က Active ဖြစ်ပါတယ်....

အလွယ်ဆုံးနဲ့ အထိရောက်ဆုံးနည်းကို ပြောပြပါ့မယ်....

Funny က msiexec ဆိုတဲ့ Folder အဖြစ် စက်ထဲမှာ နေရာယူပါတယ်... Folder ထဲမှာတော့ msi.exe + update.exe ဖိုင် နှစ်ဖိုင် ရှိပါတယ်...

Funny ၀င်ဝင်ချင်းမှာ
C:\Documents and Settings\Administrator\Application Data
C:\Documents and Settings\LocalService\Application Data
အဲ့ဒီ့နှစ်နေရာမှာ အရင်ဆုံး နေရာယူပါတယ်...
ပြီးတော့ Autorun.inf ဖိုင်နဲ့လဲ ထောက်ပံ့ပေးထားပါတယ်... Autorun.inf က update.exe ကို ထောက်ပံ့တာပါ...

နောက်တစ်ခုအနေနဲ့
kill.exe ဖိုင်တစ်ဖိုင်က c:\Windows\system32\DirectX ထဲမှာ ရှိပြန်ပါတယ်....

ကဲ... နေရာတွေ လဲသိပြီ....

Boot CD တစ်ချပ်နဲ့ Boot တက်ပါ... Search >> msiexec ကိုရှာ Folder ကို Del လုပ်..
kill.exe ကို Del လုပ်..

autorun.inf ကို Del..လုပ်
မျိုးပြုတ်ပေါ့ funny ရေ....

တစ်ခုတော့ သတိပေးချင်ပါတယ်.. Funny ၀င်တာ ကြာနေတဲ့စက်...
မိန်းကလေးပုံပေါ်ပြီးတဲ့ စက်တွေအတွက်တော့ Dll ဖိုင်တွေ ပျက်သွားပါပြီ... Dll
icon ပုံစံနဲ့ စက်ထဲမှာ exe ဖိုင်တွေ ပွားပါတယ်... C:\ အောက်မှာ ရှိသော
Folder တွေ အကုန်လုံးကို Hidden လုပ်ပစ်ပါတယ်..

ကဲ သိနေပြီဆိုတော့ Boot CD ရဲ့ အသုံးဝင်ပုံကို လက်တွေ အသုံးချကြတာပေါ့ဗျာ....

Desktop ပေါ်က Funny Folder အတွက်တော့

Desktop properties >>> Desktop >>> Customize >>>Clean Desktop Now
ကို နှိပ်.. Funny ကိုရွေး... ပြီးရင်...Unuse Desktop ဖိုဒါကို Del လုပ်လိုက်...

အဆင်ပြေနိုင်ကြပါစေ...

Funny အချိန်ကြာလာတာနဲ့အမျှ နေရာယူမှု ပိုမို များပြားလာပါတယ်....


Desktop, Mycompter ထဲက Funny (Folder)ကို Register Editor ထဲ က ဖျက်ချင်ရင်တော့

HKEY_CLASSES_ROOT\CLSID\{FD4DF9E0-E3DE-11CE-BFCF-ABCD1DE12345}

ကိုဖျက်လိုက်ပါ။
 
အားလုံးအဆင်ပြေကြပါစေ......... မြန်မာချစ်သူမိသားစု