This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Thursday, October 31, 2013

bitdefender total security 2014 full version free download for 32&64



နာမည်အကြီးဆုံး နံပါတ်(၁)လို့ပြောကြတဲ့ bitdefender total 

security 2014 လင့်လေးတွေ့လို့လိုအပ်သူများ အတွက် ပြန်ရှယ်ပေး 

လိုက်ပါတယ်ခင်ဗျာ....မိမိတို့နှစ်သက်သောဗားရှင်းကိုမိမိတို့အသုံးပြုမ

ယ့်ဝင်းဒိုးစနစ်နဲ့ ကိုက်ညီတာကို ရွေးချယ်ယူနိုင်ပါတယ်ခင်ဗျာ..full 

version ဖြစ်ဖို့ Trial Resetter လေးနဲ့ သုံးပေးရမှာဖြစ်ပါတယ် 

....သုံးနည်းကတော့ ကျတော်ဘာသာပြန်လိုက်ရင် ပိုရှုပ်သွားမှာစိုးလို့  

:p (အမှန်ကတလုံးမှ မသိတာ..ခ်ခ်ခ်) သူရေးထားတဲ့ အတိုင်းပဲ 

ကူးတင်လိုက်ပါတယ်....


အဆင်ပြေပါစေဗျာ.......အဆင်မပြေဘူးဆိုရင်တော့ စီဘောက်မှာ

 ပြောခဲ့ပါ ကျတော်ကိုယ်တိုင်စမ်းတင်ပြီးပုံများနဲ့တကွတင်ပေးပါမယ်.. 

အားလုံးအဆင်ပြေကြပါစေဗျာ....အောက်မှာဒေါင်းပါဗျာ

32 bit

bitdefender antiviraus Pro 2013

bitdefender internet security 2013

bitdefender total security 2013


64 bit

bitdefender antiviraus Pro 2013

bitdefender internet security 2013

bitdefender total security 2013


32 bit

bitdefender antiviraus Pro 2014

bitdefender internet security 2014

bitdefender total security 2014


64 bit

bitdefender antiviraus Pro 2014

bitdefender internet security 2014

bitdefender total security 2014 

      Credit :  http://www.fullcracked.com
                                 

Wednesday, October 30, 2013

IP Address သိရင် ဘယ်လိုဟက်လို့ရနိုင်သလဲ


IP Address သိရင် ဘယ်လိုဟက်လို့ရနိုင်သလဲ



ဒီဟာကတော့ ရိုးရှင်းတဲ့ အခြေခံ NETBIOS Post တစ်ခုဖြစ်ပြီး ဒီ post မှာတင်ထားတဲ့ အချက်အလက်တွေကို aCId_rAIn ကဖန်တီးခဲ့တာဖြစ်ပါတယ်။ ဒီ post ကနေပြီး သင့်ကို NETBIOS အကြောင်း ကို ဖော်ပြပေးမှာဖြစ်ပြီး ၄င်းက ဘာလဲ ၊ ၄င်းကို ဘယ်လိုအသုံးပြုနိုင်သလဲ ၊ ၄င်းနဲ့ ဘယ်လို hack နိုင်သလဲ ဒါ့အပြင် သင့်အတွက် နောင်တချိန်မှာ အသုံးဝင်လာနိုင်တဲ့ ရိုးရှင်းတဲ့ DOS comment များအကြောင်းပါဝင်ပါတယ်။ အခုဖော်ပြပေးမယ့် အချက်တွေဟာ hacking ကို စတင်လေ့လာသူများအတွက်သာ ဖြစ်ပါတယ်။


Hardware & Firmware

၁။ BIOS

BIOS ( short for Basic Input/Output Services) - ၄င်းဟာ PC မှာရှိတဲ့ control program ဖြစ်ပါတယ်။ ၄င်းဟာ သင့်computer ကို starting up ဖြစ်ဖို့အတွက် systemရဲ့ ထိန်းချုပ်မှုတွေကို သင့်ရဲ့ operation system ဆီသို့ ရွှေ့ပြောင်းပေးပါတယ်။ ဒါ့အပြင် disk access ကဲ့သို့သော အခြား low-level funciton များကို ထိန်းကျောင်းကိုင်တွယ်ပါတယ်။ တခုမှတ်ထားရမှာက BIOS ဆိုတာ software program တစ်ခုမဟုတ်ပါဘူး။ သင့် computer ကို turn off လုပ်လိုက်သည့်တိုင်အောင် memory ထဲကနေ ဖယ်ရှားလိုက်ခြင်းမရှိပါဘူး။ ၄င်းဟာ firmware ဖြစ်ပြီး အခြေခံအားဖြင့်တော့ chip တစ်ခုထဲမှာ ရှိနေတာဖြစ်ပါတယ်။
အဆင်ပြေတဲ့ feature လေးတစ်ခုကတော့ BIOS ထုတ်လုပ်သူအများစုထည့်သွင်းထားတဲ့ startup password ပဲဖြစ်ပါတယ်။ ၄င်းက သင် မှန်ကန်တဲ့ password နဲ့ မ၀င်မချင်း ၄င်းက system ထဲသို့ဝင်တဲ့ ၀င်လမ်းကို တားဆီးပေးထားပါတယ်။ သင့် local H/P/A/V site တွေမှာ ရရှိနိုင်တဲ့ တော်တော်များများ software တွေကို အခြေခံထားတဲ့ BIOS password extractorတွေကိုအသုံးပြုပြီး password တစ်ခုနဲ့ system ထဲကို ၀င်ရောက်နိုင်ပါတယ်။


၂။ NETBIOS/NBTSTAT - ၄င်းက ဘာတွေကိုလုပ်ဆောင်ပါသလဲ

NETBIOS ကို NBTSTAT လို့လည်း ခေါ်ပါတယ်။ ၄င်းဟာ Windows system ပေါ်မှာ run တဲ့ software တစ်ခုဖြစ်ပြီး remote network တစ်ခုကိုခွဲခြားသတ်မှတ်ခြင်း (သို့) computer ရဲ့ file sharing တွေ enable လုပ်ဖို့အတွက် အသုံးပြုပါတယ်။ systemတွေ အသုံးပြုနေတဲ့ ဒီနည်းလမ်းကို ကျနော်တို့ အသုံးချနိုင်ပါတယ်။ ၄င်းက နည်းလမ်းဟောင်းတစ်ခုဖြစ်ချင်ဖြစ်မယ် ဒါပေမယ့် home pc တွေမှာတော့ တစ်ခါတရံ ၄င်းဟာ ကောင်းကောင်း အလုပ်လုပ်နေဆဲပါ။ NBTSTAT ကို ဘယ်လိုရယူနိုင်သလဲဆိုရင် ၄င်းကို ရယူဖို့ နည်းလမ်းနှစ်ခုရှိပါတယ်။ ဒါပေမယ့် အဲဒီနှစ်ခုထဲက တစ်ခုက ပိုပြီးမြန်ဆန်ပါတယ်။
နည်းလမ်း ၁ ။ Programs>MSDOS PROMPT>Type NBTSTAT
နည်းလမ်း ၂ ။ Run>Type Command>Type NBTSTAT

အခုဆိုရင် သင်ဟာ NBTSTAT အောက်မှာရှိတဲ့ DOS command ထဲကို ရောက်ရှိသွားပါပြီ။ ဒီနေရာမှာ သင် command တွေကို သုံးချင် သုံးနိုင်ပါတယ်။ ခွင့်ပြုချက်ရဖို့အတွက် ကြိုးပမ်းနေတဲ့ သင့်အတွက် သင်သိဖို့လိုအပ်တာတွေကိုသာ ဖော်ပြပေးသွားပါမယ်။ သင့်ရဲ့ screen မှာ အောက်မှာဖော်ပြထားတဲ့ အတိုင်းဖြစ်သင့်ပါတယ်။
NBTSTAT [ [-a RemoteName] [-A IP address] [-c] [-n]
[-r] [-R] [-RR] [-s] [-S] [interval] ]
-a (adapter status) Lists the remote machine's name table given its name
-A (Adapter status) Lists the remote machine's name table given its IP address.
-c (cache) Lists NBT's cache of remote [machine] names and their IP addresses
-n (names) Lists local NetBIOS names.
-r (resolved) Lists names resolved by broadcast and via WINS
-R (Reload) Purges and reloads the remote cache name table
-S (Sessions) Lists sessions table with the destination IP addresses
-s (sessions) Lists sessions table converting destination IP addresses to computer NETBIOS names.
-RR (ReleaseRefresh) Sends Name Release packets to WINS and then, starts Refresh
RemoteName Remote host machine name.
IP address Dotted decimal representation of the IP address.
interval Redisplays selected statistics, pausing interval seconds between each display . Press Ctrl+C to stop redisplaying statistics.

C:\WINDOWS\DESKTOP>
command နှစ်ခုသာလျှင် အသုံးပြုနိုင်ပါလိမ့်မယ်။ ၄င်းတို့ကတော့ :
-a (adapter status) Lists the remote machine's name table given its name
-A (Adapter status) Lists the remote machine's name table given its IP address.

၃။ Host Names

အခု -a အဓိပ္ပာယ်ကတော့ သင် ၀င်ဖို့ကြိုးစားနေတဲ့ သူရဲ့ computer ရဲ့ HOST NAME ထဲမှာ ရိုက်ရပါလိမ့်မယ်။ ဒီဖြစ်ရပ်မှာ သင် ဘာidea မှာမရှိဘူးဆိုရင်တော့ အောက်မှာပြထားတာနဲ့ တူညီတဲ့ Host Name ဖြစ်သင့်ပါတယ်။

123-fgh-ppp.internet.com

ဒီ addressတွေမှာ များစွာသော မူကွဲတွေရှိပါတယ်။ ကွဲပြားခြားနားတဲ့ address အသီးသီးအတွက် အဲဒီcomputer ဆီသို့ ISP assigned အသစ်တခု ရှိတယ်ဆိုတာ သင်နားလည်ထားရပါမယ်။ အောက်မှာ ကွဲပြားချက်တွေကို ဖော်ပြထားပါတယ်။

abc-123.internet.com
ghj-789.newnet.com
သင်မြင်ခဲ့ရသလိုပဲ မတူညီတဲ့ host nameတွေ ရှိကြပြီး နောက်ဆုံးစာလုံးတွဲတွေကို ခွဲခြားသတ်မှတ်ခြင်း အားဖြင့် ဒီ computer နှစ်လုံးဟာ မတူညီတဲ့ ISP တွေပေါ်မှာရှိတယ်ဆိုတာကို သင်ပြောနိုင်ပါလိမ့်မယ်။

အခုအောက်မှာဖော်ပြပေးထားတာကတော့ တူညီတဲ့ ISP ပေါ်မှာ ရှိတဲ့ host name နှစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ကွဲပြားတဲ့ server မှာ တည်ရှိပါတယ်။
123-fgh-ppp.internet.com
567-cde-ppp.internet.com

၎။ IP Addresses

သင် IP address ( Internet Protocol ) ကို လိုချင်တယ်ဆိုရင်တော့ ဖော်ပြခဲ့တဲ့ host name တွေကို သင် ခွဲခြားနိုင်ရပါမယ်။ IP addressများကို အမျိုးမျိုးခြားနားတဲ့ နံပါတ်တွေနဲ့ စီစဉ်ထားပါတယ်။ IP address ဟာ အောက်မှဖော်ပြထားတဲ့အတိုင်းဖြစ်ပါတယ်... 201.123.101.123

အများအားဖြင့် computer တစ်လုံးဟာ cable connection တစ်ခုပေါ်မှာ runနေတာလား ဆိုတာကို IP address ကို ကြည့်ခြင်းအားဖြင့်သိနိုင်ပါတယ်။ ဒီ မြန်ဆန်လှတဲ့ connection တွေဟာ အများအားဖြင့် ပထမဆုံး ကိန်းဂဏန်း နှစ်လုံးဟာ နိမ့်ကြပါတယ်။ cable connection တစ်ခုရဲ့ IP ကတော့ အောက်ပါပုံစံအတိုင်းဖြစ်ပါတယ်... 24.18.18.10

dialup connectionတွေကတော့ အောက်ပါအတိုင်း ကိန်းဂဏန်း မြင့်မားကြပါတယ်... 208.148.225.225

208 ဟာ cable connection ဖြစ်တဲ့ 24 ထက်မြင့်မားတယ်ဆိုတာ ဂရုပြုမိဖို့ လိုက်ပါတယ်။
နောက်တစ်ခုမှတ်ထားရမှာက IP address တွေအားလုံးဟာ ဒီပုံစံအတိုင်း မဖြစ်နိုင်ဘူးဆိုတာပါပဲ။
အချို့ ကုမ္ပဏီတွေက hacker တွေကို ထင်ယောင်ထင်မှားဖြစ်စေဖို့ cable connection ကို dialup ပုံစံမျိုး IP address တွေလုပ်ထားတတ်ကြပါတယ်။ ဒီအတွက် hacker တွေက T3 (သို့) OC-18 ကဲ့သို့ ထင်သွားစေပါတယ်။ ဒါကတော့ သင် nbstat command အသုံးပြုမှာဖြစ်တဲ့ IP address အပေါ်မှာ သင့်ကို အတွေးအခေါ်တခု ပေးတာဖြစ်ပါတယ်။


၅။ DC (Direct Connection) ကိုဖြတ်ကျော်၍ IP ရယူခြင်း

ပထမဆုံးအနေနဲ့ သင်ဟာ hack ချင်သူရဲ့ IP (သို့) host name ကို ရှာဖွေဖို့လိုအပ်လာမှဖြစ်ပါတယ်။ ဒါကြောင့် အခုဖော်ပြမယ့် နည်းတွေထဲက တစ်ခုခုကတော့ သင့်အတွက် အဆင်ပြေပါလိမ့်မယ်။ အကယ်၍ သင့်မှာ mIRC ရှိရင် whois (nick)...where (nick) တစ်စုံတစ်ယောက်ရဲ့ nickname (လက်သဲကွင်းများ မပါပဲ) ရိုက်ခြင်းအားဖြင့် ၄င်းကို ရယူနိုင်ပါတယ်။ သင်ဟာ host name ကိုဖြစ်စေ IP address ကိုဖြစ်စေ ရရှိမှာဖြစ်ပြီး ၄င်းကို copy ကူးထားပါ။ အကယ်၍ သင် ၄င်းတို့ကို မရရှိဘူးဆိုရင်ဖြစ်စေ၊ mIRC ကို အသုံးမပြုရင်ပဲ ဖြစ်စေ သင်ဟာ သင်hackချင်သူတွေရဲ့ computer တွေနဲ့ direct connection ရဖို့ကြိုးစားရပါတယ် (သို့) sniffer တစ်ခုကို အသုံးပြုပြီး ၄င်းတို့ရဲ့ IP (သို့) host name တွေကို ပုံပေါ်လာအောင် ပြုလုပ်ချင် ပြုလုပ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ sniffer မသုံးပဲလုပ်တာအကောင်းဆုံးဖြစ်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ ယနေ့အချိန်မှာ snifferတွေက အလုပ်မလုပ်တော့လို့ပါ။ ဒါကြောင့် သင်ဟာ သူတို့တွေရဲ့ computer တွေဆီကို direct connection တစ်ခု ထူထောင်ဖို့လိုအပ်လာပါပြီ။ ဟုတ်ပါပြီ...... direct connection ဆိုတာဘာလဲ ? သင် သူတို့ဆီကို file တစ်ခု ပေးပို့နေခြင်းဟာ direct connection ယူပြီးသွားတာပါပဲ။
AOL Instant Messager ဟာ Direct Connection ကို ခွင့်ပြုပါတယ် အကယ်၍ user က accept ပေးမယ်ဆိုရင်ပေါ့။
ICQ ကလည်း file တစ်ခုကို ပို့တဲ့အခါ (သို့) chat request ကိုလက်ခံနေတဲ့အချိန်မှာ direct connection ကိုခွင့်ပြုပါတယ်။
ဘယ်အချိန်မဆို သင် file တစ်ခုကို ပေးပို့နေတဲ့အချိန်တိုင်းမှာ directly connected ဖြစ်ပါတယ်။ ( သင်hackချင်တဲ့သူက proxy server ကိုမသုံးမပြုဘူးလို့ ယူဆရင် ဖြစ်ပါတယ်။)
Yahoo မှာ voice နဲ့ chatting လုပ်တဲ့အခါ direct connection ကိုထူထောင်နိုင်ပါတယ်။
အကယ်၍ သင့်ဆီမှာ အဲဒီ programတွေ တစ်ခုမှ မရှိဘူးဆိုရင်တော့ တစ်ခုခုကို ရယူလိုက်ပါ။ ဒါမှမဟုတ်ဘူး sniffer တစ်ခုကိုသုံးပါ။ (သို့) အောက်မှဖော်ပြထားတာတွေကို ဆက်လက်ဖတ်ရှုပါ။
အကယ်၍ သင်က သူတို့ဆီကို သင့် site ( သင့်ရဲ့ site ဟာ site traffic statistics ကို enables လုပ်ထားရပါမယ်၊ နောက်ပြီး သင် log in လုပ်နိုင်ရပါမယ်။) ဆီသို့ရောက်နိုင်တဲ့link ကို တနည်းနည်းနဲ့ပေးနိုင်မယ်ဆိုရင် အဲဒီ link တစ်ခုကိုပေးပို့လိုက်ပါ။ ပြီးရင် stat ကိုစစ်ဆေးပြီး နောက်ဆုံး ရောက်လာသူရဲ့ IP ကိုရယူပါ။ ဒီနည်းဟာ ရိုးရှင်းပြီး လွယ်ကူတဲ့ နည်းလမ်းတစ်ခုပါ။ ဒီနည်းလမ်းဟာ အရမ်းပါးနပ်ပါတယ်ဆိုတဲ့ hackerတွေကိုတောင် အရူးလုပ်နိုင်တဲ့ နည်းလမ်းတစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ ဒီနည်းလမ်းဟာ ၄င်းတို့ကို အကာအကွယ်မဲ့စွာ ရယူနိုင်တဲ့ နည်းလမ်းတစ်ခုဖြစ်နေလို့ပါ။ ဘာပဲဖြစ်ဖြစ် သင်ဟာ ဒီနည်းလမ်းတွေထဲက တစ်ခုခုနဲ့ direct connection တစ်ကြိမ်ရယူနိုင်ခဲ့ပြီးဆိုရင်တော့ DOS ထဲကိုသွားဖို့အချိန်တန်ပါပြီ။ အဲဒီထဲမှာ NETSTAT -n လို့ ရိုက်လိုက်ပါ။ NETSTAT ဆိုတာကတော့ program တစ်ခုဖြစ်တဲ့ NET STATISTICS ရဲ့ နာမည်အတိုကောက်ဖြစ်ပါတယ်။ ၄င်းက သင့်ဆီကို လာရောက် ချိတ်ဆက်တဲ့ computerများ အားလုံးကိုပြသပါလိမ့်မယ်။( အကယ်၍ သင်ကို Sub Seven: 27374 ကဲ့သို့သော သင်သိနေတဲ့ port တစ်ခုပေါ်မှာ trojan horse တစ်ခုနဲ့ hack ခံနေရတယ်လို့ သင် ထင်နေရင်လည်းပဲ ဒီဟာက သင့်ကို အကူအညီပေးပါလိမ့်အုံးမယ်။) သင့်ရဲ့ screen မှာ အောက်မှာဖော်ပြထားတဲ့အတိုင်း သင့် computer ကို ချိတ်ဆက်နေတဲ့ connectionတွေကို သင်တွေ့ရပါလိမ့်မယ်။
C:\WINDOWS\DESKTOP>netstat -n
Active Connections
Proto Local Address Foreign Address State
TCP 172.255.255.82:1027 205.188.68.46:13784 ESTABLISHED
TCP 172.255.255.82:1036 205.188.44.3:5190 ESTABLISHED
TCP 172.255.255.82:1621 24.131.30.75:66 CLOSE_WAIT
TCP 172.255.255.82:1413 205.188.8.7:26778 ESTABLISHED
TCP 172.255.255.82:1483 64.4.13.209:1863 ESTABLISHED
C:\WINDOWS\DESKTOP>

ပထမစာကြောင်းကတော့ computer နှစ်လုံးအသုံးပြုနေကြတဲ့ Protocol (language) ကို ညွှန်ပြတာဖြစ်ပါတယ်။
TCP(Transfer Control Protocol) ကတော့ ဒီထဲမှာအသုံးပြုနေတာဖြစ်ပြီး အများဆုံးကျယ်ကျယ်ပြန့်ပြန့်အသုံးနေတာဖြစ်ပါတယ်။
Local Address ကတော့ သင့်ရဲ့ IP address ကိုပြပါတယ် (သို့) သင်အသုံးပြုနေတဲ့ system ရဲ့ IP address ဖြစ်ပါတယ်။
Foreign Address ကတော့ သင့်ကို လာရောက်ချိတ်ဆက်ခဲ့တဲ့ computer တွေရဲ့ address ကိုပြပါတယ်။
State ကတော့ သင်ဟာ ဘယ် connection အမျိုးအစားကိုပြုလုပ်နေတယ်ဆိုတာကိုပြောတာဖြစ်ပါတယ်။ ESTABLISHED ရဲ့ အဓိပ္ပာယ်ကတော့ သင် program ပေါ်မှာရှိနေသမျှကာလပတ်လုံး(သို့) computer က ခွင့်ပြုနေသမျှ ကာလပတ်လုံး (သို့) ၄င်းကို အခြား computer တစ်ခုက လိုအပ်နေသမျှ သင်နဲ့ connect ဖြစ်နေလိမ့်မယ် ဆိုတဲ့အဓိပ္ပာယ်ပါ။ CLOSE_WAIT ဆိုတာကတော့ ဒီအချိန်မှာ connection ကို ပိတ်ထားပြီး ၄င်းကို လိုအပ်သည့်တိုင်အောင် စောင့်ဆိုင်းနေတယ် (သို့) သင် နောက်ထပ် connection ကိုပြန်စသည့်တိုင်အောင် စောင့်ဆိုင်းနေတယ် ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အပေါ်မှာပြခဲ့တဲ့ အထဲမှာ မပါတဲ့ TIME_WAIT ဖြစ်ပါတယ်။ ၄င်းရဲ့ အဓိပ္ပာယ်ကတော့ အချိန်ကို ဆုံးဖြတ်နေတာဖြစ်ပါတယ်။ အများအားဖြင့် AOL ပေါ်မှာ ကြော်ငြာတွေ run နေတဲ့ အချိန်မှာ ၄င်းဟာ TIME_WAIT state ကိုအသုံးပြုနေပါတယ်။
အောက်ပါ အချက်တွေကို ကြည့်ခြင်းအားဖြင့် သင့် computer သို့ တစ်စုံတစ်ယောက် တိုက်ရိုက် ဆက်သွယ်နေတယ်ဆိုတာကို သိနိုင်ပါတယ်...
C:\WINDOWS\DESKTOP>netstat -n
Active Connections
Proto Local Address Foreign Address State
TCP 172.255.255.82:1027 205.188.68.46:13784 ESTABLISHED
TCP 172.255.255.82:1036 205.188.44.3:5190 ESTABLISHED
TCP 172.255.255.82:1621 24.131.30.75:66 CLOSE_WAIT
TCP 172.255.255.82:1413 abc-123-ppp.webnet.com ESTABLISHED
TCP 172.255.255.82:1483 64.4.13.209:1863 ESTABLISHED
C:\WINDOWS\DESKTOP>
ဖော်ပြထားတဲ့အထဲက လေးကြောင်းမြောက်မှာ IP address တွေအစား host name တစ်ခုပါဝင်နေတယ် ဆိုတာကို သတိပြုမိပါလိမ့်မယ်။ ဒီလိုတွေက အမြဲလိုလိုပဲ ဖြစ်တတ်ပါတယ်။ အခြားcomputer က သင့်ကို connect လုပ်ပါပြီး။ ဒါကြောင့် သင့်မှာ အခု host name တစ်ခုရရှိခဲ့ပါပြီ...
abc-123-ppp.webnet.com

host name ပဲဖြစ်ဖြစ် IP address ပဲဖြစ်ဖြစ် ပြဿနာမရှိပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ အလုပ်လုပ်ပုံက အတိအကျကို တထပ်တည်း တူညီနေလို့ပါ။ ဥပမာအနေနဲ့ ကျနော်က abc-123-ppp.webnet.com ဆိုတဲ့ host name ကိုသုံးပါမယ်။ သင်က သင်connect လုပ်ချင်တဲ့ remote system ရဲ့ IP (နဲ့ /သို့ )host name တစ်ခုကို သင်ရပြီဆိုပါတော့...... hack ဖို့အချိန်ရောက်ပါပြီ!
သင့်ရဲ့ DOS command ကို ဖွင့်လိုက်ပါ။ ပြီးရင် NBTSTAT လို့ရိုက်ပြီး NBTSTAT ကိုဖွင့်ပါ။
-a (adapter status) Lists the remote machine's name table given its name
-A (Adapter status) Lists the remote machine's name table given its IP address.
ဒါကိုတော့ သတိရကြအုံးမယ်ထင်ပါတယ်။ အခု ဒီဟာကို အသုံးချဖို့ အချိန်ရောက်ပါပြီ။
-a က host name ဖြစ်ပါလိမ့်မယ်။
-A က IP address ဖြစ်ပါလိမ့်မယ်။
ဒါကို ဘယ်လို သိခဲ့တာလည်း ဆိုတော့ -a -A commandတွေနောက်မှာ ရေးထားတဲ့ ဖော်ပြချက်တွေကို ဖတ်လိုက်လို့ပါ။ command တိုင်းမှာလည်း ဖော်ပြပေးထားပါတယ်။


၆။ ၄င်းတို့ကို ကောင်းစွာအသုံးချခြင်း

အကယ်၍သင့်မှာ host name ပဲရှိတယ်ဆိုရင် အောက်ပါအတိုင်း ရိုက်ပါ။
NBTSTAT -a (ဒီနေရာ host name ကို လက်သဲဂွင်းများမပါပဲ ရိုက်ထည့်ပါ။)
သင့်မှာ IP address ပဲရှိတယ်ဆိုရင်တော့ အောက်ပါအတိုင်း ရိုက်ပါ။
NBTSTAT -A (ဒီနေရာ IP address ကို လက်သဲဂွင်းများမပါပဲ ရိုက်ထည့်ပါ။)
ပြီးရင် Enter ခေါက်ပြီး ခဏစောင့်ပါ။ အောက်မှာ ဖော်ပြထားတဲ့ နှစ်ခုထဲက တစ်ခု ပေါ်လာပါလိမ့်မယ်...
၁။ Host not found
၂။ အောက်မှာတွေ့ရတဲ့ အတိုင်း...
--------------------------------------------
NetBIOS Local Name Table
Name Type Status
---------------------------------------------
GMVPS01 <00> UNIQUE Registered
WORKGROUP <00> GROUP Registered
GMVPS01 <03> UNIQUE Registered
GMVPS01 <20> UNIQUE Registered
WORKGROUP <1e> GROUP Registered

အကယ်၍ computer က "Host not found" ဆိုပြီး တုန့်ပြန်ခဲ့တယ်ဆိုရင်တော့ ဒီဖြစ်ရပ်နှစ်ခုထဲက တစ်ခု ဖြစ်နိုင်ပါတယ်...
၁။ သင် ရိုက်လိုက်တဲ့ host name လွဲချော်သွားတာ၊
၂။ ဒီ host ကို hack လို့မရနိုင်တာပဲ ဖြစ်ပါတယ်။
နံပါတ်တစ် ဖြစ်ရပ်ဆိုရင်တော့ သင် ကံကောင်းထဲမှာပါ ပါတယ်။ နံပါတ်နှစ်ဖြစ်ရပ်ဆိုရင်တော့ ဒီ system ဟာ NBTSTAT ကို အသုံးပြုပြီး hack လို့မရနိုင်ပါဘူး... ဒါကြောင့် အခြားsystemတစ်ခုနဲ့ ကြိုးစားရပါလိမ့်မယ်။
အကယ်၍ အထက်မှာဖော်ပြခဲ့သလိုမျိုး table တစ်ခုကို ရရှိခဲ့မယ်ဆိုရင်တော့ ၄င်း ကို သေချာစွာ ဂရုတစိုက်ကြည့်ပါ။ ပြီးတော့ ကျနော်ဖော်ပြထားတဲ့ အချက်တွေနဲ့ ၄င်းတို့ရဲ့ ရည်ရွယ်ချက်တွေကို ဆက်လက်ဖတ်ရှုပါ။
Name - computer မှာပါဝင်တဲ့ အပိုင်းတွေရဲ့ share name အနေအထား
<00>,<03>,<20>,<1e> - အဲဒီ share name ပေါ်မှာ services available ဖြစ်နေတဲ့ Hexidecimal codeတွေ ဖြစ်ပါတယ်။
Type - ၄င်းတို့ကတော့ self-explanatory ဖြစ်ပါတယ်။ ၄င်းတို့ဟာ turn on သော်လည်းကောင်း (သို့) သင့်ကြောင့် active ဖြစ်ခဲ့တာသော်လည်းကောင်း (သို့) အမြဲတမ်း on နေတာတွေ ဖြစ်ပါတယ်။
Status - share name များ အလုပ်လုပ်နေပြီး activate ဖြစ်နေကြတဲ့ ရိုးရှင်းတဲ့အခြေအနေ ဖြစ်ပါတယ်။
ဖော်ပြပေးခဲ့တဲ့ table ကိုကြည့်ပြီး အောက်ပါလင့်ကို ရှာဖွေပါ...
GMVPS01 <20> UNIQUE Registered
တွေ့ပြီလား ...?
OK... အခုအရေးကြီးတဲ့ အပိုင်းကို ရောက်ပါပြီ ... သေချာဖတ်ရှုပါ...။ <20> ရဲ့ Hexidecimal code ရဲ့ အဓိပ္ပာယ်ကတော့ hex number တွေနဲ့ ရှိနေတဲ့ line ပေါ်မှာဖြစ်တဲ့ share name မှာ file sharing ဟာ enable ဖြစ်နေပြီ ဆိုတဲ့ အဓိပ္ပာယ်ပါ။ ဆိုလိုတာကတော့ GMVPS01 မှာ file sharing ဟာ enable ဖြစ်နေတယ် လို့ဆိုလိုပါတယ်။ ကဲ...အခုသင် ဒီဟာကို hack ချင်နေပြီလား ... ဒါဆိုရင်တော့ ဒီမှာ ဘယ်လို လုပ်ရမယ်ဆိုတာကို ကြည့်ပါ။ ( ဒီအပိုင်းက အနည်းငယ်ခက်ခဲ့ပါတယ်။)


၇။ LMHOST File

Windows system တွေအားလုံးမှာ LMHOST.sam ဆိုတဲ့ file တစ်ခုရှိပါတယ်။ ကျနော်တို့က ရိုးရိုးရှင်းရှင်းပဲ ဒီ LMHOST file ထဲကို IP address ပေါင်းထည့်ပေးဖို့လိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ LMHOST ဟာ အခြေခံအားဖြင့် network တစ်ခုကဲ့ သို့ ပြုမှုပြီး သင်ကို ၄င်း ဆီသို့ အလိုအလျှောက် logging လုပ်ပါတယ်။ ဒါကြောင့် Start,Find, Files (သို့) Folders သို့သွားပါ။ LMHOST ထဲမှာ ရိုက်ပြီး Enter ခေါက်ပါ။ ၄င်းဟာ wordpad ကဲ့သို့သော text program တစ်ခုကို အသုံးပြုပြီး ပွင့်လာပါလိမ့်မယ်။ ဒါပေမယ့် ထိုဟာတွေပေါ်မှာရှိတဲ့ "always open files with this extension" ဆီသို့ checkmark မထားခဲ့ဖို့တော့ သင်သေချာသတိထားရပါမယ်။ ရှင်းရှင်းလေးပါပဲ အောက်မှာမြင်တွေ့နေရတဲ့ အပိုင်းတွေရောက်တဲ့ အထိ LMHOST file ကိုဖြတ်ကျော်သွားရမှာဖြစ်ပါတယ်...
# This file is compatible with Microsoft LAN Manager 2.x TCP/IP lmhosts
# files and offers the following extensions:
#
# #PRE
# #DOM:
# #INCLUDE
# #BEGIN_ALTERNATE
# #END_ALTERNATE
# \0xnn (non-printing character support)
#
# Following any entry in the file with the characters "#PRE" will cause
# the entry to be preloaded into the name cache. By default, entries are
# not preloaded, but are parsed only after dynamic name resolution fails.
#
# Following an entry with the "#DOM:" tag will associate the
# entry with the domain specified by . This affects how the
# browser and logon services behave in TCP/IP environments. To preload
# the host name associated with #DOM entry, it is necessary to also add a
# #PRE to the line. The is always preloaded although it will not
# be shown when the name cache is viewed.
#
# Specifying "#INCLUDE " will force the RFC NetBIOS (NBT)
# software to seek the specified and parse it as if it were
# local. is generally a UNC-based name, allowing a

# centralized lmhosts file to be maintained on a server.
# It is ALWAYS necessary to provide a mapping for the IP address of the
# server prior to the #INCLUDE. This mapping must use the #PRE directive.
# In addtion the share "public" in the example below must be in the
# LanManServer list of "NullSessionShares" in order for client machines to
# be able to read the lmhosts file successfully. This key is under
# \machine\system\currentcontrolset\services\lanmans erver\parameters\nullsessionshares
# in the registry. Simply add "public" to the list found there.
#
# The #BEGIN_ and #END_ALTERNATE keywords allow multiple #INCLUDE
# statements to be grouped together. Any single successful include
# will cause the group to succeed.
#
# Finally, non-printing characters can be embedded in mappings by
# first surrounding the NetBIOS name in quotations, then using the
# \0xnn notation to specify a hex value for a non-printing character.
သင်လိုချင်တဲ့ လမ်းကြောင်းအတိုင်း သင့်ရဲ့ connection ကို set လုပ်နိုင်ဖို့အတွက် ဒီအပေါ်မှာ ဖော်ပြထားတာတွေကို နားလည်သည့် တိုင်အောင် ဖတ်ပါ။အောက်မှာ IP address ကို ဘယ်လို ပေါင်းထည့်နိုင်တယ်ဆိုတာကို ဥပမာ ပြထားပါတယ်...
#PRE #DOM:255.102.255.102 #INCLUDE
Pre ဟာ သင် net သို့ log on ဖြစ်တာနဲ့ connection ကို preload လုပ်ပါလိမ့်မယ်။DOM ကတော့ သင် connection ယူနေတဲ့ domain (သို့) host ရဲ့ IP address ဖြစ်ပါတယ်။INCLUDE ကတော့ သင့်ကို file လမ်းကြောင်းတွေဆီသို့ အလိုအလျှောက် set လုပ်ပါလိမ့်မယ်။ ဒီဖြစ်ရပ်မှာတော့ သင် net သို့ log on ဖြစ်တာနဲ့ တပြိုင်နက် သင်ဟာ C:/drive ပေါ်မှ 225.102.255.102 သို့ access ရရှိပါလိမ့်မယ်။ ဒီနေရာပြဿနာရှိနေတာလေး တစ်ခုက သင် connect လုပ်နေစဉ်အတွင်းမှာ NETSTAT command နဲ့ပြုနေရမှာဖြစ်ပြီး သင့်စက်ရဲ့ IP ကိုလည်း ယူပါတယ်။ ၄င်းဟာ ရိုးရှင်းတဲ့ PC တွေမှာပဲ အလုပ်လုပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ယနေ့ခေတ်မှာ လူတော်တော်များများဟာ computer illiterate တွေကို မသိတော့ပါဘူး ဒါကြောင့် ဒီ command တွေက ဘာတွေလုပ်နိုင်တယ်ဆိုတာကို သဘောမပေါက်နိုင်တော့ပါဘူး။ သူတို့ဟာ NETSTAT နဲ့ပတ်သတ်ပြီးတော့လည်း သဘောမပေါက်ကြတော့ပါဘူး ။ ဒါကြောင့် သင်က သူတို့ရဲ့ အားနည်ချက်တွေကို ကောင်းကောင်း အသုံးချ အသာစီးရယူရမှာဖြစ်ပါတယ်။ PC system အများစုဟာ ယခုဆိုရင် ဒီနည်းလမ်းနဲ့ hack ဖို့ခက်ခဲလာပါပြီ... ဘာကြောင့်လဲဆိုတော့ ၄င်းတို့ဟာ ပိုပြီးလုံခြုံစိတ်ချလာရပါပြီ။ ဒါ့အပြင် ၄င်းတို့ကို အခြားsystem တစ်ခု access ရယူဖို့ ကြိုးစားနေတဲ့အခါ တွေမှာ ဖော်ပြပေးနိုင်ကြပါတယ်။ သင်ဟာ ဘယ်နည်းနဲ့မဆို သူက firewall တစ်ခု run နေသလား၊ သူတို့ computer ဆီသို့ရောက်ရှိလာတဲ့ connection တွေကို block လုပ်မှာလား ဆိုတာကို တနည်းနည်းနဲ့ သိထားဖို့လိုပါတယ်။ home system အများစုကတော့ firewall ကို run နေခြင်းမရှိပါဘူး။ ဒါဟာသင့်အတွက် အခွင့်အရေးပါပဲ...သူတို့တွေဟာ firewall ကို ဘယ်လို လည်ပတ်စေရမယ်ဆိုတာကို မသိကြပါဘူး။ ဒါကြောင့် system ထဲမှာ hole ရှိနေပါတယ်။ သင့်ကိုအထောက်အကူပြုစေမယ့် အချို့ programming languageတွေကို ပြဖို့အတွက် computer က information တွေကို ဘယ်လို ဖတ်သလဲဆိုတာကို သိရှိထားခြင်းဟာလဲ ကောင်းတဲ့ အတွေးအမြင်တစ်ခုဖြစ်ပြီး TCP/IP(Transfer Control Protocol/Internet Protocol) ပေါ်မှာ အချို့အရာများကိုလည်း လေ့လာထားရမှာဖြစ်ပါတယ်။ အကယ်၍ သင်က သူတို့ဟာ firewall တစ်ခုကို run နေသလား ဆိုတာကို ရှာဖြေဖို့အတွက်ကတော့ ရိုးရိုးရှင်းရှင်းအနေနဲ့ Proxy တစ်ခုပေါ်မှာ ကျော်ဝင်ခြင်း နဲ့ သူတို့ IP ပေါ်မှာ port scan ဖတ်ခြင်းတို့ဖြင့် သိနိုင်ပါတယ်။ သင်တစ်ခုမှတ်ထားရမှာကတော့ သူတို့ဆီမှာ firewall တစ်ခု run နေတယ်ဆိုရင် portအများစုဟာ close ဖြစ်နေပါလိမ့်မယ်။ Microsoft ကို hack ခြင်းထက် home system တစ်ခုကို hack ခြင်းမှာ ပိုကောင်းတွေ အခွင့်အရေးတွေ သင့်မှာရှိနေပါသေးတယ်။


၈။ Access ရယူခြင်း

ဒီတစ်ကြိမ် သင့်LMHOST file ထဲကို ဒီဟာတွေ ပေါင်းထည့်ရမယ်။ ဒါတွေပြီးရင်တော့ သင် အခြေခံအားဖြင့်တော့ ပြီးဆုံးပြီလို့ပြောလို့ရပါတယ်။ သင် လိုအပ်တာတွေအားလုံးကို လုပ်ဖို့အတွက် Start>Find>Computer ကိုသွားပါတယ်။
သင်ရရှိလာတဲ့အထဲကို IP address (သို့) system ရဲ့ host name ကို ရိုးရိုးလေးပဲရိုက်ထည့်လိုက်ပါ။ ၄င်း ဖွင့်လာတဲ့အခါမှာ double click ပေးလိုက်ပါ။ အဲဒီထဲမှာ သင့်အတွက် GUI တစ်ခုရှိပါတယ်၊ ဒါကြောင့် သင် DOS တွေကို ထက်သုံးဖို့ စရာမလိုတော့ပါဘူး။ သုံးချင်တယ်ဆိုရင်လည်း DOS တွေကို အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဒီလမ်းကြောင်းဟာ ရိုးရှင်းပြီး လွယ်ကူတဲ့ ပါတယ်။ သင် system ကိုဖွင့်ပြီးသွားပြီဆိုရင်တော့ သင့်စိတ်ကြိုက် edit , delete, rename လုပ်နိုင်ပါပြီး ကြိုက်တဲ့ file ကို ကြိုက်သလို လုပ်လို့ရပါပြီ။ C:/ ထဲမှာရှိတဲ့ command file ကို delete လုပ်ဖို့လည်း လိုပါတယ်... ဘာကြောင့်လဲဆိုတော့ အကယ်၍ သူတို့ က သူတို့ computer ထဲမှာ တစ်စုံတစ်ယောက်ရှိနေတယ်လို့ ထင်ရင် ၄င်းကို အသုံးပြုချင် အသုံးပြုနိုင်နေတဲ့ အတွက်ပါ။ ဒါမှမဟုတ် ၄င်း command file ကိုသွားတဲ့ shortcut ကို delete လိုက်ပါ။
ပြီးရင်တော့ ဒီနေရာ programming ရဲ့ သုံးဝင်မှုအပိုင်းတွေ ရောက်လာပါပြီ။ NBTSTAT နည်းလမ်းကို အချိန်တိုင်းသုံးနေမယ့်အစား သင့်ရဲ့ ကိုယ်ပိုင်port number ပေါ်မှ သင့်ရဲ့ ကိုယ်ပိုင် trojan ကိုအသုံးပြုခြင်းနဲ့ ၄င်းကို system ထဲသို့ upload ပြုလုပ်ခြင်း လုပ်နိုင်ပါတယ်။ အဲလိုဆိုရင်တော့ သင် ပိုပြီးတော့ လွယ်ကူတဲ့ access ရှိပါလိမ့်မယ် ပြီးတော့ သင့်အတွက် ပိုကောင်းတဲ့ GUI တစ်ခုလည်း ရှိသွားပါလိမ့်မယ် ပြီးရင် အခြား ပိုကောင်းတဲ့ feature တွေလည်း ရှိနေပါလိမ့်မယ်။ သင် hack မယ်သူတွေဟာ မြန်ဆန်တဲ့ connection တစ်ခုပေါ်မှာ ရှိမနေဘူးဆိုရင် system သို့ connection တစ်ခုထက်ပိုပြီး connect လုပ်တာကို ခွင့်ပြုမှမဟုတ်ပါဘူး။အကယ်၍ သင်က သူတို့ computer ထဲမှာရှိတဲ့ အရာတစ်ခုခုကို download လုပ်နေခဲ့မယ်ဆိုရင် သူတို့ connection တွေတဖြေးဖြေးနှေးလာပါလိမ့်မယ်။ ဒီအတွက် သူတို့က သူတို့ရဲ့ NETSTAT ကို စစ်ဆေးကြည့်ခြင်း အားဖြင့် သူတို့ကို ဘယ်သူတွေ connect လုပ်နေတာဆိုတာကို ကြည့်လို့ရပါတယ်။ အဲဒီထဲမှာ သင့်ရဲ့ IP ကိုလည်း ပြနေမှာဖြစ်တဲ့အတွက် သူတို့ မသင်္ကာဖြစ်သွားနိုင်ပါတယ်။ဒါကြောင့် အဲလိုဖြစ်ခဲ့မယ်ဆိုရင် ထွက်လိုက်ပါပြီးရင် network (သို့) တစ်ခုခုကို scan ဖတ်ပါပြီးရင် port 21 (သို့) portတစ်ခုခုနဲ့ computer တစ်လုံးကို ရှာပြီး ဖွင့်လိုက်ပါ။

copy from Myanmar & India Cyber Army
(Educational Purposes Only)
ပဲခူး သား(MITG)


               http://mitgfacebook.blogspot.sg/2013/10/ip-address.htmlမှကူးယူဖော်ပြပါသည်။

Monday, October 28, 2013

ကွန်ပြူတာထဲက RAM ကို ကူညီပေးမယ့် ReadyBoost အကြောင်း


ကျွန်တော်တို့ရဲ့ ကွန်ပြူတာမှာ Hardware ပေါင်းများစွာနဲ့ အလိုက်သင့် ချိတ်ဆက်လည်ပတ်နေတယ်ဆိုတာ အားလုံးလည်း သိပြီးသားပါ ..
ဒါပေမယ့် ကျွန်တော်တို့တွေ သုံးနေတဲ့ ကွန်ပြူတာတွေမှာ ကျွန်တော်တို့လိုချင်သလောက် Hardware တွေကို တိုးမြှင့်သုံးစွဲနိုင်ဖို့ဆိုတာ အမြဲတမ်းမဖြစ်နိုင်ပါဘူး ..
ဥပမာ .. RAM ကို1GB သာ Support လုပ်ပေးနိုင်တဲ့ mother board ပေါ်မှာ စက်ကို ပိုပြီးမြန်စေချင်တဲ့ စိတ်နဲ့ RAM ကို 1GB နှစ်ချောင်း .. ဒါမှမဟုတ် 2GB တစ်ချောင်း အဲဒီလို ပိုပြီး ပမာဏမြင့်တဲ့ Hardware တစ်ခုခုကို တိုးမြှင့်အသုံးပြုလို့ လုံးဝ အဆင်ပြေမှာမဟုတ်ပါဘူး
အဲဒီတော့ ကျွန်တော်တို့မှာ RAM အသုံးချမှု မြင့်မားတဲ့ ပရိုဂရမ်တွေကို အသုံးပြုတဲ့အခါမှာ ကိုယ့်စက်ထဲက RAM ပမာဏဟာ ကန့်သတ်ပမာဏ နည်းနေမယ်ဆိုရင် အသုံးပြုနေရင်နဲ့ Forced stop ဖြစ်တာမျိုးတွေ Hang သွားတာမျိုးတွေ .. အဲဒီလို ပြဿနာမျိုးတွေနဲ့ ကြုံရမှာဖြစ်ပါတယ် ..

ဒါမျိုး ဘာကြောင့်ဖြစ်တာလည်းဆိုတော့ ကျွန်တော်တို့အသုံးပြုနေတဲ့ ပရိုဂရမ်တစ်ခုရဲ့ သက်ဆိုင်ရာဒေတာတွေကို ပထဦးဆုံး RAM ( Random Access Memory ) ပေါ်မှာ အရင်ဆုံး ကူးယူမှတ်သားထားပြီးမှ သူဆီမှာမှတ်သားထားတဲ့ ဒေတာတွေကို အလွယ်တကူ ယူသုံးလိုက်တာဖြစ်ပါတယ် .. အဲဒီလို မှတ်သားထားတဲ့ ဒေတာတွေကို Cache Memory လို့လည်း ခေါ်ပါတယ် .. Cache Memory အဖြစ်နဲ့ သာမှတ်ပေးမယ့် ကြားခံ Hardware မရှိဘူးဆိုရင် ကျွန်တော်တို့ရဲ့ ကွန်ပြူတာတွေဟာ ကီးတစ်ခုကိုနှိပ်ပြီးတာနဲ့ အဲဒီကီးရဲ့ Output ကို ရဖို့ အနည်းဆုံး 0.07 စက္ကန့်လောက် စောင့်ပေးနေရမှာဖြစ်ပါတယ် .. သိပ်များပြားတဲ့ အချိန်ပမာဏ မဟုတ်ဘူးလို့ ထင်ရပေမယ့် Digital စနစ်အရတော့ ကမ္ဘာကို တစ်ဝက်ကျော်ကျော်လောက် ပတ်ပစ်လို့ရနိုင်တဲ့ အချိန်ပမာဏပဲ ဖြစ်ပါတယ် ..
ကဲ .. အဲဒါဆိုရင် စက်ကထောက်ပံ့ပေးနိုင်တဲ့ RAM ပမာဏကလည်း နည်းတယ် ကိုယ်ကလည်း RAM အသုံးချမှု မြင့်မားတဲ့ ပရိုဂရမ်မျိုးကိုလည်း မဖြစ်မနေ အသုံးပြုရတော့မယ် .. ဒါမှမဟုတ် .. RAM ထောက်ပံ့နိုင်မှုတော့ ရှိပါရဲ့ ဒါပေမယ့် ကိုယ့်အတွက် RAM ထပ်စိုက်လို့ရတဲ့ အခြေအနေမျိုးမရှိဘူး (ဥပမာ- ဆိုင်မှာသုံးနေရတာမျိုး .. RAM ရှာရခက်တဲ့နေရာဒေသမျိုး ) အဲဒီလို အခြေအနေမျိုးနဲ့ ကြုံရပြီးဆိုင်ရင် ကျွန်တော်တို့ရဲ့ ကွန်ပြူတာတွေကို ပစ်လိုက်ရတော့မှာလား
အဲဒီလောက် စိမ်းကားစရာမလိုပါဘူး .. ဘာကြောင့်လဲဆိုတော့ ၀င်းဒိုးစနစ်ထဲမှာပါတဲ့ RAM ကို ထောက်ကူအားပေးမယ့် နည်းပညာလေးတစ်ခုရှိပါတယ် ..
အဲဒါကဘာလဲဆိုတော့ ReadyBoost နည်းပညာပါ ..
ReadyBoost ဆိုတာကတော့ ခဏတဖြုတ် မှတ်သားဖို့လိုအပ်တဲ့ ဒေတာတွေကို RAM ပေါ်မှာ မှတ်သားမယ့်အစား USB ပေါ်မှာလွှဲပြောင်းမှတ်သားခြင်းအားဖြင့် RAM ရဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို တို့မြှင့်လာအောင် ကူညီပေးမယ့် နည်းစနစ်ပဲ ဖြစ်ပါတယ် ..
ဒါပေမယ့် ဒီနည်းစနစ်ရဲ့ အကျိုးသက်ရောက်မှုဟာ RAM = 1GB နဲ့အထက်ရှိတဲ့ ကွန်ပြူတာတွေအတွက် ထင်ထင်ရှားရှား သိနိုင်မှာမဟုတ်ပေမယ့် RAM = 1GB အောက်ပဲရှိတဲ့ ကွန်ပြူတာတွေမှာ တော့ သိသိသာကြီးကို ကွန်ပြူတာရဲ့ Performance တွေ တိုးတက်လာတာကို တွေ့မြင်ရမှာ ဖြစ်ပါတယ် ..
ဘာကြောင့်လဲဆိုတော့ RAM ပမာဏ 1GB လောက်ရှိပြီဆိုရင်ပဲ တော်တော်တန်တန် များပြားတဲ့ Cache Memory တွေကို မှတ်သားနိုင်လို့ တခြားနေရာမှာ ကူညီမှတ်သားစရာ သိပ်မလိုတော့တာပါ ..
ဒါပေမယ့် RAM = 1GB အောက် ( အထူးသဖြင့် 512MB ) လောက်ပဲ ရှိတဲ့ ကွန်ပြူတာတွေမှာတော့ RAM ထဲမှာ မဆံ့တော့တဲ့ Cache Memory တွေကို ReadyBoost လုပ်ထားတဲ့ USB (memory stick, flash drive ) ထဲမှာ ပြောင်းလဲသိမ်းဆည်းပြီး အသုံးပြုနိုင်တာကြောင့် သိသာတဲ့ Performance တိုးတက်လာမှုတွေကို မြင်ရတာဖြစ်ပါတယ် ..
ဒါပေမယ့် ကျွန်တော်ကတော့ ကျွန်တော့်ရဲ့ ကွန်ပြူတာမှာ RAM = 8GB စိုက်ထားတာတောင် ReadyBoost လေးလုပ်ပြီး အသုံးပြုပါတယ် .. ဘကြောင့်လဲဆိုတော့ RAM ရဲ့ တန်ဘိုးက USB တစ်ချောင်းရဲ့ တန်ဘိုးထက် ပိုမြင့်တယ်လို့ တွေးမိတဲ့အပြင် .. တတ်နိုင်သလောက် ကိုယ့်စက်ရဲ့ ကျန်းမာရေးကို အထောက်အကူပြုမယ့် နည်းတွေကို အသုံးပြုတဲ့သဘောပဲ ဖြစ်ပါတယ် ..
ကဲ .. နည်းနည်းလည်း ရှည်သွားပြီ .. ReadyBoost လုပ်နည်းလေး ပြောပြပါမယ် ..
ပထဆုံး 2GB နဲ့ အထက်ရှိတဲ့ Memory Stick လေးတစ်ချောင်းတော့ လိုပါတယ် .. ဒီနေရာမှာ တစ်ခုပြောချင်တာက တစ်ချို့သော Flash Drive တွေဟာ ReadyBoost လုပ်လို့ရလောက်တဲ့ Speed မျိုး မရှိတာတွေဖြစ်တတ်ပါတယ် .. ဒါကြောင့် နံမည်ရှိပြီးသား Brand မျိုးကိုသာ ၀ယ်ယူသင့်ပါတယ် ..
ကဲ .. USB လေးရလာပြီပေါ့ .. မားသားဘုဒ်မှာ အဲဒီ USB လေးကို ထိုးလိုက်ပါ ..
ပြီးရင် my computer ကိုဖွင့်ပါ .. အဲဒီထဲက ကိုယ်ထိုးလိုက်တဲ့ USB ပေါ်မှာ Right Click နှိပ်ပြီး ကျလာတဲ့ထဲက Properties ကိုနှိပ်ပေးလိုက်ပါ ..



အဲဒီအခါ ပွင့်လာတဲ့ Box ထဲက ReadyBoost ကိုနှိပ်ပြီး ပေါ်လာတဲ့ထဲက Use this device မှာ အမှတ်တပ်ပေးလိုက်ပါ ... အဲဒီထဲက အပေါ်ဆုံးမှာရှိတဲ့ Do not use ... ဆိုတာကတော့ ReadyBoost လုပ်ထားတဲ့ USB ကို ReadyBoost အဖြစ်အသုံးမပြုချင်တော့ရင် သူ့ကိုနှိပ်ပေးပြီး Apply နှိပ် Ok နှိပ်ပြီး မှ Format ချလို့ရမှာဖြစ်ပါတယ် .. ( ဒီအတိုင်းဆိုရင် ReadyBoost လုပ်ထားတဲ့ USB ကို Format ချလို့ လုံးဝမရပါဘူး ) ဒုတိယစာကြောင့်ဖြစ်တဲ့ Dedicate this device .... ဆိုတာကတော့ ကိုယ့်ရဲ့ USB ဟာ ReadyBoost လုပ်လို့ ရမရ စမ်းပေးမယ့်နေရာပါ .. အောက်ဆုံးက Use this device ကတော့ ReadyBoost လုပ်မယ့်အခါ မဖြစ်မနေသုံးရမယ့် နေရာပါ .. 4094 MB ဆိုတဲ့ နေရာကတော့ USB ပေါ်မှာ ReadyBoost အဖြစ် အများဆုံးအသုံးပြုနိုင်တဲ့ ပမာဏကို ဖော်ပြထားတာဖြစ်ပါတယ် .. ကျွန်တော်က 4G ပမာဏရှိတဲ့ USB ကိုသုံးပြထားလို့ အဲဒီလောက် ပမာဏပြနေတာပါ .. အဲဒီပမာဏကို ကိုယ်လိုသလို လျှော့ပေးလို့လည်း ရပါသေးတယ် .. ( တိုးလို့တော့ မရပါဘူး)


အဲဒီထဲက အောက်ဆုံးမှာရှိတဲ့ Use this device ကိုအမှတ်တပ်ပြီး Apply ကိုနှိပ်လိုက်ရင် အဲဒီ USB ကို ReadyBoost လုပ်လို့ရမရ configure လုပ်နေတာကို ခဏလောက်စောင့်ပေးပြီး Error Box တက်မလာဘူးဆိုရင် Ok ကိုနှိပ်ပေးလိုက်ရုံပါပဲ ..
နောက်ဆုံး ReadyBoost လုပ်လိုပြီးသွားပြီဆိုတာနဲ့ USB လေးဟာ Cache Memory တွေနဲ့ ပြည့်လုနီးပါး ဖြစ်သွားတာကိုတွေ့ရမှာဖြစ်ပါတယ်


ကောင်းတာကတော့ ReadyBoost အဖြစ်သုံးတဲ့ USB ကို Mother Board ဖက် ( အနောက်ဖက် )က USB ပေါက်မှာထိုးထားပြီး အမြဲတမ်း တပ်ဆင်အသုံးပြုသင့်ပါတယ် .. RAM အသုံးပြုမှုမြင့်တဲ့ ပရိုဂရမ်တွေကို သုံးတော့မယ်ဆိုမှ ReadyBoost USB ကိုတပ်လိုက်ရင်လည်း ဖြစ်ပါတယ် ..
ကဲ .. အားလုံးအဆင်ပြေကြပါစေဗျာ

နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်

အိုင်တီမုဆိုး

http://itmotesoeway.blogspot.com/2013/01/ram-readboost.htmlမှကူးယူဖော်ပြပါသည်။

BT 5 သုံးပီး Facebook / Gmail password ကြိုက်ရာ Hack ( Using BACK TRACK 5 R3 )

WARNING :     :  ကိုယ့်တာဝန် ကိုယ်ယူနော်၊ တားနဲ့ ဆိုင်ဘူး။ တားက အမြည်းလေးပဲ ပြမှာ။
 
အခုကျွန်တော် ပြောပြမယ့် Tutorial လေးကတော့ Fake webpage လုပ်ပီး Facebook / Gmail account တွေရဲ့ ပတ်စ်ဝေါ့ကို ဟက်နည်းလေးပါ။ ကြိုပြောပါရစေ မိမိစိတ်ကူးကောင်းရင်ကောင်းသလို ထပ်ကွန့် ပီး Perfect ဖြစ်အောင်လုပ်လို့ ရပါတယ်။ တစ်ခုပြောချင်တာက ဘယ်အကောင့်ကိုမှ ဆော့ဝဲလေး ထည့်ပီး၊ click တစ်ချက်နှိပ်ရုံနဲ့  Password တွေ Auto ထွက်မလာပါဘူး။ အဲ့လို အကောင့် ပတ်စဝေါ့ အော်တို ဟက်ပေးတယ်ဆိုတဲ့ ဆော့ဝဲတွေအားလုံးကလဲ အလိမ်အညာ၊ ဗိုင်းရပ်စ် တွေကြီးပါပဲ။ ကျွန်တော်လုံးဝအားမပေးပါဘူး။ Hacking အသိုင်းဝိုင်းမှာ ဘယ်အရာမှ အလွယ်တကူမရဘူးဆိုတာကို အသေမှတ်ထားစေချင်တယ်။ လေ့လာပါ၊ သင်ယူပါ၊ မသိရင်မသိတာကို မေးမြန်းဖို့ မရှက်ပါနဲ့ ။တတ်ယောင်ကား မလုပ်ပါနဲ့ ။ အရာရာကို ဒီနည်းနဲ့ မရရင်၊ နောက်တနည်းနဲ့ ရအောင်ကြိုးစားပါ။ အမြဲတိုက်ခိုက်နေပါ။ ကာကွယ်နေပါ။ ကြိုပြောထားပါရစေ၊ ကျွန်တော် H4ckIng နဲ့ ပတ်သတ်ပီး အခုမှ ချာတိတ်လေးပါ။ လိုအပ်တာတွေပြင်ရအောင်............. တစ်............ အဆင်သင့်ပြင်။ သင့်ကွန်ပျူတာမှာ လိုအပ်တာတွေ အရင်ရှိဖို့ လိုပါတယ်။ ဘာတွေလိုလဲဆိုတော့ 1: Back Track 5 r3 (r3 ကနောက်ဆုံးထွက် version ပါ) မရှိသေးရင်ဒေါင်းဖို့ လိပ်စာက အောက်မှာပါ။ ဒေါင်းနည်းကလွယ်ပါ တယ်။ သင့်ကွန်ပျူတာ ရဲ့ အချက်အလက်တွေ ထည့်ပေးလိုက်ရင် သူက ကိုက်ညီတဲ့ Version ကိုချပေးပါလိမ့်မယ်။
2: VMware player
    VMware player ဘာလို့ လိုလဲဆိုတော့ Backtrack 5 ကို Run ဖို့ ပါ။ BT5 ကို CD နဲ့  Run နေရရင် အလုပ်ရှုပ်တာပေါ့။ window ကိုသုံးနေရင်းနဲ့  BT5 ကိုလဲသုံးလို့ ရတာပေါ့။ Back Track 5 ကို VMware ထဲထည့်ဖို့ တော့မိမိ ဖာသာ လေ့လာကြည့်ပါ။ စာရှည်မှာစိုးလို့  မပြောတော့ပါဘူး။ သိချင်ရင်တော့ ကျွန်တော် နောက်မှ တင်ပေးပါ့မယ်။ အကြမ်းဖျင်းပြော ရရင်တော့ VMware ကို ဒေါင်း၊ စက်ထဲမှာ အင်စတောလုပ်ပီးရင် BT 5 ကို vmware မှာ run ပါ။ 
VMware ဒေါင်းရမယ့် လိပ်စာကတော့ =====>   VMWARE DOWNLOAD LINK
3: Wireless card တစ်ခု
    BT 5 ဆော့ဝဲသုံးတော့မယ်ဆိုရင် ဒီကောင်လေးက မရှိမဖြစ်ကို ၀ယ်ထားရမှာပါ။ တစ်ခုမေးစရာရှိပါတယ် လက်တော့မှာ ၀ိုင်ယာလက် အဒက်ပတာပါပီးသားလေ၊ လိုသေးလို့ လားလို့ ။ လိုပါတယ်၊ သေချာပေါက်ကိုလိုပါတယ်။ BT 5 သုံးရင်းနဲ့ ဘာလို့ လိုလဲကိုယ့်ဖာသာ နားလည်လာပါလိမ့်မယ်။ ကျွန်တော့်တုန်းကဆိုရင် BT 5 ကိုစက်ထဲမှာ လက်တင်သုံးလို့ ရတဲ့ အနေအထား ရောက်အောင် ၂ လလောက်အချိန်ယူခဲ့ရပါတယ်။ ဒါတောင်ဘယ်လိုသုံးရမလဲ ဆိုတဲ့အဆင့်မပါသေးဘူးနော်။ ကျွန်တော့မှာ မေးစရာလူမရှိ၊ ပြောပြမယ့်လူမရှိနဲ့  လိမ်ဖယ်လိမ်ဖယ် နဲ့ တော်တော် ဒုက္ခ ရောက်ခဲ့တာပေါ့။ ထားပါ။ ထပ်ပြောချင်တာကတော့ အမြဲမပြတ် လေ့လာနေပါ။ ကျွန်တော်တို့ တွေအများကြီး နောက်ကျနေပါသေးတယ်။

ဒါပါပဲ.... လိုတာတွေအားလုံး ရပီဆိုရင်တော့ လုပ်ငန်းစလိုက်ရအောင်
Step 1 : BT 5 command box ကိုဖွင့် ပထမဆုံး command  စရိုက်ရအောင်။ ပုံကိုကြည့်ပါ။
 cd /pentest/exploits/set ( Enter )
./set ( Enter ) ပီးသွားရင်အောက်ကပုံ
1 (enter)
2 (enter)
3 (enter)
1 (enter)
နောက်ထပ် command box တစ်ခုထပ်ဖွင့်ပီး အောက်ကပုံအတိုင်း လုပ်ပေးပါ။ ကိုယ့်သားကောင်ကို ကိုယ်သွားစေချင်တဲ့ လိပ်စာပေါ့။(ဒီနေရာမှာတော့ကျွန်တော် IP address လေးပဲသုံးထားပါတယ်)။ ကျွန်တော်ပြောပါတယ်၊ ဒီထက် Perfect ဖြစ်အောင်လုပ်လို့ ။ ဥပမာ host website တစ်ခုလုပ်၊ သူ့  URL ကိုသုံး။ ဒါကိုတော့ပြောတော့ဘူး။ သိပ်လွယ်နေရင် ပျင်းသွားမှာစိုးလို့ ။ website ကို သင့် လက်တော့က Notepad နဲ့ တောင်လုပ်လို့ ရပါတယ်။ လေ့လာကြည့်ပေါ့။ :D LOL
ifconfig (enter) နံပါတ် ၄ နေရာက IP address တွေကိုကူး


 ဒီမှာ ထည့်။ OK? ပီးရင်တော့ enter ပေါ့
 ကိုယ် ဖန်တီးချင်တဲ့ Fake ကိုရွေး။ ကျွန်တော် ဖေ့ဘွတ်ကို ရွေးလိုက်ပါတယ်။ 4 (enter) ပေါ့။ gmail လဲရပါတယ်။(နောက်ဟက်နည်းတစ် မျိုးဖြစ်တဲ့ password တိုက်စစ်တဲ့နည်းကိုတော့ နောက်မှထပ်ပြောပြပါ့မယ်။)

ဒီအဆင့်ရောက်ရင် သင့်ရဲ့ တော်ကီလိုပါပီ။ ဖေ့ဘွတ် Chat box မှာ ကိုယ့်သားကောင်စိတ်ဝင်စားစေမယ့် အကြောင်းအရာကို ပြော(ဥပမာ။ သားရီး မင်း ဆီဒိုးနား အမှန်အကန် ကြည့်ချင်လား။ ကြည့်ချင်ရင် ငါလိပ်စာပေးမယ် ဆိုပီး သင်ခုန က COPY လုပ်ထားတဲ့ IP address ကိုပေးလိုက်ပေါ့။) ။ ၀ိုင်းပြထားတဲ့နေရာမှာတွေ့ လား။ ဖေ့ဘွတ် log in page ၀င်နေပေမယ့် လိပ်စာနေရာမှာ သင်ပေးထားတဲ့ IP address ပေါ်နေတာလေ။ အဲ့ဒါ ပွိုင့်ပဲပေါ့။ စိတ်ကူးကောင်းဖို့ လိုတယ်ဆိုတာ ဒီနေရာမှာ အက္ခရာ ကျပီလေ။ IP address နေရာမှာ URL လေးဆိုရင်ဘယ်လောက်မိုက်မလဲ။ ထားပါတော့ ဒါကသင့် ကြိုးစားမှုပေါ်မူတည် တယ်နော့်။
ကဲ...... သင့်သားကောင် သင်ပေးတဲ့ လိပ်စာကို ၀င်လာပီဆိုရင်တော့ ကွိပီပေါ့။ အမဲရောင်ဝိုင်းထားတာက သားကောင်ရဲ့  email ၊
အမဲရောင် ခြစ်ထားတာက သားကောင်ရဲ့  Password: အောင်မြင်စွာပြီးဆုံးသွား ပါပီ။

ပြောစရာကျန်ပါသေးတယ် ... ကျွန်တော်က Black Hat ကိုအားမပေးပါဘူး။ သူတို့ ဘယ်လို Hack ကြသလဲဆိုတာ သိအောင်ပြတာပါ။ သူတို့ နည်းလမ်းတွေကိုသိထားတော့ ဘယ်လို ကာကွယ်ရမလဲ ဆိုတာသိတာပေါ့။ 
 ကျွန်တော်တို့ မြန်မာတွေ အများကြီး နောက်ကျနေပါသေးတယ်။ ကြိုးစားလိုက်ကြရအောင်ဗျာ။

CREDIT BY : Ye' Myint Thein 

Thursday, October 24, 2013

ဖြူးသားလေးရဲ့ ပရိတ်၊ပဌာန်းပါဠိတော် APK ဖိုင်များ


1374315_254784931312821_591867932_n
ကိုဖြူးသားလေးရဲ့ပိုဒ်ကိုပြန်တင်တာပါ …
ကျွန်တော် Dropbox မှာတင်ထားတဲ့ ဖိုင်တွေက Error နေလို့  တစ်ခြား Upload တင်တဲ့ ဆိုဒ်မှာ Upload ပြန်တင်ပြီး ပြန်လည် ဝေမျှလိုက်ပါတယ်။
၁။ မေတ္တာပို့  နှင့် ပရိတ်ကြီး(၁၁) သုတ် For Android
ဒီပလေယာ ထဲမှာ အရပ်ဆယ်မျက်နှာ မေတ္တာပို့  နှင့် ပရိတ်ကြီး(၁၁)သုတ် ကို ထည့်သွင်းထားပါတယ်။
ဖိုင်ဆိုဒ်ကတော့ ၂၀.၄၅ မီဂါဘိုက်ရှိပါတယ်။
အသုံးပြုလိုလျှင် အောက်ကလင့်ကို ကလစ်ပြီး ဒေါင်းယူနိုင်ပါတယ်။
ஜ۩۞۩ஜ ஜ۩۞۩ஜ ஜ۩۞۩ஜ ஜ۩۞۩ஜ ஜ۩۞۩ஜ ஜ۩۞۩ஜ
၂။ ကြာနီကန်ဆရာတော် ဘုရားကြီး ၏ ပဌာန်းပါဠိတော်၊ ဓါရဏပရိတ်တော် For Android
ဖိုင်ဆိုဒ်က တော့ 57.65 MB ရှိပါတယ်။
အောက်ပါလင့်ကို ကလစ်ပြီး ဒေါင်းယူနိုင်ပါတယ်။
ஜ۩۞۩ஜ ஜ۩۞۩ஜ ஜ۩۞۩ஜ ஜ۩۞۩ஜ ஜ۩۞۩ஜ ஜ۩۞۩ஜ
၃။ ပရိတ်ကြီး (၁၁) သုတ် တရားတော် For Android
မင်းကွန်းဆရာတော် ဘုရားကြီး ဟောကြားတော်မူခဲ့သော ပရိတ်ကြီး (၁၁) သုတ် တရားတော် ကို ကျွန်တော် အန်းဒရိုက်ဖုန်းအတွက် ပလေယာလေး အဖြစ် ဖန်တီးထားတာပါ။
ဖိုင်ဆိုဒ်ကတော့ ၁၀.၅၂ မီဂါဘိုက် ရှိပါတယ်။
အောက်ပါလင့်ကို ကလစ်ပြီး ဒေါင်းနိုင်ပါတယ်။
အဆင်ပြေကြပါစေ။
ஜ۩۞۩ஜကျော်ဇင်ဟိန်းး ஜ۩۞۩ஜ
CREDIT TO Kyaw Zin Hein 

http://www.myanmarmobilesoftwaredeveloper.com/?p=8914မှကူးယူဖော်ပြပါသည်။

မြန်မာသီချင်းများကို အင်တာနက်ပေါ်၌ ပထမဦးဆုံးရောင်းချ


 
မြန်မာသီချင်းများကို ပြည်တွင်း ပြည်ပမှ အခပေး၍ ဝယ်ယူနားဆင်နိုင်မည့် myanmarmusicstore.com ကို ပထမဦးဆုံးအနေဖြင့် စတင်လုပ်ဆောင်နိုင်ခဲ့ကြောင
်း Legacy Music Network မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာကိုကိုလွင်က ပြောသည်။

ပြည်တွင်းအနေဖြင့် တေးသီချင်းများဝယ်ယူရာတွင် မိုဘိုင်းဖုန်းဘီလ်ဖြင့် ဝယ်ယူခြင်း၊ Myan Pay စနစ်ဖြင့်ဝယ်ယူခြင်း၊ Y Pay စနစ်ဖြင့် ဝယ်ယူခြင်း၊ SMS စနစ်ဖြင့်ဝယ်ယူခြင်း၊ ၁၈၈၉၉ သို့ဆက်သွယ် ဝယ်ယူခြင်းတို့ ပြုလုပ်နိုင်ပြီး ပြည်ပနိုင်ငံများမှ ဝယ်ယူလိုပါက Paypal စနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။ 
 
ထို့အပြင်တေးသီချင်း သီးသန့်ဝယ်ယူနိုင်မည့် ငွေဖြည့်ကတ်များကိုလည်း LEGACY Music Network မှ ရောင်းချသွားမည်ဖြစ်သည်။ တေးသီချင်းထုတ်လုပ်ရေးလုပ်င
န်းများအပါအဝင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ထားခြင်း
ဖြစ်ပြီး ဝက်ဘ်ဆိုက်ကို အောက်တိုဘာ ၂၇ ရက်နေ့၌ စတင်မိတ်ဆက်သွားမည်ဖြစ်သည်။ “မိတ်ဆက်တဲ့အခါမှာ လေးဖြူရဲ့သီချင်းအသစ်တစ်ပုဒ်ကို အွန်လိုင်းသီးသန့်အနေနဲ့ ရောင်းချပေးမယ်။ ဒီသီချင်းက အပြင်မှာထွက်လာမယ့် သီချင်း မဟုတ်ဘူး။ တစ်လတစ်ခါလောက်တော့ နာမည်ကြီးအဆိုတော်တွေရဲ့ သီချင်းအသစ်တစ်ပုဒ်လောက်ကို အွန်လိုင်းတင်ပြီး ရောင်းချပေးသွားမယ်” ဟု ဒေါက်တာကိုကိုလွင်က ပြောသည်။

တေးသီချင်းများ ရောင်းချရာ၌ ၂၀၁၃ ခုနှစ် အသစ်ထွက် တေးစီးရီး တစ်ခွေလျှင် ၁၈၀၀ ကျပ်နှုန်း သတ်မှတ်ထားညပီး တစ်ပုဒ်ခြင်းဝယ်ယူလိုပါက ၃၀၀ ကျပ် သတ်မှတ်ထားသည်။ တေးစီးရီးအဟောင်းများဆိုပါကတစ်ခွေလျှင် ၁၅၀၀ ကျပ် သတ်မှတ်ထားပြီး တစ်ပုဒ်လျှင် ၂၅၀ ကျပ် သတ်မှတ်ထားသည်။ ထို့ပြင် ပြည်ပနိုင်ငံများမှ ဝယ်ယူလိုပါက တေးစီးရီးအသစ်တစ်ခွေလျှင် ၂.၉၉ ဒေါ်လာ ၊ တစ်ပုဒ်လျှင် ၁.၄၉ ဒေါ်လာ သတ်မှတ်ထားပြီး တေးစီးရီးအဟောင်းများဆိုပါက တစ်ခွေလျှင် ၂.၄၉ဒေါ်လာ၊ တစ်ပုဒ်လျှင် ၀.၃၉ ဒေါ်လာ သတ်မှတ်ထားသည်။

“အွန်လိုင်းမှာ သီချင်းတွေကို free share လုပ်နေတာတွေရှိတယ်။ အခုချိန်မှာ ကိုယ်တွေက တည်ဆောက်ရေးပိုင်းလုပ်နေရတော့ တိုက်ဖျက်ပိုင်းကို မလုပ်နိုင်သေးဘူး။ တစ်ခုတော့ စမ်းထားတာရှိတယ်။ 
 
Mediafire ရဲ့ Hosting ကို ဒီအချက်တွေက ငါတို့ဆီမှာ တရားဝင်ရောင်းတာပါ။ ဒီတော့ မင်းတို့အနေနဲ့ ဒီအချက်အလက်တွေကို ဖယ်ရှားပေးပါလို့ စာပို့လိုက်တယ်။ သူတို့ဆီကလည်း ဖယ်ရှားပေးတယ်။ နောက်ပိုင်း free share တွေကိုလည်း ဒီနည်းအတိုင်း လုပ်သွားဖို့ကလွယ်ပါတယ်” ဟု ဒေါက်တာကိုကိုလွင်က ပြောသည်။

တေးသီချင်းများကို မဝယ်ယူခင်၌ တစ်မိနစ်အခမဲ့ နားဆင်နိုင်ပြီး ကြိုက်နှစ်သက်သည့်အခါ ငွေပေးချေ၍ ဝယ်ယူရမည်ဖြစ်သည်။ တစ်ကြိမ်ဝယ်ယူပြီးသည့် တေးသီချင်းကို ထပ်မံရယူလိုပါက ငွေကြေးပေးချေရန် မလိုအပ်ကြောင်း ဒေါက်တာကိုကိုလွင်က ပြောသည်။ “ဝက်ဘ်ဆိုက်မှာ ပထမဦးဆုံးအကောင့်တစ်ခုလုပ်ရမယ်။ အကောင့်လုပ်တဲ့အခါ နိုင်ငံနေရာမှာ မြန်မာလို့ ရွေးချယ်ခဲ့ရင် ငွေပေးချေတဲ့စနစ်တွေက ကျပ်ငွေတွေပြလိမ့်မယ်။ တခြားနိုင်ငံတစ်ခုခုကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ ဈေးနှုန်းတွေက ဒေါ်လာနဲ့ပြမယ်။ ထူးခြားတာက မြန်မာအနေနဲ့ဆိုရင် သီချင်းအကုန်လုံးကိုမြင်ရတယ
်။
 ပြည်ပကဆိုရင်တော့ ကော်ပီသီချင်းတွေကို မြင်ရတော့မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မူပိုင်ခွင့်တွေနဲ့ ငြိမှာစိုးလို့ပါ” ဟု ၎င်းက ပြောသည်။

ဝက်ဘ်ဆိုက်စမ်းသပ် လွှင့်တင်သည့် ၂ ရက်တာကာလ အတွင်း ပြည်တွင်း ပြည်ပမှ တေးသီချင်းဝယ်ယူမှု ရာဂဏန်းနှင့်ချီ၍ ရှိခဲ့ကြောင်း တရားဝင်အနေဖြင့် ပထမဦးဆုံးရောင်းချမှုသည် မျှော်မှန်းထားသည်ထက် ပိုမိုအောင်မြင်ခဲ့ကြောင်း သိရသည်။ “ဒီမှာက ကော်ပီတွေများတယ်ပဲ ပြောနေတာ။ နယ်တွေလိုနေရာမျိုးတွေမှာ မူရင်းဝယ်ဖို့ဆိုတာလည်း ဆိုင်မရှိဘူး။ ဖုန်းရှိရုံ၊ အင်တာနက်ရှိရုံနဲ့ တရားဝင်ဈေးနှုန်း သက်သက်သာသာနဲ့ ဝယ်လို့ရမယ်ဆိုရင် လူတွေက အသုံးပြုကြလိမ့်မယ်ထင်တယ်” ဟု ဒေါက်တာကိုကိုလွင်ကဆိုသည်။

မြင့်ကျော်လှိုင်

Ref : internetjournal 

http://www.winkabarkyaw.net/2013/10/blog-post_24.htmlမှကူးယူဖော်ပြပါသည်။

ကမ္ဘာ့ အင်တာနက်လိုင်း အမြန်ဆုံး ရရှိသော ၁၀ နိုင်ငံ



ကမ္ဘာ့ အင်တာနက်လိုင်း အမြန်ဆုံး ရရှိတဲ့ ၁၀ နိုင်ငံ စာရင်းကို Statista မှ ယခုလို ထုတ်ပြန်ပေးလိုက်ပါတယ်။ အများစု မထင်မှတ်ထားတာ ကတော့ အမေရိကန်ဟာ အဆင့် ၈ မှာ ရှိနေခြင်းပါ။

နံပါတ် ၁ နေရာမှာ တောင်ကိုရီးယားက တည်ရှိနေပါတယ်။ သူပြီးရင်တော့ ဂျပန်၊ ဆွစ်ဇာလန် နဲ့ လပ်တီဗာတို့က တည်ရှိနေပါတယ်။ ပြီးရင် နယ်သာလန်၊ ချက်သမ္မတ နိုင်ငံ၊ ဘယ်လ်ဂျီယံ၊ အမေရိကန်၊ ဖင်လန် နဲ့ ဗြိတိန်တို့ အစဉ်လိုက် တည်ရှိနေပါတယ်။ ဘားမှာ ပြထားတဲ့ ရာခိုင်နှုန်းက အခြားမဟုတ်ပါဘူး။ လူဦးရေ ရာခိုင်နှုန်းဖြစ်ပြီး ဥပမာ တောင်ကိုရီးယား မှာဆိုရင် လူဦးရေရဲ့  ၄၅ ရာခိုင်နှုန်းက 10Mbps အထပ်က Speed ကိုရရှိနေတယ်လို့ ညွန်းဆိုခြင်း ဖြစ်ပါတယ်။ ဗြိတိန်မှာဆိုရင်တော့ လူဦးရေရဲ့  ၂၃ ရာခိုင်နှုန်းသာ ရရှိ ပါတယ်။

အင်တနက်လိုင်း မြန်ဆန်မှုနဲ့ လူဦးရေ အရေအတွက် များများအား ပေး စွမ်းနိုင်မှုက တိုင်းပြည်ရဲ့  နည်းပညာနှင့် ဆက်စပ် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိက ကျပါတယ်။
.
Ref: mashable
Aung Kham (TSJ Team)
http://www.winkabarkyaw.net/2013/10/blog-post_5300.htmlမှကူးယူဖော်ပြပါသည်။

HOW TO REFRESH & RESET YOUR WINDOWS 8


image

smm: အစ်ကိုရေ ကျွန်တော့ Window 8 ရဲ့ Start Page မှာ Desktop ဆိုတဲ့ Tile မပေါ်တောု့လို့ ပါ။ ကူညီပါဦး ခင်ဗျား.ပြီးတော့ ဘေးက Setting မှာလဲ Change PC Setting ကိုလဲ Click လုပ်တာ ဘာမှ ပေါ်မလာတော့လို့ ပါခင်ဗျာ။

C-Box မှာမေးနေတာ ၂ ကြိမ် ၃ ကြိမ်ဖြစ်နေလို့ ကိုသူရ ရေးထားတာလေးကိုပဲ အလွယ် မျှဝေပေးလိုက်ပါတယ်..။ 
Window 8 မှာ အဲ့ဒီလို အဆင်မပြေတော့ဘူးဆိုရင် Restore ပြန်လုပ်ကြည့်ပါ.. System Restore ပြုလုပ်ပုံ အဆင့်ဆင့်ကို ပုံလေးတွေနဲ့တကွ ရှင်းပြထားတာကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်...။

Refresh Your PC

Windows 8 မှာ အရင် windows တွေ မှာ မပါတဲ့ features တွေ အများကြီးပါရှိလာပါတယ်။

အဲဒီ ထဲက refresh and reset ဆို တဲ့ feature နှစ်ခု အကြောင်းမျှဝေချင်ပါတယ်။

အရင် windows တွေမှာ windows ကောင်းကောင်းအလုပ်မလုပ်တော့ရင် windows အခွေ ဒါမှမဟုတ် တစ်ခြား installation media တစ်ခုခုကို အသုံးပြုပြီး windows ပြန်တင် ဒါမှမဟုတ် windows ကို repair ပြန်လုပ်ရပါတယ်။

Windows 8 ရဲ့  refresh and reset ဆိုတဲ့ feature ကအလားတူအလုပ်မျိုး လုပ်ပေးနိုင်ပြီး windows 8 ကို repair or reinstall လုပ်ပေးနိုင်ပါတယ်။

Refresh Your PC

Refresh လုပ်တာဟာ repair လုပ်တာနဲ့ တူပါတယ်။

Windows 8 ကို refresh လုပ်ရင် personalized setting , files စတာတွေကို မဖျက်ဘဲ မပြောင်းလဲ ဘဲ နဂို အတိုင်း ရှိနေမှာပါ။

PC setting ကို တော့ default အနေအထားကို ပြန်ပြုပြင်ပါလိမ့်မယ်။နောက်ပြီး Microsoft Windows Store ကနေ install လုပ်ထားတဲ့ applications တွေဟာလည်း မပျက်ဆီးဘဲ ဒီအတိုင်းရှိနေမှာဖြစ်ပေမယ့် store ကနေ install လုပ်ထားတာမဟုတ်တဲ့ applications တွေကို တော့ ဖျက်ပစ်မှာဖြစ်ပါတယ်။

Refresh လုပ်ဖို့ အတွက် Charms bar(Win + C) ကို နှိပ်ပြီး Setting > Change PC Setting ကို နှိပ်ပါ။General ကိုနှိပ်ပြီး Get Started ကို နှိပ်ပါ။


Box တစ်ခု ပေါ်လာပြီး refresh လုပ်ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာအသိပေးပါလိမ့်မယ်။ Next နှိပ်ပါ။


နောက် တစ်ဆင့်မှာတော့ restart လုပ်မယ့်အကြောင်းအသိပေးပါလိမ့်မယ်။Windows 8 cd/dvd အခွေကို ထည့်ပြီး Refresh ကို နှိပ်ရင် restart ချပြီး refresh စလုပ်ပါပြီ။


Reset Your PC

Reset လုပ်တာဟာ ၀င်းဒိုးကို clean install လုပ်တာနဲ့ တူပါတယ်။သင့်ဖိုင်တွေ application တွေအားလုံးကို ဖျက်ပစ်မှာဖြစ်ပြီးWindows ကို ပြန်ပြီး အသစ် install လုပ်မှာပါ။Reset လုပ်ဖို့ အတွက်လည်း charms bar (Win + C) ကို နှိပ်ပြီး setting >Change PC Setting >General ကို နှိပ်ပြီး Get Started ကိုနှိပ်ပါ။



နောက်တစ်ဆင့်မှာ Reset လုပ်ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာအသိပေးပါလိမ့်မယ်။


နောက်တစ်ဆင့်မှာတော့ drive အားလုံးကို reset လုပ်နိုင်သလို system drive ကို ပဲ ရွေးချယ်ပြီး reset လုပ်နိုင်ပါတယ်။


နောက်တစ်ဆင့်မှာ တော့ Windows 8 Cd/Dvd အခွေကို ထည့်ပြီး Reset ကို နှိပ်ပါ။

Restart ကျပြီးရင် တော့ သင့် windows 8 အသစ်စက်စက်ကို ပြန်လည်အသုံးပြုနိုင်ပါပြီ။


Refresh Or Reset On Boot

သင့် windows 8 ကွန်ပြူတာဟာ လုံးဝ boot မတက်နိုင်တော့ရင် လည်း refresh or reset ကို အသုံးပြုနိုင်ပါတယ်။

ဒီလိုအနေအထားမှာ windows 8 installation cd/dvd ကို ထည့်ပြီး Repair ကိုနှိပ်ပါ။ဒါဆိုရင် Refresh or Reset ကို အသုံးပြုနိုင်ပါပြီ။

  
Credit to : http://www.kothuya.com

http://www.winkabarkyaw.net/2013/10/how-to-refresh-reset-your-windows-8.html မှကူးယူဖော်ပြပါသည်။

GOOGLE ရဲ့ SERVICE အသစ်ဖြစ်တဲ့ WEBSITE များတွင် ထည့်သွင်းထားသော ကြောငြာများအား MAXTHON BROWSER သုံးခြင်းဖြင့် ဖယ်ရှားနိုင်





အခုတလော website တော်တော်များများ နဲ့ blogger တော်တော်များများရဲ့ site တွေမှာ google ကနေ ထည့်သွင်းထားတဲ့ ကြော်ငြာတွေကို
တွေ့နေရပါတယ်။ အဲ့ဒီကြော်ငြာတွေကြောင့်  blog လည်းကောင်းကောင်းရေးလို့မရသလို၊ လာရောက်လေ့လာသူတွေအတွက်လည်း အဆင်မပြေ
ဖြစ်နေတာတွေကြုံနေရပါတယ်။ အခုတလောဆိုပေမဲ့ ကျွန်တော်ကတော့ ညတုန်းကမှ ကြုံဖူးတာပါ။ ကျွန်တော့ site နဲ့ ကိုကြီး ကိုဝင်းကမ္ဘာကျော်ရဲ့
site မှာ ကျွန်တော့တို့ထည့်ထားတာမဟုတ်ပဲ ကြော်ငြာတွေကိုတွေ့နေရတော့ မျက်စိနည်းနည်းနှောက်တာနဲ့ ကိုစိုင်းသူနဲ့ တိုင်ပင်ပြီး အကြံဥာဏ်တောင်းကြည့်ခဲ့ပါတယ်။
အဲ့ဒီအကြောင်းအရာလေးကို ကျွန်တော် post တစ်ခု အဖြစ် ဖန်တီးပြီး တင်ပြပေးပါရစေ။

Website နဲ့ Blog တွေမှာ တွေ့မြင်ရတဲ့ google ရဲ့ ကြော်ငြာတွေကို မမြင်ချင်ဘူးဆိုရင်တော့ Maxthon CloudBrowser ကိုအသုံးပြုရင် အဆင်ပြေတာကိုတွေ့ရပါတယ်။
ကြော်ငြာတွေကို မမြင်ချင်ရုံတင်မကပဲ အသုံးပြုရတာလည်း တော်တော်လေး သွက်တာကိုတွေ့ရပါတယ်။ သုံးဖူးတဲ့ သူတွေကတော့ သိပြီးသားဖြစ်မှာပါ။


Browser ကို download လုပ်ပြီး install လုပ်လိုက်ရုံနဲ့ မြန်မာလို ချက်ချင်းတွေ့မြင်ရမှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် setting ထဲဝင်ပြီး browser မှာ မြန်မာလိုပေါ်အောင် ပြု
ပြင်နည်းလေးကိုလည်း ထပ်မံဖော်ပြပေးလိုက်ပါတယ်။


Maxthon Browser ကို install လုပ်ပြီးသွားရင် browser မှာ မြန်မာလိုပေါ်အောင် လုပ်ဆောင်ရမည့် နည်းလမ်းကတော့ browser ရဲ့ ညာဘက်အခြမ်းထောင့်လေးမှာ ရှိတဲ့
မျဉ်းကြောင်းလေးသုံးခြစ်ထားတဲ့နေရာ ကို နှိပ်လိုက်ပါ။


ပြီးရင် box လေးတစ်ခုကျလာတဲ့အခါမှာ စက်သွားပုံနဲ့ setting လို့ရေးထားတဲ့ (setting) လေးကို နှိပ်လိုက်ပါ။ နောက်ထပ် new tab လေးတစ်ခုပေါ်လာပြီး Maxthon Setting ထဲကို
ရောက်သွားပါလိမ့်မယ်ဗျာ။


အဲ့ဒါပြီးရင် ဘယ်ဘက်ခြမ်းက စာသားတွေအားလုံးထဲက advence ဆိုတဲ့စာသားလေးကို နှိပ်လိုက်ပါ။ ပြီးရင် webpage display ဆိုတဲ့ စာသားကိုရှာပြီး သူ့ရဲ့အောက်က webpage font
ဆိုတဲ့နေရာမှာ Zawgyi One font ကိုပြောင်းလဲပေးရပါမယ်။


 ပြောင်းလဲပေးရမဲ့ ပုံစံကတော့ သူပေးထားတဲ့ webpage font ဆိုတဲ့ အကွက်လေးတွေဘေးမှာ selet ဆိုတဲ့ စာသားလေးကို တွေ့ပါလိမ့်မယ်
အဲ့ဒီ စာသားလေးကိုနှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် font ရွေးဖို့အတွက် ပေးပါလိမ့်မယ်။ အဲ့ဒီထဲမှာ zawgyi one ကိုရွေးပေးလိုက်ပါ။ သူ့ဘာသာသူ setting ကို save လုပ်သွားပါလိမ့်မယ်။ ပြီးရင် browser ကို
F5 နှိပ်ပြီး refresh လုပ်ပေးလိုက်ပါ။ အဲဒါဆိုရင်တော့ browser မှာ မြန်မာစာကို မြင်ရပြီပဲဖြစ်ပါတယ။်။

လိုအပ်တာတွေရှိခဲ့ရင် အနူးညွှတ်တောင်းပန်ပါတယ်။

အားလုံး အဆင်ပြေကြပါစေ.........

Aung Ko Htet 


http://www.winkabarkyaw.net/2013/10/google-service-website-maxthon-browser.html မှကူးယူဖော်ပြပါသည်။