This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Thursday, October 24, 2013
HOW TO REFRESH & RESET YOUR WINDOWS 8
image
smm: အစ်ကိုရေ ကျွန်တော့ Window 8 ရဲ့ Start Page မှာ Desktop ဆိုတဲ့ Tile မပေါ်တောု့လို့ ပါ။ ကူညီပါဦး ခင်ဗျား.ပြီးတော့ ဘေးက Setting မှာလဲ Change PC Setting ကိုလဲ Click လုပ်တာ ဘာမှ ပေါ်မလာတော့လို့ ပါခင်ဗျာ။
C-Box မှာမေးနေတာ ၂ ကြိမ် ၃ ကြိမ်ဖြစ်နေလို့ ကိုသူရ ရေးထားတာလေးကိုပဲ အလွယ် မျှဝေပေးလိုက်ပါတယ်..။ 
Window 8 မှာ အဲ့ဒီလို အဆင်မပြေတော့ဘူးဆိုရင် Restore ပြန်လုပ်ကြည့်ပါ.. System Restore ပြုလုပ်ပုံ အဆင့်ဆင့်ကို ပုံလေးတွေနဲ့တကွ ရှင်းပြထားတာကို ဒီနေရာမှာ လေ့လာနိုင်ပါတယ်...။
Refresh Your PC
Windows 8 မှာ အရင် windows တွေ မှာ မပါတဲ့ features တွေ အများကြီးပါရှိလာပါတယ်။
အဲဒီ ထဲက refresh and reset ဆို တဲ့ feature နှစ်ခု အကြောင်းမျှဝေချင်ပါတယ်။
အရင် windows တွေမှာ windows ကောင်းကောင်းအလုပ်မလုပ်တော့ရင် windows အခွေ ဒါမှမဟုတ် တစ်ခြား installation media တစ်ခုခုကို အသုံးပြုပြီး windows ပြန်တင် ဒါမှမဟုတ် windows ကို repair ပြန်လုပ်ရပါတယ်။
Windows 8 ရဲ့  refresh and reset ဆိုတဲ့ feature ကအလားတူအလုပ်မျိုး လုပ်ပေးနိုင်ပြီး windows 8 ကို repair or reinstall လုပ်ပေးနိုင်ပါတယ်။
Refresh Your PC
Refresh လုပ်တာဟာ repair လုပ်တာနဲ့ တူပါတယ်။
Windows 8 ကို refresh လုပ်ရင် personalized setting , files စတာတွေကို မဖျက်ဘဲ မပြောင်းလဲ ဘဲ နဂို အတိုင်း ရှိနေမှာပါ။
PC setting ကို တော့ default အနေအထားကို ပြန်ပြုပြင်ပါလိမ့်မယ်။နောက်ပြီး Microsoft Windows Store ကနေ install လုပ်ထားတဲ့ applications တွေဟာလည်း မပျက်ဆီးဘဲ ဒီအတိုင်းရှိနေမှာဖြစ်ပေမယ့် store ကနေ install လုပ်ထားတာမဟုတ်တဲ့ applications တွေကို တော့ ဖျက်ပစ်မှာဖြစ်ပါတယ်။
Refresh လုပ်ဖို့ အတွက် Charms bar(Win + C) ကို နှိပ်ပြီး Setting > Change PC Setting ကို နှိပ်ပါ။General ကိုနှိပ်ပြီး Get Started ကို နှိပ်ပါ။
Box တစ်ခု ပေါ်လာပြီး refresh လုပ်ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာအသိပေးပါလိမ့်မယ်။ Next နှိပ်ပါ။
နောက် တစ်ဆင့်မှာတော့ restart လုပ်မယ့်အကြောင်းအသိပေးပါလိမ့်မယ်။Windows 8 cd/dvd အခွေကို ထည့်ပြီး Refresh ကို နှိပ်ရင် restart ချပြီး refresh စလုပ်ပါပြီ။
Reset Your PC
Reset လုပ်တာဟာ ၀င်းဒိုးကို clean install လုပ်တာနဲ့ တူပါတယ်။သင့်ဖိုင်တွေ application တွေအားလုံးကို ဖျက်ပစ်မှာဖြစ်ပြီးWindows ကို ပြန်ပြီး အသစ် install လုပ်မှာပါ။Reset လုပ်ဖို့ အတွက်လည်း charms bar (Win + C) ကို နှိပ်ပြီး setting >Change PC Setting >General ကို နှိပ်ပြီး Get Started ကိုနှိပ်ပါ။
နောက်တစ်ဆင့်မှာ Reset လုပ်ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာအသိပေးပါလိမ့်မယ်။
နောက်တစ်ဆင့်မှာတော့ drive အားလုံးကို reset လုပ်နိုင်သလို system drive ကို ပဲ ရွေးချယ်ပြီး reset လုပ်နိုင်ပါတယ်။
နောက်တစ်ဆင့်မှာ တော့ Windows 8 Cd/Dvd အခွေကို ထည့်ပြီး Reset ကို နှိပ်ပါ။
Restart ကျပြီးရင် တော့ သင့် windows 8 အသစ်စက်စက်ကို ပြန်လည်အသုံးပြုနိုင်ပါပြီ။
Refresh Or Reset On Boot
သင့် windows 8 ကွန်ပြူတာဟာ လုံးဝ boot မတက်နိုင်တော့ရင် လည်း refresh or reset ကို အသုံးပြုနိုင်ပါတယ်။
ဒီလိုအနေအထားမှာ windows 8 installation cd/dvd ကို ထည့်ပြီး Repair ကိုနှိပ်ပါ။ဒါဆိုရင် Refresh or Reset ကို အသုံးပြုနိုင်ပါပြီ။
Credit to : http://www.kothuya.com
http://www.winkabarkyaw.net/2013/10/how-to-refresh-reset-your-windows-8.html မှကူးယူဖော်ပြပါသည်။
GOOGLE ရဲ့ SERVICE အသစ်ဖြစ်တဲ့ WEBSITE များတွင် ထည့်သွင်းထားသော ကြောငြာများအား MAXTHON BROWSER သုံးခြင်းဖြင့် ဖယ်ရှားနိုင်
အခုတလော website တော်တော်များများ နဲ့ blogger တော်တော်များများရဲ့ site တွေမှာ google ကနေ ထည့်သွင်းထားတဲ့ ကြော်ငြာတွေကို
တွေ့နေရပါတယ်။ အဲ့ဒီကြော်ငြာတွေကြောင့်  blog လည်းကောင်းကောင်းရေးလို့မရသလို၊ လာရောက်လေ့လာသူတွေအတွက်လည်း အဆင်မပြေ
ဖြစ်နေတာတွေကြုံနေရပါတယ်။ အခုတလောဆိုပေမဲ့ ကျွန်တော်ကတော့ ညတုန်းကမှ ကြုံဖူးတာပါ။ ကျွန်တော့ site နဲ့ ကိုကြီး ကိုဝင်းကမ္ဘာကျော်ရဲ့
site မှာ ကျွန်တော့တို့ထည့်ထားတာမဟုတ်ပဲ ကြော်ငြာတွေကိုတွေ့နေရတော့ မျက်စိနည်းနည်းနှောက်တာနဲ့ ကိုစိုင်းသူနဲ့ တိုင်ပင်ပြီး အကြံဥာဏ်တောင်းကြည့်ခဲ့ပါတယ်။
အဲ့ဒီအကြောင်းအရာလေးကို ကျွန်တော် post တစ်ခု အဖြစ် ဖန်တီးပြီး တင်ပြပေးပါရစေ။
Website နဲ့ Blog တွေမှာ တွေ့မြင်ရတဲ့ google ရဲ့ ကြော်ငြာတွေကို မမြင်ချင်ဘူးဆိုရင်တော့ Maxthon CloudBrowser ကိုအသုံးပြုရင် အဆင်ပြေတာကိုတွေ့ရပါတယ်။
ကြော်ငြာတွေကို မမြင်ချင်ရုံတင်မကပဲ အသုံးပြုရတာလည်း တော်တော်လေး သွက်တာကိုတွေ့ရပါတယ်။ သုံးဖူးတဲ့ သူတွေကတော့ သိပြီးသားဖြစ်မှာပါ။
Browser ကို download လုပ်ပြီး install လုပ်လိုက်ရုံနဲ့ မြန်မာလို ချက်ချင်းတွေ့မြင်ရမှာမဟုတ်ပါဘူး။ အဲ့ဒါကြောင့် setting ထဲဝင်ပြီး browser မှာ မြန်မာလိုပေါ်အောင် ပြု
ပြင်နည်းလေးကိုလည်း ထပ်မံဖော်ပြပေးလိုက်ပါတယ်။
Maxthon Browser ကို install လုပ်ပြီးသွားရင် browser မှာ မြန်မာလိုပေါ်အောင် လုပ်ဆောင်ရမည့် နည်းလမ်းကတော့ browser ရဲ့ ညာဘက်အခြမ်းထောင့်လေးမှာ ရှိတဲ့
မျဉ်းကြောင်းလေးသုံးခြစ်ထားတဲ့နေရာ ကို နှိပ်လိုက်ပါ။
ပြီးရင် box လေးတစ်ခုကျလာတဲ့အခါမှာ စက်သွားပုံနဲ့ setting လို့ရေးထားတဲ့ (setting) လေးကို နှိပ်လိုက်ပါ။ နောက်ထပ် new tab လေးတစ်ခုပေါ်လာပြီး Maxthon Setting ထဲကို
ရောက်သွားပါလိမ့်မယ်ဗျာ။
အဲ့ဒါပြီးရင် ဘယ်ဘက်ခြမ်းက စာသားတွေအားလုံးထဲက advence ဆိုတဲ့စာသားလေးကို နှိပ်လိုက်ပါ။ ပြီးရင် webpage display ဆိုတဲ့ စာသားကိုရှာပြီး သူ့ရဲ့အောက်က webpage font
ဆိုတဲ့နေရာမှာ Zawgyi One font ကိုပြောင်းလဲပေးရပါမယ်။
 ပြောင်းလဲပေးရမဲ့ ပုံစံကတော့ သူပေးထားတဲ့ webpage font ဆိုတဲ့ အကွက်လေးတွေဘေးမှာ selet ဆိုတဲ့ စာသားလေးကို တွေ့ပါလိမ့်မယ်
အဲ့ဒီ စာသားလေးကိုနှိပ်လိုက်ပါ။ အဲ့ဒါဆိုရင် font ရွေးဖို့အတွက် ပေးပါလိမ့်မယ်။ အဲ့ဒီထဲမှာ zawgyi one ကိုရွေးပေးလိုက်ပါ။ သူ့ဘာသာသူ setting ကို save လုပ်သွားပါလိမ့်မယ်။ ပြီးရင် browser ကို
F5 နှိပ်ပြီး refresh လုပ်ပေးလိုက်ပါ။ အဲဒါဆိုရင်တော့ browser မှာ မြန်မာစာကို မြင်ရပြီပဲဖြစ်ပါတယ။်။
လိုအပ်တာတွေရှိခဲ့ရင် အနူးညွှတ်တောင်းပန်ပါတယ်။
အားလုံး အဆင်ပြေကြပါစေ.........
Aung Ko Htet 
http://www.winkabarkyaw.net/2013/10/google-service-website-maxthon-browser.html မှကူးယူဖော်ပြပါသည်။
မန်ဆန်တိကျမှုရှိတဲ့ PUFFIN WEB BROWSER V3.0.10439 APK
Puffin Web Browser apk
Pufffin Web Browser ဟာ အရမ်းကောင်းမွန်ပြီး မြန်ဆန်တိကျမှုရှိတဲ့ web browser app တစ်ခုဖြစ် ပါတယ်။ ဒီ app ထဲမှာ Incridible Load Speed ၊Fasttest JavaScript Engine ၊Full Web Experience ၊ Adobe Flash Support နဲ့ Ingenious Virtual Mouse ဆိုပြီး ကောင်းမွန်ပြည့်စုံမှုရှိတဲ့အဆင့်မြင့် features ၅ မျိုးကိုထောက်ပံ့ပေးထားတာကြောင့် အလွန်ထူးခြားဆန်းသစ်မှုရှိပါတယ်။ Remote-Browser နည်းပညာကို အသုံးပြုထားတာကြောင့် mobile-connection မကောင်းတဲ့အချိန်တွေမှာတောင် အချက်အလက်ရှာဖွေမှုတွေ နဲ့လုပ်ဆောင်ချက်တွေကို တိတိကျကျမြန်မြန်ဆန်ဆန်ပြုလုပ်နိုင်ပါတယ်။ 32 cores နဲ့ 768 GB memory ပါဝင်တဲ့ အလွန်ကောင်းမွန်မြန်ဆန်မှုရှိတဲ့ Server ဖြစ်တဲ့အတွက် iPad 3 မှာပါရှိတဲ့ browser ထက်လုပ် ဆောင်ချက်တွေဟာ ၅၅၀ ရာခိုင်နှုန်းပိုမြန်ပြီး Chrome ထက် ရာခိုင်နှုန်း ၁၆၀၀ လောက်ပိုမိုမြန်ဆန်မှုရှိပါ တယ်။ Website နဲ့ Gmail features တွေကိုလည်းအပြည့်အ၀ထောက်ပံ့ပေး
ထားပြီး Flash နည်းပညာကိုထည့်သွင်းပေးထားတာကြောင့် flash videos တွေနဲ့ Flash games တွေကိုလုပ်
ဆောင်နိုင်ပါတယ်။ တီထွင် အားကောင်းတဲ့ Virtual Mouse ပါရှိတဲ့အတွက် desktop ပေါ်မှာအသုံးပြုရသလိုပဲ လုပ်ဆောင်ချက်တွေကို အဆင်ပြေပြေလုပ်ဆောင်နိုင်ပါတယ်။ ဒီ Puffin Web Browser app ကိုအသုံးပြုချင်
တယ်ဆိုရင်တော့ Android OS 2.2 နဲ့အထက်လိုအပ်ပါတယ်။
**  Step-1.အောက်က Download Button ကိုနှိပ်လိုက်ပါ  
**  Step-2. "5sec". လောက်စောင့်ပေးပါ။
**  Step-3. "  << SKIP AD >>   ".ကိုနှိပ်ပေးပါ။
**  Step-4. Download Link ကျလာပါလိမ့်မယ်။
**  အဆင်ပြေပါစေဗျာ။
http://www.winkabarkyaw.net/2013/10/puffin-web-browser-v3010439-apk.html မှကူးယူဖော်ပြပါသည်။
Tuesday, October 22, 2013
PRO EVOLUTION SOCCER 2014(PC Game)
ဘောလုံးဝါသနာအိုးများအတွက် စိတ်ကြိုက်အားရပါးရ ကန်ဖို့တင်ပေးလိုက်ပါတယ်....ဖိုင်ဆိုဒ်ကတော့ကြီး
တယ်နော်..(4 GB )ကျော်ပါတယ်....အပိုင်း(၅)ပိုင်းခွဲတင်ထားပေးပါတယ်...တပိုင်းကို (999 MB)နဲ့ပါ...
ကျတော်တင်ထားတာတော့ ဟုတ်ဘူးးဟီးးးး....ဆိုဒ်တဆိုဒ်က တွေ့လို့ ကျတော်ဆိုင်မှာ ဒေါင်းပြီးကစား
ကြည့်ရင်း ကြိုက်လို့ သူငယ်ချင်းတို့ကို ပြန်မျှပေးတာပါနော်....ကစားလို့ရပါတယ်...ကျတော်ကိုယ်တိုင်
စမ်းကစားပြီးသွားပါပြီခင်ဗျာ...ဆိုဒ်အကြီးကြီးမို့ ဒေါင်းပြီးကစားမရမှာ
မပူပါနဲ့ခင်ဗျာ.......ကျတော်ရဲရဲကြီးအာမခံပါတယ်ခင်ဗျာ....
ဒီဂိမ်းကိုကစားဖို့အတွက် မိမိတို့ရဲ့စက်က အောက်ပါအတိုင်း
ရှိရပါမယ်နော်......
မဒေါင်းခင် ဒါလေဖတ်ဖြစ်အောင်ဖတ်သွားပါ.....ဒေါင်းလို့ရလာတဲ့ဖိုင်(၅)ခုလုံးကို ဖိုင်ဖြည်မယ်ဆိုရင်
New folder တခုဆောက်လိုက်ပါ....ပြီးရင် ဖိုင်(၅)ခုလုံးကို New folder ထဲပစ်ထည့်လိုက်ပါ........ပြီး
မှာ အဲဖိုင်ထဲကိုဝင်ပါ....ဖိုင်(၅)ခုစလုံးကို နာမည်တွေ တူအောင်ပေးပါ...ဒေါင်းပြီးပြီးချင်းရလာတဲ့ နာမည်
တွေက အနောက်မှာ part 1,part 2 ပါပေမယ့် အရှေ့ကနာမည်တွေ မတူကြပါဘူး.....အဲဒါတွေအားလုံး
ကိုနာမည်တူဖြစ်အောင်ပြောင်းရပါမယ်...ဥပမာ..အပိုင်း(၁)က GAME.part01.rar,ဆိုရင် အပိုင်း(၂)က 
GAME.part02.rar အပိုင်း(၃)က GAME.part03.rar စသည်ဖြင့် အစဉ်လိုက်ပေးသွားရပါမယ်......ပိုရှင်း
သွားအောင် အောက်မှာ ကျတော် နာမည်ပြောင်းထားတဲ့ ပုံလေးပါထည့်ပေးလိုက်ပါတယ်........ဒီလောက်
ဆိုအဆင်ပြေလိမ့်မယ်ထင်ပါတယ်နော်....အဆင်မပြေတာရှိရင် လည်း စီဘောက်မှာ အော်ခဲ့လေနော်...
 ဖိုင်နာမည်တွေတူပြီဆိုတော့မှ အပိုင်း(၁)ကို right click ထောက်ပြီး  Extract here ကိုနှိပ်ပါ..ဒါဆို
ဖိုင်ဖြည်နေပါပြီ...ပြီးအောင်စောင့်လိုက်ပါ..ပြီးရင်ဖိုင်တဖိုင်ရလာပါမယ် ဖိုင်ထဲက 
rar ဖိုင်လေးကိုဖွင့်ကြည့်ရင်  အောက်ပါအတိုင်း ပေါ်လာပါလိမ့်မယ်..........
 အပေါ်က ISO ဖိုင်လေးကို ဖိုင်တခါထပ်ဖြည်ထုတ်ပါ....ဘယ်လိုဖြည်ရမလဲ မမေးနဲ့ ဖိပြီးအပြင်ဆွဲ
ထုတ်လည်းရတယ်နော်....ဒါမှ မဟုတ်လည်း right click ထောက်ပြီး  Extract here ပေါ့... 
Rar Password တောင်းပါမယ်..
Password က NRPJ82PES2014-UPBYRAMIS 
ရလာတဲ့ ISO ဖိုင်ကို ခွေနဲ့ထုတ်ဖို့ သင့်ဆီမှာ Power ISO သို့ အလားတူဆော့ဝဲလ်တခုခုနဲ့ ဖွင့်ပြီး
ဆော့ဝဲလ်ကို Install လုပ်ပါ...၀င်းဒိုး ၈ ဆိုရင်တော့ ဘာမှမလိုပဲ ဖွင့်လို့ရပါတယ်.ကီးတောင်းလာရင် ကီးက
KEY   က   WR92-PN7U-Y9YV-EYC3-R2U2  ပါ....အင်စတောလုပ်ပြီးရင် crack ဖိုင်ကိုဖွင့်ပြီး
အထဲမှာရှိတာတွေအားလုံးကို copy လုပ်ပါ.......
 ပြီးရင် C:>>> Program Files >>> KONAMI >>> Pro Evolution Soccer 2014  အဲဒီအတိုင်း
ဆင့်ဆင့်သွားပါ...Desktop ပေါ်က Icon ကို Right click ထောက်ပြီး open file location ကိုနှိပ်လည်း
ရောက်ပါတယ်.....အဲဒီကိုရောက်ရင်ခုနကကူးလာတဲ့ crack တွေကို Paste လုပ်လိုက်ပါ...........
Replace လုပ်မှာလားမေးရင် လုပ်လိုက်ပါ...
ဟုတ်ကဲ့...ဒါဆို ရင်တော့ ကစားလို့ရသွားပါပြီနော်..... crack ထည့်ပြီးလည်း ကစားမရသေးဘူးဆိုရင်
သင့်စက်မှာ DirectX 9.0  မရှိသေးလို့ဖြစ်ပါလိမ့်မယ်....ဒီမှာအောက်ကလင့်မှာ ဒေါင်းပြီးထည့်လိုက်ပါ
http://www.filehippo.com/download_directx/    ကဲဒီလောက်ဆို အိုကေပြီနော်.........
အပိုင်း(၁)ဒေါင်းရန်  အပိုင်း(၂)ဒေါင်းရန်  အပိုင်း(၃)ဒေါင်းရန်  အပိုင်း(၄)ဒေါင်းရန်  အပိုင်း(၅)ဒေါင်းရန် 
အဆင်မပြေရင် မူရင်းလင့်မှာသွားဒေါင်းလည်းရပါတယ်....
http://iloadgame.blogspot.com/2013/09/1-part-pro-evolution-soccer-2014.html  မှာပါ...
အဆင်မပြေရင် စီဘောက်မှာ အော်ခဲ့နော်...............
Monday, October 21, 2013
ကျတော်နိုင်ငံခြားဇတ်ကားများကြည့်လေ့ရှိတဲ့ ဆိုဒ်(၃)ခု
နိုင်ငံခြားကားများကြည့်ရန်အဆင်ပြေတဲ့ ဆိုဒ်သုံးခုကို မိတ်ဆက်ပေးလိုက်ပါတယ်...ကျတော်သိသလောက်
လေးပါ...သူငယ်ချင်းများသိတဲ့ အခြားဆိုဒ်လေးများရှိခဲ့ရင်လည်း အောက်မှာ မန့်ခဲ့ပေးစေလိုပါတယ်ခင်ဗျာ.
ကျတော်သိတဲ့ ဆိုဒ်တွေကတော့
                                             www.watch32.com
                                             www.viooz.com
                                             www.megashare.info
အလွယ်ကူဆုံး Add Elemic Tree Brown Menu ( အညိုရောင် )
မင်္ဂလာပါ  ဘလော့ချစ်သောပရိတ်သတ်အပေါင်းတို့... သည်နေ့ ရေးဖြစ်တဲ့ အကြောင်းရာလေးကတော့
ဘလော့တစ်ခုမှာ မရှိမဖြစ် လိုအပ်ချက်ဖြစ်တဲ့  ခေါင်းစဉ်လို့ ခေါ်တဲ့ Menu လေးတွေ ဖန်တီးနည်းပါ။
သည်နည်းလေးကို အလွယ်ဆုံးနဲ့ မရှင်းဆုံး ဖြစ်အောင် ရေးသား တင်ပြပေးထားပါတယ်... သူကတော့
Animated ပုံစံလေးနဲ့ တမျိုးတော့ လှပါတယ်... စိတ်ဝင်စားမယ်ဆို အောက်မှာ လုပ်နည်းနဲ့  လိုအပ်သော
ကုဒ်တွေကို ညွှန်ပြ ရှင်းလင်းထားပါတယ်... အရမ်းလွယ်ကူပါတယ်...
နည်းလမ်းကတော့
   ►1.  Login လုပ်လိုက်ပါ ဘလော့ကာကို
   ►2.  Layout ကိုကလစ်ရပါ့မယ် မိမိတို့  Dashboard ကနေပေါ့
   ►3.  Add a Gadget ကိုကလစ်ပေးလိုက်ပါ
   ►4.  HTML/Javascript. ကိုကလစ်ပြီး ကျလာတဲ့ ဘောက်လေးထဲမှာဘဲ
   ►5.  အောက်ကပေးထားတဲ့ ကုဒ်တွေကို ကော်ပီယူ ထည့်လိုက်ပါ
နောက် ကျလာသော ဘောက်ထဲကနေ အောက်ကပုံတိုင်းရွေးလိုက်ပါ
အိုကေ ဒါဆို အောက်မှာ ပေးထားသော ဇယားထဲကကုဒ်တွေ ကိုယူထည့်ပေးလိုက်ပါ..
မှတ် ချက်  ။               ။ ခေါင်းစဉ်တွေမှာ  မိမိတို့ တပ်လိုသော ခေါင်းစဉ်အမည်နဲ့..လင့်ချိတ်ဖို့ ဆိုတာ
                                 ရှိပါတယ်...    နမူနာအနေနဲ့  တစ်ခုပြပါ့မယ်....
<li><a href="#">Home</a></li>  သည်လင့်မှာ ဆို Home ဆိုတာမှာ  ( မူလစာမျက်နှာ) စသဖြင့်
ပြောင်းလဲနိုင်ပါတယ်.. လင့်ကိုတော့ မူရင်း မိမိဘလော့ရဲ့ လိပ်စာ ကို # နေရာလေးမှာ အစားထိုးပေးရပါမယ်... တခြားခေါင်းစဉ်များကိုတော့ သက်ဆိုင်ရာ ခေါင်းစဉ်ရဲ့ လင့်နဲ့ လင့်ချိတ် ပေးသွားရမှာ ဖြစ်ပါတယ်နော်....... အဆင်ပြေပါစေ...
လင့်ချိတ်နည်းမသိပါက    သည်နေရာမှာ      လေ့လာနိုင်ပါတယ်။
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
လယ်တီမြေသားသို့{ ဒီမှာ } သွားလိုက်ပါ
စာပေနန်းတော်သို့{ ဒီမှာ } သွားလိုက်ပါ
http://www.aungsanmks.com/2013/10/add-elemic-tree-brown-menu.html  မှကူးယူဖော်ပြပါသည်။
window 8.1 32 & 64 bit download and how to activated
Window 8.1 last version os တစ်ခုပေါ်ထွက်လာပြီး ခင်မျာ 
အရင် ဆုံး full version မပြု လုပ်မှီ window 8.1 os အောက်က လင့်မှ တိုက်ရိုက်ဒေါင်းသွားနိုင်ပါတယ်ခင်မျာ Download Links
For x86 
http://goo.gl/q3woqb
For x64
http://goo.gl/rjSPrr
Keys:
334NH-RXG76-64THK-C7CKG-D3VPT
Or
XHQ8N-C3MCJ-RQXB6-WCHYG-C9WKB
Window install ပြုလုပ်နည်းကို ကျွန်တော်ပြောပြ ဖို့ မလိုလောက်တော့ဘူးထင်ပါတယ်
အရေးကြီးဆုံ အချက်တစ်ချက်တော့ရှိပါတယ်ခင်မျာ window 8.1 ဟာအခြားversion တွေ နဲ့ မတူဘဲ install ပြုလုပ်ချိန်မှာ အသုံးပြုမဲ့ user အနေနဲ့ မရှိမဖြစ် microsoftရဲ့ အကောင့် ဖွင့်ထားဖို့လိုအပ့်ပါမယ် http://goo.gl/ngctOh မှာ အကောင့်အသစ်ဖွင့်လိုက်ပါ ခင်မျာ ထို အကောင့်ဖြစ် install လုပ်ချိန်မှာကော နောက်အပြီးသတ်settion ၀င်ဖို့မရှိမဖြစ်လိုအပ့်ပါတယ်
ကျွန်တော် အခုပြောချင်တာ full version (Activation ) ပြုလုပ်နည်းကိုပြောပြ ချင်တာပါ ခင်များ ပထမဦးဆုံး winact 1.4.1 ဆိုတာလေးကို လက်ရှိ ၀င်ဒိုးခွေပေါ်မှာ ပါလာတဲ့ installation key ကို ဖယ်ရှားပေးရမှာဖစ်ပါတယ် winact 1.4.1 ဖွင့်လိုက်ရင်MesaBytes box လေးကြလာပါလိမ့်မည် tab သုံးခုမှာ အလယ်က tab options ကို နှိပ့်ပါ အဲနေရာ uninstall product key ကို နှိပ့်ပါ(REMOVE installation key first using "Winact 1.4.1" (Right Click "Run as administrator")
အဆင့်(၂) က A9600E-pro install လုပ်ရမှာဖစ်ပါတဲ့ အဲနေရာမှာ ကျွန်တော်ပြောချင်တာက မိမိ ကွန်ပျူတာရဲ့ bit အမျိုးအစားအလိုက် ရွေးချှယ်ပေးရမှာဖစ်ပါတယ် ကျွန်တော်က 32 bit ကို install လုပ်ပါမယ် ခင်မျာ (Run A9600E (for x64 A9600E.bat) (Right Click "Run as administrator") and wait. Check your Computer properties, Windows is now activated
Install ပြုလုပ်ပြီးသွားပြီးဆိုရင် အရင်ဆုံး computer ပေါ်မှာ right click နှိပ့်ပြီး properties ကို နှိပ့်လိုက်ပါ Activated ဖြစ် မဖြစ်အရင်စစ်ဆေးကြည့်ပါ
ဒါဆိုရင် activated ဖစ်သွား ပါပီး ဒါပေမဲ့ window 8.1 build 9600 ဆိုတာ ကတော့ desktop ပေါ်မှာ ရှိနေပါလိမ့်မယ် အဲဒါကို ကျွန်တော်တို့ ဖြေရှင်းရမှာ ဖစ်ပါတယ်
အဲ window 8.1 build 9600 ကို ဖြေရှင်းဖို့ My WCP Watermark Editor ဆိုတာကို သုံးရမှာပါ
My WCP Watermark Editor ကို right click နှိပ့်ပေးပါ >run as administrator ကို click နှိပ့်ပေးပါ ပီးရင် remove all watermark ဆိုတာလေးကို အမှန် ခြစ်ပေးပါ> ပီးရင် အောက်က apply new settings ဆိုတာကို click နှိပ့်ပေးပါ ပီးရင် အချိန်ခဏစောင့်ပေးလိုက်ပါ restart ချခိုင်း ပါလိမ့်မယ်
ဒီလောက်ဆို window 8.1 activated ဖစ်သွားတာကို မြင်တွေ့ရပါလိမ့်မယ် ခင်မျာ
အဆင်ပြေပါစေဗျာ ဒီ post လေးကို ဖြစ်ထွန်းအောင် ထောက်ပံပေးသောဆရာhttps://www.facebook.com/aungthan.oo.127 ကိုလည်း အထူးကျေးဇူးတင်ပါသည် ဒီpost ဖစ်အောင် ကျွန်တော်နဲ့ ကျွန်တော်ရဲ့ အကိုလို ဆရာလို ဖစ်သော Aung Than Oo ကိုလည်း ဒီကနေ့ ရှိခိုး ကန်တော့လိုက်ပါရစေ ခင်မျာ
activated ပြုလုပ်နည်းကို pdf အနေနဲ့ သိမ်းထားချင်ပါတယ်ဆိုရင်တော့>>>>>>https://app.box.com/s/ntbrki0xdt594bjfsml4
activated ဖစ်အောင် ပြုလုပ်ရမဲ့ software လေးပါ >>>>>>>>https://app.box.com/s/643sbf3tf9c82wuyul3w
                       ဆြာခေါ်ရင်မကြိုက်တဲ့ညီလေး  AC Vs DC ရဲ့ပိုစ့်ကိုကူးယူတင်ပြခြင်းဖြစ်ပါသည်။
facebook ရဲ့ account setting အကြောင်းအပိုင်း(၁)
facebook ရဲ့ account setting အကြောင်းအပိုင်း ( ၁ )  ။ facebook ရဲ့ အကောင့်  setting တွေကို ကျွမ်းကျွမ်းကျင်ကျင် နားလည်သဘောပေါက်လိုသူများအတွက်ပါ။ဒီနေ့ မှာတော့  general setting နှင့်  security အကြောင်းကိုနည်းနည်းလေးရှင်းပြပေးပါမယ်။ဒီအကြောင်းတွေကိုနားလည် သဘောပေါက်သွားပြီဆိုရင်မိတ် ဆွေ
ganeral account setting 
---------------------------------------------------
ဒီအဆင့် မှာတော့ ရှင်းပြစရာထွေထွေထူးထူးမရှိပါဘူး။အောက်ကပုံလေးထဲကအတိုင်း
  •  name           = ဆိုတာကတော့ မိမိနာမည်ပါ။
  • username      =ကတော့ မိမိအသုံးပြုနေတဲ့ အကောင့် နာမည်ပါ။ သူ့ ကိုသူငယ်ချင်းတွေကို မိမိလိပ်စာပေးတဲ့ နေရာမှာအသုံးပြုလို့ ရပါတယ်။
  • email             = ကတော့ မိမိရဲ့ အီးမေးလိပ်စာပါ။
  • networks        =ဆိုတာကတော့ သာမန်user တစ်ယောက်အနေနဲ့ မသုံးပါဘူး
  • language        =ဆိုတာကတော့ ဘာသာစကားတွေပြောင်းတဲ့ နေရာပါ။ facebook ကိုမြန်မာလိုသုံးချင်သူများအတွက်ဆိုရင်တော့  အဲဒီနေရာမှာ မြန်မာလိုပြောင်းလဲသုံးစွဲလို့ ရပါတယ်။
Security setting 
---------------------------------------
ဒီကောင်လေးကတော့ မိမိတို့ ရဲ့ အကောင့် လုံခြုံရေးအတွက်မဖြစ်မနေသိထားသင့် ပါတယ်။အောက်မှာ
အသေးစိတ်ကိုရှင်းပြပေးထားပါတယ်။
Secure browsing
-------------------------------------
ဒီကောင်လေးကိုတော့  virus ,spam , hacker တွေရန်မှကင်းဝေးအောင်အသုံးပြုပါတယ်။အောက်ကပုံလေးလိုမျိုး edit ကိုနိပ်ပြီးအမှန်လေးခြစ်ထားပေးရင်save change လုပ်ထားပေးရင် အကာအကွယ်တစ်ခုတော့ အထောက်အကူရပါတယ်။
login notification
----------------------------------
ဒီကောင်လေးကတော့ မိမိတို့  account ကို အသုံးပြုတိုင်း message လေးနဲ့ မိမိကိုသတိပေးပါတယ်။ ဒီနေရာမှာ အီးမေး message လိုချင်ရင် email message နေရာမှာ အမှန်ခြစ်ပေးထားရင် မိမိတို့ အကောင့် ကို ဝင်ရောက်တိုင်း မိမိရဲ့ အီးမေး ကို message ပို့ ပေးမှာဖြစ်ပါတယ်။
login apporvals
----------------------------
login apporvals လုပ်တယ်ဆိုတာကတော့  unknow browser တွေနဲ့ မိမိတို့ အကောင့် ကိုဝင်ရောက်မယ်ဆိုရင် မိမိ ခွင့် ပြု ချက်ရမှာသာ ဝင်ရောက်လို့ ရပါတယ်။ဒီနေရာမှာ မိမိက ကိုယ့် ရဲ့  password ကိုပြောပြပြီး တစ်ခြားသူငယ်ချင်းတစ်ယောက်ကို ဝင်ခိုင်းသည်ထားအုံး မိမိရဲ့ ခွင့် ပြုချက်မရရှိပါက ။မိမိအကောင့် ကို ဘယ်လိုမှဝင်ရောက်လို့ မရနိုင်ပါ။။တကယ်လို့ လုံခြုံရေး တိုးမြှင့် သည့် အခါမျိုး တွင်သုံးနိုင်ပါသည်။အောက်မှာပြထားသည့် ပုံလေးထဲကအတိုင်းအမှန်ခြစ်လေးပေးလိုက်ပါ။
ဒီနေရာမှာအောက်ကပုံလေးအတိုင်း get started ကိုနိပ်လိုက်ရင် မိမိတို့  account ကို login ဝင်တိုင်း ဖုန်းကနေ security code ရယူပြီးလုံခြုံရေးကိုနှစ်ထပ် ထပ်မံတိုးမြှင့် လို့ ရပါတယ်။
code generator 
----------------------------------
အသုံးပြုချင်တယ်ဆိုရင် set up ကိုနိုပ်ပါ။မိမိ password ကိုထည့် ပါ။ပြီးရင် sumbit ကိုနိပ်ပါ။
မိမိကြိုက်တဲ့  security code ကိုထည့် ပါ။
app password
---------------------------------
app password ဆိုတာကလည်းလုံခြုံရေး ကို ထပ်မံတိုးမြှင့် ထားတဲ့ ( special password ) ပါပဲ။ဒီကောင်လေးကို မိမိတို့  login ဝင်ရောက်တိုင်း တစ်ကြိမ်သာအသုံးပြုလို့ ရပါတယ်။login apporvals ကိုမိမိကအသုံးပြုထားတယ်ဆိုရင် တစ်ခါတစ်လေ အကောင့် ဟာ tempoary lock ကျတဲ့ အခါမျိုးမှာ app password နဲ့ ဝင်ရောက်လို့ ရပါတယ်။အသုံးပြုမယ်ပုံလေးကတော့ (
  1. Account Settings &gt; Security)
  2. Find the App Passwords section and click Edit
  3. Click the Generate app passwords link
  4. Type in the name of the App and click Generate Password
  5. Go to your app and use that password to log in
trusted contant 
--------------------------------------
trusted contant  ဆိုတာကတော့ မိမိရဲ့ အကောင့် lock out ကျသွားခဲ့ တဲ့ အခါမျိုးမှာ သူငယ်ချင်းတစ်ယောက်ယောက်ရဲ့ အကူအညီနဲ့ ပြန်လည်ရယူချင်ရင်ဒီမှာ မိမိသူငယ်ချင်းနာမည်ကို ရွေးထားပေးခြင်းအားဖြင့်  မိမိ အကောင့်  lock ကျတဲ့ အခါမှာ အကူအညီရနိုင်ပါတယ်။ကြိုတင်လုပ်ဆောင်သင့် တဲ့ အချက်ကလေးပါပဲ။အသုံးပြုမယဆိုရ်င choose trusted contants ကိုနိပ်ပြီးမိမိ သူငယ်ချင်းတွေကို add လုပ်ထားနိုင်ပါတယ်။
trusted browser 
-----------------------------------
trusted browser ဆိုတာကတော့ မိမိရဲ့  facebook အကောင့် ကိုဝင်ရောက်ခဲ့ တဲ့ browser တွေကိုကြည့် ရှူ ပြီးခြေရာကောက်နိုင်ပါတယ်။ဖုန်းနှင့် ဝင်ရောက်သွား
တာလား Windows နှင့် ဝင်ရောက်တာလားဆိုတာကွဲကွဲပြားပြား သိနိုင်ပါတယ်။
Where You're Logged In
-----------------------------------------------
Where You're Logged In ဆိုတာကတော့  မိမိ အကောင့် ကိုအသုံးပြုနေတဲ့ နေရာ ရယ် windows ရယ် browser တွေကို တိတိကျကျ ခြေ ရာကောက် နိုင်ပါတယ်။ ( history လိုက်လို့ ရပါတယ်)
decative account
------------------------------------
decative account ကိုတော့ လုံးဝ(လုံးဝ) မနိပ်ပါနှင့် ခင်ဗျာ facebook ကြီးကလွမ်းသွားပါလိမ့် မယ်။
ဒီလိုလေးနော်ေိေိ
အသစ်တင်တိုင်းfacebook ကနေဖတ်မယ် ဆိုရင်
ဒီမှာ like လုပ်ပေးပါ။
စိုင်းသူ
http://www.winkabarkyaw.net/2013/10/facebook-account-setting.html   မှကူးယူဖော်ပြပါသည်။