This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Showing posts with label နည်းပညာသတင်းများ. Show all posts
Showing posts with label နည်းပညာသတင်းများ. Show all posts

Thursday, December 5, 2013

ဖုန်းနံပါတ်သိရရုံနဲ့ သင့်ချစ်သူ ဘာဖုန်းကိုင် လဲ သိချင်ဘူးလား???(only Dtac operator number,Thailand)

ဖုန်းနံပါတ်သိရရုံနဲ့ သင့်ချစ်သူ ဘာဖုန်းကိုင် လဲ သိချင်ဘူးလား???(only Dtac operator number,Thailand)

ထိုင်းနိင်ငံအတွင်း Dtac ဖုန်းလိုင်း သုံးသူများအတွက် သာ ဖြစ်ပါတယ်
အဝေးတနေရာ မှာနေတဲ့ ကိုယ့် ရဲ့ ချစ် သူ ဒါမှ မဟုတ် အပေါင်းသင်းမိတ်ဆွေ တွေ ရဲ့ ဖုန်းနံပါတ်လေးသိရုံနဲ့  သူကိုင်တဲ့ ဟန်းဆက် အမျိုးစားကို သူမပြောလဲ  Iphone လား Samsung လား
Nokia လား ဘာလားညာလား ဆိုတာ မော်ဒယ်နဲ့ အသေးစိတ် အချက်လက်ကိုပါ သိနိင်မှာပါ....
အမှန်တော့ Dtac ရဲ့ OTA ,APN setting တခုပါ..။
ဖုန်းရဲ့ IMEI ကို ထောက်လှမ်းသိရှိတာ မျိုးပါ။
((စမ်းကြည့်မယ်ဆိုရင် မလိုလားအပ်တဲ့ စာအိပ်တွေ ပို့တတ်လို့ 
 ဖုန်းအမျိုးစား သိရရုံအဆင့်မှာဘဲ ရပ်ပေးပါ..
ကျန်တဲ့အဆင့်တွေ ဆက်မလုပ်ရန် တောင်းပန်ချင်တယ်
တော်ကြာ ကျွန်တော့်ဖုန်းကြီး ထ စမ်းနေရင်အကာင်းစားဖုန်းကြီးမှန်းသိရင်ရှက်စရာကြီး))
အိုကေနော်  
ကဲစမ်းမယ် စစ်မယ်ဆိုရင် အောက်က ပုံကိုနှိပ်သွားပါ
 >>>ဒီမှာနှိပ်ပြီးသွားလိုက်ပါ<<<

မိမိ သိလို သော သူရဲ့ ဖုန်းနံပါတ်ရေးထည့်ပြီး Submit ကိုနှိပ်ပါ


နောက် စကားလုံးကြောင် နံပါတ်လေးလုံး ရိုတ်ထည့်ပြီး Submit ကိုနှိပ်လိုက်ရင်တော့......
...............
ဖုန်း အမျိုးစားနဲ့ ပုံလေးကို အောက်မှာပြထားတဲ့ အတိုင်းတွေ့ မြင်နိင်ပါပြီ....



...ဟဲဟဲ  ကဲအခုတော့ သူသိသွားဘီနော်.......ပျော်ရွှင်ပါစေ.....

*******
 http://moesetmin.blogspot.com မှကူးယူဖေါ်ပြသည်...

Tuesday, November 5, 2013

ဆီးဂိမ်း online မှကြည့်ရန်လင့်




၁၁-၁၂-၁၃ တွင် ကျင်းပမည့် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား မြန်မာ့ရုပ်မြင်သံကြားမှ 

တိုက်ရိုက်ထုတ်လွှင့်ရန် ရက်ပေါင်း (၃၆) ရက်သာ လိုပါတော့သည် ....

(၄၄) နှစ်ကြာမှ အိမ်ရှင်နိုင်ငံအဖြစ် ပြန်လည်ကျင်းပခွင့်ရသည့်ပွဲ ဖြစ်ပါသည်။ အားကစား အမျိုးအစား (၃၃) မျိုး ပါဝင်မည်ဖြစ်ပြီး 


၎င်းအားကစားပွဲများ ကျင်းပပုံများနှင့် ပိတ်ပွဲအခမ်းအနားကိုပါ ထုတ်လွှင့်ပေးသွားမှာဖြစ်သည်။ သို့ပါ၍ Online မှ 

ကြည့်ရှုလိုသူများhttp://www.mrtv.gov.mm/ နှင့် http://www.facebook.com/mrtvwebmediaportal ပေါ်တွင် တိုက်ရိုက် 

ကြည့်ရှုနိုင်မည်ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်

Thursday, October 24, 2013

မြန်မာသီချင်းများကို အင်တာနက်ပေါ်၌ ပထမဦးဆုံးရောင်းချ


 
မြန်မာသီချင်းများကို ပြည်တွင်း ပြည်ပမှ အခပေး၍ ဝယ်ယူနားဆင်နိုင်မည့် myanmarmusicstore.com ကို ပထမဦးဆုံးအနေဖြင့် စတင်လုပ်ဆောင်နိုင်ခဲ့ကြောင
်း Legacy Music Network မှ မန်နေဂျင်းဒါရိုက်တာ ဒေါက်တာကိုကိုလွင်က ပြောသည်။

ပြည်တွင်းအနေဖြင့် တေးသီချင်းများဝယ်ယူရာတွင် မိုဘိုင်းဖုန်းဘီလ်ဖြင့် ဝယ်ယူခြင်း၊ Myan Pay စနစ်ဖြင့်ဝယ်ယူခြင်း၊ Y Pay စနစ်ဖြင့် ဝယ်ယူခြင်း၊ SMS စနစ်ဖြင့်ဝယ်ယူခြင်း၊ ၁၈၈၉၉ သို့ဆက်သွယ် ဝယ်ယူခြင်းတို့ ပြုလုပ်နိုင်ပြီး ပြည်ပနိုင်ငံများမှ ဝယ်ယူလိုပါက Paypal စနစ်ဖြင့် ဝယ်ယူနိုင်ကြောင်း သိရသည်။ 
 
ထို့အပြင်တေးသီချင်း သီးသန့်ဝယ်ယူနိုင်မည့် ငွေဖြည့်ကတ်များကိုလည်း LEGACY Music Network မှ ရောင်းချသွားမည်ဖြစ်သည်။ တေးသီချင်းထုတ်လုပ်ရေးလုပ်င
န်းများအပါအဝင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းနှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ထားခြင်း
ဖြစ်ပြီး ဝက်ဘ်ဆိုက်ကို အောက်တိုဘာ ၂၇ ရက်နေ့၌ စတင်မိတ်ဆက်သွားမည်ဖြစ်သည်။ “မိတ်ဆက်တဲ့အခါမှာ လေးဖြူရဲ့သီချင်းအသစ်တစ်ပုဒ်ကို အွန်လိုင်းသီးသန့်အနေနဲ့ ရောင်းချပေးမယ်။ ဒီသီချင်းက အပြင်မှာထွက်လာမယ့် သီချင်း မဟုတ်ဘူး။ တစ်လတစ်ခါလောက်တော့ နာမည်ကြီးအဆိုတော်တွေရဲ့ သီချင်းအသစ်တစ်ပုဒ်လောက်ကို အွန်လိုင်းတင်ပြီး ရောင်းချပေးသွားမယ်” ဟု ဒေါက်တာကိုကိုလွင်က ပြောသည်။

တေးသီချင်းများ ရောင်းချရာ၌ ၂၀၁၃ ခုနှစ် အသစ်ထွက် တေးစီးရီး တစ်ခွေလျှင် ၁၈၀၀ ကျပ်နှုန်း သတ်မှတ်ထားညပီး တစ်ပုဒ်ခြင်းဝယ်ယူလိုပါက ၃၀၀ ကျပ် သတ်မှတ်ထားသည်။ တေးစီးရီးအဟောင်းများဆိုပါကတစ်ခွေလျှင် ၁၅၀၀ ကျပ် သတ်မှတ်ထားပြီး တစ်ပုဒ်လျှင် ၂၅၀ ကျပ် သတ်မှတ်ထားသည်။ ထို့ပြင် ပြည်ပနိုင်ငံများမှ ဝယ်ယူလိုပါက တေးစီးရီးအသစ်တစ်ခွေလျှင် ၂.၉၉ ဒေါ်လာ ၊ တစ်ပုဒ်လျှင် ၁.၄၉ ဒေါ်လာ သတ်မှတ်ထားပြီး တေးစီးရီးအဟောင်းများဆိုပါက တစ်ခွေလျှင် ၂.၄၉ဒေါ်လာ၊ တစ်ပုဒ်လျှင် ၀.၃၉ ဒေါ်လာ သတ်မှတ်ထားသည်။

“အွန်လိုင်းမှာ သီချင်းတွေကို free share လုပ်နေတာတွေရှိတယ်။ အခုချိန်မှာ ကိုယ်တွေက တည်ဆောက်ရေးပိုင်းလုပ်နေရတော့ တိုက်ဖျက်ပိုင်းကို မလုပ်နိုင်သေးဘူး။ တစ်ခုတော့ စမ်းထားတာရှိတယ်။ 
 
Mediafire ရဲ့ Hosting ကို ဒီအချက်တွေက ငါတို့ဆီမှာ တရားဝင်ရောင်းတာပါ။ ဒီတော့ မင်းတို့အနေနဲ့ ဒီအချက်အလက်တွေကို ဖယ်ရှားပေးပါလို့ စာပို့လိုက်တယ်။ သူတို့ဆီကလည်း ဖယ်ရှားပေးတယ်။ နောက်ပိုင်း free share တွေကိုလည်း ဒီနည်းအတိုင်း လုပ်သွားဖို့ကလွယ်ပါတယ်” ဟု ဒေါက်တာကိုကိုလွင်က ပြောသည်။

တေးသီချင်းများကို မဝယ်ယူခင်၌ တစ်မိနစ်အခမဲ့ နားဆင်နိုင်ပြီး ကြိုက်နှစ်သက်သည့်အခါ ငွေပေးချေ၍ ဝယ်ယူရမည်ဖြစ်သည်။ တစ်ကြိမ်ဝယ်ယူပြီးသည့် တေးသီချင်းကို ထပ်မံရယူလိုပါက ငွေကြေးပေးချေရန် မလိုအပ်ကြောင်း ဒေါက်တာကိုကိုလွင်က ပြောသည်။ “ဝက်ဘ်ဆိုက်မှာ ပထမဦးဆုံးအကောင့်တစ်ခုလုပ်ရမယ်။ အကောင့်လုပ်တဲ့အခါ နိုင်ငံနေရာမှာ မြန်မာလို့ ရွေးချယ်ခဲ့ရင် ငွေပေးချေတဲ့စနစ်တွေက ကျပ်ငွေတွေပြလိမ့်မယ်။ တခြားနိုင်ငံတစ်ခုခုကို ရွေးချယ်ခဲ့မယ်ဆိုရင်တော့ ဈေးနှုန်းတွေက ဒေါ်လာနဲ့ပြမယ်။ ထူးခြားတာက မြန်မာအနေနဲ့ဆိုရင် သီချင်းအကုန်လုံးကိုမြင်ရတယ
်။
 ပြည်ပကဆိုရင်တော့ ကော်ပီသီချင်းတွေကို မြင်ရတော့မှာမဟုတ်ဘူး။ ဘာကြောင့်လဲဆိုတော့ မူပိုင်ခွင့်တွေနဲ့ ငြိမှာစိုးလို့ပါ” ဟု ၎င်းက ပြောသည်။

ဝက်ဘ်ဆိုက်စမ်းသပ် လွှင့်တင်သည့် ၂ ရက်တာကာလ အတွင်း ပြည်တွင်း ပြည်ပမှ တေးသီချင်းဝယ်ယူမှု ရာဂဏန်းနှင့်ချီ၍ ရှိခဲ့ကြောင်း တရားဝင်အနေဖြင့် ပထမဦးဆုံးရောင်းချမှုသည် မျှော်မှန်းထားသည်ထက် ပိုမိုအောင်မြင်ခဲ့ကြောင်း သိရသည်။ “ဒီမှာက ကော်ပီတွေများတယ်ပဲ ပြောနေတာ။ နယ်တွေလိုနေရာမျိုးတွေမှာ မူရင်းဝယ်ဖို့ဆိုတာလည်း ဆိုင်မရှိဘူး။ ဖုန်းရှိရုံ၊ အင်တာနက်ရှိရုံနဲ့ တရားဝင်ဈေးနှုန်း သက်သက်သာသာနဲ့ ဝယ်လို့ရမယ်ဆိုရင် လူတွေက အသုံးပြုကြလိမ့်မယ်ထင်တယ်” ဟု ဒေါက်တာကိုကိုလွင်ကဆိုသည်။

မြင့်ကျော်လှိုင်

Ref : internetjournal 

http://www.winkabarkyaw.net/2013/10/blog-post_24.htmlမှကူးယူဖော်ပြပါသည်။

ကမ္ဘာ့ အင်တာနက်လိုင်း အမြန်ဆုံး ရရှိသော ၁၀ နိုင်ငံ



ကမ္ဘာ့ အင်တာနက်လိုင်း အမြန်ဆုံး ရရှိတဲ့ ၁၀ နိုင်ငံ စာရင်းကို Statista မှ ယခုလို ထုတ်ပြန်ပေးလိုက်ပါတယ်။ အများစု မထင်မှတ်ထားတာ ကတော့ အမေရိကန်ဟာ အဆင့် ၈ မှာ ရှိနေခြင်းပါ။

နံပါတ် ၁ နေရာမှာ တောင်ကိုရီးယားက တည်ရှိနေပါတယ်။ သူပြီးရင်တော့ ဂျပန်၊ ဆွစ်ဇာလန် နဲ့ လပ်တီဗာတို့က တည်ရှိနေပါတယ်။ ပြီးရင် နယ်သာလန်၊ ချက်သမ္မတ နိုင်ငံ၊ ဘယ်လ်ဂျီယံ၊ အမေရိကန်၊ ဖင်လန် နဲ့ ဗြိတိန်တို့ အစဉ်လိုက် တည်ရှိနေပါတယ်။ ဘားမှာ ပြထားတဲ့ ရာခိုင်နှုန်းက အခြားမဟုတ်ပါဘူး။ လူဦးရေ ရာခိုင်နှုန်းဖြစ်ပြီး ဥပမာ တောင်ကိုရီးယား မှာဆိုရင် လူဦးရေရဲ့  ၄၅ ရာခိုင်နှုန်းက 10Mbps အထပ်က Speed ကိုရရှိနေတယ်လို့ ညွန်းဆိုခြင်း ဖြစ်ပါတယ်။ ဗြိတိန်မှာဆိုရင်တော့ လူဦးရေရဲ့  ၂၃ ရာခိုင်နှုန်းသာ ရရှိ ပါတယ်။

အင်တနက်လိုင်း မြန်ဆန်မှုနဲ့ လူဦးရေ အရေအတွက် များများအား ပေး စွမ်းနိုင်မှုက တိုင်းပြည်ရဲ့  နည်းပညာနှင့် ဆက်စပ် စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးမှာ အဓိက ကျပါတယ်။
.
Ref: mashable
Aung Kham (TSJ Team)
http://www.winkabarkyaw.net/2013/10/blog-post_5300.htmlမှကူးယူဖော်ပြပါသည်။