This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Saturday, November 2, 2013

ဝင်းဒိုးတင်နည်း




ဒီတခါတော့ ဝင်းဒိုးမှာ Format ချနည်းလေးကို ရေးပေးဖို့ တောင်းထားတဲ့ အစ်ကိုတစ်ယောက်ရှိတာနဲ့ ဒီပိုစ့်လေးကို ရေးဖြစ်သွားတာပါ..။ 

တကယ်တော့ ဝင်းဒိုးတင်တာ ဘာမှ မထူးဆန်းပါဘူး..။ သူမေးထားတာလေးတွေကို တဆင့်ခြင်းစီ နှိပ်သွားးလိုက်ရင် ဝင်းဒိုးတင်လို့ ရပါတယ်..။ 

တနေရာပဲ ဂရုစိုက်ဖို့လိုပါတယ်..။ partition ပိုင်းတဲ့နေရာရောက်ရင် မိမိတို့ ဝင်းဒိုးတင်ချင်တဲ့ အပိုင်းကို သေချာရွေးပြီး Format 

ချပေးဖို့လိုပါတယ်..။ တကယ်လို့ Hard Disk တခုလုံးကို Format ချမယ်ဆိုရင်တော့ အဲဒီအဆင့်ကိုရောက်ရင် ပါတေးရှင်းတခု ချင်းစီကို 

ကလစ်ပြီး Delete နှိပ်သွားလိုက်ပါ..။ ဒီတိုင်းပြောရင် မလုပ်တတ်သေးတဲ့သူများအတွက် အတော်နားလည်ရခက်ပါလိမ့်မယ်..။ အဲဒါကြောင့်ေ

အာက်ကပုံလေးတွေနဲ့ ဆက်ရှင်းပြပါမယ်..။ ဆက်ကြည့်လိုက်ပါဗျာ..။ တခုတော့ ရှိပါတယ်.. ဒီနေ့တင်တဲ့ ပုံတွေအားလုံးဟာ 

အင်တာနက်ကနေရှာထားတာ ဖြစ်တဲ့အတွက် မှုံဝါးတဲ့ ပုံလေးတွေလည်းပါပါလိမ့်မယ်..။ ကျနော်လည်း တတ်နိုင်သလောက်တော့ေ

ကာင်းတဲ့ပုံလေးတွေကို ရှာထားတာပါ..။ တချို့ပုံတွေက ဘယ်လိုမှ ကြည်အောင်လုပ်ပေးလို့ မရတော့လို့ ဒီတိုင်းပဲ တင်ပေးလိုက်တာပါ..။ 

ဒါကိုတော့ နားလည်ပေးကြပါဗျာ..။

ဝင်းဒိုးမတင်ခင် အရင်ဆုံး မိမိတို့ စက်ထဲက Drivers Software တွေကို Backup လုပ်ထားလိုက်ပါ..။ အရင်ပိုစ့်မှာ တင်ပေးထားတဲ့ေ

ဆာ့ဝဲလ်လေးနဲ့ Drivers Backup လုပ်ထားနိုင်ပါတယ်..။ ဝင်းဒိုးအသစ်တင်ရင် Deivers အများစု ပျောက်သွားမှာ မို့လို့ပါ..။ ဝင်းဒိုးတင်ပြီးမှ 

Drivers တွေ Restore ပြန်လုပ်ပေးရမှာ ဖြစ်ပါတယ်..။ ဝင်းဒိုးတင်နည်းကို လေ့ကျင့်ခန်းလေးတခုအနေနဲ့ လေ့လာထားပြီ.. နောက်တင်တဲ့ပို့စ်မှာ 

Windows7 ခွေမရှိသေးတဲ့သူများအတွက် လေ့ကျင့်နိုင်အောင်လို့ Windows8 Cosumer Preview ခွေကို သူ့ရဲ့ Downloader နဲ့ ဒေါင်းယူပြီး 

ဝင်းဒိုးတင်တတ်အောင် ရေးပေးသွားပါ့မယ်..။ အခုတော့ ဒါလေးကို စလိုက်ကြရအောင်ဗျာ..


စက်ကိုဖွင့် ဝင်းဒိုးခွေထည့်.. Restart ချပေးပြီ.. Boot Menu ကိုဝင်တဲ့ ကီး F2, F12, F8, Del or ESC စသဖြင့် မိမိတို့ စက်ရဲ့ ပေါ်လာတဲ့ 

စာလုံးကို ကြည့်ပြီး ဆက်တိုက် နှိပ်ထားပေးပါ..။ အောက်ပုံမှာ ပြထားတဲ့ စာသားမျိုး ပေါ်လာတဲ့ အချိန်ကိုပြောတာပါ..။ ၄င်းကီးများကို မိအောင် 

လိုက်နှိပ်ပြီး Boot Menu ထဲကို ဝင်သွားလိုက်ပါ...



Boot Menu ကိုရောင်ရင် အောက်ကပုံမျိုးကို မြင်ရတဲ့အခါ 1st Boot Device နေရာမှာ CD/DVD ရောက်အောင် ကီးဘုတ်က အပေါ်အောက်မျှားနဲ့ ချိန်းပေးလိုက်ပါ... ပြီးရင် Enter တချက် ခေါက်ပေးလိုက်ပါ..။


တကယ်လို့ Boot Menu မှာ အောက်ကပုံအတိုင်း ပေါ်ခဲ့ရင်တော့ မီနူးဘားတန်းက Boot ကိုရောက်အောင် ကီးဘုတ်မှ ဘယ်ညာမျှားနဲ့

 ရွှေ့သွားလိုက်ပါ..။ ပြီးရင် အပေါ်အောက်မျှားနဲ့ CD/DVD စာသားကို အပေါ်ဆုံးရောက်အောင် ပြောင်းပေးပြီး အောက်ပုံညာအကွက်မှာေ

ရးထားတဲ့အတိုင်း F10 ကိုနှိပ်ပြီး ပေါ်လာတဲ့ အကွက်ထဲမှာ Yes ကိုရွေး Enter ခေါက်လိုက်ပါ....။


Enter ခေါက်ပြီးရင်တော့ စက်က Restart ကျသွားပြီး ပြန်တက်လာတဲ့အခါမှာ အောက်ကပုံမျိုးကို မြင်ရပါလိမ့်မယ်...။ ဒါဆိုရင်တော့ ကီးဘုတ်မှ 

ခလုတ်တခုခုကို နှိပ်ပေးလိုက်ပါ..။ ဒါဆို CD/DVD ထဲကနေ Boot တက်လာပါလိမ့်မယ်..။ နောက်ပုံတွေမှာ ဆက်ကြည့်လိုက်ပါဗျာ..



အောက်ကပုံမျိုးပေါ်လာရင် Install Now ကိုနှိပ်ပေးလိုက်ပါ..


အောက်ပုံမျိုးပေါ်လာရင် Next ကိုနှိပ်သွားလိုက်ပါ..


ဒီအောက်ကပုံမျိုးပေါ်လာရင်တော့ Hard Disk ကို Partition လို့ခေါ်တဲ့ အပိုင်းတွေခွဲ ရမယ့်နေရာပါ..။ ဒီနေရာမှာ New ကိုအရင်နှိပ်မှ Format 

တို့ Delete တို့ ပေါ်မှာပါ..။ အဲတော့ Delete ကိုနှိပ်ရင် ပါတေးရှင်း အပိုင်းတွေ အားလုံးကိုပြန်ပေါင်းမှာဖြစ်ပြီး... Format ကိုနှိပ်ရင်တော့ 

ပါတေးရှင်းတွေထဲမှာရှိတဲ့ Data တွေ အားလုံးကို ရှင်းပစ်လိုက်မှာ ဖြစ်ပါတယ်..။ ပါတေးရှင်းတွေကတော့ ဒီတိုင်းပဲရှိနေမှာပါ..


အောက်ပုံကတော့ Hard Disk မှာ Partition ပြန်ခွဲပြတဲ့ပုံပါ..။ ပေါ်လာတဲ့ အကွက်လေးထဲမှာ မိမိတို့ ခွဲထုတ်ချင်တဲ့ GB ပမာဏကို 

ရိုက်ထည့်ပါ..။ ပြီးရင် Apply ကို နှိပ်လိုက်ပါ..။ ဒါဆိုရင် ပါတေးရှင်း အပိုင်းတခု ထွက်လာပါပြီ.. ပြီးရင် Next ကိုနှိပ်...


အောက်ကပုံကတော့ ပါတေးရှင်း ပိုင်းထားပြီးသားပုံမှာ မိမိတို့ ဝင်းဒိုးတင်ချင်တဲ့ အပိုင်းကို အရင်ကတည်းက 50 GB / 60 GB စသဖြင့် 

မှတ်ထားသင့်ပါတယ်..။ ဒီနေရာကိုရောက်ရင်တော့ မိမိတို့ မှတ်ထားခဲ့တဲ့အပိုင်းကို ကလစ်ပြီး Format ကိုနှိပ်ပါ..။ Next ကိုဆက်နှိပ်သွားလိုက်ပါ..


ဒီအောက်ကပုံအတိုင်းမြင်ရရင်တော့ နှစ်ခုထဲက အောက်ကတစ်ခုကို ကလစ်လိုက်ပါ...



အပေါ်ပုံမှာတော့ အမှန်ခြစ်ထည့်ပြီ.. Next ကိုထပ်နှိပ်ပါ.. ပြီးရင်တော့ အောက်ကပုံအတိုင်း ပေါ်လာရင် စောင့်နေလိုက်ပါ..။ ဝင်းဒိုးခွေထဲက 

ဖိုင်တွေကို copy ကူးတင်နေတာ ဖြစ်ပါတယ်..။ 10 မိနစ်လောက်တော့ ကြာပါလိမ့်မယ်...



အပေါ်ပုံအတိုင်း အမှန်ခြစ် များပြည့်သွားရင် သူ့အလိုလို Restart ကျပါလိမ့်မယ်..။ အဲဒီအချိန်မှာ DVD Drive ထဲမှာရှိတဲ့ ဝင်းဒိုးခွေကိုြ

ပန်ထုတ်ထားလိုက်ပါ..။ ဝင်းဒိုးပြန်တက်လာရင်တော့ အောက်ဆုံးမှာကျန်တဲ့ အမှန်ခြစ်တခု ပေါ်လာပါလိမ့်မယ်...။ြ

ပီးရင်အောက်ကပုံအတိုင်းပေါ်လာရင် အမှန်ခြစ်ဖြုတ်ပေးပြီး Next နှိပ်ပါ...။





နောက်တဆင့်မှာတော့ အပေါ်ကပုံအတိုင်းပေါ်လာရင် Ask me later ကိုကလစ်ပေးလိုက်ပါ..။ ပြီးရင် အချိန်နာရီကို ရွေးပေးပါ..။ Next ေ

ပ်ါတိုင်းနှိပ်သွားလိုက်ပါ..။ System32 Registry ဘောက်စ်ပေါ်လာရင် သူ့အတိုင်း လွှတ်ထားလိုက်ပါ..။ ဝင်းဒိုးရဲ့ Product Key ကို သူ့ဖာသာ 

ရှာပြီး ဖြည့်ပေးသွားပါလိမ့်မယ်..။ ပြီးရင် Restart ကျပါလိမ့်မယ်..။ ဝင်းဒိုးပြန်တက်လာရင်တော့ အောက်ကပုံလေးတွေအတိုင်းေ

ပ်ါလာပါလိမ့်မယ်....




အပေါ်ကပုံအတိုင်းပေါ်လာရင်တော့ ဝင်းဒိုးတင်ခြင်း အောင်မြင်စွာ ပြီးဆုံးသွားပါပြီ..။ ဒီလောက်ဆိုရင်တော့ ဝင်းဒိုးတင်တာကို 

သဘောပေါက်လောက်ပြီလို့ ထင်ပါတယ်..။ အားလုံးပဲ လုပ်တတ်ကိုင်တတ်၍ အဆင်ပြေကြပါစေဗျာ...


credit to -လွင်မင်းဗိုလ်

FL Studio Producer Edition 11.0.0 Final full version download & အသုံးပြုနည်းစာအုပ် (မြန်မာလို)



FL Studio Producer Edition 11.0.0 Final


သူငယ်ချင်းတွေအတွက်အကောင်းတကာ့အကောင်းဆုံး software လေးတစ်ခုတင်ပေးလိုက်ပြီအနှပညာဂီ

တသမားတွေအတွက်မရှိမဖစ်လိုအပ့်ပါလိမ့်လို့ယူဆပါတယ်ခင်မျာသူကတော့အသံပိုင်းဆိုင်ရာတွေကိုလုပ်ဆောင

်နိုင်နော်သူကအဆင့်မြင့်အသံပိုင်းဆိုင်ရာတွေကိုဖန်တီးလို့ ရပါတယ်ဒါကြောင့်အကောင်းဆုံးလို့ ပြောပါတယ် သူ့ ဆို

က်မှာလည်းအကောင်းဆုံးလို့ ပြောထားပါတယ်ဒါကြောင့်မို့ သူငယ်ချင်းတို့ အနေနဲ့ ဒေါင်းလိုက်ကြပါလို့ ပြောချင်ပါတယ် 

သူရဲ့လုပ်ဆောင်ချက်တွေကတော်တော်ကိုအစွမ်းထက်တယ်လို့တောင်ဆိုလို့ရပိုင်းတယ် အသံပိုင်းထိန်ချုပ့်နိုင်ခြင်း 

အခြားလုပ်ဆောင်ချက်လည်းပါတယ်ခင်များကျွန်တော်လည်းအခုမှ စမ်းသုံးမှာဖစ်တဲ့အတွက် အသုံးပြုနည်းစာအုပ်ပါ 

တင်ပေးလိုက်ပါခင်မျာ 

FL Studio - a complete solution for creating music, is the quintessential version of the twelve thoughtful development. All to create the tracks in one package.

FL Studio - is the process of audio editing including pitch, harmonize, fit the material to the song tempo, the definition of bits and advanced audio system cuts. Automation interface of most plug-ins and all the parameters by writing, drawing automation curves, the use of generators, automation.

Program characteristics in

FL Studio can be controlled from another DAW, as VST, or connected to ReWire. Ideal for live performances including excellent visualization and visual effects. Make mixes and remixes, with effects such as delay, reverberato, filters and more. Multitrack recording. Washing and control the MIDI keyboard or MIDI controllers. Unique in its class composition system aranzhirovaniya and advanced sequencer. FL can also be a host of favorite VST plug-in formats 32 & 64 bit, VST 2.4 and 3 VST, DX and FL native format plug-ins

ွှအသုံးပြုနည်းစာအုပ် https://app.box.com/s/rsl15e1e2qyn5wz26iqg


ဆရာခေါ်ရင်မကြိုက်သောညီလေး AC Vs DC ရဲ့ပိုစ့ိကုကူးယူဖော်ပြခြင်းဖြစ်ပါတယ်ခင်ဗျာ.......


Portable USB စတစ် Software သုံးပြီးတော့ Portable USB စတစ်တစ်ခုဖန်တီးခြင်းနှင့် Softwar များအင်စတောသွင်းခြင်း


Portable USB စတစ် Software သုံးပြီးတော့ Portable USB စတစ်တစ်ခုဖန်တီးခြင်းနှင့် Softwar များအင်စတောသွင်းခြင်း

ဒီနေ့တော့ကျွန်တော် တင်ပေးထားတဲ့   Portable Stick Softwrae ကို သုံးပြီး Portable USB စတစ် တစ်ခုဖြစ်အောင် ပုံမှာပြထားတဲ့အတိုင်း 

ဖန်တီးမယ်ဗျာ...လေ့လာရလွယ်အောင် Screen Capture ရိုက်ပြီးတင်ပေးလိုက်ပါတယ်...ကဲလေ့လာကြရအောင်...စမယ်..ပထမဆုံး Memoary စတစ် 

တစ်ခုတော့လိုအပ်ပါတယ်... 2G ဆိုလဲရတယ်...Software မရှိပါက ဒီမှာ (  Portable Stick Softwrae ) သွားဒေါင်းလိုက်ပါ...ကဲရပြီးဆိုရင်ကိုယ့် 

စတစ်ကို format ချလဲရတယ်..format မချလဲရတယ်...ကျွန်တော်ကတော့ Format ချထားပါတယ်...ဖိုင်တွေရှုပ်နေမှာစိုးလို့....ကဲပြီးရင် 

ကိုဒေါင်းထားတဲ့ Software ဆီကိုသွားပြီးတော့ click နှစ်ချက်နှိပ်လိုက် တာနဲ့

ဒီလိုပုံလေးပေါ်လာရင် OK ပေါ့....ပြီးရင်
NEXT ပေါ့...ပြီးရင်...
I Agree ပေါ့.....အဲ့ဒါပြီးရင်တော့....
Browse...ပေါ်လာရင် Browse ကိုတစ်ချတ်နှိပ်...ပြီးရင် လိုချင်တာကိုရွေး...ကျွန်တော်ကတော့ ကျွန်တော့စတစ်ဖြစ်တဲ့ PORTABLE(M:) 

ကိုဘဲရွေးတယ်...ပြီးရင်တော့ OK ပေါ့....
မျှားပြထားတဲ့အတိုင်း ပေါ်နေမှာပါ...ပြီးရင်တော့ Install ပေါ့....

Finish ပေါ့....အဲ့ဒါပြီးသွားတာနဲ့.....ခုဏတုန်းက ကိုယ် Install လုပ်ထားတဲ့ Memoary စတစ်ဆီကိုသွားလိုက်ပါ...
အဲ့လိုပုံလေးပေါ်နေမှာပါ....အဲ့ဒါဆို မျှားပြထားတဲ့အတိုင်း နှိပ်လိုက် ရင်....
ဒီလိုလေးပေါ်နေပါပြီး....ဒါပေမယ့်ဘာဆော့ဝဲမှမရှိသေးဘူး......
မိမိကွန်ပျူတာ အင်တာနက်ချိတ်ထားရင်တော့...အဲ့လိုလေးပေါ်လာပြီး....
ကိုယ်လိုချင်တာကို အမှတ်ခြစ်ပေးပြီးတော့... Next ကိုနှိပ်လိုက်ပါ....

အဲ့ဒီလိုမျိုးအင်စတောစလုပ်နေပါပြီး.....အဲ့ဒီနေရာမှာတစ်ခုပြောချင်တာက I Agree

 တောင်းလာရင်နှိပ်ပေးလိုက်ပါ....အဲ့ဒါအားလုံးအင်စတောလုပ်ပြီးရင်တော့ပြီးပြီပေါ့.....အဲ့ဒါမှမကျေနပ်လို့  ထပ်လိုချင်သေးတယ်ဆိုရင် အဲ့ဒီမှာ အဲ့ဒီမှာ  

သွားရှာပြီးဒေါင်းကြပါခင်ဗျာ....အားလုံအဆင်ပြေကြပါစေ......


http://mr-phoenix.blogspot.com/ မှကူးယူဖော်ပြပါသည်။

Laptop အကြောင်းတွေကို စုံစုံလေး သိစေချင်လို့ လိုင်းပေါ်က ပြန့်ကြဲနေတဲ့ အပိုင်းအစတွေကို စုစည်းပြီး ပို့စ်တစ်ခု အဖြစ် ဖန်တီးတင်ပြလိုက်ပါတယ်






ဒီပို့စ်ကိုဖတ်ပြီးရင်လဲ အားလုံးအဟုတ်တောင် တော်တော်လေး နားလည် သွားမယ်လို့ ယုံကြည့်ပါတယ်

ကျွန်တော် Laptop တလုံးကို စတင်ဝယ်ယူတော့မယ်ဆိုရင် ဘာတွေ သိထားသင့်တယ် ဘယ်အမျိုးအစားတွေက ဘာအတွက် ပါဝင်လာတယ် နောက်ထပ် ဘယ်အပိုင်းလေးတွေကို ဂရုစိုက်ပြီး ၀ယ်ယူရမယ်ဆိုတာကို ပြောပြချင်ပါတယ်။ ခုနောက်ပိုင်းမှာ Laptop တွေ ခေတ်စားလာတာနဲ့ အတူ ထွက်လာတဲ့ အမှားများစွာကို ကျွန်တော်တို့ တွေ့ပီးရင်ဆိုင်နေရသူတွေ ရှိသလို ကျွန်တော်တို့ ဘယ် အမျိုးအစားက ဘာအတွက် သုံးတယ်ဆိုတာကို သိဖို့တွက်ကို ပြောပြချင်ပါတယ်။ကျွန်တော် နားလည်သလောက်ကို လူတိုင်းနားလည်အောင် တက်နိင်သလောက် အသေးစိတ် ဆန်ဆန် ရေးပေးချင်မိပါတယ်။ တပိုစ့်ချင်းဆီကို စောင့်ဖတ်ပေးပါလို့ ပဲ့ တောင်းဆိုပါရစေ။ကျွန်တော် ပိုစ့်ခေါင်းစဉ်တွေကို အောက်က လို အပိုင်း ၃ ပိုင်း ခွဲထားပါတယ်။အပိုင်း (၁) ပါဝင်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ။


အပိုင်း (၂) Notebook , Laptop , Netbook and Desktop ရဲ့ ကွာခြားချက်များ။
အပိုင်း (၃) Laptop တလုံးဝယ်ရန် ဘယ်အပိုင်းတွေကို ကြည့်ရူလေ့လာရမလဲ?


အပိုင်း (၁) ပါဝင်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ။ အပိုင်း(က)


(က)Laptop တလုံးမှာ များသောအားဖြင့် ပါဝင်တဲ့ အစိတ်အပိုင်းတော်တော် များများကို တွေ့သာ တွေ့နေပေ့မယ် မသုံးဖြစ်တာတွေ အသုံးမတည့်တာတွေနဲ့ ပဲ့ ပါလာတဲ့ အပိုင်းတွေကို သေသေချာချာ ဂဂဏဏ သိဖို့ ဘယ်သူမှ တော်ယုံ မကြိုးစားကြည့်ကြဘူး။ ဒီလိုပဲ့ ထားထားမိကြတယ် ကျွန်တော်ကိုယ်တိုင်လည်း အပါအ၀င်ဖြစ်ခဲ့ ဘူးပါတယ်။ နောက်ပိုင်း ကိုယ်ကိုတိုင် သတိထားမိလာမှ လေ့လာဖြစ်တာပါ။ ကဲ့ထားပါတော့ ကိုယ်မြန်မာလူမျိုးတွေ မြန်မာလို ဖတ်ချင်သူတွေ အကြမ်းဖျင်းတော့ အနည်းဆုံးနားလည်သွားနိင်အောင် ကြိုးစားရေးပါမယ်။


Tochpad


Tochpad ကိုတော့ လူတိုင်း သိပီးသားပါ အခေါ်အဝေါ်ကို ရင်းနှီးသူလည်း ရှိသလို မရင်နီးသူလည်း ရှိမယ်ထင်ပါတယ်။ သူကို နောက်တမျိုးtrackpad လို့လည်းခေါ်သေးသလို pointing device လို့လည်းခေါ်ပါတယ်။ သူကတော့ Mouse နေရာမှာ အစားထိုးသုံးဖို့ ဖန်တီးထားတာပါ။.သူနဲ့ သဘောတရား ဆင်တူတာတွေ ထပ်ရှိပါသေးတယ်။ သူတိုကတော့ ခု ကျွန်တော်တို့ ပတ်ဝန်းကျင်တွေမှာ တွေ့နေရတဲ့ Multi-touch screen , Touchscreen, tablet တို့မှာ ထိတွေ့မိကြဦးမှာပါ။Touchpad ကို (The touch pad is a built-in substitute for a mouse on laptops.) ဒီလို အဓိပါယ် ဖွင့်ဆိုထားတာတွေကို ဖတ်ဖူးကြမယ်ထင်ပါတယ်။


fingerprintreader reader


Fingerprintreader ကိုတော့ Laptop တိုင်းမှာတော့ မပါဝင်ပါဘူး။ ပါဝင်တဲ့ Laptop တွေလည်း ရှိသလို မပါတာတွေလည်းရှိပါတယ်။သူကတော့ လက်ဗွေရာကို Scan ဖတ်ပီးတော့ စက်ကို Password ပေးလို့ ရပါတယ်။ fingerprintreader ကို touchpad ရဲ့ ညာဘက်ဘေးလေးနားမှာ တွေ့နိင်ပါတယ်။


Wirelessswitch (on / off)


ဒီ wirelessswitch ရဲ့ အားသာချက်ကတော့ သူကို Off လုပ်ထားမယ် ( အင်တာနက်မသုံးတဲ့ အချိန်) ဆိုရင် battery life ကို သက်သာစေမှာပါ။ မိမိ ပတ်ဝန်းကျင်မှာ Wireless လွှင့်ထားတာတွေ ရှိမယ်ဆိုရင် အလွယ်တကူ ဖမ်းယူနိင်ပါတယ်။ ဘယ်လို ဖမ်းယူရမလည်း ဆိုတာကို ဒီလင့်မှာ MS က ရှင်းပြထားတာ ရှိပါတယ်။ သွားဖတ်ကြည့်ဖို့ တိုက်တွန်းလိုပါတယ်။ဒီထက်ပိုပီး အကျယ်တ၀င့် သိချင်တယ်ဆိုရင်တော့ ဒီလင့်မှာဖတ်နိင်ပါတယ်။


USB Port (USB=Universal Serial Bus)


USB port ကိုတော့ လူတိုင်းရင်းနီးပီးသားပါ ။ keyboards, mice(mouse), printers, scanners တွေကို ချိတ်ဆက် အသုံးပြုနိင်ပါတယ်။ နောက်ထပ် Extra HDD တွေကိုပါ တွဲသုံးနိင်ပါသေးတယ်။HDD တို့ Stick တို့  ထဲ့မှာ ရှိတဲ့ Data တွေကို Transfer လုပ်နိင်သလို နောက်ထပ် Yota လို အင်တာနက် ချိတ်တဲ့ ပစ္စည်းတွေနဲ့လည်း တွဲဖက် အသုံးပြုနိင်ပါတယ်။


SD (Secure Digital) Card reader


Secure Digital card reader ကို ကျွန်တော်တို့ အသုံးပြု နဲကျပါတယ်။ သူကို ဘယ်လိုချိန်တွေမှာ သုံးလည်းဆိုရင် ကင်မရာမှာ ပါတဲ့ SD card တို့ Mobile Phone တို့ကို တိုက်ရိုက်ချိတ်ဆက်ပီး အသုံးပြုနိင်သလို သူကို Laptop ၀ယ်တဲ့ချိန်မှာ မပါလာခဲ့ဘူးဆိုရင် USB Port ကနေ တွဲသုံးလို့တော့ ရပါတယ်။ ဗဟုသုတ အဖြစ်ထည့်ရေးလိုက်တာပါ။ အဲ့လိုမှ မဟုတ်ဘူး SD Card reader(မပါလာခဲ့ရင်) ကို သုံးချင်တယ်ဆိုရင်တော့ External Media reader ကို ၀ယ်ပီး အသုံးပြုနိင်ပါတယ်။


ပါဝင်မူ အစိတ်အပိုင်းများနှင့် စွမ်းဆောင်ရည်များ


ExpressCard slot:


ဒီကောင်လေးကိုတော့ အများအားဖြင့် Peripheral Device တွေနဲ့ ချိတ်စက်ပီး အသုံးပြုတဲ့ အခါမှာ ဒီ Slot ကို သုံးပါတယ်။ Peripheral Device ဆိုတာဘာတွေလည်းဆိုတော့ ကျွန်တော်တို့ computer printers, image scanners, tape drives , microphones, loudspeakers, webcams, and digital cameras တွေကိုဆိုလိုတာပါ။ ဒီ Slot တွေက ခုနောက်ပိုင်းထွက်လာတဲ့ Slot တွေနဲ့ အရင်က Slot တွေတောင် မတူတော့ပါဘူး။ ခုနောက်ပိုင်း ၂၀၀၈ နောက်ပိုင်းမှာ ထွက်လာတဲ့ Laptop နဲ့ တွဲပီးထွက်လာတဲ့ Slot တွေက ဟိုး အရင်က ထွက်ရှိပီးသား Laptop မှာတဲ့ Slot တွေ ထက် ပိုပီး ကောင်းလာတယ်လို့ ဆိုရမယ်။ ဘာလို့လည်းဆိုရင် အရင်က ထွက်လာတဲ့ Slot တွေမှာPeripheral Device နဲ့ ချိတ်ပီးအလုပ်လုပ်တဲ့ အချိန်မှာ စက်ကို လေးသွားတာတို့ ဟန်းသွားတာတို့တွေ နဲ့ နောက်ထပ် Volt အားတွေကိုပါ ချွေတာ အသုံးပြုနိင်အောင်လို့ digital demands တွေနဲ့ ခု ဒီ Slot တွေမှာ ဖွဲ့စည်းပီး တည်ဆောက်ထားပါတယ်။


HDMI connector: (HDMI (High-Definition Multimedia Interface)


HTMI လို့ ပြောလိုက်ရင်တော်ယုံမသိကြဘူး။ သူ့ကို ဘယ်လို အသုံးပြုတယ်ဆိုတာကိုတော်ယုံ မသိကြဘူး။ ဒီ HTMI ကို ကျွန်တော်တို့ Home Therater တွေမှာ ချိတ်ပီး အသုံးပြုနိင်ပါတယ်။ ဥပမာ ကျွန်တော်တို့ အိမ်တွေမှာ ၆၄ လက်မလောက် TV ကြီးရှိတယ်ဆိုရင် ဒီ HTMI slot နဲ့ TV ကို ချိတ်ဆက်ပီး Therater လိုပဲ့ အိမ်မှာ ကွန်ပျူတာနဲ့ ချိတ်ပီး အေးဆေး ကြည့်နိင်ပါတယ်။ မိသားစုလိုက်ပျော်ပျော်ပါးပါး တခုခု လုပ်စားတဲ့ချိန်တွေမျိုးမှာစို TV အကြီးကြီး ရှိမယ်ဆိုရင် ချိတ်ဆက်ပီး မိသားစုလိုက်ကြည့်လို့ ရပါတယ်။ သူကတော့ Single Cable ပေါ်မှာပဲ့ အလုပ်လုပ်ပီးတော့ Video Format တွေကို ထုတ်ပေးနိင်ပါတယ်။ နောက်ထပ် HDD . Blu-ray , PC တို့နဲ့ တိုက်ရိုက်ချိတ်ဆက်ပီးလည်း အသုံးပြုလို့ ရပါသေးတယ်။ ဒီထက်ပိုပီး အကျယ်သိချင်သေးတယ်ဆိုရင် ဒီလင့်မှာ သွားပီး ဖတ်ကြည့်ပေးပါ။


Firewire/IEEE 1394 port:


သူကတော့ serial bus interface standard ပါ။ သူ့ကို high-speed communications and isochronous မှာ PC တွေတွက် အသုံးပြုပါတယ်။ ဒီ Slot ကို ကျွန်တော်တို့ Sony ထုတ် Laptop တွေမှာ အများဆုံး တွေ့နိင်ပါတယ်။ အရင်က Desktop တွေမှာလည်း ဒီ Slot ကို တော်တော်များများတွေ ဘူးကြမှာပါ။ဒီထက်ပိုပီး သိချင်သေးတယ်ဆိုရင် ဒီလင့်မှာ သွားဖတ်ကြည့်ဖို့ကို တိုက်တွန်းလိုပါတယ်။ English လို ဖတ်ဖို့ကို မကြောက်ပါနဲ့။ ကျွန်တော် Dictionary တွေကိုလည်း ဒီလို ပြန်ညွှန်းစာတွေကို ဖတ်တဲ့ချိန်မှာ အသုံးပြုလို့ရအောင်နဲ့ English Language တွေကိုလေ့လာတဲ့နေရာမှာ သုံးဖို့ ဒီနေရာမှာတင်ပေးထားပါတယ်။


DVI connector:


Digital video connector ကို ကျွန်တော်တို့ Monitor ( LCD) နဲ့ HD TV တွေနဲ့ ချိတ်ဆက်ပီး အသုံးပြုနိင်ပါတယ်။ တကယ်လို့ သူကို အသုံးပြုချင်တယ်ဆိုရင်တော့ ဒီတိုင် VGA Card မှာ တပ်ပီး သုံးသလို သုံးလို့ မရပါဘူး။ ကြားတည်းမှာ Swich ခေါင်းတခု ခံပီးမှ အသုံးပြုလို့ ရပါမယ်။


VGA connector:


VGA ခေါင်းကိုတော့ အထွေအထူးပြောစရာမရှိပါဘူး။ Laptop ဘေးမှာ LCD တခု ရှိတယ်ဆိုရင် ကျွန်တော်တို့ Laptop က ကြည့်ရတာသေးနေတယ် အနေကျဉ်းကျပ်နေတယ်ဆိုတဲ့ချိန်မျိုးမှာ ဒီခေါင်းနဲ့ VGA connector နဲ့ ချိတ်ပီး Desktop မှာပါ Laptop က လုပ်ဆောင်နေတာတွေကို ၂ နေရာမှာ တပြိုင်တည်းကြည့်နေနိင်ပါတယ်။


RJ-45/Network jack: with (RJ-11/Phone jack)


ဒီ Port လေးကိုတော့ တွေ့ဘူးမှာပါ။သုံးလည်း လက်ရှိသုံးနေကြတာပါ။ သူ့ကတော့ အင်တာနက်နဲ့ Network ကို အဓိကထားပီး အလုပ်လုပ်ပါတယ်။ ကွန်ပျုတာတိုင်းမှာ ပါပီးသားပါ။ မပါတာက RJ 11 ခေါင်းပဲ့ ..သူကတော့ ကျွန်တော်တို့ အိမ်က ကြိုးဖုန်းတွေမှာ အသုံးပြုပါတယ်။ ဖုန်းခေါင်းပေါက်ကို ၀င်ပီး Phone တွေကို ချိတ်ဆက် အသုံးပြုတာတော့ ဟုတ်ပါတယ်။ ဒီမှာ ဘာလို့ပါလာတာလည်းဆိုရင် ကျွန်တော်တို့ ဒီ RJ 11 ခေါင်းကလည်း တကယ်တော့ Network ချိတ်ဆက်ပီး အသုံးပြုလို့ ရတာတွေကြောင့်ပါ။ သူ့ကို Wide area networkထိ အသုံးပြုလို့ ရနိင်ပါတယ်လို့ ကကကွန်က ထုတ်တဲ့ စာအုပ်ထဲ့မှာ ဖတ်ဘူးပါတယ်။ အဲ့စာအုပ်ကို ဖတ်ကြည်ချင်တယ်ဆိုရင် Networkစာအုပ်များထဲ့မှာပါပါတယ်။



Laptop ရဲ့ Power Options အကြောင်း



Laptop ကို စက်မပိတ်ပဲနဲ့ Laptop ဖုံးကို ပိတ်ချလိုက်ရင် Log off ဖြစ်သွားတာကို တွေ့ရပါတယ်။။
Log Off မဖြစ်အောင် လုပ်လို့ရတယ် ဆိုတာကို တစ်ချို့က မသိကျပါဘူး...ဘယ်လို လုပ်ရလည်း ဆိုတော့....


Window XP


window xp မှာဆိုရင် desktop ကို right click ထောက်ပြီး properties ကို ၀င်ပါ...Display Properties box ကျလာရင် Screen Saver ကို သွားပါ..Monitor power မှာ Power ကို click လိုက်ပါ...Power Options box ပေါ်လာရင် Advanced ကိုသွားပါ.. Power buttons မှာ When l close the lid of my portable computer မှာ Stand by ပေးထားကိုတွေ့ရင် Do nothing ကို ပေးလိုက်ပါ.. ဒါဆိုရင် အဆင်ပြေသွားပါပြီ...


Window Vista
ဗင်စတာမှာ ဆိုရင် Desktop ကို right Click ထောက်ပြီး Properties ကို ၀င်လိုက်ပါ.. Screen Saver ကို သွားပါ..Change power settings ကို click လိုက်ပါ..Menu box မှာ Choose what the power buttons do ကို click ကျလာရင်
When I close lid: မှာ Sleep ဆိုတာ တွေ့လိုက်မယ်
နစ်ခုလုံးကို Do nothing ပေးလိုက်ပါ….


ထိုနည်းတူးစွာပဲ control panel က သွားပြီး လုပ်လဲ ရတယ်ဒါဆိုရင် အားလုံး Ok သွားပါလိုက်.....


Laptop ဘက်ထရီသုံးစွဲမှု အကြောင်း
ဒီခေတ်မှာ လူတော်တော်များများဟာ Desktop ထက် Laptop ကိုပိုသုံးစွဲလာကျပါတယ်။အဲဒီအခါမှာ Laptop ဘက်ထရီသုံးစွဲမှု အကြောင်းသိဖို့လိုပါတယ်။ Laptop သုံးစွဲသူများအနေဖြင့် ဘက်ထရီလုံးဝအားကုန်သွားသည်အထိ အသုံးမပြုဘဲ အားအနည်းငယ် ကျန်သောအချိန်တွင် မဖြစ်မနေအားပြန်သွင်းဖို့လိုပါတယ်။ ဘက်ထရီ ၅ ရာခိုင်နှုန်းလောက်ကျန်တဲ့အချိန်မှာ အားပြန်သွင့်သင့်ပါတယ်။ ဘက်ထရီ လုံးဝကုန်သွားတဲ့အထိသုံးရင်RAM၊ Mother Board တို့ကို ထိခိုက်နိုင်တဲ့ အပြင် ဘက်ထရီလည်းကျသွားတတ်တယ်။


နောက်ပြီးဘက်ထရီကို အားအပြည့်သွင်းပြီးမှ အသုံးပြုသင့်ပါတယ်။ ယေဘုယျအားဖြင့် ဘက်ထရီ ၁၀ရာခိုင်နှုန်းခန့်ကျန်သော အချိန်တွင် အားပြန်သွင်းပါက သင့်လျော်ပြီး လုံးဝအားကုန်သွားပြီးမှ ပြန်သွင်းလျှင် အားပြန်ပြည့်ရန် အချိန်ကြာတတ်ပါတယ်။ Laptop များ၏
ဘက်ထရီမှာ Cells အပေါ်မူတည်ပြီး 4 Cells ဆိုပါက တစ်နာရီခန့်၊ 6 Cells ဆိုပါကနှစ်နာရီ၊ သုံးနာရီ၊ 9 Cells ဆိုလျှင် ရှစ်နာရီခန့် သုံးလို့ရပါတယ်။ Laptop ၀ယ်ပြီးပြီးချင်း ရှစ်နာရီလောက်ကြာတဲ့အထိ သွင်းရပါတယ်။ နောက်ပိုင်းကျရင် အဲဒီလောက်သွင်းစရာမ လိုတော့ဘူး။ သုံးနာရီလောက် သွင်းရင်ရပြီ။ Toshiba Laptopမှာသုံးထားတဲ့ ဘက်ထရီတွေက အနည်းဆုံး 6 Cells ရှိတယ်။ အားပြန်သွင်းသင့်တဲ့ အချိန်ရောက်ရင် Warning ပေးတဲ့ စနစ်ပါတယ်။ အဲဒီအချိန်မှာ အားသွင်းဖို့လိုပါတယ်။နောက်ပြီး မသုံးဘဲ ဒီအတိုင်းထားရင် ဘက်ထရီရဲ့ Capacity ကလျော့သွားတတ်ပါတယ်။
ကဲသတိပြုနိုင်ကြပါစေဗျာ


Laptop တွေအတွက် အကြောက်ဆုံး အရာကတော့ အပူချိန် မြင့်မားမှုပါပဲ။


- အပူချိန်မြင့်မားလာလျှင် ဘယ် electronic device တွေမှ ခံနိုင်မှု မရှိပါဘူး။တချို့  သော Laptop တွေဟာ အထူနဲ့ ထုပ်လုပ်ပြီး တချို့  Laptop တွေကို ပါးလွှာအောင် ထုတ်လုပ်ကြပါတယ်။ အပူပိုင်းနိုင်ငံ အသုံးပြုမှုနဲ့ အအေးပိုင်းနိုင်ငံတွေ အသုံးပြုမှုဆိုပြီး ကွဲပြားခြားနားမှုတွေ ရှိပါတယ်။ အထူပဲဖြစ်ဖြစ်၊ အပါးပဲဖြစ်ဖြစ်၊ အပူချိန်ညှိမှုကိုတော့ အားလုံး လုပ်ထားပြီးသား ဖြစ်ပါတယ်။ အထူးသဖြင့် ပန်ကာ (fan) တွေနဲ့ အောက်ဘက်၊ ဘေးဘက်တွေမှာတပ်ထားပြီး ဖြစ်ပါတယ်။ ဒါတွေကို အသုံးပြုသူတွေဟာ သတိထားကြ ရပါတယ်။ ဒီ function တွေဟာ power management တွေမှာ ပါဝင်ပါတယ်။ အဓိက အပူချိန်ကို ထိန်းဖို့ လုပ်ခြင်းဖြစ်ပါတယ်။


- Laptop တွေကို မျက်နှာပြင်ညီညာတဲ့ နေရာတွေမှာ အသုံးပြုပါ။ မျက်နှာပြင် မညီညာတဲ့ နေရာတွေမှာ အသုံးပြုပါက အောက်လက်မှာရှိ တဲ့ လေဝင်လေထွက်ပေါက်တွေ ပိတ်ပြီး အပူချိန် တက်ပါလိမ့်မယ်။



- Laptop ဝယ်လာတဲ့အခါမှာ display screen နဲ့ keyboard ကြားမှာ ခံထားတဲ့ keyboard protector တွေကို ဖယ်ရှားပြီး သုံးပါ။ အောက်ဘက်က fan တွေအတွက် အပေါ်ဘက်ကနေပြီး လေဝင်၊ လေထွက်တွေကို ပိတ်ထားသလိုဖြစ်နေပါလိမ့်မယ်။


- Laptop fan တွေရဲ့ ဆူညံသံကို နားထောင်ပါ။ Rpm မြင့်လာလေ အသံကျယ် လာလေ ပါပဲ။ Rpm ဘာကြောင့် မြင့်သလဲဆိုရင် အပူချိန် တက်ပြီး fan တွေပို အလုပ်လုပ်လို့ ဖြစ်ပါတယ်။


- Fan တွေမှာ ဖုန်တွေ အမှိုက် တွေကို ၆လ တစ်ခါ၊ ၁နှစ်တစ်ခါ maintain လုပ်ပေးပါ။ Rpm ကျလာပါက အအေးပေးစနစ် ချွတ်ယွင်းလာပြီး Laptop ကို အပူချိန် တက်လာပါလိမ့်မယ်။


- အရေးအကြီးဆုံး အချက်ဖြစ်တဲ့ Laptop ဝယ်တဲ့အခါမှာ Laptop ကို တပ်မယ့် သို့မဟုတ် ထည့်သွင်းထားမယ့် အိတ်ကို ဝယ်ယူဖို့ပါပဲ။ ဒီအိတ်ဟာ သယ်ယူမှုအတွက် အသုံးဝင်ခြင်း တစ်ခုတည်း မဟုတ်ပါဘူး။ Laptop တစ်ခုလုံးအတွက် အလေးချိန် ဖိမှု၊ ပြုတ်ကျမှု၊ အပူချိန် ထိန်းညှိမှု၊ ESD (ElectroStatic Discharge), EMI (Elictromagnetic Interfrence) သို့မဟုတ် RFI (Radio Frequency Interferce) စတဲ့ ဘေးပြင်ပ နှောက်ယှက်မှု တွေကိုပါ ဝန်ဆောင်မှု တွေ ပေးပါတယ်။ မိမိဝယ်လိုက်တဲ့ Laptop အတွက် တစ်ပါတည်း ထုတ်လုပ်ထားတဲ့ Laptop ကို ဝယ်တာ အကောင်းဆုံး ဖြစ်ပါတယ်။



AMD’s PUMA Platform for laptops


AMD ကနေ laptop computer လေးတွေအတွက် Platform အသစ် တစ်ခုအနေနဲ့ PUMA ဆိုတဲ့ နည်းပညာကို မိတ်ဆက်ထားပါတယ်။
အဲဒီ PUMA platform ကို အခြေခံပြီး တည်ဆောက် ထားတဲ့ Laptop တွေကို အခု ၀ယ်လို့ရနေ ပါပြီ။ ဘာထူး ခြားသလည်း လို့ မေးရင် အရင်ဆုံး ပြောရမှာက ဈေးနှုန်းပေါ့။ အသစ်စက်စက် PUMA platom laptop PC တစ်လုံးကို S$ 1000 လောက် နဲ့ ရတယ်လေ။ စိတ်ဝင်စား စရာပေါ့။
တစ်ခုပဲ ရှိတယ်။ သာမာန်အားဖြင့် ကြည့်ရင် သူ့မှာ သုံးထားတဲ့ CPU က AMD Turion X2 Ultra တွေ သုံးထား တယ်။ ဒီတော့ Intel မှ Intel ဖြစ်နေတဲ့သူတွေ၊ Core2Duo မှ CPU ထင်တဲ့ သူတွေ အတွက်တော့ တစ်မျိုး ဖြစ်ချင် ဖြစ်နေမယ်။ စိတ်ဝင်စား စရာ ဖြစ်ချင်မှ ဖြစ်မယ်လေ။



ကျွန်တော်က အဲဒီ laptop လေးတွေ အကြောင်း နဲနဲ ဆွေးနွေးချင်ပါတယ်။ Intel ရဲ့ Core2Duo တွေက ဘယ်လိုပဲ ဖြစ်ဖြစ် လက်ရှိ CPU ဈေးကွက်မှာ အကောင်းဆုံး လို့ ပြောလို့ရတာ ဟုတ်ပါတယ်။ ဒီနေ့ အထိလည်း CPU ချင်းယှဉ် ကြည့်ရင် C2D တွေကို ဘယ်သူမှ အလဲ မထိုးနိုင်သေးပါဘူး။ Power စားသုံးမှု နဲ့ အပူ ထုတ်လွှတ်မှု မှာ C2D က အကောင်းဆုံး ရလဒ်တွေကို ပေးပါလိမ့်မယ်။



ဒါဖြင့်ရင် Turion က ဘာကောင်းလို့လည်း။ ၀ယ်သင့်သလား ဆိုရင် ကျွန်တော် ကတော့ laptop ၀ယ်ရင် Turion X2 Ultra ပါတဲ့ PUMA laptop ကို S$1000 လောက်နဲ့ ၀ယ်ရတာ သိပ်ကို တန်တယ်လို့ ထင်မိပါတယ်။
တစ်ကယ်တမ်းက PUMA platform လို့ ပြောလိုက်ရင် CPU တစ်ခုထဲကို ပြောတာ မဟုတ်ပါဘူး။ AMD က သတ်မှတ် လိုက်တဲ့ laptop တစ်လုံးအတွက် CPU, chipset, memory technology, GPU (graphic processor) တွေ အားလုံး အတွဲတစ်ခုကို ပြောတာ ဖြစ်ပါ တယ်။ PUMA မှာ ဘာတွေ ပါသလည်း…။CPU က Turion X2 Ultra အမျိုးအစားပါ။ AMD CPU တွေက သိပ်ပူတာပဲ။ ဘယ်လိုမှ သုံးလို့ မကောင်းဘူး လို့ ပြောမယ် ဆိုရင် ဟုတ်ပါတယ်။ AMD ရဲ့ CPU တွေက Intel ထက် ပိုပူတာ မှန်ပါတယ်။ ဒါပေမယ့် သုံးလို့မကောင်းအောင်ပူ တာတွေက အရင်တုန်းက Althlon X2 တွေပါ။



အခု နောက်ထွက်တာတွေက Turion X2 တွေပါ။ Turion X2 တွေက Dual Core တွေပါပဲ။ မူလ Turion X2 တွေက Intel CoreDuo လောက်ရှိပါ တယ်။ Core2Duo ကို မမှီပါဘူး။ အခုနောက်ထွက်တဲ့ Turion X2 Ultra တွေက နည်းပညာပိုင်းမှာ အသစ်တွေ ပါလာပါတယ်။ အတော်လေးလည်း ပိုပြီး ကောင်းလာပါတယ်။ ပြောရရင် Turion X2 Ultra ဟာ Turion X2 ထက် အများကြီး ပိုကောင်းတဲ့ architecture တွေ ပါပါတယ်။ ဥပမာ- Hyper Transport 3.0 လို နည်းပညာ တွေပေါ့။ ပြီးတော့ High Definition (Blue-Ray) DVD palyback ကို ကောင်းကောင်း support လုပ်ပါတယ်။
PUMA platform က CPU တစ်ခု ထဲကို ပြောတာမဟုတ်ပါဘူး။ PUMA အစစ် ဖြစ်ဖို့က Turion X2 Ultra ပါပါ တယ်။ ပြီးတော့ graphic card က AMD ရဲ့ ATI Radeon HD 3000 series graphic processor နဲ့ တွဲထား ပါတယ်။ Chipset က လည်း AMD ရဲ့ သီးသန့် design chipset ပါ။ ပြီးတော့ 802.1 b/g အပြင် နည်းပညာ အသစ် N ကိုပါ support လုပ်တဲ့ Wi-Fi wireless connection ပါရပါမယ်။ အဲဒါတွေ အားလုံး ပေါင်းလိုက်ရင် အရမ်း ကို ကောင်းတဲ့ multimedia နဲ့ gaming performance ကို ပေးနိုင်တဲ့ PUMA laptop တစ်လုံး ဖြစ်သွား ပြီပေါ့။


PUMA platform laptop တစ်လုံးကို ၀ယ်မယ်ဆိုရင် အကြံပေးချင် တာ လေးတွေ ရှိပါတယ်။


ပထမဆုံးက AMD Turion X2 ကို မ၀ယ်ပါနဲ့။ Turion X2 ကို ၀ယ်ရင် စိတ်ညစ်ကောင်း ညစ်သွား ပါလိမ့်မယ်။ Turion X2 Ultra ကိုပဲ ရအောင်ဝယ်ပါ။ Turion X2 Ultra တွေက ရိုးရိုး Turion X2 တွေထက် အများကြီး ပိုကောင်းတာ သေချာပါတယ်။ ပြီးတော့ Dual Core တွေ ဖြစ်တဲ့ အပြင် ကောင်းတဲ့ တစ်ချက်က 32bit အပြင် 64bit ကို ကောင်းကောင်း support လုပ်ပါတယ်။ ဒါကြောင့် 64bit OS တွေ စမ်းချင်ရင်လည်း အဆင်ပြေသလို အများဆုံး ထည့်နိုင်တဲ့ memory ကလည်း 4GB မဟုတ်ပဲ 8GB အထိ တပ်လို့ ရသွားပါတယ်။ ဒီနေ့အထိ Intel ရဲ့ Core2Duo တွေက 32bit ပဲ ရှိတဲ့အတွက် အများဆုံး ထည့်လို့ ရတဲ့ memory က 4GB ပဲ ရပါတယ်။ Turion X2 Ultra ကို ၀ယ်မယ်ဆိုရင် model number တွေ အများကြီး ရှိပါတယ်။ ကျွန်တော် အကြံပြုချင် တာက ZM series Turion X2 Ultra တွေကိုပဲ ၀ယ်ပါ။ တစ်ခြား အရင်က model တွေကို မ၀ယ်ပါနဲ့။ ဥပမာ- RM လို မျိုးတွေက နောက်ဆုံးထွက် ZM တွေလောက် မကောင်းပါဘူး။



ဖြစ်နိုင်ရင် ZM 80 နဲ့ အထက်ကိုပဲ ၀ယ်ပါ။ အခု ၀ယ်လို့လည်း ရပါတယ်။ အခုလက်ရှိ ရောင်းနေတဲ့ laptop တွေထဲမှာ ZM 86 (2.4GHz) တွေ တောင် တွေ့နိုင်ပါတယ်။ ZM 80 (2.1GHz) လောက်ဆိုရင်ကို ကောင်းပါတယ်။


နောက်ပြီး PUMA laptop အစစ်တွေမှာ ATI Radeon HD series graphic processor တွေ ပါပါတယ်။ အနိမ့် ဆုံးက Radeon HD 3200 ပါ။ အခု ၀ယ်လို့ရတဲ့ PUMA တွေမှာ HD 3400 နဲ့ အထက် model တွေ တွေ့နိုင် ပါတယ်။ ဖြစ်နိုင်ရင် HD 3200 ကို အနိမ့်ဆုံး ထားပြီး ၀ယ်စေချင်ပါတယ်။ PUMA ဖြစ်ဖို့ လိုအပ်တဲ့ အရာတွေ ကို ပုံထဲက logo လေးမှာ ကြည့်နိုင်ပါတယ်။ ATI Radeon HD 3000 series graphic processor တွေက DirectX 10 ကို အပြည့်အ အလုပ်လုပ်ပါတယ်။ သူတို့က တစ်ကယ်ကောင်းတဲ့ High Definition (HD) display တွေကိုလည်း ကောင်းကောင်း support လုပ်ပါတယ်။ Geforce 8 လောက်ကို အသာလေး ယှဉ်နိုင် ပြီး Geforce 9100 လောက်နဲ့ ညီပါတယ်။ ဒါပေမယ့် Geforce ထက် ထူးခြားတာက သူတို့ကို PUMA မှာ AMD Turion CPU နဲ့ သင့်တော် သလိုတွဲထားရင် ရိုးရိုး Geforce သုံးထားတဲ့ laptop ထက်သာပါ လိမ့်မယ်။ Core2Duo CPU ပါတဲ့ Intel GMA (Graphic Media Accelerator X3100) လို ရိုးရိုး graphic သုံးထားတဲ့ laptop တွေကို အလဲ ထိုးနိုင်တယ် ဆိုတာ သေချာပါတယ်။


Turion X2 Ultra ကိုလည်း စိတ်ဝင်စားတယ်။ Nvidia Geforce graphic processor မှလည်း လိုချင်တယ် ဆိုရင် လည်း PUMA platform နဲ့ အလား သဏ္ဍာန်တူစွာ ဖွဲ့စည်းထားတဲ့ Turion X2 Ultra CPU သုံးထားတဲ့ laptop လေးတွေ ၀ယ်လို့ရပါတယ်။ ဈေးက တူတူပါပဲ။ ၁၀၀၀ ပါတ်ဝန်းကျင်ပဲ ရှိပါတယ်။


Turion X2 Ultra (ZM) CPU ပါပါတယ်။ Geforce 9100 သုံးထားပါတယ်။ တစ်ကယ်တမ်းက laptop တွေအတွက် Mobile Geforce 9100 integrated graphic processor တွေက သီးသန့် desktop တွေအတွက် Geforce 8400 graphic card တွေနဲ့ စွမ်းဆောင်ရည် တူပါတယ်။ ဒါပေမယ့် Geforce 9 ဖြစ်တဲ့ အတွက် CUDA လို နည်းပညာသစ်တွေနဲ့ အလုပ်လုပ်ပါ လိမ့်မယ်။ ACER Aspire 4530 laptop လေးတွေ က အမြင်လည်း အရမ်းလှပါတယ်။ ကောင်းလည်း ကောင်းပါတယ်။ Turion X2 Ultra ကို Geforce 9 နဲ့ တွဲပေး ထားပါတယ်။ ဒါပေမယ့် PUMA platform စစ်စစ်တော့ မဟုတ်ဘူးပေါ့နော်။


ကျွန်တော်ကတော့ Turion X2 Ultra + Radeon HD 3400 ပါတဲ့ PUMA platform laptop စစ်စစ် လေးတွေကို 1000 S$ လောက်နဲ့ ၀ယ်လို့ရတာ အရမ်းကို တန်တယ်လို့ မြင်မိပါတယ်။ သာမာန်အားဖြင့် Core2Duo ထက် နဲနဲ ပိုပူပေ မယ့် ပေးရတဲ့ ဈေးနဲ့ ရတဲ့ performance က အရမ်းကို တန်ပါတယ်။ အရမ်းလည်း ပိုပူတာတော့ မဟုတ်ပါဘူး။ Turion X2 Ultra (ZM) ကို တော့ ရအောင် ၀ယ်ပေါ့နော်။ တစ်ခြားဟာ သွားဝယ်မိရင်တော့ မပြောတတ်ဘူး။


လိုက်ဖက်ညီတဲ့ combination ကိုသာ ကောင်းကောင်းရမယ် ဆိုရင် game တွေ အတွက်ရော၊ multimedia တွေ အတွက်ရော၊ 3D graphic rendering နဲ့ animation တွေ အတွက် ကောင်းကောင်း အသုံးတည့်မှာပါ။ တစ်ကယ်လို့ ရေရှည် heavy ဖြစ်တဲ့ အလုပ်တွေ၊ game တွေအတွက် သုံးလို့ အရမ်းပူလာတယ် ထင်ရင် notebook cooling pack လေးတွေနဲ့ သုံးပေါ့။ ဘာပဲ ဖြစ်ဖြစ် ပေးရတဲ့ ဈေးနဲ့ ရတဲ့ performance တန်ချင်ရင်တော့ PUMA laptop တွေက အကြိုက်တွေ့ စရာလို့ ယုံကြည်မိပါတယ်။ (Core2Duo ကို 1800S$ လောက် ပေးဝယ်ထားရတဲ့ သူတွေကတော့ ဘယ်လို မြင်မလည်း မသိပါ၊ အထူးသဖြင့် Core2Duo + Intel GMA graphic ပဲ ပါတဲ့ laptop တွေနဲ့ ယှဉ်ပြီး run ကြည့်စေချင်ပါတယ်).. :P
PUMA အကြောင်း သိချင်ရင် အောက်မှာပေးထားတဲ့ link က video လေးကို ကြည့်ကြည့်ပါ…


http://www.amd.com/us-en/0,,3715_15692,00.html
ဒါကတော့ laptop ပြုပြင်နည်းနှင့်သိသင့်စရာများ ဆိုတဲ့ စာအုပ်ကလေးပါ . သန်းထိုက်(ရွှေရိပ်)ရေးထားတာပါ. laptop နဲ့ desktop က သဘောတရားချင်း တူတယ်လို့ ဆိုပေမယ့် တည်ဆောက်ပုံချင်း နည်းနည်းလေး ကွဲပါတယ်. desktop ကကျတော့ ကျယ်ပြန့်တဲ့ casing ပုံးခွံထဲမှာ ထည့်ပြီး ပေါ့ပေါ့ပါးပါး သုံးလို့ရပေမယ့်. laptop ကျတော့ တစ်လက်မလောက်သာသာပဲ ရှိတဲ့ laptop အခွံထဲမှာ အားလုံး ပြွတ်သိပ်ပြီး ကွန်ပျူတာတစ်လုံးဖြစ်လာအောင် တပ်ဆင်ထားရတာ တစ်ကယ်တော့ မလွယ်ပါဘူး. desktop သမားများက (၂)နှစ် (၃)နှစ်လောက် ဖုံတက်ချင်တက်ဆိုပြီး ပစ်ထားပေမယ့်


ပုံးကကျယ်တော့ လေ၀င်လေထွက်ကောင်းတယ်လေ. speed သိပ်ပြီး သိသိသာသာမကျဘူး. laptop ကျတော့ ၃ နှစ်လောက်လဲ ပစ်ထားမယ်. သန့်ရှင်းရေးလဲမလုပ်ဘူး. ဖြစ်သလိုသုံးမယ်ဆိုရင်တော့ speed သိသိ သာသာကျပြီး laptop က ထွက်တဲ့ အပူချိန်ကလဲ သိသိသာသာ မြင့်တက် လာမှာဖြစ်ပါတယ်.....

       https://www.facebook.com/notes/myanmar-forward/laptop မှကူးယူဖော်ပြပါသည်။

Cookies ဆိုတာဘာလဲ...


Cookies ဆိုတာဘာလဲ....hacker တွေစားတယ့်မုန့်တွေပါ Security အတွက်တစ်ဖက်တစ်လှန်းကနေကာကွယ်တာမျိုးလေးပါခင်မျာ

အမှန်တော့ Cookies ဆိုတာ ကျွန်တော်တို့ဗိုက်ဆာရင်စားတယ့်မုန့်မဟုတ်ပါဘူး

Hacker တွေအတွက်တော့အရမ်းအသုံးဝင်တယ့်ခြေရာခံစနစ်တစ်ခုပါ

hacker hacker ဆိုလို့ ကျွန်တော့်ကို hacker လို့တော့မထင်ပါနဲ့ ဘာမှမသိပါဘူး အမျိုးအစားနှစ်ခုရှိတယ်လို့မှတ်ထားလိုက်ပါ 

...အမြဲတမ်းရှိနေတယ့်(Permanentcookies)နဲ့ယာယီအနေနဲ့ပဲရှိတယ့်(temp cookies )ဆိုပြီးရှိပါတယ်...ဒီလိုရှိနေတယ့် Cookies တွေက 

သူငယ်ချင်းတို့အပေါ်

ကိုဘယ်လိုသက်ေ၇ာက်မှုရှိလဲဆိုတော့...သူငယ်ချင်းတို့ Browser တစ်ခုကိုသုံးပြီးသွားခဲ့သမျှဝက်ဘ်ဆိုက်နိမ်းတွေ နေ့စွဲတွေ 

စသည့်လုပ်ဆောင်ချက်မှန်သမျှကို စုဆောင်းထားတယ့် text

ဖိုင်များကိုဆိုလိုတာပါ....ဥပမာ Gmail ကို Browser တစ်ခုခုသုံးလိုက်ပြီးဝင်လိုက်တယ်ဆိုပါဆို့

ဒါဆိုရင် သူငယ်ချင်းတို့ရဲ့password တွေ user name တွေက cookies ခေါ် text ဖိုင်တွေအဖြစ်browser ထဲမှာ၇ှိနေမှာပါ....သူငယ်တို့ကတော့ log out 

ထွက်လိုက်ရင် ရပြီလို့ထင်ကောင်းထင်နိုင်ပေမယ့် ဒီ cookies အဖြစ်ရှိနေသေးတယ့် password နဲ့ user name တွေကတော့ ကွန်ပျူတာ

မပိတ်မချင်းကို ရှိနေအုံးမှာပါ...ဒါက(temp cookies)အနေနဲ့ပြောတာပါ....Permanent cookiesအနေနဲ့ကတော့ ကွန်ပျူတာပိတ်လိုက်လည်း 

ID,Nameလောက်တော့  Hard disk ထဲမှာကျန်နေအုံးမှာပါ...ဒီလိုမှတ်တမ်းတွေအဖြစ်ရှိနေမယ့် Text ဖိုင် cookies တွေကို 

hackerတွေကနည်းလမ်းများစွာနဲ့ရဖို့ကြိုးစားကြပါတယ်....ဒီလိုနည်းလမ်းတစ်ခုခုနဲ့ရသွားပြီဆိုပါဆို့ ဒီ Cookies တွေကို သူတို့ရဲ့Cookiesထားရာနေရာမှာ 

Upload ဖြင့်ထည့်လိုက်ပြီး Browser ကိုဖွင့်သုံးလိုက်တာနဲ့ သူငယ်ချင်းတို့သုံးနေသလိုသူသုံးလို့ရသွားပါပြီ ...ပြီးတော့ အခုအချိန်မှာ Cookies တွေကိုေ

ဖြထုတ်ယူနိုင်တယ့်တစ်နည်းအားဖြင့် ဘာသာပြန်ပေးနိုင်တယ့် Software တွေအများကြီးရှိနေပါပြီ...ဒါကြောင့်Securityပိုင်းအနေနဲ့ Cookies 

ကဘယ်လောက်ေ၇းပါလဲဆိုတာ သူငယ်ချင်းတို့ဒီလောက်ဆိုသဘောပေါက်လောက်ပြီလို့ထင်ပါတယ်...ဒီတော့ဒီCookiesတွေကိုမိမိတို့စက်ထဲ

မှာကဘယ်နေရာတွေမှာရှိနေမလဲဆိုတာသိဖို့လိုလာပါပြီ...ဒီလိုရှာလိုက်ပါ...C:\Users\CurrentUser name\App Data\Roaming\Microsoft|Windows

\Cookies မှာရှာကြည့်ပါ ...ဒါကစက်ထဲမှာမပျက်ပဲရှိနေမယ့်နေရာကိုပြောတာပါ...Browser အနေနဲ့ကတော့ ယာယီ Cookiesေ

ပါ့သူကတော့ကွန်ပျူတာပိတ်လိုက်တယ့်အချိန်မှာမရှိနိုင်တော့ပါဘူး...ဥပမာ..IE Browser သုံးတယ်ဆိုရင်တော့ ဒါတွေလုပ်ဆောင်သင့်ပါတယ်....Too

Menu အတွင်းမှ Internet options ကိုဖွင့် General Tab အောက်ရှိDelete Browing history မှာအမှတ်ခြစ်ပေးပါ....Security Tab အောက်ရှိ Security 

Level Barကို High ထားပေးလိုက်ပါ Enable protechted mode ကိုအမှတ်ခြစ်ပါ...Privacy Tab အောက်မှာတော့ သူငယ်ချင်းတို့သိချင်နေတယ့် 

Cookies Setting Bar ကိုအမြင့်ဆုံး Block All Cookiesထားပေးလိုက်ပါ ...ဒါဆိုရင် Cookies တွေကိုယူဆောင်ခွင့်လုံးဝမပြုတော့ပါဘူး Content Tabေ

အာက်ရှိ Auto Complete တွေ Setting ကိုရွေးနှိပ်ပြီး Auto Complete SettingBox တွင်ရှိသမျှအမှတ်တွေကိုဖြုတ်လိုက်ပါ ..User Name and 

passwords on forms ကိုအမှတ်တပ်ထားရင် သူငယ်ချင်းတို့ Browser ကိုသုံးပြီး ထည့်သွင်းခဲ့သမျှ User name and password 

ကိုမဖြတ်ထားဘဲရှိနေမှာပါဒီလောက်ဆို cookie အကြောင်း နည်းနည်းသဘောပေါက်မယ်လို့ထင်ပါတယ် ကျွန်တော်သိသလောက်ရေးပြတာပါအမှာ

းပါရင်နားလည်းပေးစေချင်ပါတယ်ခင်မျာ

        ဆရာခေါ်ရင် မကြိုက်သောညီလေး AC Vs DC ရဲ့ ပိုစ့်ကို ကူးယူဖော်ပြခြင်းဖြစ်ပါသည်။