၁. Windows Key + R ကို နှိပ်လိုက်ပါ။ Run Dailog Box တက်လာပါမည်။ ထို့နောက် notepad လို့ရိုက်လိုက်ပါ။ပြီးလျှင် OK ကို နှိပ်လိုက်ပါ။ ဒါဆိုရင် notepad တက်လာပါလိမ့်မယ်။၂. Notepad ထဲတွင် Format အောက်က word warp ကို check လုပ်ထားပါ ။ ဘာဖြစ်လို့လည်းဆိုရင်တော့ Word Warp က Notepad မှာစာရိုက်တာ ပြည့်သွားရင် အောက်တစ်ကြောင်း ဆင်းသွားရန်အတွက် ဖြစ်သည်။
HTML စတင်ရေးသားခြင်း
၁. Notepad ထဲတွင် အခုလိုရေးသားလိုက်ပါ။
<html><head><title>This is title</title></head><body>This is body</body></html>HTML နဲ့ စပြီး HTML နဲ့ပြန်ပိတ်ရပါတယ်။ အဲဒီကြားမှာ html code တွေရေးရပါတယ်။ Head Tag နဲ့ Head Tag အပိတ်ကြားတွင် Title ထည့်ထားသည်ကို တွေ့ရမည်။ Title သည် Browser ၏ ထိပ် bar တွင် တွေ့မြင်ရန်ဖြစ်သည်။ Body အဖွင့် နဲ့ အပိတ်ကြားမှာ မိမိ၏ နှစ်သက်ရာ စာများရေးသားနိုင်သည် ။
၂. အဲဒါကို တနေရာ မှာ save သွင်းလိုက်ပါ။ Save Dialog box တက်လာရင် filetype ကို All file လို့ပေးလိုက်ပါ။ file name ကို firstrun.html လို့ပေးလိုက်ပါ။ firstrun သည် မိမိ၏ နှစ်သက်ရာ နာမည်ပေးနိုင်သည်။ .html သည် file extension ဖြစ်သည်။ HTML ရေးထားသော page များကို .html နှင့် .htm လို့ပေးမှသာ browser တွင် ပေါ်ပါလိမ့်မည်။
၃. Save သွင်းလိုက်သော file လမ်းကြောင်းကို သွားလိုက်ပါ ။ first.html file လေးကို double click လုပ်ပြီး ဖွင့်လိုက်ပါ ။ဒါဆို page လေးတစ်ခုတက်လာတာကို မြင်ရပါမယ်။
ထိပ်ပိုင်းတွင် File ပတ်လမ်းကြောင်းကို address bar တွင်တွေ့ရမည်ဖြစ်သည်။ title tag ထဲတွင် ရေးထားသော This is tile ဆိုသော စာကို Windos ၏ Title bar နှင့် Tab Title bar တို့တွင် တွေ့ရမည်။ Body tag ထဲတွင် ရေးထားသော This is body ဆိုသော စာသားကို စာမျက်နှာအဖြူပေါ်တွင် ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ပြင်မယ်ဆိုရင်တော့IE7 မှာဆိုရင်Page > View Source ကိုနှိပ်လိုက်ပါက Notepad နဲ့ ကိုယ်ရေးထားတဲ့ HTML ပွင့်လာပါမယ်။IE 6 မှာဆိရင်View > Source ကို နှိပ်လိုက်ပါက Notepad နဲ့ ကိုယ်ရေးထားတဲ့ HTML ပွင့်လာပါမယ်။အဲဒီမှာ ရေးထားတဲ့ codeတွေကို ဖတ်နိုင်သလို ကိုယ့်စက်ထဲမှာရေးထားတဲ့ page ဆိုရင်တော့ ပြင်ပြီး တစ်ခါတည်း save လုပ်နိုင်ပါတယ်။ Internet ပေါ်က Web site တွေကိုတော့ view > source ကနေဖွင့်ပြင်ပြီး save လုပ်လို့မရပါဘူး။
Header Tag
notepad ထဲမှာ ဒီလိုရိုက်လိုက်ပါ။<html><head><title>Example Of Header</title></head><body>
Line Break
HTML မှာ စာတစ်ကြောင်းဆင်းချင်ရင်တော့
ကိုသုံးပါတယ်။ သူ့မှာ close tag မပါဘူး။
ပဲရေးရေး
ပဲရေးရေးရပါတယ်။<html><head><title>Example</title></head><body>First Line
Second Line
Third Line</body></html>
Bold ၊ Italic ၊ Underline Tag
bold မို့လို့ ကျွန်တော်တို့တွေ ကိုသုံးပါမယ်။ နောက်ပြီး italic မို့လို့ ပေါ့။ ဒါဆိုရင် Underline ကဘာလဲဆိုရင် သိပြီးသားလောက်ပါ။ ကျွန်တော်တို့တွေ ကိုသုံးပါမယ်။ အဲဒါကို notepad ထဲမှာ ဒီလိုရေးပြီး run လိုက်ရင်ရပါတယ်။<html><body>This is bold
This is italic
This is underline
</body></html>Bold လုပ်မယ်။ နောက်ပြီး အဲဒါကို underline သားမယ်။ ဒါမှ မဟုတ် italic လုပ်မယ်။ အဲလိုမျိုးလုပ်ချင်တယ်။ ရပါတယ်။ tag တွေထဲမှာ tag တွေထည့်လိုက်ပေါ့။ ဒီလိုထည့်လို့ရပါတယ်။This is bold italic This is bold italic အဲလိုမျိုးရေးလို့ရပါတယ်။ တချို့လူတွေက မေးတတ်တယ်။
နဲ့စမှ ရမှာလား။ ဒီလိုတိုင်း အစဉ်တိုင်းရေးမှ ရမှာလား။ နောက်ပြီး အဲလိုမျိုးတွေကော ပိတ်လို့မရဘူးလား။ဘာနဲ့ စစရပါတယ်။ အစဉ်တိုင်းမဟုတ်ပဲ This is bold italic လို့ရေးလည်းဖြစ်ပါတယ်။ နောက်ပြီး tag အဖွင့်တွေ အပိတ်တွေက ကြိုက်သလိုဖြစ်နေလို့ရပါတယ်။ ဒါပေမယ့် structure ကျကျလေး။ ပုံစံကျကျလေး ဖြစ်နေရင်ကောင်းတာပေါ့။ နောက်မို့ဆို code ကိုပြန်ဖတ်ရခက်တာပေါ့။
Pre Tag
ကျွန်တော်တို့တွေ စာတစ်ကြောင်းဆင်းရမှာ မကြိုက်ဘူး။ Enter ခေါက်လိုက်ရုံနဲ့တင် တစ်ကြောင်းဆင်းချင်တယ်။ အလွယ်ဆုံး နည်းလမ်းကတော့ dream weaver သုံးလိုက်ခြင်းပဲ။ အဲဒါဆိုရင်တော့ HTML နားလည်မှာမဟုတ်တော့ဘူး။ နောက်တစ်နည်းကတော့
HTML စတင်ရေးသားခြင်း
၁. Notepad ထဲတွင် အခုလိုရေးသားလိုက်ပါ။
<html><head><title>This is title</title></head><body>This is body</body></html>HTML နဲ့ စပြီး HTML နဲ့ပြန်ပိတ်ရပါတယ်။ အဲဒီကြားမှာ html code တွေရေးရပါတယ်။ Head Tag နဲ့ Head Tag အပိတ်ကြားတွင် Title ထည့်ထားသည်ကို တွေ့ရမည်။ Title သည် Browser ၏ ထိပ် bar တွင် တွေ့မြင်ရန်ဖြစ်သည်။ Body အဖွင့် နဲ့ အပိတ်ကြားမှာ မိမိ၏ နှစ်သက်ရာ စာများရေးသားနိုင်သည် ။
၂. အဲဒါကို တနေရာ မှာ save သွင်းလိုက်ပါ။ Save Dialog box တက်လာရင် filetype ကို All file လို့ပေးလိုက်ပါ။ file name ကို firstrun.html လို့ပေးလိုက်ပါ။ firstrun သည် မိမိ၏ နှစ်သက်ရာ နာမည်ပေးနိုင်သည်။ .html သည် file extension ဖြစ်သည်။ HTML ရေးထားသော page များကို .html နှင့် .htm လို့ပေးမှသာ browser တွင် ပေါ်ပါလိမ့်မည်။
၃. Save သွင်းလိုက်သော file လမ်းကြောင်းကို သွားလိုက်ပါ ။ first.html file လေးကို double click လုပ်ပြီး ဖွင့်လိုက်ပါ ။ဒါဆို page လေးတစ်ခုတက်လာတာကို မြင်ရပါမယ်။
ထိပ်ပိုင်းတွင် File ပတ်လမ်းကြောင်းကို address bar တွင်တွေ့ရမည်ဖြစ်သည်။ title tag ထဲတွင် ရေးထားသော This is tile ဆိုသော စာကို Windos ၏ Title bar နှင့် Tab Title bar တို့တွင် တွေ့ရမည်။ Body tag ထဲတွင် ရေးထားသော This is body ဆိုသော စာသားကို စာမျက်နှာအဖြူပေါ်တွင် ပေါ်နေသည်ကို တွေ့ရမည်ဖြစ်သည်။ပြင်မယ်ဆိုရင်တော့IE7 မှာဆိုရင်Page > View Source ကိုနှိပ်လိုက်ပါက Notepad နဲ့ ကိုယ်ရေးထားတဲ့ HTML ပွင့်လာပါမယ်။IE 6 မှာဆိရင်View > Source ကို နှိပ်လိုက်ပါက Notepad နဲ့ ကိုယ်ရေးထားတဲ့ HTML ပွင့်လာပါမယ်။အဲဒီမှာ ရေးထားတဲ့ codeတွေကို ဖတ်နိုင်သလို ကိုယ့်စက်ထဲမှာရေးထားတဲ့ page ဆိုရင်တော့ ပြင်ပြီး တစ်ခါတည်း save လုပ်နိုင်ပါတယ်။ Internet ပေါ်က Web site တွေကိုတော့ view > source ကနေဖွင့်ပြင်ပြီး save လုပ်လို့မရပါဘူး။
Header Tag
notepad ထဲမှာ ဒီလိုရိုက်လိုက်ပါ။<html><head><title>Example Of Header</title></head><body>
This is Header
This is normal text</body></html>အဲဒီ code လေးကို notepad ထဲမှာထည့်ရေး.. ပြီးတော့ run ကြည့်လိုက်ပါ။ အခုလိုမြင်ရပါလိမ့်မယ်။ Head Tag က h1 ကနေ h6 အထိ ရှိပါတယ်။ နံပါတ်ကြီးလေလေ သေးသွားလေလေပဲ။ h6 ဆိုအသေးဆုံးကို ရောက်သွားပြီ။ ကဲ လက်တွေ့ စမ်းကြည့်ရအောင်။ notepad ထဲမှာ အောက်ကလို ရိုက်ပြီး save လုပ်လိုက်။ ပြီးရင် ဖွင့်ကြည့်လိုက်ရင် တွေ့ရပါလိမ့်မယ်။<html><head><title>Example</title></head><body>H1
H2
H3
H4
H5
H6
</body></html>အခုဆို html အကြောင်းနည်းနည်း နားလည်လာလောက်ပါပြီ။ တကယ်တန်းတော့ မခက်ပါဘူး။ ဒါကအစပဲ ရှိပါသေးတယ်။ ဒီလောက်လေးနဲ့ပင် စာတွေပဲပါတဲ့ page တစ်ခုရေးလို့ရနေပြီ။ ဒါပေမယ့် လိုအပ်တာတွေ ရှိသေးတာပေါ့။ အခုဆက်ပြီး bold ၊ italic ၊ underline လုပ်ပုံလေးတွေ ဆက်ပြောပါမယ်။ လွယ်ပါတယ်။Line Break
HTML မှာ စာတစ်ကြောင်းဆင်းချင်ရင်တော့
ကိုသုံးပါတယ်။ သူ့မှာ close tag မပါဘူး။
ပဲရေးရေး
ပဲရေးရေးရပါတယ်။<html><head><title>Example</title></head><body>First Line
Second Line
Third Line</body></html>
Bold ၊ Italic ၊ Underline Tag
bold မို့လို့ ကျွန်တော်တို့တွေ ကိုသုံးပါမယ်။ နောက်ပြီး italic မို့လို့ ပေါ့။ ဒါဆိုရင် Underline ကဘာလဲဆိုရင် သိပြီးသားလောက်ပါ။ ကျွန်တော်တို့တွေ ကိုသုံးပါမယ်။ အဲဒါကို notepad ထဲမှာ ဒီလိုရေးပြီး run လိုက်ရင်ရပါတယ်။<html><body>This is bold
This is italic
This is underline
</body></html>Bold လုပ်မယ်။ နောက်ပြီး အဲဒါကို underline သားမယ်။ ဒါမှ မဟုတ် italic လုပ်မယ်။ အဲလိုမျိုးလုပ်ချင်တယ်။ ရပါတယ်။ tag တွေထဲမှာ tag တွေထည့်လိုက်ပေါ့။ ဒီလိုထည့်လို့ရပါတယ်။This is bold italic This is bold italic အဲလိုမျိုးရေးလို့ရပါတယ်။ တချို့လူတွေက မေးတတ်တယ်။
နဲ့စမှ ရမှာလား။ ဒီလိုတိုင်း အစဉ်တိုင်းရေးမှ ရမှာလား။ နောက်ပြီး အဲလိုမျိုးတွေကော ပိတ်လို့မရဘူးလား။ဘာနဲ့ စစရပါတယ်။ အစဉ်တိုင်းမဟုတ်ပဲ This is bold italic လို့ရေးလည်းဖြစ်ပါတယ်။ နောက်ပြီး tag အဖွင့်တွေ အပိတ်တွေက ကြိုက်သလိုဖြစ်နေလို့ရပါတယ်။ ဒါပေမယ့် structure ကျကျလေး။ ပုံစံကျကျလေး ဖြစ်နေရင်ကောင်းတာပေါ့။ နောက်မို့ဆို code ကိုပြန်ဖတ်ရခက်တာပေါ့။
Pre Tag
ကျွန်တော်တို့တွေ စာတစ်ကြောင်းဆင်းရမှာ မကြိုက်ဘူး။ Enter ခေါက်လိုက်ရုံနဲ့တင် တစ်ကြောင်းဆင်းချင်တယ်။ အလွယ်ဆုံး နည်းလမ်းကတော့ dream weaver သုံးလိုက်ခြင်းပဲ။ အဲဒါဆိုရင်တော့ HTML နားလည်မှာမဟုတ်တော့ဘူး။ နောက်တစ်နည်းကတော့
ပါ။ ဒါပေမယ့် သူက font ပုံစံပြောင်းသွားတယ်။ အဲဒါက ကိစ္စ မရှိပါဘူး။ နောက်ပိုင်း font တွေဘယ်လိုပြောင်းရလဲ ဆိုတာသိလာရင် လာပြင်လိုက်လို့ရပါတယ်။ နောက်ပြီးမှာ သူက tab ခေါက်ထားတာတွေ အစသိပါတယ်။<html><head><title>Example</title></head><body>Pre Tag, Now EnterNow Tab Tab</body></html>
Paragraph Tag
ကျွန်တော်တို့တွေ စာတွေကို paragraph ပုံစံရေးချင်တယ်။ စာပိုဒ်တွေနဲ့ ရေးမယ်ပေါ့။ ဒါဆိုရင်
ကိုသုံးလို့ရပါတယ်။ သူက အပိတ် tag မပါလည်းရပါတယ်။ ထည့်ရင်တော့ ပိုကောင်းတာပေါ့။<html><head><title>Example</title></head><body>
About Notepad
Notepad is a basic text editing program and it is most commonly used to view or edit text files. A
text file is a file type typically identified by the .txt file name extension.
How do I change the font style and size?Changes to the font style and size affect all the text in the document. Click the Format menu, and then click Font. Make your selections in the Font, Font style, and Size boxes. An example of how your font will look appears under Sample. When you are finished making font selections, click OK.
</body></html>
Horizonal Lineကျွန်တော်တို့တွေ horizonal မျဉ်းသားချင်တဲ့ အခါမှာ သုံးလို့ရပါတယ်။ သုံးပုံသုံးနည်းကတော့ <hr> ပါပဲ။ close tag မပါပါဘူး။<html><head><title>Example</title></head><body>
About Notepad
Notepad is a basic text editing program and it is most commonly used to view or edit text files. A text file is a file type typically identified by the .txt file name extension.
<hr>How do I change the font style and size?
Changes to the font style and size affect all the text in the document.
Click the Format menu, and then click Font. Make your selections in the Font, Font style, and Size boxes. An example of how your font will look appears under Sample. When you are finished making font selections, click OK.
</body></html>အထက်ပါ code ကို run လိုက်ရင် ဒီလိုမြင်ရမယ်။ အဲမှာ <hr> ထည့်ထားတဲ့နေရာက line လေးတားထားတာကို မြင်ရပါလိမ့်မယ်။
Attribue
ကျွန်တော်တို့တွေဟာ tag တွေမှာလည်း attribute တွေထည့်ပြီး သုံးနိုင်ပါတယ်။ attribute ဆိုတာကတော့ အဲဒီ tag ပိုင်ဆိုင်တဲ့ properties ပေါ့။ tag တိုင်းမှာတော့ attribute မရှိပါဘူး။ အခု ဦးစွာ အရင်ဆုံး body မှာပါတဲ့ color attribute အကြောင်းလေးနဲ့ စလိုက်ရအောင်။
Body Color
<html><head><title>Example</title></head><body bgcolor=silver>Body BGCOLOR</body></html>
အဲဒီ code လေးကို run လိုက်ရင်တော့ အရင်ကလို background color က အဖြူရောင်မဟုတ်တော့ပဲ စိမ်းနုရောင်လေးဖြစ်နေတာကို တွေ့ရပါမယ်။အောက်က Table မှာ အသုံးများတဲ့ color 16 ရောင်နာမည်တွေပါ။
Silver Gray Maroon Green Navy Purple Olive Teal White Black Red Lime Blue Magenta Yellow Cyanကျွန်တော်တို့တွေဟာ color တွေကို code အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ သုံးရမှာကတော့ RGB color ပါ။ Hex code number ကိုအသုံးပြုရပါတယ်။ #FF0000 ဆိုရင်တော့အနီရောင်ပါ။ ရှေ့ဆုံး ၂ လုံးက အနီရောင်ဖြစ်ပြီး အလယ် ၂ လုံးက အစိမ်းရောင်ပါ။ နောက်ဆုံး ၂လုံးကတော့ အပြာရောင်ပေါ့။ အဲဒီ အရောင် ၃ရောင်ကို စပ်ပြီး သုံးရပါတယ်။ တကယ်လို့ color တွေကို မသိဘူးဆိုရင် photoshop ကနေလည်း ကြိုက်နှစ်သက်တဲ့ အရောင်ကို ယူပြီးသုံးနိုင်ပါတယ်။ ဘယ်လိုယူရမလဲဆိုရင်တော့ အရင်ဆုံး photoshop ကိုဖွင့်လိုက်။ ဘယ်ဘက် အောက်နားမှာ color ရွေးဖို့လေးပါတယ်။အဲဒါလေးကို double click လုပ်လိုက်ပါ။ color dialog box တက်လာပါမယ်။ ပြီးရင် နှစ်သက်ရာ အရောင်ရွေးပါ။ color အရောင်ရွေးပြီးရင် အောက်နားမှာ hex code လေးကို copy ကူးလိုက်ရုံပါပဲ။ ကျွန်တော်တို့တွေ color အနေနဲ့သုံးချင်ရင် # လေးကို ရှေ့မှာ ခံပြီးသုံးလိုက်ရုံပါပဲ။<html><head><title>Example</title></head><body bgcolor=#e5bb2c>Body BGCOLOR Hex code</body></html>အခုဆိုရင်တော့ attribute ပိုင်း နဲ့ color ပိုင်းလေးကို နည်းနည်းပါးပါးသိလောက်ပြီလို့ထင်ပါတယ်။ attribute ထည့်လို့ရတဲ့ tag တွေကလည်း အများကြီးရှိပါသေးတယ်။ ဖြည်းဖြည်းခြင်း ပြောပြသွားမယ်။ အခု နောက်ထပ် tag တစ်ခုဖြစ်တဲ့ <hr> ရဲ့
attribute အကြောင်းလေးပြောပါမယ်။
Hr Attribute
ကျွန်တော်တို့တွေဟာ tag တစ်ခုရဲ့နောက်မှာ attribute တစ်ခုထက်မက လိုက်လို့ရပါတယ်။ tag တွေနောက်မှာ attribute တစ်ခုထက်မကပါတာတွေကို နောက်ပိုင်းမှာတွေ့ရပါလိမ့်မယ်။ အခုတော့ hr အကြောင်းလေး ဆက်ရအောင်။<html><head><title>Example</title></head><body bgcolor=#e0e0e0>Default HR<hr>Hr with size=1<hr size=1>Hr with size=5<hr size=5>Hr with size=10<hr size=10>Hr with size=10 and noshade<hr size=10 noshade>Hr with size=5 and color<hr size=5 color=#D60000></body></html>အဲမှာ size ကတော့ အရွယ်အစားပါ။ noshade ဆိုတာကတော့ shade မပါတဲ့ဟာကို ပြောတာပါ။ ဗြောင်ကြီးပေါ့။ color ကတော့ မိမိကြိုက်နှစ်သက်တဲ့အရောင်ထည့်လို့ရပါတယ်။
List
List ပိုင်းမှာ order list နဲ့ unorder list ဆိုပြီးရှိပါတယ်။ တနည်းအားဖြင့် နံပါတ်စဉ်နဲ့ list နဲ့ နံပါတ်စဉ်တွေမပါတဲ့ list ပေါ့။နောက်ပြီး defination list ဆိုတာရှိပါသေးတယ်။ လူသုံးနည်းပါတယ်။ ပထမဆုံး unorder list အကြောင်းလေးသွားရအောင်။
Unorder list
<html><head><title>Example</title></head><body>
Unorder List
- First Item
- Second Item
- Third Item
- က unorder list ပါ။
- ကတော့ list ပေါ့။ list ၁ ခုပဲဆိုရင်
- 1 ။ ၂ခုဆိုရင်
- 1
- 2 လို့ရေးပါတယ်။ အပေါ်က code ကို run လိုက်ရင် list လေးတွေကို မြင်ရမှာပါ။ အကုန်လုံးက အဝိုင်းလေးတွေနဲ့ List ပါပဲ။ ကဲ အခု attribute လေးထည့်ပြီး ပုံစံပြောင်းကြည့်ရအောင်။<html><body>
- First Item
- Second Item
- Third Item
- First Item
- Second Item
- Third Item
- First Item
- Second Item
- Third Item
Unorder List
Disc
Square
Circle
Ordered List
<html><head><title>Example</title></head><body>
Ordered List
- First Item
- Second Item
- Third Item
- ကတော့ order list ပါ။ အဲဒီ code လေးကို run လိုက်ရင် နံပါတ် အစဉ်လိုက်ပေါ်လာပါလိမ့်မယ်။သူ့မှာလည်း attribute တွေရှိပါတယ်။<html><head><title>Example</title></head><body>
- First Item
- Second Item
- Third Item
- First Item
- Second Item
- Third Item
- First Item
- Second Item
- Third Item
- First Item
- Second Item
- Third Item
- First Item
- Second Item
- Third Item
Ordered List
Type A
Type a
Type a
Type i
- မှာဆိုရင်တော့ D ကနေစမှာပါ။ ဒါဆိုရင်တော့ HTML နဲ့ list တွေပါတဲ့ web page လေးရေးလို့ရပြီပေါ့။ နောက်ထပ် list တစ်ခုကျန်ပါသေးတယ်။ definition list ပါ။
Definition List
အများအားဖြင့် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေမှာ သုံးပါတယ်။<html><head><title>Example</title></head><body>
Definition List
<dl><dt>HTML<dd>Language used to develop Web Pages<dt>Image<dd>Any graphic such as an icon,bullet, line, photo , or illustration</dl></body></html>Defination List က အခြား List တွေနဲ့ မတူပါဘူး။ သူ့မှာက defination term နဲ့ defination ပါ ပါတယ်။ စရင်တော့ dl နဲက စရပါတယ်။ defination term ကိုတော့ <dt> အသုံးပြုပြီး defination ကိုတော့ <dd> သုံးပါတယ်။ သူက အခြား list နဲ့မတူတဲ့ နောက်တစ်ချက်ကတော့ tag အပိတ်မပါတာပဲ။ </dl> တစ်ခုပဲပါတယ်ဆိုတာကို တွေ့နိုင်ပါတယ်။ကဲ... အခုဆိုရင်တော့ HTML ကိုအကြမ်းအားဖြင့်လောက်တော့ သိလောက်ပြီပေါ့။ အခုကျွန်တော်တို့တွေ နောက်ထပ် သေသေချာချာ သိရအောင် နောက်ထပ် တစ်ခန်းသွားရအောင်။
ကျွန်တော်တို့တွေ အစပိုင်းမှာ bold,italic,underline တို့ကို သိခဲ့ပြီးပါပြီ။ အခု ဒီအခန်းမှာတော့ အရင်ဆုံး font အကြောင်းလေး စပြောပါမယ်။ ကျွန်တော်တို့တွေ font တွေပြောင်းမယ်။ font size တွေပြောင်းမယ်။ စာလုံးတွေမှာ color တွေထည့်မယ်။ အဲဒါတွေကို အပြင် page တစ်ခုနဲ့ တစ်ခု link ချိတ်တာတွေလည်း ပါဝင်မှာပါ။ အဲဒါတွေကို မပြောခင်မှာ <center> အကြောင်းလေးနဲ့ စလိုက်ရအောင်။Optional TagMove To Centerသူက စာလုံးတွေကို center ရောက်အောင်လုပ်ပေးပါတယ်။<html><head><title>Example</title></head><body><center>This is center</center></body></html>This is center ဆိုတာလေးက အလယ်ပိုင်းကိုရောက်နေတာကိုတွေ့ရပါမယ်။ အဲဒါလေးကို သုံးပြီး စာတွေကို အလယ်ပိုင်းကို ရွေ့ထားလို့ရပါတယ်။<html><head><title>Example</title></head><body>
Test
</body></html>အဲဒီ code မှာဆိုရင်တော့ header တွေက အလယ်ကိုရောက်နေတာကိုတွေ့ရပါလိမ့်မယ်။Marquee
marquee ကတော့ စာလုံးတွေကို ရွေ့နေဖို့လုပ်ဆောင်ပေးတာပါ။
<html><head><title>Example</title></head><body><marquee>I’m moving</marquee></body></html>အဲဒီ code မှာဆိုရင် စာသားလေးက ရွေ့နေတာကိုတွေ့ရပါမယ်။ ဘယ်ဘက်ကနေ ညာဘက်ကိုရွေ့လာတာပါ။Marquee မှာရှိတဲ့ attribute တွေကတော့marquee လေးလုပ်ရတာ ပျော်စရာတော့ကောင်းပါတယ်။ စာလုံးလေးတွေက ရွေ့ရွေ့သွားတာလေးကို ကြည့်ပြီး ကျေနပ်မှုလေးရနိုင်ပါစေ။ အခု font ပိုင်းကို ဆက်လက်လေ့လာရအောင်။FontFont ကတော့ HTML မှာအရေးပါတဲ့ အပိုင်းပါ။ Web Page တစ်ခုမှာ ကိုယ်လိုချင်တဲ့ font ကိုပြောင်းလဲဖို့အတွက် font tag ကိုသိမှ ဖြစ်မှာပါ။။<html><head><title>Example</title></head><body><font face="Zawgyi-one">Zawgyi Font ဖြင့်အသုံးပြုထားသည်</font></body></html>အဲဒါဆိုရင် <font> နဲ့ </font> ကြားမှာရိုက်ထားတဲ့ စာက zawgyi-one font နဲ့ပေါ်နေမှာပါ။ face="font name" ကိုထည့်ရတာပါ။font tag မှာသုံးလို့ရတဲ့ attribute တွေကတော့NamePropertiesDescriptioncolor[hex code] OR [color name]color ကတော့ သိပြီးသားပါ။ အပေါ်မှာလည်း ကျွန်တော် ပြောခဲ့ဘူးပါတယ်။ ဥပမာအနေနဲ့ ဒီလိုသုံးလို့ရပါတယ်<font face="Zawgyi-one" color="#006699">Zawgyi Font ဖြင့်အသုံးပြုထားသည်</font>
size[number]သူကတော့ font ရဲ့ အရွယ်အစားပြောင်းတာပါ။ ပုံမှန်က size=3 ပါ။ စာလုံး size ကြီးလိုလျှင် size=4 ကနေ 7 ထိထည့်လို့ရပါတယ်။ 1 ကနေ 7 အထိရှိပါတယ်။ 3 ကတော့ ပုံမှန်စာလုံးပါ။ နောက်ပြီး +1 ကနေ +6 ရှိပါတယ်။ ပုံမှန်ကို ဘယ်လောက်တိုးမယ်ဆိုပါ။ +2 ဆိုရင် ပုံမှန်က 3 ဆိုတော့ 5 ဖြစ်သွားမှာပေါ့။ အဲလိုမျိုးပဲ -1 ကနေ -6 ထိရှိပါသေးတယ်။ -1 ဆိုရင် ပုံမှန်က 3 ဆိုတော့ 2 ဖြစ်သွားမှာပေါ့။ ဒီလိုလေး သုံးလို့ရပါတယ်။<font face="Zawgyi-one" size="5">Zawgyi Font ဖြင့်အသုံးပြုထားသည်</font><font face="Zawgyi-one" size="+2">Zawgyi Font ဖြင့်အသုံးပြုထားသည်</font><font face="Zawgyi-one" size="-2">Zawgyi Font ဖြင့်အသုံးပြုထားသည်</font>ဒါတွေကတော့ အခြား text formatting tags တွေပါ။ အချို့ကတော့ အပေါ်မှာပြောခဲ့ဘူးပါတယ်။TagDescriptionဒါကိုတော့ အပေါ်မှာလည်း ပြောပြီးပါပြီ။ သူက font ကို blod လုပ်တာပါ။သူကလည်း bold လုပ်တာပါပဲ။
ဒါကတော့ tab ခုန်တာပေါ့။ ကိုယ့်စာပိုဒ်လေးကို တစ်တည်းတစ်သနု့်ထဲ ဖော်ပြချင်တဲ့ အခါမှာ သုံးကြပါတယ်။italic လုပ်တာကို အပေါ်မှာပြောခဲ့ဘူးပါတယ်။ ဒီ code ကိုလည်း သိမှာပါ။ ကျွန်တော်တို့တွေ enter တွေ tab တွေမလိုပဲ သုံးခဲ့တာလေ။သူကတော့ စာလုံးကို ပုံမှန်ထက် သေးအောင် လုပ်ပေးတာပါ။
Page Link And Image Link
Page Link လုပ်တယ်ဆိုတာကတော့ page တစ်ခုကနေ နောက် page တစ်ခုကို ချိတ်ဆက်ထားပါတယ်။ အောက်က example ပုံလေးကို ကြည့်လိုက်ရင် နားလည်နိုင်ပါတယ်။ကျွန်တော်တို့တွေ Home Page ကနေ Gallery Page ကို Go To Home ဆိုတဲ့ စာလုံးလေး နှိပ်လိုက်တာနဲ့ ကူးသွားမယ်။ နောက်ပြီး Gallery ကနေလည်း Home Page ကို Home ဆိုတဲ့ စာလုံးလေးကို နှိပ်လိုက်တာနဲ့ Home page ကို ပြန်ရောက်သွားမယ်။ အဲဒီလိုမျိုးလေး ဖြစ်အောင် ကျွန်တော်တို့ အောက်ကအတိုင်း ရေးလိုက်မယ်။ File ၂ ခုရှိရမယ်ပေါ့။ index.html နဲ့ gallery.html ပေါ့။ နေရာအတူတူပဲ သိမ်းထားနော်။ C:\example\index.html နဲ့ C:\example\gallery.html အဲလိုမျိုးလေး နေရာအတူတူဖြစ်ရမယ်။Index.html<html><head><title>Example</title><body><!-- Link To Gallery Page -->Gallery</body></html>Gallery.html<html><head><title>Example</title><body><!-- Link To Home Page -->Home</body></html>အပေါ်က code ကိုမရှင်းပြခင် မေးချင်တာလေးတွေ ပါလာမယ်ထင်တယ်။ <!-- --> က ဘာကြီးလဲဆိုပြီးတော့။ နောက်ပြီးတော့ home page ကို home.html နဲ့ သိမ်းလို့ကော မရဘူးလား။ ဘာလို့ index.html နဲ့သိမ်းတာလဲ။ ဘာတွေကွာလဲ။<!-- comment --> အဲဒါက comment ရေးထားတာပါ။ <!-- နဲ့ --> ကြားမှာ ရေးထားတဲ့ စာတွေကို အလုပ်မလုပ်ပါဘူး။ ကျွန်တော်တို့ home page ကို ဘာလို့ index.html နဲ့ သိမ်းရလဲဆို web page တွေမှာ စတက်တဲ့ page က index.html
ပါ။ ဒါမှ မဟုတ် default.html ပေါ့။ www.example.com လို့ခေါ်လိုက်ရင် page တစ်ခုတက်လာမယ်။ တကယ်တမ်းတော့ www.example.com/index.html ဆိုတာကို သွားခေါ်ထားတာပါ။ အနောက်က index.html မပါလည်း အလုပ်လုပ်ပါတယ်။ ဒါကြောင့် Home Page ဆိုရင်တော့ index.html ဆိုပြီးသုံးရပါတယ်။ ဒါမှမဟုတ် default.html ဆိုလည်းရပါတယ်။ကဲ.. Link အကြောင်းလည်း ဆက်သွားရအောင်။ link ချိတ်ချင်ရင် Nameဆိုတဲ့ပုံစံမျိုးနဲ့ သွားရတာပေါ့။ address ဆိုတာကတော့ ကိုယ်ချိတ်ချင်တဲ့ page ပေါ့။ Name ကတော့ ပေါ်စေချင်တဲ့ နာမည်ပေါ့။ ထပ်မေးစရာလေး တစ်ခုထပ်ပေါ်လာတာကို တွေ့ရပါလိမ့်မယ်။ Link က အစကတော့ အပြာရောင်။ နောက်တော့ နီညိုရောင် ပြောင်းသွားတယ်။ ဘာဖြစ်လို့လည်း ။ အဲဒါကတော့ vistied ဖြစ်ပြီးသွားလို့ပါ။ တစ်ခါ click လုပ်ပြီးရင် အဲလိုအရောင် ပြောင်းသွားပါတယ်။ ကိုယ်နှိပ်ပြီးသားပေါ့။ အရောင်မပြောင်းချင်ရင်တော့ body မှာ vlink ဆိုတဲ့ attribute နဲ့ link ဆိုတဲ့ attribute မှာ အရောင် ပြင်လို့ရပါတယ်။ <body vlink="green" link="green"> အဲဒါဆိုရင်တော့ link color က အစိမ်းရောင်ဖြစ်နေတာကို တွေ့ရမှာပါ။ link လုပ်ရင် လူတိုင်းမေးတတ်တဲ့ မေးခွန်းတစ်ခုရှိပါတယ်။ file တွေကို download ချစေချင်တယ်။ ဘယ်လိုရေးရမလဲ။ တကယ်တမ်းတော့ လွယ်ပါတယ်။ link address ကို file ကိုပေးလိုက်ရုံပဲပေါ့။Pathရှင်းလင်းချက်./file.html OR file.htmlနေရာတစ်ခုထဲမှာ အတူတူ သိမ်းရင် အဲလိုခေါ်လို့ရပါတယ်။ C:\example\index.html ကနေ C:\example\gallery.html ကိုခေါ်ရင်ပေါ့။ ./ ကတော့ directory တူတူပဲလို့ ဆိုတာပါ။./download/download.html OR download/download.htmlဒါကတော့ ကိုယ့် folder အောက်က folder ကို ထပ်ခေါ်တာပါ။../file.htmlသူကတာ့ မတူတော့ဘူး။ folder ကို up လုပ်ပြီး ခေါ်တာပါ။ ဘယ်လိုမျိုးလဲဆိုရင်တော့ C:\example\download\index.html ကနေ C:\example\gallery.html ကိုခေါ်တာပေါ့။ download ဆိုတဲ့ folder အပေါ်တဆင့်က file ကိုခေါ်တာပေါ့။ နှစ်ဆင့် ခေါ်ချင်ရင်တော့ ../../file.html ပေါ့။ ../ ဆိုတာက folder directory ကို up လုပ်လိုက်တာပါ။http://www.mysteryzillion.com/ဒါကတော့ တခြား website တစ်ခုကို လှမ်းခေါ်တာပါ။./download/file.zip OR download/file.zipdownload ချဖို့အတွက် file တွေ image file တွေကိုလည်း တိုက်ရိုက်ခေါ်လို့ရပါတယ်။ image ပိုင်းတွေကို ကျွန်တော် နောက်ပိုင်း ဆက်လက်ရှင်းပြပါအုံးမယ်။
ဒီပတ်လမ်းကြောင်းတွေ အကြောင်းကောင်းကောင်းသိဖို့လိုပါတယ်။ ဘာဖြစ်လို့လည်းဆို ကိုယ့် site က ကြီးလာတာနဲ့ အမှ site structure က ရှုပ်ထွေးလာမှာပါ။ Link တွေလည်း များလာမှာဖြစ်လို့ပါ။ ဒါကြောင့် သေသေချာချာ သိထားသင့်ပါတယ်။ကဲ.. အခု ကျွန်တော်တို့တွေ page မှာ ပုံလေးတွေ ထည့်ရအောင်။Imageပုံတွေကတော့ web page တစ်ခုမှာ မဖြစ်မနေပါဝင်ရပါတယ်။ ကိုယ်တည်ဆောက်တဲ့ page ကို လှပပြီး အဓိပ္ပာယ်ပြည့်စုံဖို့ အတွက်ပါ။ ကဲ... ပုံလေးတွေ ထည့်ကြည့်ရအောင်။<html><head><title>Example</title></head><body>



Image ပိုင်းမှာ ပြောစရာတွေ တော်တော်များပါတယ်။ သူ့မှာ attribute တွေထပ်ရှိသေးတယ်။ ဘာလည်းဆိုတော့ text align ပေါ့။ text align ကို img code ထဲမှာ align ဆိုတဲ့ attribute ကိုသုံးတယ်။Alignရှင်းပြချက်topစာတစ်ကြောင်းကို ပုံရဲ့ ဘေးနားက align မှာ အပေါ်ဆုံးမှာ ဖော်ပြပေးတာပါ။bottomသူကတော့ default ပါ။ စာသားကို ပုံအောက်ဘက်မှာ ဖော်ပြတာကိုတွေ့ရပါမယ်။middleစာသားကို ပုံအလယ်မှာ မှာပေးတာပါ။leftသူကတော့ ပုံကို page ရဲ့ ဘယ်ဘက်ကိုပို့လိုက်ပြီး စာသားအကုန်လုံးကို ပုံဘေးမှာ ဖော်ပြပေးတာပါ။rightသူကလည်း Left နဲ့ အတူတူပါပဲ။ ညာဘက်ကို ပုံရွေ့သွားပြီ စာသားအားလုံးကို ပုံရဲ့ ဘယ်ဘက်မှာ ဖော်ပြပေးပါမယ်။
ပုံ : img top
ပုံ : img bottom
ပုံ : img middle
ပုံ : img left
ပုံ : img right
အခုဆိုရင် image နဲ့ပတ်သက်ပြီး တော်တော်လေးသိလောက်ပြီ ထင်တယ်။ နောက်ထပ်တစ်ခု ထပ်ပြောအုံးမယ်။ ပုံသေးသေးလေးကို နှိပ်လိုက်မှ ပုံအကြီးကြီးပြောင်းသွားသလိုမျိုးလေးပေါ့။ ပုံ size ကို width နဲ့ height attribute နဲ့ ချုံတာမဟုတ်ဘူးနော်။ ပုံနှစ်ပုံ။ တစ်ပုံက အကြီး ၊ နောက်တစ်ပုံက အသေးပေါ့။ Photo တွေကို size သေးတာကို ပြထားပြီး ပုံကို click လုပ်လိုက်မှ size ကြီးတဲ့ ပုံကို ပြ တဲ့ပုံပါ။ အဲလိုဘာလို့ လုပ်ရလဲဆို ပုံကြီးရင် page တက်တာကြာပါတယ်။ ဒါကြောင့် ပုံသေးကို အရင်ပြတယ်။ click လုပ်လိုက်မှ ပုံကြီးဖြစ်သွားမယ်။<html><head><title>Example</title></head><body> <!-- Full size when click --><!-- img src is small size -->

ပုံ : border မဖျောက်ထားသော နဲ့ imageပုံ : border ဖျောက်ထားသော ပုံ
အခုဆိုရင်တော့ ကျွန်တော်တို့တွေ link တွေ လုပ်တတ်သွားပြီ။ page တစ်ခုကနေ တစ်ခုကို ခေါ်တတ်သွားပြီ။ ပုံတွေ ထည့်တတ်သွားပြီ။ အခုအခန်းမှာ ကျွန်တော်က sample သေးသေးလေးတွေပဲ ပြသွားတယ်။ ကိုယ်တိုင် စမ်းကြည့်ပါ။ ပျော်ဖို့ တကယ်ကောင်းပါတယ်။ ကိုယ့် ပုံလေးတွေ နဲ့ web page လေး စမ်းဆောက်လို့တော့ရပြီ။ ဒါပေမယ့် ပြည့်ပြည့်စုံစုံဖြစ်အောင် ဆောက်လို့မရသေးတာကို တွေ့မှာပါ။ ကျွန်တော်တို့ table လိုအပ်နေသေးတာပါ။ နောက်တစ်ခန်းမှာ table နဲ့ frame တွေအကြောင်း ပြောပြပါမယ်။
Table And Frame
Table ဟာ web page တည်ဆောက်ရာမှာ အရေးပါပါတယ်။ စတင်လေ့လာသူတွေအတွက်တော့ table ကသာ web page frame ကို ပုံစံကျအောင် လုပ်ပေးနိုင်တာပါ။ တကယ်လို့ ကိုယ်က professional ဖြစ်သွားပြီ ၊ stylesheet တွေ တတ်သွားပြီဆိုရင်တော့ div နဲ့ CSS ကို တွဲပြီးတော့ ကိုယ့် page ကိုလှပြအောင် လုပ်နိုင်တာပေါ့။ အခုတော့ HTML အကြောင်းပဲ ပြောနေသေးတယ် ၊ နောက်ပြီး CSS အကြောင်းတွေ Advance ဖြစ်တဲ့အကြောင်းတွေ မပါသေးဘူး။ table သုံးပြီးလည်း သူများ web page တွေလို လှမလာပါလားလို့ မေးချင်ရင် မေးလာနိုင်လို့ အခုလိုဖြေထားတာပါ။ ကဲ table အကြောင်းလေးစရအောင်။Table ဆိုတာ
Table တစ်ခုကိုတည်ဆောက်ရာမှာ အခြေခံအားဖြင့် roll နဲ့ column ပါဝင်ပါတယ်။ နောက်ပြီး cell ကွက်လေးတွေ နဲ့ တည်ဆောက်ထားပါတယ်။ Table တစ်ခုဟာ ကျွန်တော် အပေါ်မှာ ပြောခဲ့သလို HTML တစ်ခုတည်းနဲ့ web site တစ်ခု တည်ဆောက်ရာမှာ တော်တော်လေးအသုံးဝင်ပါတယ်။ နောက်ပြီး Gallery Page တွေ တည်ဆောက်ရာမှာ အရမ်းအသုံးဝင်တယ်။ Page တစ်ခုလုံး Layout ကို CSS ကိုသာအသုံးပြုတတ်မယ်ဆို Table ထက်စာရင် CSS ကို အသုံးပြုသင့်တယ်။ CSS ဆိုတာ ဘာလဲဆိုတော့ Cascading Style Sheets ပါ။ ဒီစာအုပ်မှာတော့ CSS အကြောင်းပါဝင်မှာ မဟုတ်ပါဘူး။ ဒီစာအုပ်ဟာ Web Page ကိုစလေ့လာခါစ အခြေခံအကျဆုံးဖြစ်တဲ့ HTML အကြောင်းကိုသာ ပြောသွားတာပါ။ HTML ကိုသေသေချာချာနားလည်သွားရင် CSS နဲ့တွဲသုံတဲ့အခါမှာတော့ ကိုယ့် site လေးဟာ သေသပ်လှပလာမှာပါ။ အခုတော့ HTML အကြောင်းလေးပဲ ဆက်လိုက်ရအောင်။
အပေါ်ပုံကို ကြည့်လိုက်ပါ။ အကွက်တစ်ခုလုံးအပြည့်ဟာ table ပါ။ နောက်ပြီး စာရေးထားတဲ့ အကွက်တွေဟာ cell တွေပေါ့။ cell ကွက်တွေထဲမှာပဲ စာရေးတာပါ။ ကဲ.. ပိုပြီး နားလည်သွားအောင် code လေးတွေနဲ့စလိုက်ရအောင်။<head><title>Example Table</title></head><body><table><tr> <!-- Row--><td> <!-- Column -->Row</td><td>Row</td></tr></table>
</body></html>Table တစ်ခုစတင်ပြီဆိုရင်တော့၁။ <table>နဲ့ စပြီး </table> နဲ့ပိတ်ရမှာပါ။၂။ ကိုယ်ထည့်ချင်တဲ့ Row အရေအတွက် ရှိသလောက်ကို <tr></tr> ကိုသုံးရမှာပါ။ ကိုယ်က row ၂ ခုလိုချင်တယ်ဆိုပါစို့။ဒါဆိုရင် <tr></tr><tr></tr> ဆိုပြီး နှစ်ခုသုံးရမှာပေါ့။၃။ကိုယ်ထည့်ချင်တဲ့ column အရေအတွက် ရှိသလောက်ကို <td></td> ကိုသုံးရမှာပါ။ <td></td> ကို <tr> နဲ့ </tr> ကြားမှာ ထည့်ပြီးသုံးရမှာပါ။ ကျွန်တော်တို့ column ၂ ခုဆိုရင် <tr><td></td><td></tr> ဒါဆိုရင် column ၂ ခုပေါ့။ကဲ... ကျွန်တော်တို့တွေ row ၂ ခု column ၃ ခုလုပ်မယ်ပေါ့။row ၂ ခုဖြစ်တဲ့အတွက်ကြောင့် <tr> </tr> ၂ ခုသုံးရမယ်။ column ၃ ခုဖြစ်လို့ <td></td> ကို ၃ ခုသုံးမယ်။ ပထမ row မှာ ၃ခုဆို အခြား row တွေမှာလည်း ၃ခုဖြစ်မှ table ပေါ်လာမှာပါ။<table><tr> <!-- First Row --><td> <!-- First Column -->1</td><td>2</td><td>3</td></tr><tr> <!-- Second Row --><td> <!-- Second Column -->4</td><td>5</td><td>6</td></tr></table>အဲဒီ Example ကို ကြည့်လိုက်ရင် နားလည်နိုင်မလားမသိဘူး။ ကျွန်တော်တို့တွေ row ၂ ခုနဲ့ column ၃ ခု ရှိတဲ့ table တစ်ခုတည်ဆောက်ခဲ့တာပါ။ table ပိုင်းကို ရှုပ်တယ်လို့ ထင်ချင်ထင်နေပါလိမ့်မယ်။ ဟုတ်ပါတယ်။ ရှုပ်ပါတယ်။ ဒါပေမယ့် နားလည်သွားရင် လွယ်ပြီး သုံးလို့ကောင်းပါတယ်။ ကျွန်တော်တို့တွေ table ပိုင်းကို သေသေချာချာလေး လေ့လာဖို့လိုပါလိမ့်မယ်။ ကဲ... နောက်ထပ် example တစ်ခု ထပ်လုပ်ကြည့်ရအောင် ။ အခု ကျွန်တော်တို့တွေ row ၃ ခု column ၃ ခု ရှိတဲ့ table တစ်ခုကို ဆောက်ကြည့်ရအောင်။row ၃ခု ဖြစ်လို့ <tr></tr> ၃ခုပါမယ်။ column ၃ ခုဖြစ်လို့ <tr>နဲ့ </tr> ကြားမှာ <td></td> ၃ ခုပါမယ်။ အဲလိုလေး စဉ်းစားလို့ရသွားပြီဆိုရင် စပြီး code ရေးကြည့်ရအောင်။<html><head><title>Example</title></head><body><table><tr><!-- First Row --><td>1</td><td>2</td><td>3</td></tr><tr><!--Second Row --><td>3</td><td>4</td><td>5</td></tr><tr><!-- Third Row --><td>6</td><td>7</td><td>8</td></tr></table></body></html>
ကဲ... အခုလောက်ဆို နားလည်လောက်ပြီထင်တယ်။ ကျွန်တော်တို့ ရှေ့ဆက်ရအောင်။ ကျွန်တော်တို့တွေဟာ table ရဲ့ width ကို ထိန်းချုပ်နိုင်ပါတယ်။ table ရဲ့ width ကို သတ်မှတ်တဲ့အခါမှာ % နဲ့သတ်မှတ်တာနဲ့ pixel နဲ့ သတ်မှတ်တာရယ်ရှိပါတယ်။table ရဲ့ width သာမက <td> ရဲ့ width တွေကိုပါသတ်မှတ်နိုင်ပါတယ်။ % နဲ့ သတ်မှတ်တာနဲ့ Pixel နဲ့ သတ်မှတ်တာ ဘာကွာသလဲဆိုရင်တော့ % ကတော့ broswer ရဲ့ အပေါ်မှာ မူတည်ပြီး width ကပြောင်းလဲပါတယ်။ pixel ကတော့ မပြောင်းလဲဘူးပေါ့။ အသေပေါ့။ % နဲ့ဆိုရင် broswer ချဲ့လိုက်တာနဲ့ လိုက်ကျယ်သွားပါတယ်။ pixel နဲ့ဆိုရင်တော့ browser ကျယ်လည်း လိုက်မကျယ်သွားပါဘူး။ ကဲ.. စလိုက်ရအောင်။<html><head><title>Example</title></head><body><table width="100%"><tr><!-- First Row --><td>1</td><td>2</td><td>3</td></tr><tr><!--Second Row --><td>3</td><td>4</td><td>5</td></tr><tr><!-- Third Row --><td>6</td><td>7</td><td>8</td></tr></table></body></html>
အဲဒီမှာဆိုရင် width က 100% ဖြစ်တဲ့အတွက်ကြောင့် browser အပြည့် table ကယူပါမယ်။အဲဒီက အပေါ်ဆုံး first row ကိုဒီလိုပြင်ကြည့်လိုက်ပါ။<table width="100%"><tr><!-- First Row --><td width="30px">1</td><td>2</td><td>3</td></tr>ဒါဆိုရင်တော့ ပထမ column ရဲ့ width ကို 30px လို့သတ်မှတ်လိုက်ပါပြီ။ ပထမ row မှာသတ်မှတ်လိုက်ရင် တခြား row တွေရဲ့ ပထမ column ကိုပါသတ်မှတ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။ ကျွန်တော်တို့တွေဟာ px သာမက % နဲ့ပါ သတ်မှတ်နိုင်ပါတယ်။ column ၃ ခုလုံးကို သတ်မှတ်ချင်ရင်တော့ ဒီလိုရေးလို့ပါတယ်။<table width="100%"><tr><!-- First Row --><td width="45%">1</td><td width="20%">2</td><td width="35%">3</td></tr>အဲဒီမှာဆိုရင်တော့ column ရဲ့ width ကို % နဲ့သတ်မှတ်ပေးမှာပါ။ အဲဒီမှာ တတိယ colum ကို width မထည့်လည်း သူ့ဘာသာ ချိန်ညှိပေးနိုင်ပါတယ်။ ကဲ... table နဲ့ time table လေးဆွဲကြည့်ရအောင်။<html><head><title>Example</title></head><body><table width="100%"><tr><!-- First Row --><td>Date</td><td>Time</td><td>Subject</td></tr><tr><!--Second Row --><td>Oct 07</td><td>1:00 PM - 3:00 PM</td><td>Hardware</td></tr>
<tr><!-- Third Row --><td>Oct 08</td><td>1:00 PM - 3:00 PM</td><td>Software Install</td></tr><tr><td>Oct 08</td><td>1:00 PM - 3:00 PM</td><td>Windows Install</td></tr></table></body></html>ကဲ.. အခုဆိုရင် လက်တွေ့ အသုံးပြုတတ်လောက်ပြီ ထင်တယ်။ ကျွန်တော်တို့တွေ table မှာ border တွေကို ပေါ်စေချင်ရင်တော့ border ဆိုတဲ့ attribute ထည့်ရပါမယ်။
Border , Cellpadding, Cellspacing
<table width="100%" border="1"> ဆိုရင်တော့ border လည်းပေါ်လာပါလိမ့်မယ်။ အထူအပါးကတော့ ကြီးလေလေ border ထူလေလေပေါ့။border ကိုအရောင်ထည့်ချင်ရင်တော့<table width="100%" border="1" bordercolordark="red" bordercolorlight="#FF3300">bordercolordark ကတော့ အရိပ်ပေါ့။ bordercolorlight ကတော့ အပေါ်အရောင်ပေါ့။ ဒါမှမဟုတ် bordercolor ဆိုပြီးလည်း အသုံးပြုနိုင်ပါတယ်။<table width="100%" border="1" cellspacing="0" bordercolor="#0066CC" >
border က နှစ်ထပ်ဖြစ်နေတာကို တွေ့ရပါလိမ့်မယ်။ အဲဒါက cell padding ကြောင့်ပါ။ cell padding နဲ့ cell spacing ဆိုပြီး နှစ်မျိုးရှိပါတယ်။cellpadding ဆိုတာကတော့ table အတွင်း border နဲ့ စာ နေရာအကွာအဝေးပါ။ cellpadding များလာလေလေ စာက အတွင်းကို ဝင်လေလေဖြစ်မှာပါ။ အခု cellpadding ကို 30 ထားလိုက်တဲ့အခါမှာ စာသားတွေနဲ့ border အရမ်းကျဲသွားတာကို တွေ့ရပါလိမ့်မယ်။<table width="100%" border="1" cellpadding="30" bordercolor="#0066CC" >
cellspacing ကတော့ cell တစ်ခုနဲ့ တစ်ခုကြား အကွာအဝေးပေါ့။ အခု border ဟာ နှစ်ထပ်ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ်။ အဲဒါကို တစ်ထပ်တည်း ဖြစ်ချင်ရင်တော့ cellspacing ကို 0 ပေးလိုက်ရုံပါပဲ။<table width="100%" border="1" cellspacing="0" bordercolor="#0066CC" >
ကဲ... အခုဆိုရင်တော့ နည်းနည်းလေး သိလာပြီထင်တယ်။ ဒီလောက်ထိ နားလည်ပြီဆိုရင် ကျွန်တော်တို့တွေ cell တွေကို merge လုပ်တာတွေကို စလိုက်ရအောင်။ နားမလည်သေးရင်တော့ ကိုယ်တိုင် လက်တွေ့ စမ်းသပ်ကြည့်ဖို့လိုပါတယ်။ table ပိုင်းက ထင်သလောက် မရှုပ်ပါဘူး။ လက်တွေ့လုပ်လိုက်ရင် နားလည်သွားမှာပါ။
Cell Merge
Cell Merge ပိုင်းကတော့ table ပိုင်းကို သေချာသိထားရင် နားလည်လွယ်မယ်လို့ထင်ပါတယ်။ Cell Merge ကတော့ Cell နှစ်ခု ဒါမှမဟုတ် Cell နှစ်ခုထက် ပေါင်းတာပေါ့။ Cell Merge ကို ဒီလိုပေါင်းရမှာပါ။ table တစ်ခုကို စခဲ့တုန်းက row တွေကို <tr> နဲ့ရေးရမှာပါ။ <tr> တစ်ခုမှာ <td> ၂ ခုပါရင် နောက်ထပ် <tr> မှာလည်း <td> ၂ ခုပါဝင်ရမှာပါ။ ဒါပေမယ့် cell တွေကို merge လုပ်လိုက်ရင် အနည်းငယ် ပြောင်းလဲကုန်ပါတယ်။ အပေါ်မှာ column သုံးခု ။ ဒါကြောင့် <td> ၃ ခုပါမယ်။ ဒါပေမယ့် အောက်မှာက column ၃ ခုမှာ နှစ်ခုကို ပေါင်းလိုက်တယ်။ ဒါဆိုရင် cell က ၂ ခုပဲရှိတော့မယ်။ ဒါဆိုရင်တော့ <td>
၂ ခုပဲပါတော့မယ်။ အဲဒါကတော့ column merge လုပ်တဲ့အခါမှာပေါ့။ row ကလည်း အဲလိုပါပဲ။ အခုတော့ column merge လုပ်တဲ့ code လေးကို ကြည့်လိုက်ပါအုံး။<html><head><title>Example</title></head><body><table border="1"><tr><td>Cell 1</td><td>Cell 2</td><td>Cell 3</td></tr><tr><td colspan="2">Cell 1</td><td>Cell 3</td></tr></table></body></html>အပေါ်က code မှာ <td colspan="2"> ဆိုတာကို တွေ့နိုင်မယ်ထင်ပါတယ်။ အဲဒါကတော့ Cell ၂ ခုပေါင်းမယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။ တကယ်လို့ cell ၃ ခုပေါင်းချင်ရင်တော့ <td colspan="3"> ပါ။ ကျွန်တော် အဲလိုမျိုး code
ကိုပြောင်းရေးလိုက်ရင် ဒီလိုတွေ့ရမှာပါ။<html><head><title>Untitled Document</title></head><body><table border="1"><tr><td>Cell 1</td><td>Cell 2</td><td>Cell 3</td></tr><tr><td colspan="3">Cell 1</td></tr></table></body></html>ကျွန်တော်တို့တွေ column ကို ၃ ခုစလုံး ပေါင်းလိုက်တဲ့ အတွက် စုစုပေါင်း column ၁ ခုပဲရှိတော့တယ်။ ဒါကြောင့် <td> တစ်ခုကို ပဲသုံးတာပါ။ ကဲ... ဆက်ပြီးတော့ example တစ်ခုလောက် ဆောက်ကြည့်ရအောင်။<html><head>
<title>Untitled Document</title></head><body><table border="1"><tr><td colspan="3">List Of Adboe Software</td></tr><tr><td>Adobe Acrobat</td><td>Adobe Dreamweaver</td><td>Adboe Flash</td></tr><tr><td>Adobe InDesign</td><td>Adobe Photoshop</td><td>Adboe Bridge</td></tr></table></body></html>
အဲဒီက code မှာဆိုရင်တော့ List Of Adboe Sofware အတွက် Column ၃ ခုလုံးကို merge လုပ်ထားတာကို တွေ့မှာပါ။ Column ၃ ခုကို merge လုပ်လိုက်တဲ့အတွက် column ၁ ခုပဲရှိပါတော့တယ်။ ဒါကြောင့် <td> တစ်ခုပဲ လိုအပ်ပါတော့တယ်။ အခုလောက်ဆိုရင်တော့ Column Merge ကိုသိလောက်ပြီထင်ပါတယ်။ ဆက်ပြီး Row Merge အကြောင်းလေး လေ့လာရအောင်။Row တွေ Merge လုပ်တဲ့အခါမှာလည်း column merge လုပ်သလိုပါပဲ။ အရင်ဆုံး code လေးစရေးလိုက်ရအောင်။<html><head><title>Untitled Document</title></head><body><table border="1"><tr><td rowspan="2">Cell Left</td><td>Cell 2</td></tr><tr><td>Cell 3</td></tr></table></body></html>ပထမဆုံး Column မှာ <td rowspan="2"> ဆိုတာလေးရှိပါတယ်။ ပထမဆုံး Column မှာ Row ၂
ခုကိုပေါင်းမယ် ဆိုတဲ့ အဓိပ္ပာယ်ပါ။ အပေါ်မှာ column ၂ ခုရှိပေမယ့် နောက်ထပ်တစ်ဆင့်မှာတော့ Column ၁ ခုပဲရှိပါတော့မယ်။ ဘာဖြစ်လို့လည်းဆိုရင်တော့ First Column မှာ သူ့အောက်က First Column နဲ့ ပေါင်းလိုက်တော့ Column တစ်ခုပျောက်သွားတာပေါ့။ ထပ်ပြီးရှင်းအောင် နောက်ထပ် example တစ်ခု ထပ်ပြပါမယ်။<html><head><title>Example</title></head><body>
<table></table>
0 comments:
Post a Comment