This is default featured slide 1 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 2 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 3 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 4 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
This is default featured slide 5 title
Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.
Monday, July 22, 2013
Saturday, July 20, 2013
ဘာ ဆော့ ၀ဲ မှမသုံးဘဲ floder lock ချနည်း လေးပြောပြချင်ပါတယ်
အရင် ဆုံး notepad ကို ဖွင့်လိုက်ပါနော် ပြီးရင် ကျွန်တော်ပေးမဲ့ comment လေးကို copy လုပ်ပေးပြီး
notepad မှာ paste လုပ်လိုက်ပါ ပြီးရင် save ပေးပါ save name as ဆိုတဲ့ နေရာမှာ Lock.bat ဆို့ တဲ့ နာမည်နဲ့ save ပေးပါနော်
(၁) သူငယ်ချင်းတို့ save ထား တဲ့ notepad လေးကို desktop ပေါ် တင်လိုက်ပါ
(၂) ခဏက တင်လိုက်တဲ့ bat file လေး run လိုက်ပါ
(၃) desktop ပေါ်မှာ private ဆိုတဲ့ floder လေ ပေါ်လာတာ တွေ့ရမှာပါ
(၄) private တို file ထဲ မှာ ကိုယ် lock ချထား ချင်တဲ့ data တွေ ကို ထဲ့လိုက်ပါ
(၅) နောက် တစ်ဆင့် အနေနဲ့ကတော့ example.bat ဆို တဲ့ file ကို ထပ်ပြီး run ပေးပါ
You can set Password as you like. Don’t use my name “ZARNI” :P :P :P(Y/N) ဆိုတာပေါ်လာပါလိမ့်မယ် ဗျာ လိုချင်တဲ့ password ကို စိတ်တိုင်းကြပေးလိုက်ပေါ့နော်
ပြီးရင် Type your password to unlock folder ဆိုတာပေါ်လာပါလိမ့်မယ် Y ကို ရိုက်ပြီး enter ခေါက်လိုက်ပါ
private ဆိုတဲ့ file လေး ပြောက်သွားတာ တွေ ရပါလိမ့်မြင်ရပါမယ်
ကိုယ် ဖွက်ထားတဲ့ flie တွေ ပြန်ဖော် ချင်တယ်ဆိုရင် desktop ပေါ် တင်ထား တဲ့ Lock.bat ဆိုတဲ့ bat file လေးကို run လိုက်ပါ
Enter Password to Unlock Folder ဆိုတာ ပေါ်လာပါလိမ့်မည် သူငယ်ချင်းတို့ ခဏက ပေးထားတဲ့ password ကို ထဲ့ ပြီး enter ပြန်ခေါက်လိုက်ပါ
private ဆိုတဲ့ file လေးပေါ်လာပါလိမ့်မည် ခင်များ စမ်းကြည့် ချင်တယ်ဆို ရင် အောက်မှာ copy ကူး သွားနိုင်တယ်
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
cls
@ECHO OFF
title Folder Private
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK
if NOT EXIST Private goto MDLOCKER
:CONFIRM
echo You can set Password as you like. Don’t use my name “ZARNI” :P :P :P(Y/N)
set/p "cho=>"
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren Private "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
echo Folder locked
goto End
:UNLOCK
echo Type your password to unlock folder
set/p "pass=>"
if NOT %pass%== password here goto FAIL
attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" Private
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Private
echo Private created successfully
goto End
:End

==================================
ကျွန်တော့်ချစ်ညီလေး AC Vs DC ရဲ့ ကလေးကိုပြန်လည် မျှဝေပေးတာဖြစ်ပါတယ်။
ဗွီဒီယိုကျူတိုရီရယ်မှာလည်းအသေးစိတ်လေ့လာနိုင်ပါတယ်။
Saturday, July 13, 2013
မေ့သွားတဲ့ ၀င်းဒိုးပတ်စ်ဝေါ့ကို အလွယ်တကူဖြုတ်မယ့် ဆော့ဝဲလ်နဲ့ အသုံးပြုနည်း--Reset Your Forgotten Windows Logon Password With Lazesoft Recover My Password
Windows 8 နဲ့ Windows 7 မှာ password ရိုက်ထည့်စရာမလိုဘဲ logon လုပ်လို့ ရတဲ့နည်းကို ရေးပေးဖူးပါတယ်။နောက်ပြီး windows built-in password reset feature ကို အသုံးပြုပြီး Password Reset Disk ပြုလုပ်နည်းအကြောင်းကိုလည်းရေးပေးဖူးပါတယ်။Password Reset Disk မပြုလုပ်မိတဲ့ အခြေအနေမှာ သင့်ဝင်းဒိုး ရဲ့  password မေ့ သွားခဲ့ရင်တော့ freeware တစ်ခု ဖြစ်တဲ့ Lazesoft Recover My Password ကို သုံးပါ။Windows XP,Vista,7 စတဲ့ os တွေ မှာ အင်စတောလုပ်နိုင်ပါတယ်။Password မေ့ နေတဲ့ Windows XP,Vista,7 and 8 သုံးတဲ့ ကွန်ပြူတာတွေက Password တွေကို reset လုပ်ပေးနိုင်ပါတယ်။
Recover My Password ကို အင်စတောလုပ်ပြီးရင် run ပါ။Burn Bootable CD/USB Disk Now! ကိုနှိပ်ပါ။
နောက်အဆင့်မှာ password reset ပြုလုပ်ဖို့  media အနေနဲ့  CD/DVD or USB Flash or ISO Image စတာတွေထဲက သင်အဆင်ပြေတဲ့  တစ်ခု ရွေးပေးပြီး Commit နှိပ်ပါ။ဒီ ဆောင်းပါးမှာတော့ USB Stick ကို အသုံးပြုမှာ ဖြစ်တဲ့အတွက် USB Flash ကို ရွေးပါတယ်။
တစ်ခု မှတ်ထားရမှာက သင့်ရဲ့  CD/DVD or USB Flash ကို format ချမှာ ဖြစ်တဲ့အတွက် သင့်  ဒေတာတွေကို အရင်သိမ်းထားသင့်ပါတယ်။ပြီးရင်တော့ အောက်ကပုံမှာလို တွေ့ ရမှာဖြစ်ပြီး Finish ကို နှိပ်ပါ။
ဒါဆိုရင် Windows Password Reset Disk ပြုလုပ်ပြီးပါ ပြီ ။CD/DVD or USB Flash ကို ကွန်ပြူတာကနေ ဖြုတ်ပါ။ပြီးတော့ Password မေ့နေတဲ့  ကွန်ပြူတာမှာ CD/DVD or USB Flash Disk ကို ချိတ်ဆက်ပါ။Boot Menu မှာ CD/DVD or USB ကနေ boot တက်ဖို့ ရွေးပေးပါ။Boot တက်လာရင် တော့ Lazesoft Live CD (EMS Enabled) ကို ရွေးပေးပြီး enter နှိပ်ပါ။
Lazesoft application windows ပေါ်လာရင် Reset Windows Password ရွေးပေးပြီး Next နှိပ်ပါ။
နောက်အဆင့်မှာ သင့် os နဲ့  Reset Local Password ကို ရွေးချယ်ပြီးသားဖြစ်နေမှာပါ။မရွေးချယ်ရသေးရင် ရွေးချယ်ပေးပါ။ပြီးရင် Next နှိပ်ပါ။
နောက်အဆင့်မှာ သင့်အကောင့်ကို ရွေးချယ်ပေးပြီး Next နှိပ်ပါ။
နောက်အဆင့်မှာ RESET/UNLOCK button ကိုနှိပ်ပေးပါ။ဒါဆိုရင် သင့် password ကို reset/unlock လုပ်ပေးလိုက်မှာဖြစ်ပြီး သင့် ၀င်းဒိုး အကောင့်ကို password ရိုက်ထည့်စရာမလိုဘဲ သုံးနိုင်ပါပြီ။
Lazesoft Recover My Password( Home Edition) က free ပါ။အောက်ကလင့်မှာ ဒေါင်းလုပ်လုပ်နိုင်ပါတယ်။
- See more at: http://www.kothuya.com/2013/03/reset-your-forgotten-windows-logon.html#sthash.yeeiHWrm.dpuf
http://www.kothuya.com/2013/03/reset-your-forgotten-windows-logon.html မှကူးယူဖော်ပြပါသည်။
How To Reset Your Forgotten Windows Password The Easy Way (၀င်းဒိုးပတ်စ်ဝေါ့မေ့ခဲ့ရင် အလွယ်တကူပြန်ဖြုတ်နည်း)
Windows built-in password reset feature ကို အ သုံး ပြု ပြီး Password Reset Disk ပြုလုပ်နည်းအကြောင်းကိုလည်းရေးပေးဖူးပါတယ်။Password Reset Disk မပြုလုပ်မိတဲ့ အခြေအနေမှာ သင့်ဝင်းဒိုး ရဲ့  password မေ့ သွားခဲ့ရင်တော့ freeware တစ်ခု ဖြစ်တဲ့ Lazesoft Recover My Password ဆော့ဝဲကို အသုံးပြုပြီး password reset ချနည်းကိုလည်းရေးပေးပြီးပါပြီ။ဒီလို windows password reset disc တွေကို အသုံးပြုဖို့ သင် နောက်ထပ် ကွန်ပြူတာတစ်လုံးကို အသုံးပြုရမှာပါ။အခု ပြောပြမယ့်နည်းက password reset disc လည်းအသုံးပြုစရာမလို တဲ့ အတွက် နောက်ထပ် ကွန်ပြူတာတစ်လုံးမရှိဘဲနဲ့ သင့် windows password ကို reset လုပ်နိုင်မှာပါ။သင့်မှာလို အပ်တာက Windows Installer CD/DVD တစ်ခုပါပဲ။
Windows CD/DVD ကို drive ထဲထည့်ပြီး သင့်ကွန်ပြူတာကို CD/DVD ကနေ boot တက်ပါ။ ပထမအဆင့်ကို ကျော်ပြီးနောက်အဆင့်မှာ “Repair Your Computer” ကို နှိပ်ပါ။
Command Prompt option ရောက်တဲ့ အထိဆက်သွားပြီး Command Prompt ကိုနှိပ်ပါ။
အောက်က command နှစ်ကြောင်းကို တစ်ခု ချင်းစီရိုက်ပြီး enter နှိပ်ပေးပါ။
copy c:\windows\system32\sethc.exe c:\ |
copy c:\windows\system32\cmd.exe c:\windows\system32\sethc.exe
|
Overwrite လုပ်မလားမေးရင် yes ရိုက်ပေးပြီး enter ခေါက်ပါ။
Windows ကို restart လုပ်ပါ။Boot Order မှာ CD/DVD ကနေ မတက်ဘဲ နဂို မူလအတိုင်း hard drive ကနေ boot တက်ပါ။Log In screen ရောက်ရင် shift key ကို (၅) ကြိမ်နှိပ်ပါ။Administrator mode command prompt ပေါ်လာပါလိမ့်မယ်။
အောက်က command ကို ရိုက်ပေးပါ။Username နေရာမှာသင့် username ကို ရိုက်ပေးပြီး MyNewPassword နေရာမှာ သင်နှစ်သက်ရာ password တစ်ခု ကို ရိုက်ပေးပြီး reset လုပ်နိုင်ပါတယ်။
net user username MyNewPassword |
Command Prompt ကို ပိတ်ပြီး သင် ပြုလုပ်ထားတဲ့ password အသစ်နဲ့ သင့်ကွန်ပြူတာကို သုံးနိုင်ပါပြီ။
ပြီးရင်အပေါ်မှာ နေရာပြောင်းထားတဲ့ sethc.exe ဖိုင်ကို သူ့ နေရာ အမှန်ကို ပြန်ပြောင်းပေးဖို့ လို ပါတယ်။Windows CD/DVD ကနေ boot တက်ပြီး command prompt ကနေ အောက်က command ကို ရိုက်ပေးပါ။
copy c:\sethc.exe c:\windows\system32\sethc.exe |
http://www.kothuya.com/2013/03/how-to-reset-your-forgotten-windows.html မှကူးယူဖော်ပြပါသည်။
Friday, July 12, 2013
Windows ပိုင်းဆိုင်ရာ Error တွေအတွက် အထူးကုသမားတော် Portable ( 11 MB )
သုံးနေပြုနေရင်း ကြာလာတော့ Error တွေ တစ်မျိုးပြီးတစ်မျိုးတက် ..
ပြင်လို့လွယ်တာလည်းရှိသလို ပြင်ဖို့အတွက် ခက်ခဲတာလည်းရှိပါတယ် ..
အဲဒီထက်ဆိုးတာက ဘယ်နေရာမှာဖြစ်တဲ့ Error မှန်းမသိပဲ .. Error ရဲ့ ခြေရာလက်ရာကိုပဲ မြင်နေရတဲ့ အဖြစ်မျိုးကလည်းရှိသေးတယ် ..
Service Center တွေကို သွားပြန်တော့လည်း ပြန်ကောင်းလာအောင် ပြင်ပေးပြီး Service ခ သာတောင်းယူထားလိုက်တယ် ..
User ရှေ့မှာ ပြင်ပြတာမျိုးကလည်း ခပ်ရှားရှားဆိုတော့ အလားတူ Error မျိုးတွေ ထပ်ကြုံလာရင် ဆိုင်ပြန်ပို့ရပြန်ရော ...
ကဲ .. အဲဒါဆိုရင် Error တစ်ခုခုတက်လာရင် အဲဒီ Error ကို ကိုယ်တိုင် မဖြေရှင်းတတ်ရင်တောင် .. Error ဖြစ်နေတာကို
ရှာဖွေပြီး ပြုပြင်ပေးမယ့် PC Mechanic လေးတစ်ယောက်လောက် ကိုယ့်နားမှာရှိနေရင် မကောင်းပေဘူးလားဗျာ ..
တစ်ကယ်တော့ .. အဲဒီလို ပုဂ္ဂိုလ်မျိုးကို ကိုယ့်ဘေးနားခေါ်ထားဖို့ဆိုတာကလည်း မဖြစ်နိုင်ပြန်ပါဘူး .. ( High Boss တွေ ဆိုရင်တော့ တစ်မျိုးပေါ့ဗျာ )
ကဲ .. အဲဒီတော့ .. ကျွန်တော်က သူငယ်ချင်းတို့ကို ... သူငယ်ချင်းတို့ရဲ့ ကွန်ပြူတာမှာ ၀င်းဒိုးပိုင်းဆိုင်ရာ Error တွေတက်လာရင်
သူ့အလိုလို အဖြေရှာပြီး ပြုပြင်ပေးသွားမယ့် ဆော့ဝဲလေးတစ်ခု မျှဝေပေးချင်ပါတယ် ..
ကျွန်တော် .. ဒီဆော့ဝဲလေးကို Microsoft Forum ထဲက ရလာတာခင်ဗျ ..
ရလာပုံကိုပြောပြဦးမယ် ..
ကျွန်တော်က ၀င်းဒိုးရဲ့ အရေးပါတဲ့အပိုင်းတွေဖြစ်တဲ့ System 32 တို့ Registry ပိုင်းတို့ကို ကလိရတာ စိတ်ဝင်စားပါတယ် ..
ဒါနဲ့ .. တစ်နေ့တော့ Registry ပိုင်းထဲက တစ်ခုကို ၀င်ပြီး ကလိထည့်လိုက်တာ .. Restart ကျပြီးလို့ ၀င်းဒိုးလည်း ပြန်တက်လာရော
ကျွန်တော့်ရဲ့ Desktop ပေါ်က အိုင်ကွန်တွေအားလုံး Notped ဖိုင်ရဲ့ ပုံစံတွေဖြစ်နေရော ..
Photoshop ဆိုတဲ့ အိုင်ကွန်ကိုဖွင့်ရင် Firefox ကြီးပွင့်လာတယ် ..
Firefox ကိုဖွင့်လိုက်တော့ my computer ကြီးပွင့်လာတယ် ..
အဲဒီလိုပဲ .. တခြား အိုင်ကွန်တွေကို ဖွင့်လိုက်ရင်လည်း မဆိုင်တဲ့ Program တွေပဲပွင့်လာတယ် ..
အဲ .. ပိုဆိုးတာက .. Photoshop အိုင်ကွန်ကိုဖွင့်ရင် Firefox ပွင့်တယ်လို့မှတ်ထားပြီး နောက်တစ်ခါ Firefox ဖွင့်ချင်လို့ Photoshop အိုင်ကွန်ကိုဖွင့်လိုက်ရင်
Control Panel ကြီး ထပွင့်လာပြန်ရောဗျို့ ..
အဲဒါနဲ့ ကျွန်တော့မှာရှိတဲ့ Registry Cleaner တို့လို ဆော့ဝဲမျိုးတွေကို Run လိုက်ပြန်တော့လည်း Shutdown ပဲကျကျသွားတယ် .. Repaired က ဖြစ်မသွားဘူး
အဲဒါနဲ့ .. Miscrospot Forum ထဲမှာ လှည့်ပတ်ပြီးမွှေလိုက်တော့ အခုဆော့ဝဲလေးကို တွေ့တာနဲ့ ဒေါင်းပြီး စမ်းလိုက်တာ .. မိုက်တယ်ဗျို့ ..
သူ့ဖာသာသူ Error ကိုရှာတယ် .. လိုတဲ့ဖိုင် ပျောက်နေတဲ့ဖိုင်ကို သူ့ဖာသာသူ ချိတ်ဆက်ပြီး ဒေါင်းယူတယ် ပြန်ပြင်တယ် ..
ဟိဟိ .. နောက်ပိုင်းတော့ ကျွန်တော်လည်း ၀င်းဒိုးမှာဘာဖြစ်ဖြစ် .. သူ့ကိုပဲ ပြင်ခိုင်းလိုက်တာ .. အခုအချိန်ထိ သူမပြင်ပေးနိုင်တဲ့ error မကြုံဖူးသေးဘူး ..
တစ်ခုတော့ရှိတာပေါ့ .. သူက ၀င်းဒိုးပိုင်း (၀င်းဒိုးမှာမှ Miscrosoft ၀င်းဒိုးမျိုး) ကိုပဲ ပြင်ပေးနိုင်တယ် .. ဗိုင်းရပ်ကြောင့် ၀င်းဒိုးဖိုင်တွေပျက်သွားတယ် ..
သူက အဲဒီပျက်သွားတဲ့ဖိုင်ကို ရှာပြီးဒေါင်းယူပေးတယ် .. စက်ထဲမှာ Install ပြန်လုပ်ပေးတယ် .. (ဗိုင်းရပ်စ်ကိုတော့ သူ ရှင်းမပေးနိုင်ဘူး)
နောက်တစ်ခုရှိသေးတယ် .. Miscrosoft ကထုတ်တဲ့ ဆော့ဝဲတွေမှာတက်တဲ့ Error တွေကိုလည်း သူက ပြုပြင်ပေးတယ်ဗျ ..
ဗိုင်းရပ်ကြောင့်ဖြစ်တဲ့ ၀င်းဒိုးပြဿနာတွေကို ပြုပြင်ခိုင်းမယ်ဆိုရင်တော့ အရင်ဆုံး ဗိုင်းရပ်ကို ရှင်းပြီးမှ ဒီဆော့ဝဲကိုသုံးပေါ့ဗျာ ..
ကဲ .. စမ်းကြည့်ချင်တဲ့သူငယ်ချင်းများ အောက်မှာဒေါင်းယူလိုက်ပါ ..
ဒေါင်းပြီးပြီဆိုရင် မိမိစက်မှာဖြစ်နေတဲ့ Error ကိုရှင်းဖို့စပါ့မယ် .. ဒေါင်းထားတဲ့ ဖိုင်ထဲက Launch Fix ကိုနှိပ် လိုက်ပါ..အောက်ပါပုံအတိုင်းပေါ်လာပါ့မယ်
အဲဒီထဲက .. Run now ဆိုတဲ့ အစိမ်းရောင်လေးတွေထဲက တစ်ခုကိုနှိပ်လိုက်ပါ .. ၀င်းဒိုးရဲ့ ဘယ်အပိုင်းက Error တက်တာလို့ နားလည်ရင်လည်း
အဲဒီထဲမှာ Error တက်တဲ့အပိုင်းကိုပဲရွေးပြီး Run now ကိုနှိပ်ပေးလိုက်ရင် အချိန်ကုန်သက်သာတာပေါ့ .. ဥပမာ - အပေါ်ဆုံး tool က Desktop ပေါ်မှာရှိတဲ့
အိုင်ကွန်တွေ Error တက်နေတာတွေ အိုင်ကွန်အောက်ကစာတွေနောက်မှာ အပြာရောင် Hightlight ဖြစ်နေတာတွေ .. အဲဒါမျိုး error တွေကို ပြုပြင်ပေးမယ့်
နေရာပါ .. ကျွန်တော် အဲဒီတစ်ခုကို Run now လုပ်ပြထားပါတယ် .. Run now ကိုနှိပ်လိုက်တဲ့အခါ .. ခဏလောက်စစ်ဆေးပြီးတာနဲ့ အောက်ကပုံလေးတက်လာပါမယ်
အပေါ်ကဟာက သူ့ကိုအလိုလိုပြင်ခိုင်းတာဖြစ်ပြီး အောက်ကဟာကတော့ ကိုယ်ပြင်ချင်တာကိုပဲ ရွေးပြင်ခိုင်းဖို့ပါ .. ကျွန်တော်ကတော့ သူ့ကိုပဲပြင်ခိုင်းမှာမို့
အပေါ်ကတစ်ခုကိုနှိပ်လိုက်ပါတယ် .. ပြင်စရာရှိတာတွေပြင်ပြီးရင် ဖိုင်တွေဒေါင်းစရာလိုလာရင်လည်း သူကဒေါင်းခိုင်းပါလိမ့်မယ်
ကိုယ်က accept လုပ်ပေးရုံပါပဲ . ( Updated ကို Run နေတာမို့ ဒေါင်းစရာမလိုတာက များပါတယ် .. ) ပြီးရင်တော့ အောက်ကပုံလေးတက်လာပါမယ်
အဲဒီထဲက View report details ဆိုတာကိုနှိပ်ပြီးကြည့်လိုက်ရင် သူ Check လုပ်ပြီးခဲ့တာတွေ .. သူပြင်ပေးသွားတဲ့နေရာတွေကို အစိမ်းရောင်အမှန်ခြစ်လေးနဲ့ ပြပေးထားမှာဖြစ်ပါတယ်
နောက်တစ်ဆင့်သွားဖို့ Next ကိုနှိပ်ပေးလိုက်ပါ .. နောက်တက်လာမှာက အခုပုံရဲ့ အပေါ်ကပုံပါပဲ .. Cancel ကိုနှိပ်ပေးလိုက်ပါ
နောက်ထပ် Error တွေကို ဆက်ရှင်းဖို့တော့ Task Bar ပေါ်မှာ Fix It ရဲ့ အိုင်ကွန်လေးရှိနေတာကို နှိပ်ပေးလိုက်ရုံပါပဲ .. နောက်ထပ် Run now တစ်ခုကိုထပ်နှိပ် .. ကျန်တဲ့အဆင့်တွေအကုန်လုံး အတူတူတွေချည်းမို့ ဒီတစ်ဆင့်နဲ့ပဲ တော်လိုက်ပါရစေ ..
ကဲ .. ဒေါင်ဒေါင်မြည်ကျန်းမာတဲ့ ၀င်းဒိုးတစ်ခုနဲ့ ပျော်ရွှင်နိုင်ကြပါစေဗျာ..
Credit=>အိုင်တီမုဆိုး
http://www.aungkyaw.net/2013/07/windows-error-portable-11-mb.html မှကူးယူဖော်ပြပါသည်။
C Cleaner ကို Pro တစ်ယောက်လို အသုံးပြုခြင်း
မင်္ဂလာပါ။ C Cleaner က တော်တော်ကိုအသုံးဝင် ပြီး လူသိများတဲ့ Application တစ်ခုဖြစ်ပါတယ်။C Cleaner က သင့်ရဲ့ ယာယီ Internet File တွေနဲ့ ကိုယ်ရေးကိုတာ Data တွေကို ရှင်း လင်းပေးနိုင်တဲ့ Application ကောင်းတစ်ခုဖြစ်ပါတယ်။နောက်သူ့မှာ
ပုန်းနေတဲ့ Feature တွေတော်တော်များရှိပါတယ်။ကျွန်တော်တို့ ဒီ Post မှာပြောပြမှာ က အဲ့ဒီပုန်းနေတဲ့ Feature တွေအကြောင်းပဲဖြစ်ပါတယ်။
Ccleaner download
*Internet Cache တွေကိုဖျက်မယ်ဆိုရင်*
C Cleaner က သူ့ Default အနေနဲဆို တော်တော်များများ File တွေကို ဖျက်တတ်ပါတယ်။သင့်ရဲ့ Internet Cache File တွေကို မဖျက်ခင် သေချာပြန်စဉ်းစားသင့်ပါတယ်။(Internet Cache ဆိုတာ ကိုယ် က Internet Browser နဲ့ Site တစ်ခုကို Browse လုပ်လိုက်ပြီဆိုရင် Browser က သင့်ရဲ့ System မှာ အဲ့ဒီ Cache File တွေကို သိမ်းပါတယ်။သင်က နောက်တစ်ခါ အဲ့ဒီ Site ကိုထက်သွားမယ်ဆို
ရင် အဲ့ဒီ Site ရဲ့ Image တွေနဲ့ တခြား File တွေကို cache လုပ်ထားတဲ့ အတွက် site ကို loading လုပ်တာ မြန်လာစေပါတယ်။)
တကယ်လို့ သင်က နေရာလွတ် လိုချင်လို့ ပဲဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ကိုပဲဖြစ်ဖြစ် ဖျက်ချင်ရင် ဖျက်လို့ရပါတယ်။မကြာခဏ Cache File တွေကို ဖျက်နေမယ်ဆိုရင် Website
တွေ Loading လုပ်တာ နှေးသွားစေနိုင်ပါတယ်။
*Thumbnail cache တွေကိုဖျက်မယ်ဆိုရင်*
(Windows Explorer အောက်မှာရှိတဲ့) Thumbnail cache တွေကို ဖျက်မယ်ဆိုရင် လည်းနှေးသွားစေတဲ့
အရာတွေရှိ ပါတယ်။Thumbnail cache တွေကို ဖျက်လိုက်ရင် - Image File တွေရှိတဲ့ Folder တွေကို
ဖွင့်လိုက်ရင် Thumbnail cache ပြန်လုပ်ရတာကြောင့် Folder ကိုဖွင့်ရတာ နှေးသွားစေနိုင်ပါတယ်။
*အရေးကြီးတဲ့ Cookie များ*
C Cleaner ကသူ့ Default Setting နဲ့ ဆို Cookie တွေအကုန်လုံးကို ဖျက်ပစ် တတ်ပါတယ်။ဒါပေမယ့် Cookie တစ်ချို့ကိုတော့ သိမ်းထားရပါလိမ့်မယ်။တကယ်လို့ သင်က C Cleaner ကို Run ပြီးတိုင်း ကိုယ် Log In ၀င်ထားတဲ့ Site တွေကို ပြန်ဝင်နေရတယ်ဆိုရင် - C Cleaner ကိုဖွင့် >> Options ကိုသွား >> Cookie ဆိုတဲ့ Section ကိုသွားပါ။
"Cookie to Delete" ဆိုတဲ့ အောက်က Section မှာ Right Click >> Intelligent Scan ကိုနှိပ်ပါ။
C Cleaner က Google, Hotmail, နဲ့ Yahoo Mail တွေရဲ့ Cookie ကို Auto ထည့်ပေးသွားပါလိမ့်မယ်။
တကယ်လို့ သင်က နောက်ထက်တစ်ခြား Site တွေရဲ့ Cookie တွေကိုထည့်ချင်ရင် - ဥပမာ- bloggerakm.blogspot.com ကိုရှာပါ။အပေါ်ပုံမှာပြထားတဲ့ အတိုင်း -> ကိုနှိပ်လိုက် ပါ။အဲ့ဒီနည်း နဲ့ သင်ကြိုက်တဲ့ Website တွေရဲ့ Cookie ကိုထည့်နိုင်ပါတယ်။
*သတိထားသင့်သော Registry Cleaner*
C Cleaner Application မှာ Registry Cleaner တစ်ခုပါဝင်ပါတယ်။တစ်ချို့ ပညာရှင်တွေက Registry Cleaner တွေကိုမသုံးသင့်ဘူးလို့ ဆိုပါတယ်။ဘာဖြစ်လို့လည်း ဆိုရင် Windows ရဲ့ Registry က ထောင်ကို ရာနဲ့ ချီပြီး ရှိပါတယ်။တကယ်လို့ သင်က Registry Cleaner တွေကိုသုံးပြီး အခုတစ်ရာ လောက် Remove လုပ်လိုက်ရင် တောင်မှ သင့် PC ရဲ့ စွမ်းဆောင်ရည် ဘာမှထူးရှားမှုရှိလာ
မှာမဟုတ်ဖူးလို့ဆိုပါတယ်။နောက်ပြီး Registry Cleaner တွေက အရေးကြီးတဲ့ Registry Value တွေကို
ပါ Remove လုပ်ပစ်တတ်တယ်လို့ ဆိုပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သင် Registry Cleaner တွေကို Run တော့မယ်ဆိုရင် အရင်ဆုံး Registry တွေကို Backup လုပ်ထားသင့်ပါတယ်။ဥပမာ- C Cleaner ရဲ့ Registry Cleaner မှာဆိုရင် Registry တွေကိုပြင်တဲ့ အခါမှာ Backup လုပ်ခိုင်းပါတယ်။ Backup လုပ်ချင်တယ်ဆို "Yes" မလုပ်ရင် "No" ။
*Startup Program များကို Manage လုပ်ခြင်း*
Computer ကိုဖွင့်လိုက်တိုင်း Auto-run တတ်တဲ့ Program တွေကို Tools Section မှာရှိတဲ့ "Startup"
ကနေပိတ်လို့ရပါတယ်။အဲ့ဒီမှာ Disable နဲ့ Delete ဆိုပြီး option နှစ်ခုရှိပါတယ်။အဲ့ဒီ့ နှစ်ခုထဲက Disable ကိုပဲ သုံးသင့်ပါတယ်။Delete ကိုသုံးရင် ကိုပိတ်ချင်တဲ့ Startup Program ကို ဖျက်ပစ်ပါလိမ့်မယ်။
နောက်တစ်ခါ Enable လုပ်ချင်ရင် မရတော့ပါဘူး။အဲ့ဒါကြောင့် Disable ကိုသုံးသင့်တယ်လို့ပြေတာပါ။
*Drive များကိုရှင်းလင်းခြင်း*
Windows (သို့) တခြား Operating System တစ်ခုက File တစ်ခုခုကို ဖျက်လိုက်တယ်ဆိုရင် Hard Disk
ကနေ အမှန်တကယ်ဖျက်လိုက်တာမဟုတ်ပါဘူး။အဲ့ဒီ့ File ကို ညွန်းထားတဲ့ အညွန်းတွေကိုသာ ဖျက်လိုက်ပြီး Windows ကအဲ့ဒီ့နေရာ ကို Free Space ဖြစ်သွားပြီဆိုပြီး Mark လုပ်ပေး လိုက်တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Recovery Software တွေနဲ့ File တွေကို Recover လုပ်လို့ ရတာဖြစ်ပါတယ်။C Cleaner က Recover လုပ်လို့ မရအောင် သူ့ရဲ့ Drive Wiper ကကူညီပါလိမ့်မယ်။
ဒီ Drive Wiper tool နဲ့ Drive တစ်ခုလုံးထဲမှာ ရှိတဲ့ Data တွေအကုန်လုံးကို Wipe လုပ်ပေးနိုင်ပါတယ်။
C Cleaner ကို Run တိုင်း Free Space တွေကိုသာ Wipe လုပ်ပေးဖို့အတွက် Wipe Free Space ဆိုတဲ့
လေးထောင့် အကွက်ကို အမှန်ခြစ်ပေးထားလိုက်ပါ။C Cleaner Run တိုင်းအချိန်နည်းနည်း တော့ကြာပါ
လိမ့်မယ်။C Cleaner က Wipe Free Space ကို အမှန်မခြစ် ထားတဲ့ အတိုင်း ထားသင့် တယ်လို့ပြောပါတယ်။
*File များကို လုံခြုံစွာ Delete လုပ်ခြင်း*
သင့်မှာ C Cleaner ရှိတယ်ဆိုရင် Drive Cleaner ကိုသုံးပြီး File တစ်ခုချင်းစီကို လုံခြုံစိတ်ချစွာ Delete
လုပ်နိုင်မှာ ဖြစ်ပါတယ်။ဒါပေမယ့် ပုံမှန် Delete လုပ်တာထက် အချိန်ပိုကြာပါလိမ်မယ်။ဘာကြောင့် လဲဆိုရင် Default အနေနဲ့ OS က File တွေကို လုံခြုံမှုရှိအောင် Delete မလုပ်ပါဘူး။တကယ်လို့ ကိုယ်သုံးနေတဲ့ File တွေက ကိုယ်ရေးကိုယ်တာ နဲ့ပတ်သက်နေတယ်ဆိုရင် Setting ရဲ့ Option Section မှာ Enable လုပ်လို့ရပါတယ်။
*Custom File များကိုထည့်ခြင်း*
သင်သုံးနေတဲ့ File တွေက C Cleaner ရဲ့ Application List ထဲမှာမပါဘူးဆိုရင် (သို့) သင့်မှာ ယာယီ File
တွေရှိတဲ့ Folder တွေရှိတယ် အဲ့ဒီ့ ဟာတွေကို C Cleaner ထဲကိုထည့်ပြီး ပုံမှန် C Cleaner ကို Run တိုင်း
ဖျက်နိုင်အောင် C Cleaner ရဲ့ Include Section ကနေထည့်လို့ရပါတယ်။
အဲ့ဒီ File တွေ Folder ကိုထည့်ပြီးတိုင်းလည်းဖျက်လို့မရသေးပါဘူး။Advance အောက်က check-box
မှာ အမှန်ခြစ်ပေးရမှာ ဖြစ်ပါတယ်။
*File များကို Exclude လုပ်ခြင်း*
ဒါလည်း ထိုနည်း၎င်း ပဲ သင်မဖျက်စေချင်တဲ့ Folder တွေ File တွေရှိတယ်ဆိုရင် Option Section ရဲ့ Exclude ကနေ ချန်ထားလို့ရပါတယ်။ဘာတွေ ချန်ထားလို့ရလည်းဆိုရင် Drive တစ်ခုလုံး,Folder တွေ,
File တွေ,Registry key တွေ ကုန်ကုန်ပြောရရင် File တွေရဲ့ Extension တစ်ခုစီအလိုက် ချန်ထားခဲလို့
ရပါတယ်။
*Install လုပ်ပြီးသား Program တွေကို Manage လုပ်ခြင်း*
သင်သွင်းထား တဲ့ Program တွေကို C Cleaner ကိုသုံးပြီး Uninstall လုပ်နိုင်ပါတယ်။Program တွေကို
Uninstall လုပ်ဖို့အတွက် Tools Section က Uninstall ကနေသုံးနိုင်ပါတယ်။ဒီမှာ Rename နဲ့ Delete ဆိုပြီး Feature နှစ်ခုပိုပါလာပါတယ်။အဲ့ဒီ့ Feature တွေကိုသုံးပြီး C Cleaner Uninstaller List ထဲမှာ ရှိတဲ့
Program တွေကို Rename နဲ့ Delete လုပ်နိုင်မှာ ဖြစ်ပါတယ်။နောက်ပြီး သင် Uninstall လုပ်ထားတဲ့
Program တွေရဲ့စားရင်ကို Text File နဲ့ သိမ်းထားနိုင်ပါသေးတယ်။
ဒီ Post ကကျွန်တော့်ရဲ့ မိတ်ဆွေများကို တစ်ထောင့်တစ်နေရာ ကနေ အထောင်ကူပြုလိမ့်မယ်လို့မျှော်
လင့်ပါတယ်။
အားလုံးအဆင်ပြေကြပါစေ။

Visit : Blogger A.K.M
Subscribe to:
Posts (Atom)