Friday, July 12, 2013

C Cleaner ကို Pro တစ်ယောက်လို အသုံးပြုခြင်း




မင်္ဂလာပါ။ C Cleaner က တော်တော်ကိုအသုံးဝင် ပြီး လူသိများတဲ့ Application တစ်ခုဖြစ်ပါတယ်။C Cleaner က သင့်ရဲ့ ယာယီ Internet File တွေနဲ့ ကိုယ်ရေးကိုတာ Data တွေကို ရှင်း လင်းပေးနိုင်တဲ့ Application ကောင်းတစ်ခုဖြစ်ပါတယ်။နောက်သူ့မှာ
ပုန်းနေတဲ့ Feature တွေတော်တော်များရှိပါတယ်။ကျွန်တော်တို့ ဒီ Post မှာပြောပြမှာ က အဲ့ဒီပုန်းနေတဲ့ Feature တွေအကြောင်းပဲဖြစ်ပါတယ်။


                                                           Ccleaner download



*Internet Cache တွေကိုဖျက်မယ်ဆိုရင်*

C Cleaner က သူ့ Default အနေနဲဆို တော်တော်များများ File တွေကို ဖျက်တတ်ပါတယ်။သင့်ရဲ့ Internet Cache File တွေကို မဖျက်ခင် သေချာပြန်စဉ်းစားသင့်ပါတယ်။(Internet Cache ဆိုတာ    ကိုယ် က Internet Browser နဲ့ Site တစ်ခုကို Browse လုပ်လိုက်ပြီဆိုရင် Browser က သင့်ရဲ့ System မှာ အဲ့ဒီ Cache File တွေကို သိမ်းပါတယ်။သင်က နောက်တစ်ခါ အဲ့ဒီ Site ကိုထက်သွားမယ်ဆို
ရင် အဲ့ဒီ Site ရဲ့ Image တွေနဲ့ တခြား File တွေကို cache လုပ်ထားတဲ့ အတွက် site ကို loading လုပ်တာ မြန်လာစေပါတယ်။)


တကယ်လို့ သင်က နေရာလွတ် လိုချင်လို့ ပဲဖြစ်ဖြစ် သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ကိုပဲဖြစ်ဖြစ် ဖျက်ချင်ရင် ဖျက်လို့ရပါတယ်။မကြာခဏ Cache File တွေကို ဖျက်နေမယ်ဆိုရင် Website
တွေ Loading လုပ်တာ နှေးသွားစေနိုင်ပါတယ်။

*Thumbnail cache တွေကိုဖျက်မယ်ဆိုရင်*

(Windows Explorer အောက်မှာရှိတဲ့) Thumbnail cache တွေကို ဖျက်မယ်ဆိုရင် လည်းနှေးသွားစေတဲ့
အရာတွေရှိ ပါတယ်။Thumbnail cache တွေကို ဖျက်လိုက်ရင် - Image File တွေရှိတဲ့ Folder တွေကို
ဖွင့်လိုက်ရင် Thumbnail cache ပြန်လုပ်ရတာကြောင့် Folder ကိုဖွင့်ရတာ နှေးသွားစေနိုင်ပါတယ်။

*အရေးကြီးတဲ့ Cookie များ*


C Cleaner ကသူ့ Default Setting နဲ့ ဆို Cookie တွေအကုန်လုံးကို ဖျက်ပစ် တတ်ပါတယ်။ဒါပေမယ့် Cookie တစ်ချို့ကိုတော့ သိမ်းထားရပါလိမ့်မယ်။တကယ်လို့ သင်က C Cleaner ကို Run ပြီးတိုင်း ကိုယ် Log In ၀င်ထားတဲ့ Site တွေကို ပြန်ဝင်နေရတယ်ဆိုရင် - C Cleaner ကိုဖွင့် >> Options ကိုသွား >> Cookie ဆိုတဲ့ Section ကိုသွားပါ။

"Cookie to Delete" ဆိုတဲ့ အောက်က Section မှာ Right Click >> Intelligent Scan ကိုနှိပ်ပါ။
C Cleaner က  Google, Hotmail, နဲ့ Yahoo Mail တွေရဲ့ Cookie ကို Auto ထည့်ပေးသွားပါလိမ့်မယ်။


တကယ်လို့ သင်က နောက်ထက်တစ်ခြား Site တွေရဲ့ Cookie တွေကိုထည့်ချင်ရင် - ဥပမာ- bloggerakm.blogspot.com ကိုရှာပါ။အပေါ်ပုံမှာပြထားတဲ့ အတိုင်း -> ကိုနှိပ်လိုက် ပါ။အဲ့ဒီနည်း နဲ့ သင်ကြိုက်တဲ့ Website တွေရဲ့ Cookie ကိုထည့်နိုင်ပါတယ်။


*သတိထားသင့်သော Registry Cleaner*

C Cleaner Application မှာ Registry Cleaner တစ်ခုပါဝင်ပါတယ်။တစ်ချို့ ပညာရှင်တွေက Registry Cleaner တွေကိုမသုံးသင့်ဘူးလို့ ဆိုပါတယ်။ဘာဖြစ်လို့လည်း ဆိုရင် Windows ရဲ့ Registry က ထောင်ကို ရာနဲ့ ချီပြီး ရှိပါတယ်။တကယ်လို့ သင်က Registry Cleaner တွေကိုသုံးပြီး အခုတစ်ရာ လောက် Remove လုပ်လိုက်ရင် တောင်မှ သင့် PC ရဲ့ စွမ်းဆောင်ရည် ဘာမှထူးရှားမှုရှိလာ
မှာမဟုတ်ဖူးလို့ဆိုပါတယ်။နောက်ပြီး Registry Cleaner တွေက အရေးကြီးတဲ့ Registry Value တွေကို
ပါ Remove လုပ်ပစ်တတ်တယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သင် Registry Cleaner တွေကို Run တော့မယ်ဆိုရင် အရင်ဆုံး Registry တွေကို Backup လုပ်ထားသင့်ပါတယ်။ဥပမာ- C Cleaner ရဲ့ Registry Cleaner မှာဆိုရင် Registry  တွေကိုပြင်တဲ့ အခါမှာ Backup လုပ်ခိုင်းပါတယ်။ Backup လုပ်ချင်တယ်ဆို "Yes" မလုပ်ရင် "No" ။

*Startup Program များကို Manage လုပ်ခြင်း*

Computer ကိုဖွင့်လိုက်တိုင်း Auto-run တတ်တဲ့ Program တွေကို Tools Section မှာရှိတဲ့ "Startup"
ကနေပိတ်လို့ရပါတယ်။အဲ့ဒီမှာ Disable နဲ့ Delete ဆိုပြီး option နှစ်ခုရှိပါတယ်။အဲ့ဒီ့ နှစ်ခုထဲက Disable ကိုပဲ သုံးသင့်ပါတယ်။Delete ကိုသုံးရင် ကိုပိတ်ချင်တဲ့ Startup Program ကို ဖျက်ပစ်ပါလိမ့်မယ်။
နောက်တစ်ခါ Enable လုပ်ချင်ရင် မရတော့ပါဘူး။အဲ့ဒါကြောင့် Disable ကိုသုံးသင့်တယ်လို့ပြေတာပါ။


*Drive များကိုရှင်းလင်းခြင်း*

Windows (သို့) တခြား Operating System တစ်ခုက File တစ်ခုခုကို ဖျက်လိုက်တယ်ဆိုရင် Hard Disk
ကနေ အမှန်တကယ်ဖျက်လိုက်တာမဟုတ်ပါဘူး။အဲ့ဒီ့ File ကို ညွန်းထားတဲ့ အညွန်းတွေကိုသာ ဖျက်လိုက်ပြီး Windows ကအဲ့ဒီ့နေရာ ကို Free Space ဖြစ်သွားပြီဆိုပြီး Mark လုပ်ပေး လိုက်တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် Recovery Software တွေနဲ့ File တွေကို Recover လုပ်လို့ ရတာဖြစ်ပါတယ်။C Cleaner က Recover လုပ်လို့ မရအောင် သူ့ရဲ့ Drive Wiper ကကူညီပါလိမ့်မယ်။

ဒီ Drive Wiper tool နဲ့ Drive တစ်ခုလုံးထဲမှာ ရှိတဲ့ Data တွေအကုန်လုံးကို Wipe လုပ်ပေးနိုင်ပါတယ်။
C Cleaner ကို Run တိုင်း Free Space တွေကိုသာ  Wipe လုပ်ပေးဖို့အတွက် Wipe Free Space ဆိုတဲ့
လေးထောင့် အကွက်ကို အမှန်ခြစ်ပေးထားလိုက်ပါ။C Cleaner Run တိုင်းအချိန်နည်းနည်း တော့ကြာပါ
လိမ့်မယ်။C Cleaner က Wipe Free Space ကို အမှန်မခြစ် ထားတဲ့ အတိုင်း ထားသင့် တယ်လို့ပြောပါတယ်။


*File များကို လုံခြုံစွာ Delete လုပ်ခြင်း*

သင့်မှာ C Cleaner ရှိတယ်ဆိုရင် Drive Cleaner ကိုသုံးပြီး File တစ်ခုချင်းစီကို လုံခြုံစိတ်ချစွာ Delete
လုပ်နိုင်မှာ ဖြစ်ပါတယ်။ဒါပေမယ့် ပုံမှန် Delete လုပ်တာထက် အချိန်ပိုကြာပါလိမ်မယ်။ဘာကြောင့် လဲဆိုရင် Default အနေနဲ့ OS က File တွေကို လုံခြုံမှုရှိအောင် Delete မလုပ်ပါဘူး။တကယ်လို့ ကိုယ်သုံးနေတဲ့ File တွေက ကိုယ်ရေးကိုယ်တာ နဲ့ပတ်သက်နေတယ်ဆိုရင် Setting ရဲ့ Option Section မှာ Enable လုပ်လို့ရပါတယ်။

*Custom File များကိုထည့်ခြင်း*

သင်သုံးနေတဲ့ File တွေက C Cleaner ရဲ့ Application List ထဲမှာမပါဘူးဆိုရင် (သို့) သင့်မှာ ယာယီ File
တွေရှိတဲ့ Folder တွေရှိတယ် အဲ့ဒီ့ ဟာတွေကို C Cleaner ထဲကိုထည့်ပြီး ပုံမှန် C Cleaner ကို Run တိုင်း
ဖျက်နိုင်အောင် C Cleaner ရဲ့ Include Section ကနေထည့်လို့ရပါတယ်။

အဲ့ဒီ File တွေ Folder ကိုထည့်ပြီးတိုင်းလည်းဖျက်လို့မရသေးပါဘူး။Advance အောက်က check-box
မှာ အမှန်ခြစ်ပေးရမှာ ဖြစ်ပါတယ်။


*File များကို Exclude လုပ်ခြင်း*

ဒါလည်း ထိုနည်း၎င်း ပဲ သင်မဖျက်စေချင်တဲ့ Folder တွေ File တွေရှိတယ်ဆိုရင် Option Section ရဲ့ Exclude ကနေ ချန်ထားလို့ရပါတယ်။ဘာတွေ ချန်ထားလို့ရလည်းဆိုရင် Drive တစ်ခုလုံး,Folder တွေ,
File တွေ,Registry key တွေ ကုန်ကုန်ပြောရရင် File တွေရဲ့ Extension တစ်ခုစီအလိုက် ချန်ထားခဲလို့
ရပါတယ်။

 *Install လုပ်ပြီးသား Program တွေကို Manage လုပ်ခြင်း*


သင်သွင်းထား တဲ့ Program တွေကို C Cleaner ကိုသုံးပြီး Uninstall လုပ်နိုင်ပါတယ်။Program တွေကို
Uninstall လုပ်ဖို့အတွက် Tools Section က Uninstall ကနေသုံးနိုင်ပါတယ်။ဒီမှာ Rename နဲ့ Delete ဆိုပြီး Feature နှစ်ခုပိုပါလာပါတယ်။အဲ့ဒီ့ Feature တွေကိုသုံးပြီး C Cleaner Uninstaller List ထဲမှာ ရှိတဲ့
Program တွေကို Rename နဲ့ Delete လုပ်နိုင်မှာ ဖြစ်ပါတယ်။နောက်ပြီး သင် Uninstall လုပ်ထားတဲ့
Program တွေရဲ့စားရင်ကို Text File နဲ့ သိမ်းထားနိုင်ပါသေးတယ်။


 ဒီ Post ကကျွန်တော့်ရဲ့ မိတ်ဆွေများကို တစ်ထောင့်တစ်နေရာ ကနေ အထောင်ကူပြုလိမ့်မယ်လို့မျှော်
လင့်ပါတယ်။

အားလုံးအဆင်ပြေကြပါစေ။

 Visit : Blogger A.K.M

http://www.pyaephyo.com/2013/03/c-cleaner-pro.html မှကူးယူဖော်ပြပါသည်။

0 comments:

Post a Comment