Saturday, July 13, 2013

How To Reset Your Forgotten Windows Password The Easy Way (၀င်းဒိုးပတ်စ်ဝေါ့မေ့ခဲ့ရင် အလွယ်တကူပြန်ဖြုတ်နည်း)

[1%255B10%255D.png]




Windows built-in password reset feature ကို အ သုံး ပြု ပြီး Password Reset Disk ပြုလုပ်နည်းအကြောင်းကိုလည်းရေးပေးဖူးပါတယ်။Password Reset Disk မပြုလုပ်မိတဲ့ အခြေအနေမှာ သင့်ဝင်းဒိုး ရဲ့  password မေ့ သွားခဲ့ရင်တော့ freeware တစ်ခု ဖြစ်တဲ့ Lazesoft Recover My Password ဆော့ဝဲကို အသုံးပြုပြီး password reset ချနည်းကိုလည်းရေးပေးပြီးပါပြီ။ဒီလို windows password reset disc တွေကို အသုံးပြုဖို့ သင် နောက်ထပ် ကွန်ပြူတာတစ်လုံးကို အသုံးပြုရမှာပါ။အခု ပြောပြမယ့်နည်းက password reset disc လည်းအသုံးပြုစရာမလို တဲ့ အတွက် နောက်ထပ် ကွန်ပြူတာတစ်လုံးမရှိဘဲနဲ့ သင့် windows password ကို reset လုပ်နိုင်မှာပါ။သင့်မှာလို အပ်တာက Windows Installer CD/DVD တစ်ခုပါပဲ။
Windows CD/DVD ကို drive ထဲထည့်ပြီး သင့်ကွန်ပြူတာကို CD/DVD ကနေ boot တက်ပါ။ ပထမအဆင့်ကို ကျော်ပြီးနောက်အဆင့်မှာ “Repair Your Computer” ကို နှိပ်ပါ။
2 
Command Prompt option ရောက်တဲ့ အထိဆက်သွားပြီး Command Prompt ကိုနှိပ်ပါ။
3
အောက်က command နှစ်ကြောင်းကို  တစ်ခု ချင်းစီရိုက်ပြီး enter နှိပ်ပေးပါ။
copy c:\windows\system32\sethc.exe c:\
copy c:\windows\system32\cmd.exe c:\windows\system32\sethc.exe
Overwrite လုပ်မလားမေးရင် yes ရိုက်ပေးပြီး enter ခေါက်ပါ။
4
Windows ကို restart လုပ်ပါ။Boot Order မှာ CD/DVD ကနေ မတက်ဘဲ နဂို မူလအတိုင်း hard drive ကနေ boot တက်ပါ။Log In screen ရောက်ရင် shift key ကို (၅) ကြိမ်နှိပ်ပါ။Administrator mode command prompt ပေါ်လာပါလိမ့်မယ်။
5
အောက်က command ကို ရိုက်ပေးပါ။Username နေရာမှာသင့် username ကို ရိုက်ပေးပြီး MyNewPassword နေရာမှာ သင်နှစ်သက်ရာ password တစ်ခု ကို ရိုက်ပေးပြီး reset လုပ်နိုင်ပါတယ်။
net user username MyNewPassword
Command Prompt ကို ပိတ်ပြီး သင် ပြုလုပ်ထားတဲ့ password အသစ်နဲ့ သင့်ကွန်ပြူတာကို သုံးနိုင်ပါပြီ။
ပီးရင်အပေါ်မှာ  နေရာပြောင်းထားတဲ့ sethc.exe ဖိုင်ကို သူ့ နေရာ အမှန်ကို ပြန်ပြောင်းပေးဖို့ လို ပါတယ်။Windows CD/DVD ကနေ boot တက်ပြီး command prompt ကနေ အောက်က command ကို ရိုက်ပေးပါ။
copy c:\sethc.exe c:\windows\system32\sethc.exe
- See more at: http://www.kothuya.com/2013/03/how-to-reset-your-forgotten-windows.html#sthash.panI0XCG.dpuf



http://www.kothuya.com/2013/03/how-to-reset-your-forgotten-windows.html မှကူးယူဖော်ပြပါသည်။

0 comments:

Post a Comment