Wednesday, November 6, 2013

မိန်ကလေး တွေ ပိုဖတ်သင့်တယ်ဗျာ...ဒီပုံပြင်လေးက..



ဟို............................
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာက အိန္ဒိယနိုင်ငံရဲ့ ရွာငယ်လေးတစ်ရွာမှာ လယ်သမားကြီးတစ်ယောက်ရှိတယ်။ သူဟာ ရွာထဲက ပိုက်ဆံချေးငှားတဲ့သူကို ပေးစရာ အကြွေးတွေ အများကြီးရှိနေတယ်။ အဲဒီ အသက်ကြီးကြီးနဲ့ ရုပ်ဆိုးဆိုး ငွေရှင်ကြီးက လယ်သမားကြီးရဲ့ ချောမောလှပတဲ့ သမီးပျိုလေးကို အရမ်းပဲ ကြိုက် နှစ်သက်နေတယ်။ ဒါနဲ့ သူက အပေးအယူတစ်ခုလုပ်ဖို့ စဉ်းစားတယ်။

ငွေရှင်က သူသာ လယ်သမားကြီးရဲ့ သမီးကို လက်ထပ်ခွင့်ရမယ်ဆိုရင် ရှိသမျှအကြွေးတွေကို လျှော်ပေးမယ်လို့ ပြောတယ်။ အဲဒီအပေးအယူစကားကို ကြားတော့ လယ်သမားကြီးနဲ့ သူ့ သမီးတို့ ဟာ အရမ်းကို ထိတ်လန့် သွားတယ်။ ဒါနဲ့ ပဲ ကောက်ကျစ်လှတဲ့ ငွေရှင်ကြီးက လယ်သမားကြီးကို ဘယ်လိုဆုံးဖြတ်ချက်မျိုးကို ချဖို့ ကို အခုလို အကြံပေးတယ်။
ငွေရှင်ကြီးက သူဟာ ကျောက်စရစ်လဲ အမည်းရောင်တစ်လုံးနဲ့ အဖြူရောင်တစ်လုံးကို အိတ်အလွတ်တစ်ခုထဲကိုထည့်မယ်။ ပြီးရင် လယ်သမားကြီးရဲ့  သမီးက အိတ်ထဲက ကျောက်စရစ်ခဲ တစ်လုံးကိုနှိုက်ရမယ်။

၁) တကယ်လို့ ကျောက်စရစ်ခဲ အမည်းရောင်ကို နှိုက်မိရင်၊ ဒီမိန်းကလေးကို သူ့ ဇနီးမယားအဖြစ်လက်ထပ်ပြီး၊ လယ်သမားကြီးရဲ့ အကြွေးတွေကို လျှော်ပစ် မယ်။
၂) တကယ်လို့ ကျောက်စရစ်ခဲ အဖြူရောင်ကို နှိုက်မိရင်၊ ဒီမိန်းကလေးက သူ့ ကို လက်ထပ်စရာမလိုဘူး။ ဒါပေမယ့် လယ်သမားကြီးရဲ့ အကြွေးတွေကို လျှော်ပစ် မယ်။
၃) တကယ်လို့  ကျောက်စရစ်ခဲတစ်လုံးကို မနှိုက်ဘူးလို့ ငြင်းရင်တော့ လယ်သမားကြီးကို တရားစွဲဆို ထောင်ချပစ်မယ်။

သူတို့ တွေဟာ လယ်သမားကြီးရဲ့ လယ်ကွင်းထဲက ကျောက်စရစ်တွေခင်းထားတဲ့ လမ်းမှာ မက်တပ်ရပ်နေကြတယ်။ စကားပြောနေကြတုန်းမှာပဲ ငွေရှင်ကြီးက ကျောက်စရစ်ခဲ နှစ်လုံးကို ကောက်ယူလိုက်တယ်။ ငွေရှင်ကြီးက ကျောက်စရစ်ခဲ အမည်းရောင်နှစ်လုံးကို ကောက်ယူပြီး အိတ်ထဲ ထည့်လိုက် တာကို မျက်စိလျှင်တဲ့ လယ်သမားကြီးရဲ့ သမီးက မြင်လိုက်တယ်။

ပြီးတဲ့နောက်မှာ ငွေရှင်ကြီးက လယ်သမားကြီးရဲ့ သမီးကို ကျောက်စရစ်ခဲ တစ်လုံးကို နှိုက်ဖို့  ပြောလိုက်တယ်။

သင်က လယ်ကွင်းထဲမှာရှိနေတယ်ဆိုပါစို့ ။ တကယ်လို့ သင်က အဲဒီမိန်းကလေးဆိုရင် သင်ဘယ်လိုလုပ်မလဲ။ တကယ်လို့ သင်က သူ့ ကို အကြံပေးရမယ် ဆိုရင် သင်သူ့ ကို ဘယ်လို အကြံပေးမှာလဲ။

၁) ဒီမိန်းကလေးက ကျောက်စရစ်ခဲကို နှိုက်ဖို့ ငြင်းသင့်သလား။
၂) ဒီအိတ်ထဲမှာ ကျောက်စရစ်ခဲ အမည်းနှစ်လုံးရှိတယ်တယ်တာကို ဖော်ပြလိုက်ပြီး ဒီငွေရှင်က လိမ်လည်တယ်လို့ ဖော်ထုတ်လိုက်ရမလား။
၃) ဒီမိန်းကလေးက ကျောက်စရစ်ခဲ အမည်းကိုနှိက်လိုက်ပြီး သူ့ အဖေရဲ့ အကြွေးတွေကို ချေပေးဖို့ နဲ့ သူ့ အဖေ ထောင်မကျဖို့ ကို သူ့ ကိုယ်သူ ပေးဆပ်လိုက်ရမလား။

ဒီမိန်းကလေးက အိတ်ထဲကို လက်ကို ထည့်ပြီး ကျောက်စရစ်ခဲ အနက်တစ်လုံးကို နှိုက်လိုက်တယ်။ သူဘယ်အရောက်ကို နှိုက်မိသလဲဆိုတာကို မကြည့်ပဲနဲ့  လက်ထဲက ကျောက်စရစ်ခဲကို ကျောက်စရစ်တွေခင်းတဲ့လမ်းပေါ်ကို မတော်တဆဟန်နဲ့ လွတ်ချလိုက်တယ်။ သူလွတ်ချလိုက်တဲ့ ကျောက်စရစ်ခဲလေးဟာ လမ်းပေါ်က အခြားကျောက်စရစ်ခဲတွေနဲ့ ရောထွေးကုန်တာပေါ့။

ပြီးတော့ မိန်းကလေးက “အိုး၊ ကျွန်မတော်တော် နမော်နမဲ့နိုင်တာပဲ။ ဒါပေမယ့် ရပါတယ် အိတ်ထဲမှာ ကျန်တဲ့တစ်လုံးကို ကြည့်ရင် ကျွန်မ ဘယ်အရောင်ကို နှိုက်လိုက်လဲဆိုတာ သိရမှာပါ” လို့ ပြောလိုက်တယ်။

အိတ်ထဲမှာ ကျန်ခဲ့တဲ့တစ်လုံးက အမည်းရောင် ဖြစ်တာကြောင့် မိန်းကလေးနှိုက်လိုက်တဲ့ ကျောက်စရစ်ခဲ့ဟာ အဖြူရောင်လို့ ယူဆရတော့တာပေါ့။ ငွေရှင်ကလည်း သူ့ ရဲ့ မရိုးသားမှုကို မဖော်ပြချင်တာကြောင့် မိန်းကလေးဟာ မျှော်လင့်ချက်မရှိတော့တဲ့ အခြေအနေတစ်ခုကို အကျိုးအမြတ်အဖြစ် ဖန်တီးလိုက်နိုင်တာပေါ့။

မှတ်ချက် - 

ဘယ်ပြသနာမျိုးမှာမဆို အဖြေဆိုတာ ရှိနှင့်နေပြီးဖြစ်ပါတယ်။ 
ကျတော် တို့ အနေနဲ့ လုပ်ရမှာက စဉ်းစားဆုံးဖြတ်ဖို့ ပါပဲ။
အဲဒီပြသနာရဲ့ အဖြေရအောင်၊ အဲဒီပြသနာကို အကျိုးအမြတ်တစ်ခုအနေအဖြစ် ပြောင်းလဲပစ်နိုင်အောင် ကျတော်တို့ ရဲ့ တွေးခေါ်ကြံဆမှုတွေလိုအပ်နေတယ်ဆိုတာကို ဖော်ပြနေခြင်းဖြစ်ပါတယ်။

အင်တာနက် စာမျက်နှာမှ ဖတ်ဖူးသော ပုံပြင်တပုဒ်

0 comments:

Post a Comment