Friday, November 8, 2013

နှလုံးလှသူများ


ယုံလားတော့ မသိဘူး

အရှုံးသမားတွေက အချိုဆုံး ပြုံးနိုင်သတဲ့

ယုံလားတော့ မသိဘူး

အထီးကျန်သူတွေက ဂရုစိုက်တတ်သတဲ့

ယုံလားတော့ မသိဘူး

နာကျင်ဖူးသူတွေက ကြင်နာတတ်သတဲ့

ယုံလားတော့ မသိဘူး

လဲကျနေသူတွေက အားပေးစကားဆိုတတ်သတဲ့

ယုံလားတော့ မသိဘူး

တစ်ခါတလေ စိတ်ညစ်နေသူတွေက

ပတ်ဝန်းကျင်ကသူတွေကို နောက်ပြောင်နေသတဲ့

ယုံလားတော့ မသိဘူး

ခံစားချက်ကို ဦးစားပေးခွင့်မရတဲ့အခါတွေမှာ

ဦးနှောက်က ခံစားမှုရဲ့ ဆန်ကျင်ဘက်

အပြုအမူတွေကို အတင်းတိုက်တွန်းနေတတ်သတဲ့...။

Crd => စာပေချစ်သူ

0 comments:

Post a Comment