Monday, June 10, 2013

Revo Uninstaller full version




ကျတော်တို့စက်ထဲက ဆော့ဝဲတွေကို မသုံးချင်တော့လို့ ထုတ်ပစ်တော့မယ်ဆိုရင် ပုံမှန်အားဖြင့်တော့

control panel ထဲက programs and features ကိုသွားပြီး ထုတ်ပစ်ကြပါတယ်....ဒါပေမယ့် အဲလိုထုတ်

ခြင်းဟာ  program စက်ထဲကနေအကုန်မထွက်ပါဘူး...အကြွင်းအကျန်အစအနတွေ ကျန်နေတတ်ပါတယ်

ဥပမာ.....တလပေးသုံးတဲ့ trial version ဆော့ဝဲတခုသုံးတယ်ဆိုပါတော့.....တလပြည့်ရင် သူသတ်မှတ်

ထားတဲ့ စမ်းသပ်သုံးခွင့်ကာလ ကုန်ပြီမို့ ဆော့ဝဲကို ကျတော်တို့ဆက်သုံးလို့မရတော့ပါဘူး...သူ့ကိုဖွင့်လိုက်

တာနဲ့ ၀ယ်သုံးခိုင်းတဲ့ မက်ဆေ့ဘောက်တွေပေါ်လာပါလိမ့်မယ်..... ဒါဆိုရင် အပေါ်ကနည်းအတိုင်း ထုတ်

ပစ်လိုက်ပါ.......ထုတ်လိုက်ရင် ဆော့ဝဲစက်ထဲမှာ မရှိတော့ပါဘူး....ကျတော်တို့ ထုတ်ပစ်လိုက်ပြီနော်....

ဒါပေမယ့် ..... အဲဒီထုတ်ပစ်လိုက်တဲ့ ဆော့ဝဲကို စက်မှာ ပြန်ထည့်ကြည့်ပါ..... install လုပ်ပြီးရင် ဆော့ဝဲ

ကို ဖွင့်ကြည့်ပါ....ဆော့ဝဲဟာ တလသုံးပြီးသွားပြီိမို့ သုံးချင်ရင်ဝယ်သုံးပါဆိုတဲ့ မက်ဆေ့ပဲပေးပါလိမ့်မယ်...

ကိုင်း...ဒါဟာ ဘာကြောင့်လဲ ကျတော်တို့ရိုးရိုးနည်းလမ်းအတိုင်း ထုတ်ရင်အကုန်လုံးမထွက်ပဲ နောက်တခါ

ပြန်ထည့်ရင် သုံးပြီးသားဖြစ်တဲ့ အကြောင်းသိအောင် ဆော့ဝဲကစက်ထဲမှာ အစအန လေးတွေချန်ထားတဲ့

သဘောပါပဲ..အဲလို အစအနလေးတွေ မကျန်အောင် ဆော့ဝဲကို uninstall လုပ်ချင်ရင်တော့ ဒီကောင်လေး

နဲ့သုံးပြီးထုတ်ပါ......စက်ထဲမှာ ဘာအစအနမှ မကျန်အောင်ထုတ်ပစ်ပေးနိုင်ပါတယ်....ကျတော်ပြောတာ

မရှင်းရင် စီဘောက်မှာ မေးခဲ့နိုင်ပါတယ်....အောက်မှာဒေါင်းနိုင်ပါတယ်ခင်ဗျာ.......

                                                      ဒေါင်းရန်နှိပ်ပါ

0 comments:

Post a Comment