Saturday, June 1, 2013

Keygen တွေ Patch ဖိုင်တွေ Crack ဖိုင်တွေကို အွန်လိုင်းပေါ်မှာ ကိုယ်တိုင်ရှာနည်း


ကျွန်တော့်ကိုမေးကြတယ် Keygen တွေ ဘယ်လိုရှာသလဲတဲ့

ကျွန်တော်ကို email ပို့ပြီး မေးကြတဲ့ထဲက အရေအတွက်တော်တော်များများ
မေးလေ့ရှိကြတဲ့ မေးခွန်းလေးပါ ...
“ကိုမုဆိုးက ဆော့ဝဲတွေရဲ့ Keygen တွေ Patch ဖိုင်တွေ Crack ဖိုင်တွေကို
အွန်လိုင်းပေါ်မှာ ဘယ်လိုရှာလို့ အခုလို ဆော့ဝဲတော်တော်များများအတွက်
Full Version အဖြစ် တင်နိုင်တာလဲ” တဲ့ ..
ဟုတ်ကဲ့ ဒီမေးခွန်းတွေအတွက် မကွယ်မ၀ှက်တမ်း ဖြေပေးပါ့မယ် ..




ပထမနည်းက Browser ရဲက Address bar မှာ ဖြစ်ဖြစ် Search Box မှာဖြစ်ဖြစ်
အခုလိုရိုက်ထည့်ပြီးရှာပါတယ် .. 94FBR  "ဆော့ဝဲရဲ့နံမည်အတိအကျ”
ဥပမာဗျာ - Adobe Photoshop CS6 အတွက် keygen/ patch file/ Crack file
တစ်ခုခုလိုချင်တယ်ပေါ့ .. အခုလိုရိုက်ထည့်ပြီး ရှာပါတယ်

94FBR  "Adobe Photoshop CS6"

ဒီနေရာမှာ 94FBR ပြီးရင် Space Bar နှစ်ချက်ခြားပါတယ်
အဲဒီလိုရှာလိုက်ရင် သက်ဆိုင်ရာဆော့ဝဲရဲ့ Crack/ Patch/ Keygen တွေနဲ့
အနီးစပ်ဆုံးပို့စ်တွေ ဘလော့တွေကို ရှာပေးပါတယ် ..
ဒီနည်းရဲ့အားနည်းချက်ကတော့ တစ်ခါတစ်ခါ တင်ပေးထားသူရဲ့ မသမာတဲ့စိတ်ဓာတ်ကြောင့်
Virus ဖိုင်ကြီးကိုလည်း ရလာတတ်ပါတယ် ..

နောက်တစ်နည်းကတော့ Craagle ဆိုတဲ့ဆော့ဝဲကို အသုံးပြုပြီး လိုအပ်တဲ့ဆော့ဝဲရဲ့ Serial တွေကို
ရှာပါတယ် ..
ဒီနည်းရဲ့အားနည်းချက်ကတော့ ကိုယ်ရလာတဲ့ Serial Key ဟာ Expire ဖြစ်နေတာတွေလည်း
ကြုံရတတ်ပါတယ်

နောက်တစ်နည်းကတော့ Universial Keygen Generator ဆိုတဲ့ ဆော့ဝဲတော်တော်များများရဲက
Keygen တွေကို ထုတ်ပေးနိုင်တဲ့ ဆော့ဝဲရဲ့အကူအညီနဲ့ Full Version ဖြစ်အောင်ရှာကြံပါတယ်

အဲ .. နောက်တစ်နည်းကတော့ ဆော့ဝဲတွေကို ကိုယ်တိုင် Crack ဖို့ကြိုးစားကြည့်ပါတယ်
ဒီနည်းရဲ့အားနည်းချက်ကတော့ ဆော့ဝဲတစ်ခုကို Crack နိုင်ဖို့ အချိန်ကာလ အကန့်အသတ်မရှိ
ကြာသွားနိုင်ပါတယ် ..
ဥပမာ Magic Vocal Remover ဆိုတဲ့ဆော့ဝဲလေးကိုဆိုရင် ရလေနိုးနဲ့ Crack လာတာ အခုဆိုရင်
ရှစ်လကျော်ခဲ့ပါပြီ အောင်မြင်မှုအရိပ်အယောင်လေးတောင် မမြင်ရသေးပါဘူး .. :D
အဲ .. နောက်ဆုံးတစ်နည်းနဲ့ အသေချာဆုံးနည်းကို ပြောပါမယ်

ဒါလေးကို မျှဝေပေးချင်လို့ အပေါ်မှာ ကိုယ့်အမည်ကိုယ်ဖေါ် ခဲ့တာပါ .. :P

ဒီနည်းက ဘာမှတော့မဟုတ်ပါဘူး .. ဆော့ဝဲတော်တော်များများရဲ့ Keygen တွေ Patch ဖိုင်တွေ
Crack ဖိုင်တွေနဲ့ Trail Restet ဖိုင်တွေကိုပဲ သီးသန့်တင်ပေးထားတဲ့ Blog တွေအများကြီးထဲက
တော်တော်လေးစုံတဲ့ Blog လေးတစ်ခုဆိုပါတော့ .. ကဲ .. စိတ်ဝင်စားရင် အောက်ကလင့်ကနေ
သွားနိုင်ပါတယ် ...




အဲဒီ Blog မှာ ဖိုင်တွေကို A, B, C, D .... ဆိုပြီး အက္ခရာစဉ်အလိုက် တင်ပေးထားပါတယ်
ကိုယ်လိုချင်တဲ့ Keygen ဖိုင်ကိုတွေ့လို့ သူပေးထားတဲ့ လင့်ကိုနှိပ်လိုက်ရင် Mega ဆိုတဲ့
Hosting ဆိုဒ်ကို ရောက်ပါမယ် .. အောက်ကပုံအတိုင်း Loading လုပ်နေတာကို
စိတ်ရှည်ရှည်နဲ့ ထိုင်စောင့်ပေးနေရပါမယ် ..



Loading ပြီးသွားရင်တော့ အောက်ကပုံအတိုင်းပွင့်လာပါမယ်



အဲဒီထဲက I agree ရဲ့ရှေ့မှာ အမှန်ခြစ်လေးတပ်ပေးပြီး Download ကိုနှိပ်ပေးလိုက်ပါ
သူ့အလိုလိုဒေါင်းသွားပါလိမ့်မယ်
ကဲ .. ပညာကို သေရွာယူမသွားပါဘူး .. မလျှိုထားဘူးနော် .. ပြောပြပြီးပြီ
အဆင်ပြေပါစေဗျာ
နည်းပညာလမ်းကြောင်းပေါ်ကသူငယ်ချင်းအားလုံးကို လေးစားခင်မင်လျှက်
အိုင်တီမုဆိုး

ခရက်တစ်- ( http://itmotesoeway.blogspot.com/2013/05/keygen.html )
ခရက်တသ်

0 comments:

Post a Comment