Saturday, June 15, 2013

dowload မပေးထားသော swf (flash song) ကို ရအောင်ဒေါင်းမယ်

D တစ်ခါတော့ ခိုးနည်းလေးတစ်ခု ပြောပြမယ် ဗျာ... သိတဲ့ သူများ ကျော်သွားပေးကြပါနော်....။ flash song လေး ကို ခိုးမယ်ဗျာ...။
web page တွေမှာ flash song လေးတွေ တင်ထားကို (ဒေါင်းလင့် မရှိပဲ)တွေဖူးကြမှာပါ...။အဲဒါကို ကျနော်တို့ ဘယ်လို ဒေါင်းယူမလဲ???
လွယ်မှ လွယ်...။ ကိုလိုချင်တဲ့ flash song ရှိနေတဲ့ စာမျက်နှာပေါ်မှာ R-click ထောက်လိုက်ပါ.... ကျနော် ဆိုဒ်က ဘုရားပုံတော်လေးကို လုပ်ပြပါမယ်....။အောက်မှာ ပုံလေးပြထားပါတယ်..။




R-click ထောက်ပြီးရင်...View Page Source ကို ကလစ်လိုက်ပါ။ browser က new window တစ်ခုနဲ့ ပွင်လာပါလိမ့်မယ်...။အောက်မှာ ပုံလေးပြထားတယ်....။



ပုံမှာပြထားတဲ့ အတိုင်း new window နှင့် ပွင့်လာပါပြီ...။ အဲဒီမှာ ကျနော်တို့ လိုချင်သော swf ဖိုင် သို့မဟုတ် flash song လေးကို လိုက်ရှာ ရမှာ ဖြစ်ပါတယ်...။ ကဲ ရှာမယ်ဗျာာာာာာာ......။ keyboard က Ctrl+F ကို တွဲပြီး နှိုက်လိုက်ပါ....။အောက်က ပုံလေးလို မြင်ရပါလိမ့်မယ်...။



Find ဆိုတဲ့ ဘေးက box လေးမှာ swf ဆိုပြိးရိုက်ထည့်လိုက်ပါ....။တွေပါပြီ ...swf ဖိုင်တွေ...မိမိ လိုချင်သော flash song သို့မဟုတ် swf ဖိုင် ဟုတ်မဟုတ်ကို စစ်ကြည့်ပါ...။ ဘယ်လိုစစ်ကြည့်မလဲ....။ swf ဖိုင်ကို တင်ထားတဲ့ hosting site လိပ်စာကို ကို copy ယူလိုက်ပါ...။ browser မှာ New tap လေးတစ်ခုဖွင့်လိုက်ပါ.။ အဲမှာ copy ယူလိုက်တဲ့ swf ရဲ့ link လေးကို pate လိုက်ပါ....။

အောက်မှာ ပုံလေးပြထားပါတယ်...။ http://k006.kiwi6.com/hotlink/9rj1544eyg/b3.swf ကို copy ယူလိုက်ပါတယ်....။











browser မှာ copy ယူလာတဲ့ swf ရဲ့ Link လေးကို paste လုပ်ပြီး ကြည့်လိုက်ပါ....။ ကိုယ်လိုချင်သော swf ဟုတ်မဟုတ် ကြည့် လိုက်ပါ...
မဟုတ်ရင်တော့ Next ကို နှိုက်ပြီး ဆက်ရှာပါ....။ copy & paste နှင့် ကြည့်ပါ...။(swf ဖိုင် တစ်ခု မက ပါဝင်သော web page များတွင် တွေ့ရပါမည်)ကိုယ် လိုချင်သော .... (ခိခိ..ခိုးချင်သော) ပုံ ဖြစ်ပါက အောက်က ပုံလေးလို မြင်ရမှာပါ...။


ဒီပုံလေးက ကျနော်တို့ လိုချင်တဲ့ swf (flash song) လေး ဆိုရင်တော့ ကျနော်တို့ ရှာ တဲ့ အဆင့် အောင်မြင်သွားပါပြီ...။

ဒီတစ်ခါဒေါင်းမယ် ဗျာ....

IDM ကို ဖွင့်လိုက်ပါ...။ဖွင့်ပြီးရင် ဘယ်ဘက် အစွန်ဆုံးက Add URL ကို ကလစ်လိုက်ပါ။ အောက်မှာ ပုံလေးပြထားပါတယ်...။


ပြီးရင်တော့ OK ကို ကလစ်ပေးလိုက်ပါ...။ IDM က ကျနော်တို့ လိုချင်သော flash song (swf) လေးကို ဒေါင်းလော့ ဆွဲ နေတာ ကို တွေ ရပါလိမ့်မယ်....။ ကဲ့ ကျနော်တို့ ဒီနည်းလမ်းလေးနှင့် လိုချင်သော swf ကို web page တိုင်းက ခိုးလို့ ရပါတယ်....။



http://ayelwin.wall.fm/forum/topic/257#.Ubw5y5bfiyp  ) မှကူးယူဖော်ပြပါသည်။

0 comments:

Post a Comment