ကျတော်တို့မှာရှိတဲ့ ဗွီဒီယိုဖိုင်တွေကို လိုချင်တဲ့ format အမျိုးမျိုး ဥပမာ- MP3 - MP4 တွေဖြစ်အောင်
ပြောင်းပေးတဲ့ဆော့ဝဲလ်လေးပါ.....သူပြောင်းပေးနိုင်တဲ့ format အမျိုးအစားတွေ တော်တော်များပါတယ်
မသုံးရသေးရင်သုံးကြည့်ပေါ့.....ကြိုက်သွားစေရမယ်....သုံးနည်းကလည်းလွယ်ပါတယ်....မသိသေးသူတွေ
အတွက် နည်းနည်းပြောမယ်နော်....ဆော့ဝဲလ်ကို စက်ထဲ install လုပ်ပြီးရင် desktop ပေါ်မှာပေါ်နေတဲ့
သူ့ icon လေးကို နှိပ်ပြီးဖွင့်လိုက်ပါ....ပွင့်လာရင် လိုချင်တဲ့ format ကိုရွေးနှိပ်ပါ....ဥပမာ-MP4 ပြောင်းချင်
တယ်ဆိုရင် VEDIO ဆိုတာကိုနှိပ်ပါ.....ပြီးတော့မှ MP4 ကိုပြန်ရှာနှိပ်ပါ..... format တွေရွေးရမယ့်နေရာ
က ဘယ်ဖက်ခြမ်းမှာရှိပါတယ်.....လိုချင်တဲ့ format ကိုနှိပ်ပြီးရင် ဖိုင်တွေယူခိုင်းတဲ့ ဘောက်ကျလာပါမယ်
အဲဒီ ကျလာတဲ့ဘောက်ထဲက Add ဆိုတာနှိပ်ပြီး မိမိတို့ ပြောင်းလိုတဲ့ vedio ဖိုင်ရှိတဲ့နေရာကို ရှာပေး
တွေ့ရင် အဲဒီ vedio ကို စလက်ပေး open ကိုနှိပ်လိုက်ရင် ဆော့ဝဲလ်ထဲကို vedio လေးရောက်လာပါ
ပြီ.....အဲဒီနေရာမှာ ကိုလိုချင်သလို vedio ဖိုင်ကို အတိုးအလျှော့လုပ်လို့ရပါသေးတယ်.....ဥပမာ-သီချင်း
ိ MP3 ပြောင်းမယ်ဆိုရင် သီချင်းနာမည်စာတမ်းထိုးနေတဲ့ အချိန်ပါပါသွားမယ်.... vedio မှာတော့စောင့်
လို့ရတယ်...အရုပ်မြင်နေတာကိုး...အဲကောင်ကို MP3 ပြောင်းရင် သီချင်းနာမည်စာတမ်းထိုးနေတဲ့အချိန်
ပါရင် သီချင်းလာဖို့အကြာကြီးစောင့်နေမှာပေါ့.....အဲဒီသီချင်းစာတမ်းထိုးနေတဲ့ အချိန်ကို ဖြတ်ထုတ်လိုက်
လို့ရပါတယ်...အဲဒါဆို သီချင်းက ဖွင့်တာနဲ့ချက်ခြင်းလာမယ်ပေါ့...အဲလိုဖြတ်ဖို့က set range ဆိုတဲ့နေရာ
ကိုနှိပ်ပြီးလိုသလို ချိန်ပေါ့..ပြီးရင် ok နှိပ် ....... ပြီးရင် ok ထပ်နှိပ် ပြီးရင် အပေါ်ဖက်က Start ကိုနှိပ်ရင်
သူအလုပ်လုပ်ပါပြီ......အိုကေ ဒီလောက်ဆိုမသုံးဖုးသေးတဲ့ သူတွေ နားလည်မယ်ထင်ပါတယ်......
အောက်မှာဒေါင်းပါခင်ဗျ.......လင့်သေရင် ပြောခဲ့ပါဦးနော်...
ဒေါင်းရန်နှိပ်ပါ
0 comments:
Post a Comment